Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

1System Restore Empty System Restore 28th January 2010, 10:25 am

firef0xxx

firef0xxx
MITR New User



System Restore Utility သည် PC ရှိ setting နှင့် Data များ၏ snapshot များအားထိမ်းသိမ်းပေးထားနိုင်သောကြောင့်
ပြသနာတစ်စုံတစ်ရာပေါ်ပေါက်လာပါက Windows ၏နဂိုအခြေအနေကိုပြန်လည်ရယူနိုင်မည်ဖြစ်သည် ။
System Restore သည် ဖျက်ပစ်ထားသော ဓါတ်ပုံ ၊သီချင်း စသည့် ဖိုင်များကိုထိမ်းသိမ်းမှုမပေးနိုင်ပါ ။သို့သော် install
လုပ်ထားသည့် Program များနှင့် Settings များကိုပြန်လည်ရယူရန်ပြုလုပ်ပေးပါလိမ့်မည် ။ နှစ်သက်သည့်အခြေအနေ
တစ်ခုကို Restore Point ဖန်တီးပေးထားနိုင်ပါသည် ။ Start > All Programs > Accessories > System Tools ထဲက
ှSystem Restore ကိုရွေးချယ်ပါ ။ Create a restore point ကို Check လုပ်ပြီး Next သွားပါ ။ Description ထဲတွင် နာမည်
တစ်ခုပေးပြီး Create ကို ကလစ်နှိပ်ပါ ။
Vista သုံးသူများအတွက် Start > Control Panel မှ System and Maintenance ကိုရွေး ၊၄င်းနောက် Back Up မှ Restore
Files အားကလစ်နှိပ်ဖွင့်ပါ ။ ပြီးလျှင် Restore Point တစ်ခုဖန်တီးထားရှိနိုင်ပါပြီ ။
Windows နှင့်အတူပါရှိလာသော Recovery Tools သည်လည်းWindows အသစ်ပြန်တင်လိုသောအခါအချိန်ပိုင်းအတွင်း
တင်ပေးနိုင်သဖြင့် စမ်းကြည့်နိုင်ပါသည် ။ သို့သော် ၄င်းသည် Windows ပြန်တင်ပေးခြင်းသာဖြစ်ရာ Software များကို
ပြန်လည် install လုပ်ရပါလိမ့်မည်
အရေးကြီးသော စာရွက်စာတမ်းများ ၊ ငွေကြေးအကြောင်းအရာဖိုင်များ ၊ ပျောက်ဆုံးမသွာရန်ကိုတော့ Back Up ပြုလုပ်ထားရပါမည်။
ပထမ Back Up Utility ကိုထည့်သွင်းထားရပါမည် ။ Win-XP CD ကိုစက်ထဲထည့်ပြီး Perform Additional Task ကို ကလစ်လုပ်ပါ။
Browser this CD အား select ပြုလုပ်ပြီး VALUE-ADD\ MSFT\ NTBACKUP ဖိုလ်ဒါ သို့သွားကာ Ntbackup.mis အား
Double Click နှိပ်ပြီး Win-XP ၏ Backup Utility ကို Install ပြုလုပ်ထားပါ ။
Start > All Program > Accessories > System Tools ထဲတွင် Backup အားကလစ် လုပ်ပါ ။ ၄င်းနောက် Backup or Restore
Wizard တွင် Next ကလစ်လုပ်ပြီး Backup Files and Settings တွင် select လုပ်ကာ Next တွင် ကလစ်ထပ်နှိပ်ပါ ။
At The What To Back Up ၀င်းဒိုးတွင်
- My Documents And Settings
- Every-one's Documents And Settings
- All Information On This Computer
- Let Me Choose What To Back Up
တစ်ခုခုကိုရွေးချယ်နိုင်ပါသည် ။
All Information On This Computer Option သည် recover disc တစ်ခုဖန်တီးနိုင်ပြီး အခြား Options များက ကော်ပီဖြစ်သည့်ဖိုင်မဖြစ်သည့်ဖိုင် ခွဲခြားပေးပါသည် ။ Backup ပြုလုပ်လိုသည့်ဖိုင်များကို select လုပ်ပြီး Next သွားပါ
ထို့နောက် Browse တွင် ကလစ်နှိပ်ကာ သိမ်းဆည်းလိုသည့်နေရာ (Hard drive,CD , External drive စသည်) အားရွေး
ချယ်ကလစ်နှိပ်ရမည်ဖြစ်ပါသည် ။ (System drive ပေါ်တွင် Backup မလုပ်ရပါ )
Vista တွင် Start > Control Panel > System and Maintenance နှင့် Backup Your Computer သို့ဆက်သွားပါ ။
Backup and Restore Center တွင် ဖိုင်နှင့်ဖိုဒါများအား အသေးစိတ် ကော်ပီ ပြုလုပ်ရန် Backup Files Options
အားရွေးချယ်နိုင်ပါသည် ။



Last edited by solakoko on 21st February 2010, 5:31 pm; edited 1 time in total (Reason for editing : TEMPORARY PLACE မှ ဤသို့ ရွှေ့ ထားပါသည်)

http://www.mmityouth.ning.com

2System Restore Empty Re: System Restore 28th January 2010, 10:45 am

solakoko

solakoko
Moderator



Moderator
နှစ်သက်သည့်အခြေအနေ
တစ်ခုကို Restore Point ဖန်တီးပေးထားနိုင်ပါသည် ။ Start > All Programs > Accessories > System Tools ထဲက
ှSystem Restore ကိုရွေးချယ်ပါ ။ Create a restore point ကို Check လုပ်ပြီး Next သွားပါ ။ Description ထဲတွင် နာမည်
တစ်ခုပေးပြီး Create ကို ကလစ်နှိပ်ပါ ။
ကူညီပါဦးဗျာ
ကျနော့်မှာ system restore ကိုမတွေ့ ဘူးဖြစ်နေတယ်
ဘယ်ကသွားရမလဲဆိုတာ ရှင်းပြပေးပါဦး..
ကျေးဇူးတင်ပါတယ်
[You must be registered and logged in to see this image.]

3System Restore Empty Re: System Restore 29th January 2010, 12:48 pm

firef0xxx

firef0xxx
MITR New User



ကျွန်တော့်စက်မှာတော့.. All Program > Accessories > System tools ထဲမှာ ရှိနေပါတယ်

http://www.mmityouth.ning.com

4System Restore Empty Re: System Restore 29th January 2010, 3:02 pm

solakoko

solakoko
Moderator



Moderator
ကျနော်ပြထားတဲ့ပုံထဲမှာ Backup ဆိုတာလေးရှိတယ်ဗျ
အဲဒါက ကော System restore နဲ့ တူလားမသိဘူးနော်
ပြီးတော့
My computer>R-click>Property>Advance မှာလဲ System restore ဆိုတာမပါဘူးဖြစ်နေတယ်
Restore Point လေးတစ်ခုလောက်လုပ်ထားချင်လို့ ပါ
ကွန်ပျူတာ မကျွမ်းကျင်တဲ့အတွက် ..အမှားယွင်းတစ်ခုခုဖြစ်ခဲ့ယင် ပြန်ခေါ်လို့ ရအောင်ပါ

:sry

ပြောဖို့ မေ့သွားတယ်..
ကျနော့်စက်က Window server 2003,SP2 ဖြစ်ပါတယ်

5System Restore Empty Re: System Restore 29th January 2010, 4:14 pm

solakoko

solakoko
Moderator



Moderator
ရပြီနော်
ကျနော့်စက်က
Start > All Programs > Accessories > System Tools >Back up ကနေသွားမှရတယ်....
:screaming

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum | ©phpBB | Free forum support | Report an abuse | Forumotion.com