1 ဟောပြောပွဲ တွေများ အသံသွင်းထားတာများရှိရင် .. 17th March 2010, 11:47 pm
K0ht3t
Moderator
ကျွန်တော် ဟောပြောပွဲတွေ ကို မတက်ဖူးပါဘူး .. အဲဒီ့လို တက်နိုင်ဖို့အတွက်ကို အခြေအနေမပေးခဲ့တာလည်းပါပါတယ် ..
နားထောင်ချင်တာက တော့ IT နဲ့ပါတ်သတ်လို့ ဟောပြောပွဲတွေပေါ့ .. ပြီးတော့ စာပေ ဟောပြောပွဲ တွေပေါ့နော်.. အဲဒီ့လိုမျိုး ဟောပြောပွဲတွေ နားထောင်ချင်ပါတယ် ..
တစ်ခါတစ်လေ စာဖတ်ရတာ ပျင်းတဲ့ အခါကျရင် သီချင်းနားမထောင်ပဲနဲ့ အဲဒါတွေ နားထောင်ရင် ပိုပြီးတော့ အကျိုးရှိမယ်ထင်ပါတယ် ..
E book reader မရှိတဲ့ သူတွေ အတွက်လည်း Mp3 ဖြစ်ဖြစ် Ph ဖြစ်ဖြစ် ထဲ ထည့်ပြီးနားထောင်လို့ ရအောင်ပေါ့ ..
ပြီးတော့ ကိုယ် တက်ချင်ပေမယ့် မတက်နိုင်ခဲ့တဲ့အခြေအနေမျိုးနဲ့ ကြုံခဲ့တဲ့သူတွေ အတွက်လည်း ဒီဟောပြောပွဲမှာ ဘာတွေ ပြောသွားသလဲ ဆိုတာကို
ပြန်နားထောင်လို့ရအောင်ပေါ့ ... တကယ်လို့ ရှိလည်း ရှိမယ် အဆင်လည်းပြေမယ်ဆိုရင် ဒီပိုစ့် ရဲ့အောက်မှာ တင်ပေးကြပါခင်ဗျာ ..
ဘာအကြောင်းဖြစ်ဖြစ်ပေါ့နော် .. ကျေးဇူးတင်ရှိပါတယ် ....