Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder
အခုလေးတင် ရှာတွေ့လာတဲ့ နည်းတစ်ခုဗျ။
ကျနော် ခုနက Forum Post တွေမှာ Text Shadow ထည့်ရင်းနဲ့ Link အတွက်လည်း ထည့်ရင်းနဲ့ Multiple Shadow ထည့်လို့ရမရ စမ်းကြည့်တာ ရသွားလို့။ Very Happy

သိတဲ့သူ နည်းဦးမယ်ထင်တယ်။ ကျနော်တောင် စမ်းရင်းနဲ့မှ မတော်တဆ ရှာတွေ့တာ။ Very Happy

Multiple Shadow မပြောခင်
ရိုးရိုး Text Shadow အကြောင်းတော့ အရင်ပြောကြည့်မယ်။

Code:
<p id="example-text">I Love MITR!</p>
Code:
#example-text {
text-shadow : 3px 3px 2px #888;
}

အဲဒီ့မှာဆိုရင် text-shadow ရဲ့ ပထမ ..px ..px နှစ်ခုက ၊ ဒေါင်လိုက် နဲ့ ရေပြင်ညီ အတွက် ဖြစ်ပါတယ်။
အပေါင်းတန်ဖိုးဆိုရင် စာရဲ့ ညာဘက် နဲ့ အောက်ဘက် မှာ အရိပ်ပေါ်ပါလိမ့်မယ်
အနှုတ်တန်ဖိုးဆိုရင်တော့ သူ့ပြောင်းပြန်ပေါ်ပါလိမ့်မယ်။

နောက်ဆုံးက ..px ကတော့ အဲဒီ့ အရိပ်ရဲ့ sharpness ကိုသတ်မှတ်ပါတယ်။
တန်ဖိုးများလေ blur ဖြစ်လေဖြစ်ပါတယ်။

နောက်ဆုံးက #code ကတော့ ကာလာကုဒ်ပေါ့။ အရိပ်အရောင်အတွက် သတ်မှတ်လို့ရပါတယ်.

ကဲ ဒါဆိုရင် Text-shadow အကြောင်းတော့ ပြောပြီးပြီဆိုတော့
multiple လုပ်ကြည့်ရအောင်

နမူနာ HTML code ကတော့
Code:
<p id="example-text">I Love MITR!</p>

ဒါကတော့ CSS code ပါ
Code:
#example-text {
text-shadow :0 0 4px white, 0 -5px 4px #ff3, 2px -10px 6px #fd3, -2px -15px 11px #f80, 2px -25px 18px #f20;
font-size : 30px;
font-weight : bold;
color : red;
}

အဲဒါဆိုရင်တော့ Font အနီရောင်လေးနဲ့ မီးတောက်လေးရလာပြီပေါ့။ Very Happy စမ်းကြည့်ကြပါ။
color code တွေကတော့ မီးတောက်တစ်ခုကနေ ယူသုံးထားတာဖြစ်ပါတယ်
ဒီ့ထက် ပိုကောင်းတဲ့ Tricks လေးတွေရလာရင်တော့ ပြန်လည်မျှဝေကြပါဦး။ Smile

ကျနော် ခုနကတောင် Forum Link တွေမှာ စမ်းထည့်ထားသေး။ Razz

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
အခု Gtalk မှာ လူ တော်တော်များများ မေးလာလို့။
ဖိုရမ်က Link Hover က ဘယ်လိုလုပ်လိုက်တာလဲတဲ့။
Image သုံးထားတာလားတဲ့။ နည်းနည်းမျှဝေပါဦးဆိုလို့ ပါ။ (တကယ်တော့ မျှဝေပြီးသား။ အပေါ် ပိုစ့်မှာလေ)

အင်းလေ။ Image သုံးထားတယ်လို့ ထင်ချင်လဲထင်ကြမှာပေါ့။
အဲဒါက ဟိုးရှေးရှေးတုန်းက လူသုံးများတဲ့ နည်းတစ်ခုကို.

အခု CSS 3 ပေါ်လာတဲ့ အခါမှာတော့ glow image သုံးစရာလိုကိုမလိုတော့တာပါ။
ဥပမာ ပြရမယ်ဆိုရင်။
ကျနော်သုံးထားတဲ့ code ကတော့...

Code:
text-shadow: 1px 1px 10px #55ff00;

အဲဒီ့ Code မှာ shadow ကို လိုချင်တဲ့ အရောင်ရွေးပြီးတော့ ၊ လိုချင်သလောက် ၀ါးလိုက်။ အဲဒီ့အခါမှာ ကိုယ်လိုချင်တဲ့ glow effect ရလာပါလိမ့်မယ်။

ကျနော်ကတော့ hover မလုပ်ခင်မှာ text shadow color က အမဲလုပ်ထားတော့ ထင်းနေပါတယ်။ ပြီးတာနဲ့ hover လုပ်လိုက်တာနဲ့ စိမ်းစိမ်းလေးဝါးလိုက်တော့ Glow လုပ်သလိုဖြစ်သွားတာပါ။
hover လုပ်တုန်းမှာ link color ကိုလည်း အစက အမဲထားထားတာ ၊ ညီတော် alt.332 က မလှဘူးဆိုလို့ အစိမ်းဘဲထားလိုက်တာ။ Smile

ကဲ စမ်းကြည့်ကြပါဦး။
ကိုယ့် Page ရဲ့ Nav Bar တွေ ၊ link တွေမှာ Hover effect လှလှလေးတွေ နဲ့ အလှဆင်နိုင်ကြပါစေ။

http://www.myanmaritresource.info

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Forum create on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com