Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

1system organization Empty system organization 15th October 2009, 3:10 pm

ζ. ζ. †

ζ. ζ. †
MITR Reader



MITR Reader
ကျွန်တော်တို့ assembly အကြောင်း မလေ့လာခင် ကွန်ပျူတာရဲ့ system organization ကို အရင် လေ့လာလိုက်ရအောင်ဗျာ။
ဒီနေ့ ခေတ် အသုံးအများဆုံး ဖြစ်တဲ့ 80×86 ကွန်ပျူတာတွေမှာ ဒီဇိုင်းပညာရှင် john von neumann တည်ဆောက်ခဲ့တဲ့ vna architecture ကို အသုံးပြုကြတယ်
vna architecture ကို အဓိက အစိတ်အပိုင်း ၃ ခုနဲ့ ဖွဲ့စည်းထားပါတယ်။
CPU, memory နဲ့ input/output(I/O) device တို့ပါပဲ

[You must be registered and logged in to see this image.]

The System Bus
vna architecture မှာ system bus တွေကို cpu, memory နဲ့ I/O device တွေကြား data ပို့ဆောင်ဖို့ အသုံးပြုပါတယ်။
အဓိက bus ၃ ခုရှိတယ်။ address bus, data bus နဲ့ control bus တို့ပါပဲ။
အဲဒီ bus ၃ မျိုးဟာ အသုံးပြုတဲ့ processor ပေါ်မူတည်ပြီး ကွဲပြားနိုင်တယ်။
(bus မှာ wire တစ်ခုချင်းစီက ထုတ်လွှတ်တဲ့ voltage level အနည်းအများ ပေါ်မူတည်ပြီးတော့ 0 နဲ့ 1 ကို ဖော်ပြတယ်။
bus တစ်ခုနဲ့တစ်ခု အသုံးပြုတဲ့ voltage တွေက processors ပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ )

The Data Bus
data bus ကို data တွေ အကူးအပြောင်းလုပ်ရာမှာ အသုံးပြုတယ်။
ဒီ bus ရဲ့ size က processors ပေါ်မူတည်ပြီး ကွဲပြားနိုင်တယ်
ပုံမှန်အားဖြင့် data bus မှာ data line ၈ ၊ ၁၆ ၊ ၃၂ ၊ ၆၄ line ထိပါဝင်တယ်။
data bus မှာ ပါဝင်တဲ့ data line တွေက one memory cycle(one clock) မှာ processor က လုပ်ဆောင်နိုင်တဲ့ data ပမာဏကို ရည်ညွှန်းတာပါ။
ဥပမာ- 8 bits data bus processors တွေက one memory cycle မှာ 1 byte(8 bits ) ပမာဏ ရှိတဲ့ data ကို handle လုပ်နိုင်တယ်။
ဒါကြောင့် data bus မှာပါဝင်တဲ့ data line အနည်းအများပေါ်မူတည်ပြီး processor တွေရဲ့ data handling rate တွေကွာ သွားတယ်။
အဲဒါကြောင့်ပဲ တစ်ခြား bus တွေထက် data bus က system ရဲ့ performance အပေါ် သက်ရောက်မှု့၇ှိလာရတယ်။

8088 နဲ့ 80188 microprocessors မှာ data line ၈ လိုင်း( 8 bits ) ပါတယ်။
8086 , 80186, 80286, 80386SX processors တွေမှာ 16 bits data bus ကိုအသုံးပြုတယ်။
80386DX ကတော့ 32 bits ကိုအသုံးပြုတယ်။
pentiumTM နဲ့ Pentium Pro processors တွေမှာ 64 bits data bus ကို အသုံးပြုကြတယ်။


The Address Bus
address bus ကျတော့ ဘယ်နေရာက data ကို data bus က access လုပ်ရမလဲ ဆိုတာ သတ်မှတ်ပေးတယ်။
memory location နဲ့ I/O devices တွေကို ခွဲခြားနိုင်ဖို့ အတွက် device တစ်ခုချင်းစီမှာ သီးခြား address bus တွေ သတ်မှတ်ထားတယ်။
software တစ်ခုက memory location ဒါမှမဟုတ် I/O device တစ်ခုခုကို access လုပ်ဖို့လိုအပ်လာရင် address bus ပေါ်မှာ address တစ်ခု ကို assign ချပေးပါတယ်။
အဲဒါဆိုရင် assign ချပေးတဲ့ address နဲ့ ကိုက်ညီတဲ့ device ရဲ့ address bus က data တွေကို data bus ပေါ်တင်ပေးပါလိမ့်မယ်။

address bus ရဲ့ bit ပမာဏ (address line) ပေါ်မူတည်ပြီး cpu က assign ချပေးနိုင်တဲ့ address အရေအတွက် ကွဲပြားသွားပါတယ်။
address line က n ဆိုရင် cpu က address ကို 2^n ထိ assign ချပေးပါတယ်။

8088 နဲ့ 8086 မှာ address bus ကို 20 bit သတ်မှတ်ထားပါတယ်။
ဒါကြောင့်မို့ ပုံသေနည်းအရ address အရေအတွက်ပေါင်း 2^20= 1,048,576 ထိ assign ချပေးနိုင်ပါတယ်။
နောက်ထုတ်မယ့် 80×86 processors တွေဆိုရင်တော့ 48 bit ထိ addres bus တွေတိုးချဲ့လာနိုင်တယ်။ [You must be registered and logged in to see this image.]



The Control Bus
control bus ကတော့ processors နဲ့ ကျန်တဲ့ system တွေကြား ဘယ်လို ဆက်သွယ်မလဲဆိုတာကို ထိန်းချုပ်ပါတယ်။
control bus မှာ read and write control , system clocks, interupt line, status line ဆိုပြီး control line တွေပါဝင်ကြတယ်။

read and write control line နှစ်ခုက data bus ပေါ်က data တွေ သွားတဲ့ လမ်းကြောင်း ကိုထိန်းချုပ်ပါတယ်။
အကယ်၍ line နှစ်ခုလုံးက logic one ဖြစ်ခဲ့ရင် cpu နဲ့ memory-I/O တွေ တစ်ခုနဲ့ တစ်ခု ဆက်သွယ်ခြင်းမရှိကြောင်းသိနိုင်ပါတယ်။
read line က logic zero ဖြစ်ခဲ့ရင် memory က နေ cpu ကို ဒေတာတွေ ကူးပြောင်းနေပါလိမ့်မယ်။
write line က logic zero ဖြစ်ခဲ့ရင်တော့ cpu ကနေ memory ကို ဒေတာတွေ ကူးပြောင်းပါလိမ့်မယ်။

ကျွန်တော်တို့ address bus က memory နဲ့ I/O device ကို မတူညီတဲ့ address တွေနဲ့ ခွဲခြားသတ်မှတ်ပေးတယ်ဆိုတာ သိခဲ့ကြပြီးပါပြီ။
ဒါပေမယ့် အဲဒီ နှစ်ခုကို သီးခြား address bus တွေအသုံးပြုပြီး သတ်မှတ်တာမဟုတ်ပါဘူး
အဲဒီ နှစ်ခုအတွက် line တစ်ခုထဲမှာပဲ share လုပ်ပြီး သုံးတာပါ။
အဲဒီ နှစ်ခုကို address နဲ့ ခွဲခြားဖို့ အတွက် Control bus ကပဲ သီးခြား line တစ်ခုနဲ့ လုပ်ဆောင်ပေး ရပါတယ်။

What exactly is a memory location?
ကျွန်တော်တို့ address bus က အများဆုံး 2^n အရေအတွက်ရှိတဲ့ memory location ကိုပဲ assign ချပေးနိုင်တယ်ဆိုတာ သိခဲ့ကြပါပြိ။
အဲဒီတော့ memory location ဆိုတာ အတိအကျဘာကို ဆိုလိုတာလဲ လေ့လာလိုက်ရအောင်။
80×86 processors တွေက memory တွေကို address assign လုပ်ရမှာ byte အခြေပြုစနစ်ကို အသုံးပြုပါတယ်။
အဲဒီတော့ ကျွန်တော်တို့ memory တွေကို byte တွေ နဲ့ တည်ဆောက်ထားတဲ့ array တစ်ခုအနေနဲ့ စဉ်းစားကြည့်ရအောင်။
အဲဒါဆိုရင် ပထမဦးဆုံး byte ရဲ့ address က zero ဖြစ်ပြီးတော့ နောက်ဆုံး byte အတွက်တော့ 2^n-1 ဖြစ်လာလိမ့်မယ်။
20 bit address bus ရှိတဲ့ 8088 processors အတွက်ဆိုရင် ခုလိုမျိုးရလာပါလိမ့်မယ်။

Memory: array [0..1048575] of byte;

ဒါဆိုရင် အောက်က ညီမျှခြင်း လေးက ဘာကို ပြောချင်တာလဲ ကြည့်လိုက်ရအောင်။

Memory [125] := 0

125 ဆိုတာ memory address ကို ရည်ညွှန်းပြီးတော့ 0 ဆိုတာက value ကိုညွှန်းပါတယ်
ဒါကြောင့် ညီမျှခြင်းအရပြောရရင် cpu က data bus ပေါ်မှာ တန်ဖိုး zero , address bus ပေါ်မှာ address 125 သတ်မှတ်ပါလိမ့်မယ်။
[You must be registered and logged in to see this image.]


CPU := Memory [125]
ဒီညီမျှခြင်းကျတော့ cpu က address bus ပေါ်က address 125 မှာ ရှိတဲ့ memory က value ကို ဖတ်ပါလိမ့်မယ်။
[You must be registered and logged in to see this image.]

ဒီညီမျှခြင်းတွေက Memory ထဲက byte တစ်ခုထဲကို access လုပ်တဲ့ နေရာမှာ အသုံးဝင်ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ က byte တစ်ခုချင်းစီနဲ့ပဲ အလုပ်လုပ်မှာ မဟုတ်ဘူးလေ။
အကယ်၍ processor က word တွေ double word တွေ ကို access လုပ်ရမယ် ဆို ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ။
memory က byte အခြေပြု စနစ် (byte တွေနဲ့ ဖွဲ့စည်းထားတဲ့ array) ဖြစ်နေတာကြောင့် 8 bit value ထက်ကြီးတဲ့ data တွေကို ကျွန်တော်တို့ ဘယ်လို access လုပ်ကြမလဲ

ဖြေရှင်းနည်းတွေက computer system ပေါ်မူတည်ပြီး ကွဲပြားပြန်ပါတယ်။
80×86 ကွန်ပျူတာတွေမှာတော့ စကားလုံး တစ်လုံး(8 byte)အတွက် အဲဒီ စကားလုံးရဲ့L.O byte ကို သတ်မှတ်ထားတဲ့ address ပေါ်မှာ သိမ်းပြီးတော့ H.O byte ကိုတော့ အဲဒီ address ရဲ့ ကပ်လျှက် location မှာ သိမ်းဆည်းပါတယ်။
ဒါကြောင့် စကားလုံးတစ်လုံးအတွက်ဆို ကပ်လျှက် memory address ၂ ခု အသုံးပြုရပါတယ်။
အဲလိုပဲ double word တွေအတွက်ဆို ကပ်လျှက် memory location ၄ ခု အသုံးပြုရပါတယ်။
L.O byte သိမ်းဆည်းထားတဲ့ address ကို အဲဒီ word ရဲ့ address အဖြစ်သတ်မှတ်ပါတယ်။

[You must be registered and logged in to see this image.]

ကျွန်တော်တို့ data bus နဲ့ address bus မှာရှင်းခဲ့တာတွေ ကို ပြန်သုံးသပ်ကြည့်ရအောင်ဗျာ ။
8088 နဲ့ 80188 processors တွေ one clock cycle မှာ အကူးအပြောင်းလုပ်နိုင်တဲ့ ဒေတာပမာဏက memory address တစ်ခုမှာသိမ်းနိုင်တဲ့ ဒေတာ ပမာဏ (8 bit)နဲ့ တူညီနေပါတယ်။
အကယ်၍ အဲဒီ processor တွေက 4 bit ပမာဏ ရှိတဲ့ ဒေတာ ကို access လုပ်ချင်ရင် ပထမ address က ရည်ညွှန်းတဲ့ 8 bit တစ်ခုလုံးကို ဖတ်ရပါလိမ့်မယ်။
ပြီးမှ မလိုအပ်တဲ့ bit တွေကို ignore လုပ်ပါတယ်။
တစ်ခုမှတ်ရမှာက processors တွေ က data access လုပ်ရာမှာ သူဖတ်ချင်တဲ့နေရာက စဖတ်လို့မရပါဘူး
address bus က သတ်မှတ်ပေးထားတဲ့ memory location တစ်ခုရဲ့ အစဦးဆုံး bit ကနေပဲ စဖတ်ရပါတယ်။
အကယ်၍ address တစ်ခု က ဒေတာကို ဖတ်မယ်ဆိုရင် အဲဒီ address တစ်ခုလုံးမှာ ရှိတဲ့ 8 bit အားလုံးကိုဖတ်ရပါတယ် ။
8 bit ထက် ပိုလည်းမပို လိုလည်းမလိုပါဘူး။
ပြီးတော့ address တွေက ကိန်းပြည့်တွေအနေနဲ့ပဲတည်ရှိပါတယ် 125 ဆို 125 ပေါ့နော်။
8 bit ထက် ပိုငယ်တဲ့ data packet ကို access လုပ်ဖို့ address 125.5 ဆိုတာမရှိပါဘူး။

အကယ်၍ cpu က one clock cycle မှာ address တစ်ခုစီက 8 bit ပဲ access လုပ်နိုင်မယ်ဆိုရင်
8086, 80186, 80286, and 80386sx processor တွေကျတော့ရော။
အဲဒီ processor တွေလည်း 8 bit address bus ကိုပဲသုံးတာပါပဲ။
ဒါပေမယ့် သူတို့က one clock cycle မှာ 8 bit ထက် ပိုတဲ့ data ကို access လုပ်နိုင်ပါတယ်။
သူတို့တွေကျတော့ multiple memory operation နဲ့ အလုပ်လုပ်ပါတယ်။
one operation မှာ one data packet (8 bit) ကို access လုပ်စေပါတယ်။

[You must be registered and logged in to see this image.]

16 bit data bus ရှိတဲ့ processor တွေကျတော့ memory ကို နေရာ နှစ်နေရာခွဲသိမ်းပါတယ် ။
even bank နဲ့ odd bank ဆိုပြီးတော့ပေါ့။
ပြန်ပြီး access လုပ်တော့ L.O byte ကို အရင်ဆုံး ဖတ်ပါတယ်။
နောက်မှာ ကပ်လျှက် address က H.O byte ကို ဖတ်ပါတယ်။
အဲဒိနည်းမှာ ပြဿနာနှစ်ခုရှိပါတယ်။
အကယ်၍ address 125 မှာ L.O byte ရှိပြီးတော့ address 126 မှာ H.O byte ရှိတယ်ဆိုပါစို့။

[You must be registered and logged in to see this image.]

အဲဒါဆိုရင် ပုံ မှာပြထားတဲ့အတိုင်း data bus line ၈ ကနေ ၁၅ က odd bank(address 125) မှာရှိတဲ့ data ကို H.O byte အဖြစ် ဖတ်မယ်။
နောက် data bus line ၀ ကနေ ၇ က even bank(address 126) မှာရှိတဲ့ data ကို L.O byte အဖြစ် ဖတ်ပါတယ်။
အဲဒါဆိုရင် cpu က L.O byte မှာရှိရမယ့် data ကို H.O byte မှာ ထားမိပြီးတော့ H.O byte မှာ ရှိရမယ့် data ကျတော့ L.O byte ဆီ ရောက်သွားလိမ့်မယ်။
ဒါပေမယ့် ဒီလိုမျိုးဖြစ်လာခဲ့ရင် 80×86 cpu တွေက data bus ၈ ကနေ ၁၅ ထိ မှာ သိမ်းထားတဲ့ data ကို L.O byte အဖြစ် automatic ပြောင်းပေးပါတယ်။
ဒါပေမယ့် delay တော့ရှိတာပေါ့နော်။

နောက် ပြဿနာတစ်ခုက ပိုဆိုးပါတယ်။
cpu က word တွေကို access လုပ်တဲ့နေရာမှာ address မတူတဲ့ byte နှစ်ခုကို access လုပ်ရမှာပါ။
အဲ့ဒီတော့ ဘယ် address ကို ဒီ word ရဲ့ address အဖြစ်ယူမှာလဲ။
80×86 cpus တွေကတော့ even bank က address ကို ယူပါတယ်။
အကယ်၍ odd address မှာ L.O byte ရှိရင်ရာ။ စောနကပြောခဲ့သလိုပါပဲ
80×86 cpu တွေမှာ address ကို ဘယ်တော့မှ odd နဲ့ မဖော်ပြပါဘူ။
အမြဲတမ်း even နဲ့ပဲဖော်ပြကြပါတယ်။

သီအိုရီအရ ဆိုရင် cpu က address ၁၂၅ နဲ့ ၁၂၆ မှာရှိတဲ့ data ကိုယူမယ်ဆိုရင် cpu က ၁၂၄ ကို ပဲပြန်ညွှန်းပါလိမ့်မယ်။
ပြီးတော့ ၁၂၄ မှာရှိတဲ့ value ကို L.O byte အဖြစ်သတ်မှတ်ပြီး 125 က value ကိုတော့ H.O byte အဖြစ်သတ်မှတ်ပါလိမ့်မယ်။
ကျွန်တော်တို့ လိုချင်တဲ့ 125 နဲ့ 126 က value ကို တော့ ရမှာမဟုတ်ပါဘူး။

ဒါပေမယ့် 16 bit 80x86 CPUs တွေက ဒီပြဿနာကို ဖြေရှင်းထားပါတယ်။
အကယ်၍ odd address က value ကိုသာ program က access လုပ်မယ်ဆိုရင် cpu က program ကတောင်းတဲ့ address အတိုင်း အတိအကျလုပ်ပေးပါတယ်။
တစ်ခုတော့ရှိတာပေါ့နော်အကယ်၍ address 125 က ဒေတာဆိုပါစို့။
သူက ၁၂၄ ၁၂၅ နဲ့ ၁၂၆ က ဒေတာတွေကို access လုပ်ပါတယ် ။ ကိုက်ညီတဲ့ byte နှစ်ခုကို သာ ရွေးယူရပါတယ်။ ပြီးတော့ data bus မှာတစ်ခါပြန်ပြိး
L.O နဲ့ H.O byte ပြန်ပြောင်းပေးရပါတယ်။
အဲဒါကြောင့် odd address မှာ သိမ်းထားတဲ့ value ကို access လုပ်မယ်ဆိုရင် even address ထက်ပိုကြာပါတယ်။
ဒါကြောင့် program ရဲ့ speed ကိုမြန်စေချင်ရင် memory arrangement ကို ဂရုစိုက်သင့်ပါတယ်။
နို့မို့ ဆို ကိုယ့် program က လိုအပ်တာထက် နှစ်ဆလောက်နှေးနေလိမ့်မယ်။
ကျွန်တော်တို့ assembly ရေးတယ်ဆိုတာ မြန်စေချင်လို့ပဲမဟုတ်လား

၁၆ bit က 2 banks သုံးသလို 32 bit 80x86 processors (the 80386, 80486, and Pentium Overdrive) တွေက bank ၄ ခုသုံးပါတယ်။
၃၂ bit cpu တွေမှာလည်း 16 bit cpu လိုပဲ ပြဿနာတွေကြုံတွေ့ရပါတယ်။
ဒါပေမယ့် ပြဿနာပေါ်နိုင်ခြေက 16 bit ထက် တစ်ဝက်လောက်နည်းပါတယ်။
အကယ်၍ word ရဲ့ value ကို သိမ်းထားတဲ address က ၄ နဲ့စားလို့မ ပြတ်ရင် single memory operation နဲ့တင် access လုပ်လို့မပြတ်ပဲ two memory operation နဲ့ လုပ်ရပါတယ်။

[You must be registered and logged in to see this image.]

အဲဒီတော့ ကျွန်တော်တို့ ခုလေ့လာခဲ့တဲ့ system bus တွေ မှာ နောက်ဆုံးနိဂုံးချုပ်လိုက်ရင် word value ဆိုရင် even address မှာပဲ သိမ်းသင့်ပြီးတော့
double word တွေဆိုရင်တော့ 4 နဲ့စားလို့ပြတ်တဲ့ address မှာ သိမ်းသင့်ပါတယ်။
အဲဒါဆိုရင် ကျွန်တော်တို့ရဲ့ program က ပိုပြီးမြန်ဆန်လာပါလိမ့်မယ်။


System Timing
ခု ကျွန်တော်တို့တွေ လက်ရှိသုံးနေတဲ့ computer တွေက အရင် တုံးက ထက် ပိုမိုမြန်ဆန်လာနေပေမယ့် သူတို့ တွေ အသေးငယ်ဆုံး လုပ်ငန်းတစ်ခုကိုလုပ်ဆောင်ရာမှာ လိုအပ်တဲ့ အချိန်ကို ကျွန်တော်တို့ တွက်ချက်နိုင်ပါသေးတယ်။
VNA architecture(Von Neumann) ကွန်ပျူတာတွေမှာဆိုရင် လုပ်ငန်းစဉ်တွေအားလုံးကို အစဉ်လိုက် လုပ်ဆောင်ပါတယ်။
ကွန်ပျူတာတစ်ခုက ကြိုတင်သတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်းပဲ လုပ်ဆောင်နိုင်ပါတယ်။
အကယ်၍
I:=J;
I:=I*5+2
ဆိုတဲ့ sequence မှာဆိုရင် I:=I*5+2 ကိုအရင်လုပ်ဆောင်မှာမဟုတ်ပါဘူး
အဲဒါဆိုရင်သေချာတာတစ်ခုကတော့ ဘယ်ဟာကို အရင် လုပ်ပြီး ဘယ်တစ်ခုကို နောက်မှလုပ်မလဲဆိုတာ ထိန်းချုပ်ဖို့ လိုအပ်လာပါတယ်

ကျွန်တော်တို့ program ကို မြန်ဆန်စေဖို့ဆိုရင် cpu တွေက statement တွေကို ဘယ်လို execute လုပ်သလဲနဲ့ အဲလို execute လုပ်ဖို့ အချိန်ဘယ်လောက်ကြာလဲ သိဖို့ လိုအပ်ပါတယ်။
အဲဒါကို သိဖို့အတွက် ကျွန်တော်တို့ system clock အကြောင်း သိထားရပါမယ်။ [You must be registered and logged in to see this image.]
မနက်ဖြန်မှ ဆက်တင်လိုက်တော့မယ်နော်။ မနက်ဖြန်ဆိုရင် CPU registe နဲ့ mov function အကြောင်းပါတင်ပေးပါ့မယ်။
စိတ်ဆိုးနဲ့ admin ရေ စာမေးပွဲမပြီးသေးလို့ပါ။
[You must be registered and logged in to see this image.]

2system organization Empty Re: system organization 15th October 2009, 7:33 pm

sHa92

sHa92
Founder



Founder
ရေးထားတာ တစ်အားကောင်းလွန်းတော့ ငါတောင်မှ ငါရေးမယ့် ကျူတိုရီရယ် မျက်နှာငယ်မှာ ကြောက်သွားဘီ။ Very Happy Very Happy

ဆက်ရေးနော်။ တကယ်ကောင်းတယ်ကွ။

ငါ့အထင်တော့ ဒီတစ်လ မင်းရဲ့ Tutorial က အကောင်းဆုံးဖြစ်မလားမသိဘူး။

ကျန်တဲ့သူတွေက မရေးသေးတော့ သေချာတော့ မသိသေးဘူးပေါ့။

ငါကတော့ Perl အကြောင်းရေးကြည့်မလို့။ Razz Razz

http://www.myanmaritresource.info

3system organization Empty Re: system organization 22nd October 2009, 4:07 pm

ζ. ζ. †

ζ. ζ. †
MITR Reader



MITR Reader
နာ့နှိမ်နေတာလားမသိဘူး
မနှိမ်နဲ့နော်
Sad

4system organization Empty Re: system organization 22nd October 2009, 5:41 pm

sHa92

sHa92
Founder



Founder
မနှိမ်ပါဘူးကွာ
ဆရာ့ကို မနှိမ်ရဲပါဘူး
တကယ်ပြောတာ အတည်။

ပြီးတော့ အခြား Tutorial အသင်းသားတွေ ဘယ်ရောက်နေလဲ ပိုစ့်လဲတက်မလာဘူး။ ???

http://www.myanmaritresource.info

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com