1 Free For MITR Members 21st November 2009, 9:08 am
sHa92
Founder
ဒီနေ့မှာတော့ ကျနော်တို့ Myanmar IT Resource ရဲ့ Member များအတွက် အထူး service တစ်ရပ်ကို ကြေငြာပါ့မယ်။
ကျနော်တို့ အရင်ကတည်းက ကျနော်တို့ရဲ့ Member တွေကို ဒါမျိုး Service တွေ လုပ်ပေးဖို့ စီစဉ်နေခဲ့တာပါ။
အကြောင်းအမျိုးမျိုးကြောင့် လုပ်ဆောင်ခွင့်မရနိုင်သေးတဲ့ service များလည်း ကျန်ရှိနေပါသေးတယ်။
ဒီနေ့ မိတ်ဆက်ပေးမယ့် Service ကတော့ Free For MITR Members လို့် အမည်ပေးထားပါတယ်။
အဲဒီ့ Service က ဘာလဲဆိုတော့ shareware များ နဲ့ အခြား လိုင်စင်ဗားရှင်း ပရိုဂရမ်များကို Crack လုပ်ပေးမှာဖြစ်ပါတယ်။
တကယ်တော့ ဒီလိုလုပ်တာ မကောင်းပါဘူး။ သူများပစ္စည်းကို ခိုးပေးရာကျပါတယ်။ ဒါပေမယ့်လည်း Software ကို ကြိုက်သော်လည်း ၀ယ်ဖို့အဆင်မပြေသော သူများအတွက် အခုလိုလုပ်ပေးဖို့ စီစဉ်လိုက်ရခြင်းဖြစ်ပါတယ်။ ဒီလို Crack လုပ်ဖို့ကိုတော့ ကျနော် လုပ်မှာမဟုတ်ပါဘူး။ ကျနော့်သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းထားပါတယ်။ သူက ဖိုရမ်ကို နောက်ကွယ်ကနေ အရင်ကတည်းက ကူညီနေတဲ့သူပါ။ ဘယ်သူလဲဆိုတာတော့ မေးမြန်းခြင်းသည်းခံပါ။
အခု ကျနော် crack လုပ်ဖို့ request ရာမှာ လိုအပ်မည့် စည်းကမ်းများကို ရေးပေးပါမယ်။ အထူးလိုက်နာဖို့ လိုအပ်ပါတယ်။
ပထမဆုံး ဘယ်သူတွေက request လုပ်လို့ရတယ်ဆိုတာ ရှင်းပြပေးပါမယ်။
၁- Post 0 to 29
Request လုပ်ခွင့်မရှိပါ။ သို့သော် အခါအားလျော်စွာ Request လုပ်ပြီးသားများကို ပြန်လည်ဖော်ပြပေးမည်။
၂- Post 30 to 50
Crack လုပ်ရန် request သည့် Software တန်ဖိုးသည် US ၁ ဒေါ်လာ မှ ၅ ဒေါ်လာ အတွင်းသာဖြစ်ရမည်။ File size 5 MB ထက် မကြီးရ။ Request လုပ်ရာတွင် ၁ ပတ်ကို ၁ ခု နှုံးသာ လက်ခံမည်။
၃- Post 51 to 100
Crack လုပ်ရန် request သည့် Software တန်ဖိုးသည် US ၅ ဒေါ်လာမှ ၁၀ ဒေါ်လာ အတွင်းသာဖြစ်ရမည်။ File size 15 MB ထက် မကြီးရ။ Request လုပ်ရာတွင် ၁ ပတ်ကို ၁ ခု နှုံးသာ လက်ခံမည်။
၎- Post 101 to 300
Crack လုပ်ရန် Request သည့် Software တန်ဖိုးသည် US ၁၀ မှ ၁၅ အတွင်းသာ ဖြစ်ရမည်။ File size 20 MB ထက် မကြီးရ။
၁ ပတ်ကို ၂ ခု Request လုပ်ခွင့်ရှိသည်။
၅- Post 301 to 500
US 15 မှ 25 အတွင်းရှိသော Software များအား Crack လုပ်ပေးမည်။ File size 25 MB ထက် မကြီးရ။
၁ ပတ်ကို ၂ ခု Request ခွင့်ရှိသည်။
၆- Post 501 & above
ဒေါ်လာ ၅၀ အောက်ရှိသော မည်သည့် Software ကိုမဆို PM ပို့ပြီး ခရက်လုပ်ရန်တောင်းဆိုနိုင်ပါသည်။ File size ဘယ်လောက်ဖြစ်ဖြစ် လက်ခံသည်။ သို့သော် 50 MB ကျော်လျှင် အဆင်ပြေအောင် စီစဉ်ပေးရမည်။ ၁ ပတ်ကို ၁ ခု Request လုပ်ခွင့်ရှိပါသည်။
Software တန်ဖိုးကို ကန့်သတ်ထားရတာကတော့ ကျနော်တို့ရဲ့ Service က သူများရဲ့ Software ကို အမြတ်ထုတ်သလိုဖြစ်နေလို့ပါ။
FileSize ကို ကန့်သတ်ရတာကတော့ Crack လုပ်ပေးမယ့်သူက Download လုပ်ရာမှာ အဆင်မပြေလို့ပါ။ အကယ်လို့ File Size က သတ်မှတ်ချက်ထက် ကျော်နေရင် Crack လုပ်မယ့်သူ Download လုပ်လို့အဆင်ပြေအောင်ဆောင်ရွက်ပေးရင်တော့ ခရက်လုပ်ပေးပါလိမ့်မယ်။
အခု Request လုပ်လို့ရတဲ့သူတွေ အကြောင်းပြောပြီးပြီဆိုတော့ ဘယ်လို Request လုပ်ရမလဲဆိုတာကို ပြောပေးပါမယ်။
Request လုပ်တဲ့သူသည်...
၁- မိမိအမည်
၂- မိမိ တောင်းဆိုလိုသော Software အမည်။
၃- ထို Software ရှိမည့် Website
၎- ထို Software ၏ တန်ဖိုး
၅- Software အမျိုးအစား (shareware, game,...)
၆- မိမိတောင်းဆိုသည့် Software အား Multiupload (သို့) အခြားတစ်နေရာရာတွင် ပြန်တင်ပေးရမည်။ (rapidshare ကဲ့သို့သော ပိုက်ပိုက်ပေးမှ Down ခွင့်ရှိသော နေရာများတွင်တင်ထားပါက Crack လုပ်ပေးမည်မဟုတ်ပါ)
ဒီလောက်ဆိုရင်တော့ အားလုံးပြည့်စုံသွားပြီထင်ပါတယ်။
အထူးသတိပေးလိုတာတွေကတော့
ထိုသို့ စီးပွားဖြစ် အသုံးချရာမှ ဖြစ်ပေါ်လာမည့် မည်သည့်ပြဿနာမျိုးမဆို Myanmar IT Resource ဖိုရမ် နှင့် မသက်ဆိုင်သလို Crack လုပ်ပေးသည့် သူနှင့်လည်းမသက်ဆိုင်ပါ။ ထိုသို့ အသုံးချသောသူ ကိုယ်တိုင်သာ တာဝန်ယူရမည်ဖြစ်သည်။
(ဥပဒေနှင့် မကိုက်ညီသည့်အတွက် မည်သည့်ကိစ္စမဆို ဖြစ်သွားနိုင်သည်ကို သတိပြုပါ)
ထိုသို့ စီးပွားဖြစ်ကို တစ်စုံတစ်ယောက်မှ အသုံးပြုနေသည်ဟု သတင်းရရှိပါက ဤ service အား ချက်ချင်းရပ်တန့်မည်။
Software ကို Crack လုပ်မည့်သူသည် တော်လွန်း၍လုပ်ပေးခြင်းမဟုတ် ၊ Member များအနေဖြင့် စိတ်ကြိုက် Software များအား လွတ်လပ်စွာ အသုံးပြုနိုင်ရန် အတွက်ဟူသော စိတ်ဓါတ်ဖြင့်သာ Crack လုပ်ပေးသည်ဖြစ်ရာ ၊ တစ်ခါတစ်ရံတွင် Crack လုပ်၍ မရနိုင်သော Software များလည်း ပါရှိနိုင်ပါသည်။ ထို့အတွက်လည်း နားလည်ပေးစေချင်ပါသည်။
စနေနေ့တိုင်း တစ်ပတ်တစ်ခါ ခရက်လုပ်ပြီးသားကို ပြန်လည်၍ တင်ပေးမည်ဖြစ်ပါသည်။
အားလုံးသော Member များ အဆင်ပြေစွာ အသုံးပြုနိုင်ကြပါစေ...
Myanmar IT Resource

********************* အရေးကြီးအချက်များ *********************
Member များ အနေနှင့် မိမိတောင်းဆိုသော Software ၏ Crack ဖိုင်ကိုရရှိပြီးပါက စီးပွားရေးအကျိုးအမြတ်အနေဖြင့် အသုံးချခွင့် မပြု။ထိုသို့ စီးပွားဖြစ် အသုံးချရာမှ ဖြစ်ပေါ်လာမည့် မည်သည့်ပြဿနာမျိုးမဆို Myanmar IT Resource ဖိုရမ် နှင့် မသက်ဆိုင်သလို Crack လုပ်ပေးသည့် သူနှင့်လည်းမသက်ဆိုင်ပါ။ ထိုသို့ အသုံးချသောသူ ကိုယ်တိုင်သာ တာဝန်ယူရမည်ဖြစ်သည်။
(ဥပဒေနှင့် မကိုက်ညီသည့်အတွက် မည်သည့်ကိစ္စမဆို ဖြစ်သွားနိုင်သည်ကို သတိပြုပါ)
ထိုသို့ စီးပွားဖြစ်ကို တစ်စုံတစ်ယောက်မှ အသုံးပြုနေသည်ဟု သတင်းရရှိပါက ဤ service အား ချက်ချင်းရပ်တန့်မည်။
Software ကို Crack လုပ်မည့်သူသည် တော်လွန်း၍လုပ်ပေးခြင်းမဟုတ် ၊ Member များအနေဖြင့် စိတ်ကြိုက် Software များအား လွတ်လပ်စွာ အသုံးပြုနိုင်ရန် အတွက်ဟူသော စိတ်ဓါတ်ဖြင့်သာ Crack လုပ်ပေးသည်ဖြစ်ရာ ၊ တစ်ခါတစ်ရံတွင် Crack လုပ်၍ မရနိုင်သော Software များလည်း ပါရှိနိုင်ပါသည်။ ထို့အတွက်လည်း နားလည်ပေးစေချင်ပါသည်။
======------------------------=====================-------------------------=======
|=====----------------------------| USE AT YOUR OWN RISK |-------------------------------=====|
|====------------------------| CANNOT CRACK EVERY SOFTWARES |-------------------------====|