Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder
ဒီပိုစ့်ကို အစကတော့ ရေးဖို့စိတ်ကူးမရှိဘူးဗျ.... စာမေးပွဲတွေရယ် ၊ VB 2008 အတွက် Tutorial တစ်ခုရေးနေတာနဲ့ ဘယ်ဟာကိုမှ လှည့်မကြည့်နိုင်ဘူးဖြစ်နေတာ....
မနေ့က ကိုထက် က စာသားကို Reflection လုပ်တာနဲ့ ပတ်သက်လို့မေးလာတော့ ကျနော်လည်း မအားတာနဲ့ ပြန်မဖြေဖြစ်ခဲ့ဘူး (Game ဆော့နေတာ ဟီး)
အဲဒါ ဒီနေ့ ရေးပေးမယ်လို့ ကတိပေးထားတော့ မရေးပေးရင် MOD ကြီး စိတ်ဆိုးမှာဆိုးလို့ ရေးပေးလိုက်ရပါတယ်... ကျနော် ကတိတည်ပါတယ်နော်... ဖိုရမ်ကို သေချာ စောင့်ရှောက်ပေးရမယ်နော်....
ဒါတောင်မှ Photoshop နဲ့ GIF ပုံလုပ်တာမရေးပေးရသေးဘူး... အဲဒါကတော့ နောက်နေ့မှထပ်ရေးပေးပါ့မယ်... အခုတော့ ကျနော်က စာမေးပွဲဖြေနေရလို့ ခွင့်လွှတ်ပေးပါနော်....

Reflection Text လေးကို AAA Logo Software လေးသုံးပြီးတော့ လုပ်ကြည့်ရအောင်

ပထမဆုံး ကျနော် ပေးထားတဲ့ Link လေးကနေ သွားပြီးတော့ AAA Logo 2008 ဆိုတာလေးကို Download ဆွဲလိုက်ပါ...

Download ဆွဲပြီးရင်တော့ တခြား Software တွေ သွင်းသလိုပါဘဲ Installation လုပ်ရတာလွယ်ပါတယ်...

ကဲ Installation လုပ်ပြီးသွားပြီလို့ သတ်မှတ်လိုက်ရအောင်။ ကျနော် တို့ AAA Logo 2008 ကို စဖွင့်ပါမယ်.......
Loading တက်ရင် သူက Logo Design လေးတွေ ရွေးခိုင်းပါတယ်... ဘာမှ မရွေးဘဲ ESC နှိပ်ပြီးတော့ ထွက်လိုက်လို့ရပါတယ်... သုံးချင်ရင်လည်း သူ့ Design လေးတွေ ယူသုံးလို့ရပါတယ်....

ကျနော်ကတော့ ESC နှိပ်ပြီးထွက်လာပါပြီ။...
အဲဒီ့မှာ စာရွက်ဖြူတစ်ရွက်နဲ့ တွေ့ရပါလိမ့်မယ်...........
အောက်က ပုံမှာပြထားသလို Object>>New Text ဆိုပြီးတော့ နှိပ်လိုက်ပါ။

[You must be registered and logged in to see this image.]

စာရိုက်ဖို့ ကျလာပါလိမ့်မယ်....ကိုယ်လိုချင်တဲ့စာတွေ Font Size တွေ Color တွေ အကုန်ချိန်းလို့ရပါတယ်...
စိတ်ကြိုက်ရပြီဆိုရင်တော့ OK ပေးပြီးထွက်လိုက်ပါ....

[You must be registered and logged in to see this image.]

ဒါဆို စာသားရလာပါပြီ.... ကျနော်တို့ Effect လှလှလေး တွေထည့်ဖို့အတွက် Background Color က အဖြူဆိုရင် အဆင်မပြေပါဘူး... အဲဒီ့အတွက် အရင်ဆုံး Background Color ကို Change ရပါမယ်...
Edit>>Background Color ဆိုပြီးသွားလိုက်ပါ... ပြီးရင် အမဲဖြစ်ဖြစ် ကြိုက်တဲ့အရောင်ရွေးလိုက်ပါ... အမဲကတော့ အဆင်အပြေဆုံးဖြစ်ပါလိမ့်မယ်....

[You must be registered and logged in to see this image.]

စာသားကို စတင်မွမ်းမံ အလှဆင်ပါတော့မယ်... အောက်က ပုံမှာပြထားသလို Gradient ဆိုတဲ့ Button ကို နှိပ်လိုက်ပါ...

[You must be registered and logged in to see this image.]

Box တစ်ခုကျလာပါလိမ့်မယ်.... စိတ်ကြိုက် Color ကို ချိန်ပါ.....ပြီး၇င် OK ပေးပါ...

[You must be registered and logged in to see this image.]

စာလုံးက သိပ်မလှသေးပါဘူး... နောက်ထပ် Effect တွေထပ်ဖြည့်ဖို့လိုနေပါသေးတယ်.... ခုနက Gradient Button ဘေးနားမှာ Effect ဆိုတဲ့ Button ရှိပါတယ်... နှိပ်လိုက်ပါ...

[You must be registered and logged in to see this image.]


Effect Option ဆိုတဲ့ Box ကျလာပါလိမ့်မယ်... အဲဒီ့မှာတော့ Outline နဲ့ Shadow တို့ကို စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်...

[You must be registered and logged in to see this image.]

အဲဒါပြီးရင်တော့ အတော်အသင့်လှတဲ့ စာသားတစ်ခုရရှိနိုင်မှာပါ.... အခု ကျနော်တို့ Reflection လုပ်တဲ့ အပိုင်းကို စပါမယ်...
အဲဒီ့မှာ လုပ်နည်းကတော့ နှစ်မျိုးရှိပါတယ်..
Object>>Has Reflection ဆိုပြီးတော့ နှိပ်ရင် ချိန်ပြီးသား Default Reflection Style ကိုရမှာဖြစ်သလို...
နောက်တစ်ခုကတော့ Edit>>Reflection ဆိုတာကို နှိပ်ရင်တော့ စိတ်ကြိုက်ပြုပြင်ချိန်ဆနိုင်တဲ့ Reflection Box ကျလာမှာပါ...
ပုံတွေမှာလေ့လာကြည့်ပါ.....

အောက်မှာတော့Default Style ကနေရရှိလာတဲ့ပုံပါ

[You must be registered and logged in to see this image.]

Default ကနေရရှိထားတဲ့ Style ကို မကြိုက်လို့ ပြန်ပြုပြင်ခဲ့တဲ့ပုံပါ....

[You must be registered and logged in to see this image.]

နောက်ဆုံးမှာတော့ အပြီးသတ် Reflection လုပ်ထားတဲ့ စာသားလေးကိုရရှိမှာဖြစ်ပါတယ်....

[You must be registered and logged in to see this image.]

ဥာဏ်ရှိသလို ကွန့်မြူးအသုံးချနိုင်ကြပါစေ.... ကိုထက် ပြောတဲ့ စာလုံးလိုမျိုးတော့ ပုံစံတူမထွက်လာပေမယ့်.. အကျိုးရှိမယ်ထင်ပါတယ်... ဒါမှ မဟုတ်သေးရင်တော့ ကျနော် Photoshop နဲ့ Reflection လုပ်တာလေး တင်ပေးပါဦးမယ်.....
ကျနော်က စာအရေးအသားသိပ်မကောင်းလေတော့ နားမလည်ရင်တောင်းပန်ပါတယ်ဗျာ.... နည်းနည်းသည်းခံပြီးတော့ ဖတ်ပေးပါ... ကျနော် အားလုံးကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးတော့ ရေးပေးနေမှာပါ....

ကျနော့်ရဲ့ ပိုစ့်ကို အချိန်ကုန်ခံပြီးတော့ လာရောက်ဖတ်ရှုပေးတဲ့သူ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ဗျာ....

~SYKO~

http://www.myanmaritresource.info

alt.332

alt.332
Administrator



Administrator
အခုလိုပုံလေးတွေနဲ့ရှင်းပြပေးတာကိုပဲကျေးဇူးတင်ပါတယ်ဗျာ....

http://www.myanmaritresource.info

C0D3R

C0D3R
MITR Master



MITR Master
ရှင်းပြပေးတာကျေးဇူးတင်ပါတယ်
အိမ်ရောက်မှစမ်းပြီးနောက်တစ်ခါမှ
ပုံတွေတင်တော့မယ်

http://www.myanmaritresource.info

K0ht3t

K0ht3t
Moderator



Moderator
ကောင်းပါတယ် ညီ ရေ ... ကျေးဇူးတင်ပါတယ် .... အခု လို ပုံလေးတွေ နဲ့ ရှင်းပြထားတော့ နားလည် ဖို့လွယ်တာပေါ့ ... photoshop ကလေး နဲ့ ပါ လုပ်ပြပေးနော် ညီ ... အား ခဲ့ရင်ပေါ့ ...အကို ပြဿနာ တက်နေတာက save လို့ မရဘူး ညီ ရ ... later လဲ မရ ... ဖြစ်နေတယ် ...

sHa92

sHa92
Founder



Founder
အော်...
Save တာကတော့...
File>>Save Logo Image ဆိုတာကို နှိပ်ပြီးတော့ Save ရပါတယ်....

http://www.myanmaritresource.info

C0D3R

C0D3R
MITR Master



MITR Master
ကောင်းပါတယ် ညီ ရေ ... ကျေးဇူးတင်ပါတယ် .... အခု
လို ပုံလေးတွေ နဲ့ ရှင်းပြထားတော့ နားလည် ဖို့လွယ်တာပေါ့ ... photoshop
ကလေး နဲ့ ပါ လုပ်ပြပေးနော် ညီ ... အား ခဲ့ရင်ပေါ့ ...အကို ပြဿနာ တက်နေတာက
save လို့ မရဘူး ညီ ရ ... later လဲ မရ ... ဖြစ်နေတယ်

Save တာကတော့...
File>>Save Logo Image ဆိုတာကို နှိပ်ပြီးတော့ Save ရပါတယ်
အော်သိပြီညီရေ

http://www.myanmaritresource.info

K0ht3t

K0ht3t
Moderator



Moderator
အဆင်ပြေ သွားပါပြီ ... အကို လည်း အဲ ဒီ ပြဿနာလေး ဖြေရှင်းချင်တာနဲ့ portable ကလေး ရှာ လိုက်တယ် .. ရလို့ တင်ပေးလိုက်ပါတယ်.....portable ဆိုတော့ အဆင်ပြေသွားတာပေါ့ ...

Code:
http://ifile.it/unjtzw7

အဲဒီမှာ down လိုက်နော် ...



Last edited by kohtet on 7th December 2009, 10:34 pm; edited 1 time in total

C0D3R

C0D3R
MITR Master



MITR Master
အဆင်ပြေ သွားပါပြီ ... အကို လည်း အဲ ဒီ ပြဿနာလေး
ဖြေရှင်းချင်တာနဲ့ portable ကလေး ရှာ လိုက်တယ် .. ရလို့
တင်ပေးလိုက်ပါတယ်.....portable ဆိုတော့ အဆင်ပြေသွားတာပေါ့ ...
ဒီတစ်ခါတော့သေချာနေပြီပေါ့
ဟီး
[You must be registered and logged in to see this image.]

http://www.myanmaritresource.info

aungthan

aungthan
MITR New User



ကျေးဇူးတင်ပါတယ်။ သဘောလည်းပေါက်ပါတယ်။ နောက်လည်း တင်ပြပါအုံးနော်။

connection

connection
MITR New User



အင်းလုပ်တော့လုပ်ချင်ပါတယ်
ဒေါင်ုးဖို့လင့်မတွေဘူးဖြစ်နေပါတယ်
ဘယ်နားမှာလဲမသိဘူး ကျွန်တော်ကိုက အသုံးမကျတာဖြစ်မယ်ဗျ
ဘယ်နားဒေါင်း၇မလဲဗျ

C0D3R

C0D3R
MITR Master



MITR Master
Code:
http://ifile.it/unjtzw7

http://www.myanmaritresource.info

connection

connection
MITR New User



ရတော့ဘူးဒေါင်းလို့ expired ဖြစ်သွားပြီတဲ့

့ပြန်တင်ပေးပါလားနော် အကို ကြိး

sHa92

sHa92
Founder



Founder
Forum ထဲမှာ အဲဒီ့ software လေးနဲ့ ပတ်သက်တာတွေ အများကြီးရှိပါတယ်။
ကျွန်တော်တောင် Cracking Service မှာ Crack ပေးထားသေးတယ်။

AAA Logo ဆိုတာလေးနဲ့ Search လုပ်ကြည့်ပါလား။ အပေါ်ဆုံးမှာ Search Button ရှိပါတယ်

http://www.myanmaritresource.info

ahhpungmada

ahhpungmada
MITR New User



ifile ထဲမှာမရှိဘူး။အစ်ကို ပုံတွေလဲမမြင်ရဘူး။

sHa92

sHa92
Founder



Founder
@ahhpungmada
ပုံတွေက ကျွန်တော့်ဆီမှာတော့ မြင်ရတယ်ခင်ဗျ...
File ကတော့ ကျွန်တော့်မှာရှိသေးပေမယ့် ဒီ Connection နဲ့ တင်ပေးဖို့မလွယ်တော့ဘူးဗျ...
Crack ဖိုင်လိုချင်ရင်တော့ ပြန်တင်ပေးပါမယ်... Installation ဖိုင်ကတော့ Google ကနေသာ ရှာကြည့်လိုက်ပါ..

http://www.myanmaritresource.info

လင်းထက်

လင်းထက်
MITR Reader



MITR Reader
ဟုတ်တယ်ပုံတွေမမြင်၇ဘူး ဖားပုံတွေပဲမြင်နေရတယ် အစက ကွန်ကြောင့်လားလို့ နောက်ကျတော့ မဟုတ်ဘူး..
အခုကွန်ကတော်တော်ကောင်းနေတာာ ဒါလဲမမြင်ရဘူး လုပ်ပါဦး

sHa92

sHa92
Founder



Founder
တစ်မျိုးတော့ တစ်မျိုးဘဲ
ဘယ်ကွန်နက်ရှင်နဲ့ ကြည့်ကြည့် ကျွန်တော့်ဆီမှာတော့ ရတယ်ဗျ...
ကျော်ကြည့်လည်းရတယ်.. ရိုးရိုးကြည့်လည်းရတယ်ဗျ....
နောက်ပြီး ကျွန်တော့်ဆီမယ် ဖားရုပ်မပေါ်တာ ကြာပြီ....
ISP အစွမ်းတွေ ပြနေတာထင်တယ်

http://www.myanmaritresource.info

ⓃⓖⒶ ⓢⒶ ⓛⓊ

ⓃⓖⒶ ⓢⒶ ⓛⓊ
MITR Beginner



MITR Beginner
လင်းထက် wrote:ဟုတ်တယ်ပုံတွေမမြင်၇ဘူး ဖားပုံတွေပဲမြင်နေရတယ် အစက ကွန်ကြောင့်လားလို့ နောက်ကျတော့ မဟုတ်ဘူး..
အခုကွန်ကတော်တော်ကောင်းနေတာာ ဒါလဲမမြင်ရဘူး လုပ်ပါဦး


ပုံတွေမမြင်ရတာက Imageshack မှာ acccount မလုပ်ထားလို့ ပါ .. account လုပ်ပြီးမှ ပြန်ကြည့်ကြည့်ပါ မြင်ရပါလိမ့်မယ် ... Smile

nGr69

nGr69
MITR Reader



MITR Reader
ကိုငစလူးရေ ဖိုရမ်မှာ သူများတင်တဲ့ပုံက ဒီအတိုင်းကြည့်လို့ မရ၀ူးလားဂျာ
နောက်ပြီး ပုံတွေက မြင်ရတဲ့ အခါမြင်ရတယ်
ဖားပုံတွေဖြစ်တဲ့အခါဖြစ်တယ်

တကယ်လို့  အကောင့်ရှိမှမြင်ရမယ်ဆို မြင်ရတဲ့ အခါတွေက ဘာလို့ မြင်ရလဲမသိဝူး

သူများတင်တဲ့  ပုံကိုမြင်ရဖို့  အကောင့်လိုအပ်တယ်ဆိုရင်
ဘယ်လို အကောင့်မျိုးကို ဘယ်လိုလုပ်ရတယ်ဆိုတာလေး
ရှင်းပြပေးပါခင်ဗျာ

ⓃⓖⒶ ⓢⒶ ⓛⓊ

ⓃⓖⒶ ⓢⒶ ⓛⓊ
MITR Beginner



MITR Beginner
nGr69 wrote:ကိုငစလူးရေ ဖိုရမ်မှာ သူများတင်တဲ့ပုံက ဒီအတိုင်းကြည့်လို့ မရ၀ူးလားဂျာ
နောက်ပြီး ပုံတွေက မြင်ရတဲ့ အခါမြင်ရတယ်
ဖားပုံတွေဖြစ်တဲ့အခါဖြစ်တယ်

တကယ်လို့  အကောင့်ရှိမှမြင်ရမယ်ဆို မြင်ရတဲ့ အခါတွေက ဘာလို့ မြင်ရလဲမသိဝူး

သူများတင်တဲ့  ပုံကိုမြင်ရဖို့  အကောင့်လိုအပ်တယ်ဆိုရင်
ဘယ်လို အကောင့်မျိုးကို ဘယ်လိုလုပ်ရတယ်ဆိုတာလေး
ရှင်းပြပေးပါခင်ဗျာ

Imageshack မှာတင်ထားတဲ့ ပုံတွေမို့ လို့  imageshack မှာ free account ၁ ခုလောက်လုပ်ကြည့်လိုက်ပါ .. ပြီးရင် ဖိုရမ်က ပုံတွေကို ပြန်ကြည့်ကြည့်ပါ မြင်ရပါလိမ့်မယ် ...
အရင်တုန်းကတော့ imageshack က အဲ့လိုလုပ်စရာမလိုပါဘူး ..မကြာသေးခင်ကမှ .. ဒီလို ဖြစ်သွားတာပါ Smile

nGr69

nGr69
MITR Reader



MITR Reader
အကောင့်လုပ်လိုက်တယ်
ဒါပေမယ့်မမြင်ရသေးဝူးဂျာ

mail ကိုလဲ ဖိုရမ်မှာအကောင့်လုပ်တဲ့ mail နဲ့ ဘဲ imageshack မှာအကောင့်လုပ်ခဲ့ပါတယ်ခင်ဗျာ

ကျွန်တော့်အတင်ကတော့ imageshack အကောင့်ဟာ သူ့ ဆိုက်မှာဘဲ အကျိုးသက်ရောက်မှု့ ရှိလိမ့်မယ်လို့  ထင်ပါတယ်

ကျွန်တော်မရှင်းတာက imageshack မှာ ကျွန်တော့်အကောင့်ရှိသွားပြီ အဲ့အကောင့်နဲ့ 
ဖိုရမ်ကပုံတွေနဲ့  ဘယ်လိုများ ချိတ်ဆက်ပြီးအလုပ်လုပ်တယ်ဆိုတာလေး
ကိုဖြစ်နိုင်ရင်ရှင်ပြပေးပါလားဗျာ


ခုလောလောဆယ်တော့အကောင့်လုပ်ပြီးပေမယ့်မမြင်ရသေးပါ
ဖားလေးတွေသာမြင်ရပါတယ်ခင်ဗျာ

ⓃⓖⒶ ⓢⒶ ⓛⓊ

ⓃⓖⒶ ⓢⒶ ⓛⓊ
MITR Beginner



MITR Beginner
အကောာင့်လုပ်တာတောင်မှ မမြင်ရသေးဘူးဆိုရင်တော့ ကျနော်လည်းမပြောတတ်တော့ဘူးဗျာ .. Smile .. ကျနော်လည်းသိလွန်းတယ်တော့မဟုတ်ပါဘူး .. mmcybermedia မှာတုန်းက ဖားပုံတွေမြင်ရင်အဲ့လို လုပ်ဆိုပြီး announce လုပ်လို့ အဲ့လို လုပ်တာပြေလည်သွားတာပဲ..
ဘယ်ဖိုရမ် ပဲဖြစ်ဖြစ်ပါ imageshack မှာ တင်ထားရင် သူတို့ ပြချင်ပြမပြချင်ရင် အဲ့လိုလုပ်လို့ ရပါတယ် Smile

စကားမစပ် ... ကျနော်ကတော့ ပုံတွေကိုကောင်းကောင်းမြင်ရတယ်ဗျ Smile

nGr69

nGr69
MITR Reader



MITR Reader
ကျေးဇူးပါ ကိုငစလူးရေ
ကျွန်တော်ကံမစပ် လို့ နဲ့ တူပါတယ်ဗျာ
ဖားဟင်းဘဲချက်စားလိုက်တော့မယ်ဗျာ Razz

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com