Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

Go to page : Previous  1, 2, 3  Next

View previous topic View next topic Go down  Message [Page 2 of 3]

sHa92

sHa92
Founder



Founder
First topic message reminder :

အများတောင်းဆိုလို့ ကျနော်ရေးပေးလိုက်ပါတယ်ခင်ဗျာ...
ကျနော်ကိုယ်တိုင်လည်း တအားနဲ့ မကျွမ်းကျင်သလို ၊ ဒီ Batch File Programming အကြောင်းကို လေ့လာဖူးတာ အလွန်ကြာခဲ့ပြီဖြစ်ပါတယ်။ ယခု လေ့လာချင်ပါတယ်ဟုပြောသော သူများရှိသောကြောင့်သာ အခုလို အခြေခံကအစ ရေးပေးဖြစ်တာပါ။ အခြေခံအကျဆုံးနဲ့ ကွန်ပြူတာစသုံးဖူးတဲ့ သူတစ်ယောက်ပါ အဆင်ပြေအောင်တစ်ခါထဲရေးပေးကြည့်ပါ့မယ်။ ဒါပေမယ့် ကျနော် မလေ့လာတော့ဘဲ ပစ်ထားတဲ့ ဘာသာရပ်တစ်ခုဖြစ်ပြီး အခုမှ ပြန်ကိုင်လိုက်သလိုဖြစ်နေတာကြောင့် မပြည့်စုံတာများလည်း ရှိပါလိမ့်မယ်။ ကျနော့်ခေါင်းထဲမှာ မှတ်မိတာကိုဘဲ ပြန်ချရေးမှာဖြစ်ပါတယ်။ အဆင်မပြေမှုတစ်စုံတစ်ရာရှိခဲ့ရင် ခွင့်လွှတ်ပေးကြပါ။ အားလုံးကို တစ်ခါတည်း အဓိပ္ပါယ်တွေ ပြောသွားမှာ မဟုတ်ဘဲနဲ့ ဥပမာလေးတွေနဲ့ အလျင်းသင့်သလိုသာ ရှင်းပြီး တဆင့်ချင်းတက်သွားကြည့်ပါ့မယ်။ ကျနော်လည်း တစ်ခါမှမရေးခဲ့ဖူးတော့ ဘယ်က ဘယ်လို နားလည်အောင် စရှင်းပြီးရေးရမယ်မသိလို့ပါ။

ကဲစပြီး ဆွေးနွေးကြည့်ပေးပါ့မယ်။

bat မှာ ပါဝင်မှုအများဆုံးနဲ့ အခြေခံ အကျဆုံးလေးတွေကို စပြီးဆွေးနွေးကြည့်ရအောင်
အခြေခံအကျဆုံး command ၃ ခုကတော့
(၁) echo
(၂) @echo off/on နဲ့
(၃) pause စတာတွေဘဲဖြစ်ပါတယ်

ပထမဆုံးအနေနဲ့ ဥပမာလေး တစ်ခုရေးကြည့်ပါမယ်

Code:
@echo off
echo Hello This is a First Program
pause

အဲဒါလေးကို ဈေးအကြီးဆုံး Windows Tool တစ်ခုဖြစ်တဲ့ notepad မှာ ရေးပြီးတော့ test1.bat ဆိုပြီးသိမ်းလိုက်ပါ။
ပြီးရင်တော့ Run လိုက်ပါ။ အမဲရောင် Screen ထဲမှာ အောက်မှာ ပြထားတဲ့စာသားလေးတွေပေါ်လာပါလိမ့်မယ်။

Hello This is a First Program
Press any key to continue...

ခုနက ဥပမာလေးမှာ echo off အစား echo on သုံးပြီးတော့ ဘာများထူးခြားမလဲဆိုတာ အောက်က Code လေးကိုစမ်းရေးကြည့်ရအောင်

Code:
@echo on
echo Hello This is a First Program
pause
ပြီးရင်တော့ ခုနကအတိုင်း notepad မှာ ရေးပြီး test2.bat ဆိုပြီးသိမ်းပြီး ပြန် Run လိုက်ပါ...
အောက်မှာ ပြထားတဲ့ အတိုင်း မြင်ရပါလိမ့်မယ်။

C:\Documents and Settings\User\Desktop>echo Hello This is a First Program
Hello this is a First Program

C:\Documents and Settings\User\Desktop>pause
Press any key to continue...
အဲလိုမြင်ရပါလိမ့်မယ်။ C:\Documents and Setting\... စတာတွေကတော့ တင်ထားတဲ့ Windows ၊ File ဖွဲ့စည်းပုံတွေပေါ်မူတည်ပြီး ကွဲပြားပါလိမ့်မယ်။

အခု အပေါ်မှာ ခုနကရေးထားတဲ့ Code လေးတွေကို ရှင်းပြပေးပါ့မယ်

ကျနော်တို့ ဒုတိယရေးလိုက်တဲ့ code မှာဆိုရင် @echo on ကိုသုံးလိုက်တဲ့ အတွက် File ထားရာလမ်းကြောင်းက Program Code တစ်ခါ Run တိုင်းလာပြနေပါတယ်။
အကယ်လို့များ ပထမစစချင်းမှာ ရေးခဲ့တဲ့ @echo off ကို သုံးထားမယ်ဆိုရင်တော့ မည်သည့် လမ်းကြောင်းကိုမျှမပေါ်စေဘဲနဲ့ ကိုယ်လိုချင်တဲ့ စာသားကို ရှင်းလင်းစွာပေါ်စေမှာဖြစ်ပါတယ်။
အဲဒါကိုကြည့်ချင်းအားဖြင့် @echo on နဲ့ off ရဲ့ ခြားနားချက်ကို သိနိုင်ပြီးတော့ @echo off ကို သုံးတာ ပိုကောင်းတယ်ဆိုတာကို နားလည်သွားမယ်ထင်ပါတယ်။

နောက်တစ်ဆင့်အနေနဲ့ echo အကြောင်းရှင်းပြပါ့မယ်
ကျနော်တို့ဟာ ရိုးရိုး စာကြောင်းတစ်ကြောင်းလောက် ကို Program Run တုန်းပြချင်တယ်ဆိုရင် (ဥပမာ ခုနက Program ထဲကလို "Hello this is a First Program" ဆိုတဲ့ simple phrase တစ်ခုလောက်ကိုဘဲ ပြချင်တယ်ဆိုရင်တော့ echo ကို ဖော်ပြချင်တဲ့စာသားရှေ့မှာ ထားပြီးရေးနိုင်ပါတယ်.

အခု pause အကြောင်းရှင်းပြပေးပါမယ်
pause ဆိုတာကတော့ ရပ်တာပါ [You must be registered and logged in to see this image.]
batch file ကို run နေရင်းနဲ့ ခဏနားချင်ရင် pause ကို သုံးပါတယ်။ သူ့ကိုသုံးရင် batch file က ကျနော်တို့ ဆီက key တစ်ခုခု မနှိပ်မချင်း အလုပ်မလုပ်တော့ပါဘူး။ key တစ်ခုခုနှိပ်လိုက်မယ်ဆိုရင်တော့ သူလုပ်စရာရှိတာဆက်လုပ်သွားပါလိမ့်မယ်။ ခုနက Program ၂ ခုမှာ ဆိုရင်တော့ pause ပြီးတော့ ဘာမှ ဆက်မရေးထားလို့ ဘာအလုပ်မှ ဆက်လုပ်မှာ မဟုတ်ဘဲ program ကနေ ထွက်သွားမှာဖြစ်ပါတယ်။
pause ကို ထပ်မံနားလည်စေဖို့ အောက်က ဥပမာလေးကို လေ့လာကြည့်ပါမယ်

Code:
@echo off
echo Hello Welcome Back
pause
echo I am testing pause function
pause

အဲဒါကို အပေါ်က ဥပမာတွေ အတိုင်း Save ပြီး Run ရင်တော့ အဖြေအတိုင်းဖော်ပြပါလိမ့်မယ်

Hello Welcome Back
Press any key to continue...
I am testing pause function
Press any key to continue...
အဲဒီ့ Program လေးကို စမ်းပြီးရင်တော့ pause ကို နားလည်သွားလောက်ပြီထင်ပါတယ်။

အခုနောက်ထပ် နည်းနည်း အဆင့်မြင့်တဲ့ Command တွေကို လေ့လာကြည့်ရအောင်
msg နဲ့ cls အကြောင်းကို အရင်လေ့လာကြည့်ပါမယ်

အရင်အတိုင်း ဥပမာလေးတွေနဲ့ လေ့လာကြည့်ရအောင်
Notepad ကို ပြန်ဖွင့်ပြီးတော့ အောက်က Code လေးတွေကို ရိုက်ထည့်ကြည့်ပါမယ်....
Code:

@echo off
echo Hello I am back
pause
cls
echo I am testing cls and msg commands
msg * Bye Bye
pause

ပြီးရင်တော့ test3.bat နဲ့ သိမ်းပြီး Run လိုက်ပါ
သူ့ အဖြေကတော့ အောက်ပါအတိုင်းဖြစ်ပါလိမ့်မယ်

Hello I am back
Press any key to continue...
(မှတ်ချက်၊၊ ၊၊ ဒီနေရာ ရောက်လို့ အကယ်လို့များ ကျနော်တို့ဟာ သူပြောတဲ့ အတိုင်း key တစ်ခုခုကို နှိပ်လိုက်မယ်ဆိုရင် program က cls ဆိုတဲ့ code ရဲ့ အလုပ်ကို ဆက်လုပ်မှာ ဖြစ်ပါတယ်။
အဲလို လုပ်မယ်ဆိုရင်တော့ ခုနက ပေါ်ခဲ့တဲ့ Hello I am back ဆိုတာကြီးက ပျောက်သွားမှာဖြစ်ပါတယ်။
ပြီးရင် cls ရဲ့ အောက်က echo ဆိုတဲ့ code အတွက် အလုပ်လုပ်ပါလိမ့်မယ်...key တစ်ခုခုကို နှိပ်လိုက်တယ်လို့ သဘောထားပြီး ဆက်ကြည့်ကြရအောင်....အခုဆိုရင်တော့ အောက်မှာ ပြထားတဲ့ စာသားဟာ သင့် ရဲ့ Black Screen ပေါ်ရောက်နေလောက်ပါပြီ...)

I am testing cls and msg commands
(ဒီစာပေါ်ပြီးတာနဲ့ message box တစ်ခုကျလာပါလိမ့်မယ် message box ထဲက စာသားကတော့ )

Bye Bye
(ပါတဲ့ ပြီးရင်တော့ အရင်အတိုင်း)

Press any key to continue...
(ဆိုတာလေးလာမှာပါ)

နားလည်ပါ့မလားတော့မသိဘူး... ကျနော်လည်း ဘယ်လိုရှင်းရမှန်းမသိလို့ ရှင်းလင်းချက်တွေကို ကွင်းစ ကွင်းပိတ် () ထဲထည့်ရေးလိုက်တယ်နော်။
အဲဒီ့တော့ cls နဲ့ msg ကို ဘယ်လိုနားလည်လိုက်ပါသလဲ....
အစ်ကို ၊ အစ်မ တို့ ဘယ်လိုနားလည်လဲတော့မသိဘူး ၊ ကျနော်ပြောပြချင်တာကတော

-cls ဆိုတာရဲ့ အရှည်ကောက်က Clear Screen ပါ [You must be registered and logged in to see this image.] (Java သင်ဖူးတဲ့သူအားလုံးသိသလို ၊ ကွန်ပြူတာကိုင်ဖူးရင်တောင် သိပါတယ်) သူက Screen မှာရှိတဲ့ စာသားတွေကို ရှင်းထုတ် (ဖျက်ထုတ်) ပေးရုံသက်သက်ပါ။

-msg ဆိုတာကတော့ Message ရဲ့ အတိုကောက်ဖြစ်ပြီးတော့ သူက User ကို Message Box တစ်ခုချပေးတာဖြစ်ပါတယ်။ GUI လေးနဲ့ပေါ့...

နောက်ထပ် Command တွေ အကြောင်းဆက်လေ့လာလိုက်ရအောင်....

အခုတစ်ခါရှင်းပြချင်တာကတော့ rem နဲ့ start ဆိုတာလေးတွေပါ...
အဲဒါတွေကို စမ်းဖို့အတွက် Folder တစ်ခုကို Test ဆိုတဲ့ နာမည်နဲ့ ဆောက်ပေးပါ...
ပြီးရင် အဲဒီ့ထဲကို စိတ်ကြိုက် ပုံတစ်ပုံထည့်ပြီးတော့ testpic ဆိုတဲ့ နာမည်ပေးလိုက်ပါ...
နောက်တစ်ဆင့်အနေနဲ့ Notepad ကို ဖွင့်ပြီး အောက်မှာရှိတဲ့ Coding တွေကို ရိုက်ထည့်ပေးပါ...

Code:
@echo off
echo We are testing start and rem
rem title TEST4
start testpic.jpg
pause

ပြီးရင်တော့ test4.bat ဆိုပြီး ခုနက Test ဆိုတဲ့ Folder ထဲမှာ save ပြီး Run လိုက်ပါ. အောက်မှာ ပြထားတဲ့ အတိုင်းမြင်ရပါလိမ့်မယ်။

We are testing start and rem
Press any key to continue
(key တစ်ခုကို ထပ်နှိပ်လိုက်ရင် ခုနက စိတ်ကြိုက်ရွေးပြီးတော့ ထည့်ထားတဲ့ testpic.jpg ကို မြင်ရမှာပါ။ ပုံရဲ့ extension ကိုကော ရွေးလိုက်တဲ့ပုံပေါ်မူတည်ပြီး .png ၊ .gif စသည်ဖြင့်ကွဲပါလိမ့်မယ်)

အဲဒါဆိုရင်တော့ အပေါ်က Program ကို နားလည်ပြီထင်ပါတယ်။
-start ဆိုတာကတော့ စိတ်ကြိုက် file တစ်ခုကို ခေါ် run ပေးတာဖြစ်ပါတယ်။ သူ့အနောက်မှာ ဘာမှ မပါဘဲနဲ့ start သီးသန့် ရေးခဲ့မိရင်တော့ နောက်ထပ် အမည်းရောင် screen ပေါ်လာမှာဖြစ်ပါတယ်။

-rem ဆိုတာက တကယ်တော့ remark ကို ခေါ်တာပါ. ဒါပေမယ့် သူက bat file run နေတုန်းမှာ မမြင်ရတတ်ပါဘူး. (ဘယ်အချိန်မြင်ရလည်းတော့ ကျနော်လည်းမသိဘူး [You must be registered and logged in to see this image.] သိချင်ရင်တော့ ရှာလိုက်ကြပေါ့နော်)

အခု goto ၊ set နဲ့ if ကို ရှင်းပါတော့မယ်...
အခုမှစလေ့လာသူတွေအတွက် ဒီအပိုင်းက နည်းနည်းစပြီးတော့ ရှုပ်လာမှာဖြစ်လို့သေချာလေး လိုက်လုပ်ကြည့်စေချင်ပါတယ်။
အောက်မှာပေးထားတဲ့ Code တွေကို Notepad ထဲမှာ ရိုက်ထည့်လိုက်ပါ...

Code:
@echo off
echo This is a Test
echo If you want to do math type 1 and press enter
echo If you want to see a picture type 2 and press enter
set /p option=
if '%option%'=='1' goto :math
if '%option%'=='2' start testpic.jpg (အပေါ်မှာတုန်းကလိုဘဲ ကြိုက်တဲ့ Extension ကို သုံးနိုင်ပါတယ်။)

:math
echo 2 2
pause
ပြီးရင်တော့ ခုနက Folder ထဲမှာဘဲ test5.bat ဆိုပြီး save ပြီးရင် Run ပါမယ်။
Run လိုက်ရင်တော့ အောက်မှာ ပြထားတဲ့ အတိုင်းပြပါလိမ့်မယ်...

This is a Test
If you want to do math type 1 and press enter
if you want to see a picture type 2 and press enter
(ဒီအဆင့်ကို ရောက်ရင်တော့ 1 နဲ့ 2 နှစ်ခုထဲက ကြိုက်ရာတစ်ခုကို ရွေးနိုင်ပါတယ်)
(၁ ကိုရွေးမယ်ဆိုရင်တော့ အောက်က 2 2 ဆိုတာကို ပြပေးပါလိမ့်မယ်)
2 2
(၂ ကို ရွေးခဲ့မယ်ဆိုရင်တော့ ထည့်ထားတဲ့ စိတ်ကြိုက်ပုံလေးထွက်လာပါလိမ့်မယ်...)
(ပြီးရင်တော့ ထုံးစံအတိုင်း Press any ..... ပါဗျာ [You must be registered and logged in to see this image.] )
Press any key to continue...

အပေါ်ကရလာတဲ့ အဖြေကို ကြည့်ပါ ပြီးရင် မူရင်း coding ကို ပြန်ကြည့်ကြည့်ပါ...
goto ရဲ့ အလုပ်လုပ်ပုံကို နားလည်လာပါလိမ့်မယ်။ goto ဆိုတာကတော့ Coding ထဲမှာပါမယ့် နာမည်တစ်ခုပေးထားတဲ့ program အပိုင်းလေးတစ်ခုဆီကို ညွှန်းချင်ရင်သုံးပါတယ်။
(အခြား Programming Language အနေနဲ့ ဆိုရင် Function တွေ Procedure တွေကို ခေါ်တဲ့ အလုပ်လုပ်ပါတယ်)
အပေါ်က Program ထဲမှာဆိုရင် ကျနော်တို့ဟာ :Math ဆိုတာကို သုံးခဲ့တာတွေ့မှာပါ...
အဲဒီ့ Math အောက်မှာ ရေးထားတဲ့ ဟာတွေအားလုံးဟာ Math နဲ့ ဆိုင်တာတွေဖြစ်ပါတယ်။ အဲဒါဆိုရင် goto :Math ဆိုပြီးရေးလိုက်တဲ့ အခါမှာတော့ Program ရဲ့ အလုပ်လုပ်ခြင်းတွေဟာ Math ဆီကို ရောက်သွားပြီး Math ရဲ့ ကိစ္စတွေကို လုပ်ဆောင်ပါလိမ့်မယ်။ ဒီလောက်ဆို goto အကြောင်းသိလောက်ပြီထင်ပါတယ်။
(မသိသေးရင် လည်း ပြန်ဖတ်ပေါ့. နားမလည်ရင်တော့ တခြားသူရေးတဲ့စာသာ ဖတ်လိုက်တော့. ကျနော် အရည်အချင်းမရှိလို့ ဒီလောက်လွယ်တာကို နားလည်အောင်မရေးနိုင်တာလို့လည်း သတ်မှတ်လိုက်ပါ။)

ခုနက Coding မှာပါတဲ့ set နဲ့ if ရဲ့အကြောင်းစရှင်းပါတော့မယ်
သူတို့ ၂ ခုကို ရောပြီးရှင်းမှာ ဖြစ်ပါတယ်... နားလည်အောင် သေချာကြည့်ပေးပါ.

set ဆိုတာကတော့ တစ်ခုခုကို သတ်မှတ်တာပါ [You must be registered and logged in to see this image.]
သူ့ကို ရေးရမယ့် တကယ့် Syntax ကတော့
set variable=[string] ဖြစ်ပါတယ်။

ဒါပေမယ့် If နဲ့ တွဲသုံးချင်တဲ့ အခါမျိုးတို့ မှာတော့ set X စသည်ဖြင့် X တစ်လုံးတည်းကို Variable ကြေငြာလေ့ရှိပါတယ်။ အဲလို ကြေငြာခဲ့တယ်ဆိုရင်တော့ X ထဲကို ကြိုက်တဲ့ Variable ၀င်လာခွင့်ရှိပါတယ်။
Set အကြောင်းသိချင်ရင်တော့ Run>>cmd>>set /? ဆိုပြီးရိုက်ထည့်လိုက်ပါ.. ပြီးရင်တော့ ကိုယ့်ဟာကိုယ်ဆက်ဖတ်နိုင်ပါတယ် [You must be registered and logged in to see this image.]

ခုနက Program ကို ပြန်ဆက်ပါမယ်...
ကျနော် တို့ ခုနက Code ထဲမှာ set /p option= ဆိုပြီးတော့ ရေးခဲ့ပါတယ်
အဲဒါကို set choice ဆိုပြီးတော့ အလွယ်ပြောင်းမြင်ကြည့်ရအောင် (/p ပါရင်ရှုပ်နေမှာဆိုးလို့ပါ.. ပြီးတော့ ကျနော်ကိုယ်တိုင်လည်း မေ့နေတာပါတယ်... နောက် သတိရရင် ပြန်ရှင်းပေးမယ်လေ. မရတော့လည်း မရှင်းတော့ဘူးပေါ့ [You must be registered and logged in to see this image.])
အပေါ်က Program ကို set choice ဆိုပြီး ပြောင်းရေးလိုက်ပြီဆိုပါစို့
ဒါဆိုရင် အကယ်လို့ ကျနော်တို့သာ 1 ကို ရိုက်မယ်ဆိုရင် choice ဆိုတဲ့ variable ထဲကို 1 ၀င်သွားပါလိမ့်မယ်။
ပြီးရင်တော့ ခုနကလိုဘဲ :Math ဆိုတဲ့ အလုပ်ကို ဆက်လုပ်ပါလိမ့်မယ်
အဲဒီ့ ပြင်ရေးလိုက်တာလေးကို အောက်မှာ ပြန်စမ်းရေးကြည့်ရအောင်

Code:
set choice
if '%choice%'=='1' goto :math

ဒါဆိုရင်တော့ အကယ်လို့ ကျနော်တို့က 1 လို့ရိုက်ထည့်ရင် choice ထဲကို 1 ၀င်မယ် ပြီးရင်တော့ Math ဆိုတဲ့ function အလုပ်ကို လုပ်ပါလိမ့်မယ်.(if မှာပါတဲ့ % ဆိုတာတွေကိုတော့ ကျနော်ကိုယ်တိုင်မေ့နေလို့ ချန်လှပ်ထားခဲ့ပါရစေ) အခုက Basic အပိုင်းဆိုတော့ အဲဒါတွေ မသိသေးးလဲ ကိစ္စမရှိသေးပါဘူး....
ဒီလောက်ဆိုရင် if ၊ set နဲ့ goto ကို နားလည်သွားပြီလို့ထင်ပါတယ်

ဟုတ်ပါပြီ အခုအချိန်ထိ ကျနော်ရှင်းလာသမျှအားလုံးဟာ အလွယ်တကာ့ အလွယ်ဆုံး အခြေခံများဖြစ်ပါတယ်..
ခုလောလောဆယ်တော့ မနက် ၄ နာရီ ထိုးသွားပြီဖြစ်လို့ ဒီလောက်နဲ့ ခေတ္တရပ်နားပါရစေ... နောက်နေ့မှာ တော့ ဒီ့ထက်ပိုခက်လာပြီး အသုံးကျလာမယ့် အပိုင်းတွေကို ဆက်လက်ရေးပေးပါ့မယ်။ မကြာမီလာမည်မျှော်....


>>>> ဤ tutorial သည် Bat အကြောင်း တစ်ခုမှ မသိ၍ အခုမှ စတင်လေ့လာမည့် သူများကို ရည်ရွယ်ရေးသား ခြင်းဖြစ်ပြီး bat အကြောင်းတီးမိခေါက်မိရှိပြီးသူများ အဖို့ကတော့ နောက်လာမည့် အခန်းများတွင် ပါဝင်နိုင်မည်ဟုထင်ပါသည်။ ဤ tutorial နှင့် ပတ်သက်၍ ဝေဖန်ပါ ၊ အကြံပေးပါ ၊ ပြန်လည် ဆွေးနွေးပါ ၊ ယခု ဆွေးနွေးထားသည် အထိထဲမှ သိလိုသည်များရှိလျှင် ၊ နားမလည်သည်များရှိလျှင် မေးပါ ၊ ကျနော် ကောင်းမွန်စွာ ပြန်လည်ဖြေကြားပေးပါမည်။ လိုအပ်ချက်များကို ထောက်ပြပေးမည့်သူများရှိပါကလည်း ၀မ်းမြောက်ဝမ်းသာ ကြိုဆို လက်ခံပြီး ကျေးဇူးတင်မှာပါ။ သို့ပေမယ့် မကောင်းပြောပြီး သိပြီးသားတတ်ပြီးသားကို ရေးနေသည်ဟုထင်သောသူများမှ လာရောက်ပြောဆိုပါက မည်သည့်တုန့်ပြန်မှုမျိုးမှ ပြုလုပ်မည်မဟုတ်။ လေ့လာချင်သော သူများအတွက်သာ ရေးသားပေးခြင်းဖြစ်၍ အကျိုးမရှိဟု ထင်ပါက ဖတ်မနေပါနှင့် ကျော်သာသွားလိုက်ပါ။ စရေးကတည်းက ကျနော် ရေးချင်လွန်းလို့ အားနေလို့ ရေးရတာလည်း မဟုတ်ပါ။ တောင်းဆိုလာတဲ့ သူတော်တော် များပြီးတော့ တောင်းတဲ့သူတိုင်းက ကျနော့် အရင်းနှီးဆုံး သူငယ်ချင်းတွေမို့ ရေးပေးဖြစ်သွားတာပါ။ ဆက်လက်ပြီးတော့ bat နဲ့ ပတ်သက်လို့ တော်တော်များများရေးပေးသွားပါ့မယ်။ အကုန်နီးပါးသိအောင် ဒီ tutorial တစ်ခုတည်းနဲ့ ရေးပေးနိုင်အောင် ကြိုးစားသွားမှာပါ။ ဆက်လက် စောင့်မျှော်ပေးကြပါ။ နောက်ပြီးတော့ ကြော်ငြာဝင်လိုက်ဦးမယ် [You must be registered and logged in to see this image.] VB.NET 2008 နဲ့ C#.Net 2008 တို့ကိုလည်း E-Book ဖြစ်ဖြစ် ၊ စာအုပ်ဖြစ်ဖြစ် ထုတ်လို့ရအောင် ကြိုးစားနေပါတယ်။ e-book ဆိုရင်တော့ အလကားပေးဖြစ်မယ်။ စာအုပ်ဆိုရင်တော့ ကျနော်လည်း သှူဌေးမဟုတ်တော့ အရင်းအတိုင်းတော့ ရောင်းပေးမယ်ဗျာ။ E-Book ဖြစ်အောင်တော့ အတတ်နိုင်ဆုံးလုပ်ပေးပါ့မယ်။

ဒီ့ Topic ကို ပြန်လည် ဖော်ပြလိုလျှင် Myanmar IT Resource Forum အား Credit ပေးပါဟု လေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ်။
ကျေးဇူးတင်စွာဖြင့်
$ƴǩǾ

http://www.myanmaritresource.info

mars


Moderator



Moderator
$ƴǩǾ wrote:ဟင့်။ တယ်လည်း မောင်းတဲ့လူ။ တော်တော်ဆိုးတယ်။ Razz Razz
Database ဆိုလည်း ရေးခိုင်းလိုက် ၊ ဒါလည်း ရေးခိုင်းလိုက်နဲ့။
တားတားပေးလွန်းလို့ တူကဒီလိုပြန်ပြောတယ်.... :cry အဲဒါ တခြား မန်ဘာတွေပဲပြောတော့နော်..တားတား ဘာမှဝင်ပြောဝူး... :lipsrsealed
မြန်မြန်လုပ်ပါလို့လည်း ပြောဝူး.... :lipsrsealed
နောက်တစ်ပတ်အတွင်း ဖြစ်နိုင်ရင် လိုချင်တယ်လို့လည်းပြောဝူး.. :lipsrsealed
ဒါကို ebook စပြီး တားတားလုပ်ဖို့ပြောတော့ တစ်ပတ်အတွင်းလုပ်ပေးမယ်လို့ ဘူလေးပြောတာလဲသိဝူးနော်... လို့လည်း သားသားမေးဝူး... :lipsrsealed
အခုလိုပစ်ထားတာတော့ ကောင်းဝူး...လို့လည်း တားတားပြောဝူး... :lipsrsealed
တွေ့လား အခုတူများတွေတောင် ပြောတုန်ဘီ ... :shooting အဲလိုပြောတုန်လို့လဲ တားတားက ၀င်ပြီး force ပေးပါဆိုတာကို ၀င်ပြီး ပေးဖို့ လုပ်ဝူးနော်... :attention
အကို ဘာမှ ၀င်ပြီး ညီစွမ်းကို force မပေးဘူးနော်.... လူဆိုးလို့ပြောနဲ့တော့....

အော်ဒါနဲ့ မေ့လို့ အကိုပြောထားတဲ့ ဟိုလေ Database ကိစ္စလေးကိုလည်း မြန်မြန်လေးလုပ်ပေးပါလို့ မပြောဘူးနော်... :lipsrsealed Razz Razz

http://sidnaing.co.cc/

alt.332

alt.332
Administrator



Administrator
ကို mars ရေ....မြန်၂ လေးဆိုတာကို ဖြုတ်ပြီးပြော မဟုတ်ရင် သင်္ကြန်ပြီးလောက်မှရလောက်မယ် Razz

http://www.myanmaritresource.info

mars

mars
Moderator



Moderator
αℓт.332 wrote:ကို mars ရေ....မြန်၂ လေးဆိုတာကို ဖြုတ်ပြီးပြော မဟုတ်ရင် သင်္ကြန်ပြီးလောက်မှရလောက်မယ် Razz
ဟုတ်ပါပြီ ငါ့ညီ L လေးရယ်.... ဒါနဲ့စကားမစပ် ငါ့ညီဘာသင်ခန်းစာပို့စ်လေးတွေရေးဦးမလဲမသိဘူးနော်... :exercise အကိုက အဲလို ကိုယ်တိုင်ရေးတွေဆို တအားစိတ်ဝင်စားပြီးဖတ်ချင်တာ... (မြှားဦးလှည့်တယ်လို့ပြောရ၀ူးနော်) :kiss ငါ့ညီရေးတဲ့ ပို့စ်တွေလည်း ဖတ်ချင်သေးတယ်ကွာ... အကိုက သိပ်ပြီး ဘယ်သူ့ကိုမှ force မလုပ်တတ်ပါဘူး... Very Happy Very Happy ဒါပေမယ့် ငါ့ညီလည်း ဒီဖိုရမ် ဒီဖိုင်းကို လုပ်တဲ့သူဆိုတော့ကာ... :undecided :undecided ငါ့ညီကတော့ သင်္ကြန်အပြီးမလုပ်နဲ့တော့နော်... အခုနည်းနည်းတော့ အစပျိုးထားလိုက်တော့.... Razz Razz

http://sidnaing.co.cc/

alt.332

alt.332
Administrator



Administrator
ကျွန်တော်က ဟိုစပ်၂ ဒီစပ်၂ ပါဗျာ...ဘာမှမတတ်ပါဘူး Very Happy ရေးဖို့ဆိုတာဝေလာဝေးပါ Very Happy

http://www.myanmaritresource.info

mars

mars
Moderator



Moderator
αℓт.332 wrote:ကျွန်တော်က ဟိုစပ်၂ ဒီစပ်၂ ပါဗျာ...ဘာမှမတတ်ပါဘူး Very Happy ရေးဖို့ဆိုတာဝေလာဝေးပါ Very Happy
အဲလိုစကားလေးနဲ့လောက်တော့ ရ၀ူးလေ..... ညီလေးတို့တောင် အဲလိုပြောရင် အကိုတို့က နေစရာမရှိတော့ဘူးနော်... အဲဒိ ဟိုစပ်စပ် ဒီစပ်စပ်ဆိုတာလေးတွေကိုပဲ ငါ့ညီက အခြေခံလောက်ဖြစ်ဖြစ် ရေးပြပေးရင် အကိုတို့လည်း ဟိုစပ်စပ် ဒီစပ်စပ်သိရတာပေါ့... တအားအမြင့်ကြီးတွေပြောရင် အကိုတို့က နားမလည်ဘူးလေ... ကူညီကောင်းပါတယ် ငါ့ညီရယ်... Very Happy အကိုတို့က ဘာမှဟုတ်တိပတ်တိမတတ်တော့ အခုလို သိတဲ့သူတွေကို လိုက်ရေးခိုင်းပြီး ဖတ်နေရတာ... စာအုပ်တွေကလည်း ရှိတာရှိတယ် အများကြီးဆိုတော့ သိပ်မဖတ်ဖြစ်ဘူးကွ... အခု င့ါညီတို့ရေးသလို လေ့ကျင့်ခန်းလေးတွေနဲ့ နည်းနည်းချင်းစီသင်သွားတော့ သင်မှန်းတောင် မသိရပဲ တတ်သွားမှာ... :kiss လိမ္မာတယ်နော်.. နော်...နော်...

http://sidnaing.co.cc/

alt.332

alt.332
Administrator



Administrator
ရေးတော့ရေးနေတာပဲဗျ.. Very Happy ခက်တာက ခက်နေလို့ Very Happy ဘာရေးလဲဆိုတာ နောက် ၂ ပါတ်လောက်ဆို တင်ပေးပါ့မယ်... Very Happy

http://www.myanmaritresource.info

mars

mars
Moderator



Moderator
αℓт.332 wrote:ရေးတော့ရေးနေတာပဲဗျ.. Very Happy ခက်တာက ခက်နေလို့ Very Happy ဘာရေးလဲဆိုတာ နောက် ၂ ပါတ်လောက်ဆို တင်ပေးပါ့မယ်... Very Happy
ရှယ်ပဲကွာ... ဂွတ်တယ်.... ဒီပို့စ်တစ်ခုထဲမှာတင် ပို့စ်ရေးပေးဖို့ နှစ်ယောက်ရပြီ.... ကျန်တာတွေကတော့ ဘယ်သူတွေဘယ်လိုရလဲဆိုတာ မသိသေးလို့ ပစ်မှတ်ထပ်ရှာလိုက်ဦးမယ်... :exercise ကဲနော်... မြိုင်ရာဇာ တွတ်ပီ လာပြီဟေ့ ဆိုပြီး ဒီဖိုရမ်ကိုမွှေပြီနော်.... Razz Razz Razz

http://sidnaing.co.cc/

julykglay

julykglay
MITR New User



အကိုတို့ ခင်ဗျာ...

အနော် ..ဒီဆိုက်က အကို $ƴǩǾေ၇းထား bat အကြောင်းလေးကို ပြည့်ပြည့်စုံစုံေ၇းထားတာတွေလို့ ဖတ်ကြည့်တော့စိတ်ဝင်စားတာနဲ့လေ့လာဖြစ်ခဲ့တာပါ...သေချာစိတ်ဝင်တစားလုပ်ကာမှပဲ ပြသာနာက ကြုံလာတယ်ဗျာ..
CHOICEေ၇ာက်တော့မှ အနော်စက်က choice ပါတဲ့ bat file ဆိုအဲနားမှာ ဘာမှမလုပ်တော့ဘူးဖြစ်နေတယ်..
choice နဲ့ေ၇းထားတဲ့ bat file တွေဆို....
'choice ' is not recognized as in internal or external command,
operable program or bat file .

တွေပေါ်နေတယ်ဗျာ....

command မှာလည်း choice /? လို၇ိုက်၇င်...
'choice ' is not recognized as in internal or external command,
operable program or bat file .

တဲ့ အဲမှာေ၇ှဆက်မ၇တော့ဘူး ဗျာ...
ကူညီကြပါအုံး အကိုတို့ေ၇..
ေ၇ှဆက်လို့မ၇ဖြစ်နေတယ်...

Opera

Opera
MITR Reader



MITR Reader
ကို julykglay တစ်ခုခုတော့ မှားနေပြီထင်တယ်။

cmd >> choice /? ဆိုရင်တော့ ရရမှာပါ။

ဘာ Windows သုံးထားလို့လည်းဗျာ?

julykglay

julykglay
MITR New User



မမှားဘူးအကို၇..
ညီ လည်းကိုေ၇းထားတာမှားတယ်ထင်လို့..
ဖို၇မ်ထဲေ၇းထား bat file တွေကို copy လုပ် Run လည်းမ၇ဘူးဗျ....
သေသေချာချာ လုပ်ကြည်ပြီးပါပြီ ..
window xp p 2 ပါ အကို......

Opera

Opera
MITR Reader



MITR Reader
ကျွန်တော် က Windows 7 ၊ Vista နှစ်ခုလုံးမှာ စမ်းကြည့်တာ ရတယ်အစ်ကိုရဲ့
XP မှာတော့ အိမ်ရောက်ရင် စမ်းကြည့်လိုက်ပါဦးမယ်။

julykglay

julykglay
MITR New User



ဟုတ်ကဲဗျာ...
ညီ လည်းထူးဆန်းနေလို့ .....ကိုယ်ပဲ အ တာထင်နေ့တာ..
ခု လုပ်တာလည်းစုံနေပြီ..
ေ၇ှ့ဆက်ဘာမှမလုပ်တတ်တော့ဘူး..ဟိဟိ..

Opera

Opera
MITR Reader



MITR Reader
Choice ကို ကျော်ပြီး တခြားဟာတွေဆက်ဖတ်ကြည့်လေ။ Very Happy

solakoko

solakoko
Moderator



Moderator
ကျနော့်ဆီမှာလဲ ရပါတယ်
XP ပါပဲ

Opera

Opera
MITR Reader



MITR Reader
အင်းလေ။
ရတဲ့သူကျရတယ်။ မရတဲ့သူကျမရဘူးတဲ့။
ထူးဆန်းတာဘဲ။ $ƴǩǾ လာမှ ဖြေရှင်းပေးပါလိမ့်မယ်။

solakoko

solakoko
Moderator



Moderator
ကျနော့်ဆီမှာ မရတော့ပြန်ဘူး
xp sp3 မှာ စမ်းတာမရဘူး
ဟီးဟီး
ခုဏက ရတာက xp server2003 ကစမ်းတာ
ချောတီး ........ပါ

julykglay

julykglay
MITR New User



ညီ က xp ဆိုတော့ ဆက်လေ့လာလို့မ၇တော့ဘူး..ပေါ့

Opera

Opera
MITR Reader



MITR Reader
အော် မေ့လို့ ။
choice မရရင် set နဲ့လည်း သုံးလို့ရတယ်နော်။
ဒီလိုလေးပေါ့။

Code:
@echo off
:start
cls
set /p userinp=choose a number(1-6):
set userinp=%userinp:~0,1%
if "%userinp%"=="1" goto 1
if "%userinp%"=="2" goto 2
if "%userinp%"=="3" goto 3
if "%userinp%"=="4" goto 4
if "%userinp%"=="5" goto 5
if "%userinp%"=="6" goto 6
echo invalid choice
goto start
:1
(do stuff here)
goto end
:2
(do more stuff here)
goto end
:3
stuff
goto end
etc.
:end
pause>nul

solakoko

solakoko
Moderator



Moderator
ဟုတ်သေးဘူးလေ
အဲဒီ choice အဆင့်ကို ခဏကျော်ထားလိုက်
နောက်တစ်ဆင့်ထပ်လေ့လာလို့ ရမယ်ထင်ပါတယ်

julykglay

julykglay
MITR New User



ဟုတ်ကဲ့..အကို..
လေ့လာလိုက်မယ်..ကျေးဇူးပါဗျာ..
set နဲ့သုံးလို့၇တယ်လား အကို..
ဒါဆို set နဲ့ပဲ Run လိုက်မယ်..ကျေးဇူး..

Opera

Opera
MITR Reader



MITR Reader
ခုလေးတင် $ƴǩǾ နဲ့တွေ့လို့ လှမ်းမေးကြည့်လိုက်ပါတယ်။

သူပြောတာက "In XP, you need to use the "set" command instead of choice" တဲ့
ဒါပေမယ့် Choice အတိုင်းပုံစံတူ မရနိုင်ပါဘုးတဲ့။ ကန့်သတ်ချက် အချို့ ရှိနေပါတယ်လို့လည်း ပြောပါတယ်။ ဘာတွေဆိုတာတော့ သူလာမှမေးကြည့်တော့။ Smile

ပြီးတော့ နောက်တစ်ခုပြောသေးတယ် CHOICE ကို သုံးကိုသုံးရမှဖြစ်မယ်ဆိုရင်တော့ "you just need to include CHOICE.COM along with your batch file." တဲ့
ဒါဆို Choice.com ကို ဘယ်မှာရမလဲမေးတော့ အောက်ကလင့်ခ်မှာ ရပါတယ်တဲ့။
Code:
http://support.microsoft.com/kb/117600


ကို ဆိုလာကော ၊ ကို july ကော အဆင်ပြေကြမယ်လို့ထင်ပါတယ်။
$ƴǩǾ က လောလောဆယ် မအားသေးလို့ပါတဲ့။ ညနေကျရင်လာခဲ့ပါမယ်လို့လည်းပြောလိုက်ပါတယ်။

solakoko

solakoko
Moderator



Moderator
ကျေးဇူး ကိုအော်ပလာ
ကျနော်အရင်တုန်းကဖတ်ဖူးပါတယ်
မှတ်မထားတော့မေ့ကုန်ပြီလေ
ကူညီပေးတဲ့အတွက်
Thank you ပါဗျာ Razz

Opera

Opera
MITR Reader



MITR Reader
ကျွန်တော် ကူညီတာမဟုတ်ပါဘုး။ $ƴǩǾ ကူညီတာပါဗျာ။
သူ့ကို ကျေးဇူးတင်သင့်တာပါ။ Smile

julykglay

julykglay
MITR New User



ကျေးဇူးပဲ အကိုတို့ေ၇...
ညီက ခုမှ post စေ၇းဖူးတာဆိုတော့ thanks မတွေ့လို့ ...ဟိဟိ..(ဘယ်နားမှာလဲ..ဟင် )
ကျေးဇူးတင်ပါတယ်....

Opera

Opera
MITR Reader



MITR Reader
ညာဘက် ဘေးလေးမှာ စိမ်းစိမ်းလေးလေ။
အသည်းစိမ်းလေးတွေ။ Razz

solakoko

solakoko
Moderator



Moderator
ဟုတ်တယ်ညီလေးရေ
အဲဒါကို အခါ(၁၀၀)လောက်နှိပ်ရတယ် သိလား
ဟီးဟီး :shocked

julykglay

julykglay
MITR New User



မတွေဘူး အကို၇..
သေးသေးလေး အစိမ်းေ၇ာင် မျဉ်းကြောင်းလေးတော့တွေတယ်.....
နှိပ်ကြည့်လိုက်မယ်...
(100)တော့ အနှိပ်ခိုင်းပါအကို၇ယ်...တစ်ခါနှိပ်ဖို့တောင် ၇ပ်သိ ၇ွာသိ ဖြစ်ကုန်ပြီး...Razz

sHa92

sHa92
Founder



Founder
Opera နဲ့တွေ့လိုက်တာ အားလုံးအဆင်ပြေနေပြီထင်တယ်။ Smile

ကျွန်တော်လည်း အခု Online လာလည်း Forum ၀င်မရတဲ့အတူတူ ၊ ဒီ Bat အကြောင်းကို စာအုပ်သေချာပြန်လုပ်နေပါတယ်။
အစအဆုံးကို Ref တွေသေချာယူပြီးတော့ လုပ်နေပါတယ်။
အခုရေးထားတာထက် ပိုမို စနစ်ကျပြီး ထိရောက်စေမယ်လို့ ယုံကြည်ပါတယ်။

March မှာ စာမေးပွဲရှိတယ်။
စာအုပ်ကို April လကုန်မှာ ထုတ်ပေးနိုင်အောင် ရေးပေးပါမယ်။

အားလုံးကို ကျေးဇူးပါ။ Smile

http://www.myanmaritresource.info

julykglay

julykglay
MITR New User



မပြေသေးဘူးအကိုေ၇....
Code:
  http://support.microsoft.com/kb/117600

အဲဒီလင့်မှာ ဘယ်ဟာကို ဒေါင်း၇မမှန်းမသိဘူး ...ညီထင်တာဒေါင်းလိုက်တော့ ၇တဲ့ဖိုင်ကို double click လိုက်တာ..
desktop ပေါ်မှာ ဖိုင်တွေအများကြီးဖြစ်သွားတယ်...choice ကိုေ၇ွးပြီ click တော့လည်း y/N ပြီးဘာမှလည်း
အ၇ာမထင်ဘူးဖြစ်နေတာလည်း စိတ်လည်းခတ်ပျက်ပျက်နဲ့ ပဲ ခဏ တာ ၇ပ်စဲလိုက်၇တော့တယ် အကိုေ၇....
အကိုလည်း မအားဘူးလို့ ကို opera ပြောထားတာတွေလို့ အကို ကိုကူညီတောင်းဖို့စောင့်နေတာ...
အခုအကူညီတောင်းလိုက်ပြီနော်....
တစ်လက်စ တည်းမေးပါ၇စေ...thanks လည်းပေးလို့ မ၇ဘူး...ဘာလို့လည်းသိဝူး......



Last edited by ٨††∂¢қєř on 3rd February 2010, 7:05 pm; edited 1 time in total (Reason for editing : plz use code bro)

sHa92

sHa92
Founder



Founder
အဲဒီ့ လင့်ခ်မှာ Down ဖို့က တစ်ခုထဲပါဂျ။

အဲဒီ့က Down ထားတာကို System 32 ထဲမှာထားရင်ထား ၊ မထားရင် Windows Folder ထဲမှာထားရင်ထားရမယ်။
ဒါမှမဟုတ် ၊ ကိုယ့် bat ကို သူများ စက်မှာ Run စေချင်ရင် အဲဒီ့ Bat Directory မှာ Down ထားတဲ့ ဖိုင်ကိုပါ တစ်ခါတည်း bat နဲ့အတူထည့်ပေးရမှာပါ။

လောလောဆယ်တော့ Connection လည်းမကောင်းဘူးဗျာ။ Sad
နောက်နေ့ကျရင် သေချာပြန်ကူညီပေးမယ်နော်။

BarCampers တွေအတွက် Downloading Service စီစဉ်တာလည်း မရတော့ ပြန်တော့မယ်။

စာကြွင်း ။ ။ ကိုဂျူလိုင် က ကို ဧပရယ် နဲ့ သူငယ်ချင်းမှလား။ Smile ကျွန်တော်လည်း ကို ဧပရယ်ကောင်လေး နဲ့ သိတယ်။ ကျွန်တော်က အစ်ကို့ထက်လည်း ငယ်မယ်ထင်တယ်နော်။

http://www.myanmaritresource.info

julykglay

julykglay
MITR New User



ဟုတ်ကဲ့ အကို..

ခုနေ့ မအားသေး၇င် နောက်နေ့ကုညီပါနော်...(ကိုယ်ကအလုပ်မ၇ှိအကိုင်မ၇ှိ သူများကို နောက်ယှက်)Razz

ပြန်စာ။ ။ ကို ဧပရယ် နဲ့ သူငယ်ချင်းတော့ဟုတ်ဝူးဂျ ...ညီကိုလည်းခင်ပါဂျာ.. အကိုကညီထက်ကြီးမှာပါ (အသက်)Razz

sHa92

sHa92
Founder



Founder
မအားတာတော့ မဟုတ်ဘူး။ Connection မကောင်းတော့ ဟို file ကို ကိုယ်တိုင် Down ပြီး စမ်းပေးဖို့ မရသေးလို့။ Very Happy

http://www.myanmaritresource.info

Naing Thu Ya

Naing Thu Ya
MITR New User



ကျေးဇူးပါပဲဗျာ စမ်းသပ်ဖို့ save page as လုပ်ယူသွားပါတယ် (ဆိုင်မှာ ထိုင်မဖက်နိုင်လို့)

Naing Thu Ya

Naing Thu Ya
MITR New User



အသက်က 17 ဆိုတော့ တော်တော်ငယ်သေးတာပဲ ကောင်းတယ်ကွာ ငယ်ငယ်ရွယ်ရယ်နဲ့ ခုလို ထက်ထက်မြက်မြက် လုပ်ဆောင်နေတာတွေ့ရတော့ တကယ်အားကျမိတယ် ( ငါနဲ့တော့ ကွာပါ့)

thuyazaw1985

thuyazaw1985
MITR New User



internet acc ကို .bat file လေးနဲ ချိတ်ရတဲ နည်းလမ်းရှိရင်းေ၇းပေးပါနော် ရုံးမှာ ကျန်တော် အကောင့်က လိုကယ် အင်တာနက်ပဲရတယ် တခြား ၀က်ဆိုက်တွေ ကြည့်လို့မရလို့ပါဗျာ ကူညီပါဦးနော :cry

moeset

moeset
MITR Reader



MITR Reader
ကို က ဘယ်နံပါတ်ကို နှိပ်ပါလို့ပြောထားပင်မဲ့ အဲ့ဒီနံပါတ်နှိပ်လဲရတယ် press any key လဲရနေတယ် အဲ့ဒါ ကိုယ် ပေးထားတဲ့ထဲက ဟာကိုပဲနှိပ်စေချင်ရင် ဘာလိုလုပ်ရလဲဆိုတာပြောပေးပါလား

sHa92

sHa92
Founder



Founder
thuyazaw1985 wrote:internet acc ကို .bat file လေးနဲ ချိတ်ရတဲ နည်းလမ်းရှိရင်းေ၇းပေးပါနော် ရုံးမှာ ကျန်တော် အကောင့်က လိုကယ် အင်တာနက်ပဲရတယ် တခြား ၀က်ဆိုက်တွေ ကြည့်လို့မရလို့ပါဗျာ ကူညီပါဦးနော :cry

အဲ။ အစ်ကို့ ရုံး Server က ပိတ်ထားရင်တော့ ချိတ်လို့မရပါဘူး။

ကို က ဘယ်နံပါတ်ကို နှိပ်ပါလို့ပြောထားပင်မဲ့ အဲ့ဒီနံပါတ်နှိပ်လဲရတယ် press any key လဲရနေတယ် အဲ့ဒါ ကိုယ် ပေးထားတဲ့ထဲက ဟာကိုပဲနှိပ်စေချင်ရင် ဘာလိုလုပ်ရလဲဆိုတာပြောပေးပါလား

choice နဲ့ ပြန်ပတ်လိုက်ပေါ့။
တခြား key နှိပ်ရင် message တစ်ခုပြပြီးတော့ မူရင်း Condition ဆီ ပြန်ပို့ပေးလိုက်လေ။
အဲဒါဆို အဆင်ပြေပါလိမ့်မယ်။

http://www.myanmaritresource.info

thuyazaw1985

thuyazaw1985
MITR New User



အကိုရေ ဖြေကြားပေးတဲအတွက် ကျေးဇူးတင်ပါတယ်နော် နည်းလမ်းရတဲ အချိန်အကြောင်းကြားပါနော်

zawmin

avatar
MITR Reader



MITR Reader
ဂွတ်တယ်ဗျာ။
good tae byar
အကိုရေ နောက်တစ်ရေးမယ်ဆိုရင် ဘားဂလိစာကိုမသုံးပါနဲ့နော်။

zawmin

avatar
MITR Reader



MITR Reader
batch file လေးကို ဗမာလို E-book လေးစုစည်းပေးပါလား။ပီးရင် [You must be registered and logged in to see this link.] ကိုပို့ ပေးပါလား။စိတ်မရှိနဲ့ နော်။download မဆွဲတတ်လို့ ပါ။ပို့ ပေးပါဗျာ။please please please please

mars

mars
Moderator



Moderator
zawmin wrote:batch file လေးကို ဗမာလို E-book လေးစုစည်းပေးပါလား။ပီးရင် [You must be registered and logged in to see this link.] ကိုပို့ ပေးပါလား။စိတ်မရှိနဲ့ နော်။download မဆွဲတတ်လို့ ပါ။ပို့ ပေးပါဗျာ။please please please please
ကျနော်တို့အနေနဲ့က ပို့ပေးတာဘာမှမခက်ပါဘူး... attach လုပ်ပြီး send လုပ်လိုက်တာနဲ့ ငါ့ညီမေးထဲကိုရောက်သွားမှာပါ... ဒါပေမယ့် နောက်ကို ငါ့ညီ ဒီဖိုရမ်မှာမှမဟုတ်ပါဘူး... ဘယ်နေရာမှာပဲဖြစ်ဖြစ် download လုပ်လို့ရအောင် စမ်းသပ်ကြည့်သင့်ပါတယ်... အကြံပေးတာပါ... ဒေါင်းတာလည်းခက်ခက်ခဲခဲမဟုတ်ပါဘူး... ပေးထားတဲ့ လင့်ကို ကော်ပီလုပ်ပြီး address bar မှာ paste ပြန်လုပ်ပြီး download လုပ်ခိုင်းတဲ့ လင့်ရှိတဲ့နေရာတွေကနေ အဆင့်ဆင့်လုပ်သွားလိုက်ရင် (စာဖတ်ပြီးလုပ်သွားရင်) မခက်ခဲပါဘူး... ဒေါင်းလုပ် လင့်တွေကတော့ တစ်ခုနဲ့တစ်ခု ဒေါင်းရပုံခြင်းကမတူပါဘူး... ဒါပေမယ့် အခြေခံကတော့တူတူပါပဲ... လုပ်ကြည့်လို့မှမရတဲ့နေရာတွေရှိနေရင် မေးပါ... ပြောပြပေးပါမယ်... ဒီဖိုရမ်ကလူတွေကအားလုံးကူညီချင်စိတ်အပြည့်ရှိပါတယ်ဗျာ.....

http://sidnaing.co.cc/

zawmin

avatar
MITR Reader



MITR Reader
I am really deeply sorry for everybody

zawmin

avatar
MITR Reader



MITR Reader
ဒီ အစ်ကို $ƴǩǾ ရေးတဲ့ batch file post ကိုအရမ်းကြိုက်တယ်ဗျာ။E-book ကိုဝယ်ဆိုလည်းဝယ်ပါ့ မယ်။ရေးပေးတဲ့အတွက် very thank you ပါ။ပြီးသွားရင်ပြောပါအုံးဗျာ။
လေးစားလျှက်zawmin

zawmin

avatar
MITR Reader



MITR Reader
ကျွန်တော်တို့ က အသက်သိပ်မကွာဘူးဆိုတော့ သူငယ်ချင်းလုပ်လို့ ရတာပေါ့ 
နာမည်ဘယ်လိုခေါ်လည်းဟင်။
နေရပ်လိပ်စာ
phone
nick name
ကျွန်တော့သူငယ်ချင်းတွေကcomputer သမားတွေမဟုတ်တော့သိပ်ပေါင်းလို့ မရဘူး
သူငယ်ချင်းရှာနေတာ။
ပြန်ဖြေပေးပါဗျာ။

sHa92

sHa92
Founder



Founder
zawmin wrote:ကျွန်တော်တို့ က အသက်သိပ်မကွာဘူးဆိုတော့ သူငယ်ချင်းလုပ်လို့ ရတာပေါ့ 
နာမည်ဘယ်လိုခေါ်လည်းဟင်။
နေရပ်လိပ်စာ
phone
nick name
ကျွန်တော့သူငယ်ချင်းတွေကcomputer သမားတွေမဟုတ်တော့သိပ်ပေါင်းလို့ မရဘူး
သူငယ်ချင်းရှာနေတာ။
ပြန်ဖြေပေးပါဗျာ။

ဟုတ်ကဲ့။ ကျွန်တော် လည်း ခင်တတ်ပါတယ်ဗျာ။ ကျွန်တော့်မှာလည်း အပေါင်းအသင်းက သိပ်အများကြီးမရှိသေးပါဘူး။

ဒါနဲ့ Post တစ်ခုထဲနဲ့ ပြီးတဲ့ စာလုံးတွေကို ဘာလို့ ၃ ခု ခွဲပြီးတော့ Post တင်ထားတာလဲဟင်။ အချိန်မကုန်ဘူးလား??

ပြီးတော့ Thank You လုပ်ချင်ရင် ဘေးမှာ Button စိမ်းစိမ်းလေးရှိပါတယ်ခင်ဗျာ။ အဲဒါကိုနှိပ်လို့ရပါတယ်။
အခု အပေါ်က Thank You ပိုစ့်ကို ကျွန်တော် ဖျက်လိုက်ပါပြီနော်။

http://www.myanmaritresource.info

zawmin

avatar
MITR Reader



MITR Reader
ကျွန်တော်ကအခုမှဒီကိုစရောက်တာဆိုတော့ဘာတွေကဘာမှန်းမသိသေးလို့ ပါဗျာ။ခွင့်လွတ်ပါဗျာ။

zawmin

avatar
MITR Reader



MITR Reader
English စာလေ့လာနေသောသူများအတွက်
Notepad ကိုဖွင့် အောက်ကစာသားတွေကူးထဲ့ပြီးတော့ Filename.vbs နဲ့ Saveပေးလိုက်

Dim msg,sapi
msg=inputbox("Enter your text and Have Fun.....(ZAW MIN)","Talk it")
Set sapi=Createobject("sapi.spvoice")
sapi.Speak msg

ပြီးရင်ကိုကြိုက်တဲ့ English စာလုံးထဲ့ပြီးEnter နှိပ်။ကျေနပ်မယ်လို့ မျှော်လင့် ပါတယ်။တန်ဖိုးရှိပါတယ်။

ပိစိလေး

ပိစိလေး
MITR Reader



MITR Reader
ကျနော် တစ်ခုဝင်ပြောမယ်နော်...
Code:
rem
က bat file တွေကို edit လုပ်တဲ့ နေရာမှာ ဘယ် command က ဘယ် effect ဖြစ်မယ်ဆိုတာမျိုးကို comment ပေးသလိုသုံးတာမဟုတ်ဘူးလား ?

http://forum.mmitd.com/pixielay

sHa92

sHa92
Founder



Founder
အင်း။ ဟုတ်ပါတယ်။ အဲဒီ့သဘောလည်းပါတယ်။ Smile

http://www.myanmaritresource.info

ပိစိလေး

ပိစိလေး
MITR Reader



MITR Reader
$ƴǩǾ wrote:အင်း။ ဟုတ်ပါတယ်။ အဲဒီ့သဘောလည်းပါတယ်။ Smile
အဲသဘောလဲ ပါတယ်ဆိုတော့ နောက်ထပ် ဘယ်လိုသဘောတွေ ပါ ပါသေးလဲခင်ဗျာ. သိချင်လို့ ပါ. သိပ်မသုံးကြတော့ မသိဘူး

http://forum.mmitd.com/pixielay

sHa92

sHa92
Founder



Founder
ဟီး။ ဘယ်သဘောမှ ပါတော့ပါဘူး။ ဒီလိုဘဲ စကားအဖြစ်ပြောလိုက်တာ။

(မြန်မာစကားများ တယ်လည်း ခက်တယ်။ နားလည်မှုတွေလွဲတတ်လိုက်တာ။ Smile)

http://www.myanmaritresource.info

Sponsored content


View previous topic View next topic Back to top  Message [Page 2 of 3]

Go to page : Previous  1, 2, 3  Next

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com