Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

1Virus Cleaner 1.0 [Software] Empty Virus Cleaner 1.0 [Software] 8th March 2011, 7:22 pm

rhythm

rhythm
VIP Member



VIP Member
Virus Cleaner 1.0
Virus Cleaner ဆော့ဖ်ဝဲလ်မှာ လုပ်ဆောင်ချက် ၃ခုပါရှိပါတယ် -
(၁) Show Files & Folders function ကို Virus အချို့ကြောင့် folder တွေပျောက်ကုန်ပြီး ပြန်ဖော်လို့မရနိုင်တဲ့ folder တွေကို ပြန်ဖော်ဖို့ အသုံးပြုနိုင်ပါတယ်။
ဒါပေမယ့် folder တိုင်းကို ပြန်ဖော်မှာတော့ မဟုတ်ပါဘူး။ C: (သို့) D: စတဲ့ drive အောက်က folder တွေကိုပဲ ပြန်ဖော်မှာဖြစ်ပါတယ်။
အားနည်းချက်တစ်ခုကတော့ c:System Volume Information တို့လို security နဲ့တားထားတဲ့ folder တွေကို ပြန်ဖော်မှာ မဟုတ်ပါဘူး။
(၂) Remove Virus Files ကတော့ Folder Name နဲ့ တူညီတဲ့ exe ဖိုင်ကို ဖန်တီးတတ်တဲ့ virus ဖိုင်တွေကို ဖယ်ရှားဖို့ဖြစ်ပါတယ်။
သတိပေးလိုတာကတော့ ဒီလို virus ဖိုင်တွေမရှိခဲ့ဘူးဆိုရင် ဒီ function ကိုမသုံးဖို့ပါ။ ဘာကြောင့်လဲဆိုတော့ ဒီဖိုင်တွေကို ဖျက်ပစ်မှာ မို့လို့ပါ။
ဒါပေမယ့် သင့်အနေနဲ့ စိုးရိမ်စရာတော့မရှိပါဘူး။ Backup လုပ်ထားပါတယ်။ နမူနာပြရရင် C:Program FilesProgram Files.exe ကိုဖျက်ပစ်လိုက်ပေမယ့်
C:Virus folder အောက်မှာ Program Files.exe ကို Program Files.exe_Virus ဆိုတဲ့အမည်နဲ့ သိမ်းထားပေးပါတယ်။ တကယ်လို့
ဒီဖိုင်ဟာ virus ဖိုင်မဟုတ်ခဲ့ဘူးဆိုရင်တော့ သင့်အနေနဲ့ _Virus စာသားကို ဖယ်ရှားပြီး မူလနေရာမှာ ပြန်ထားနိုင်ပါတယ်။ D:????? အောက်ကဖိုင်တွေကိုတော့
D:Virus အောက်မှာ ထားမှာဖြစ်ပါတယ်။
(၃) Repair Registry Setting ကတော့ virus တွေပြင်သွားတဲ့ registry setting တွေကို မူလအတိုင်း ပြန်ပြင်ပေးမှာဖြစ်ပါတယ်။ ဒီ function က
ပျောက်နေတဲ့ Folder Option၊ Task Manager နဲ့ အခြားသော registry setting တွေကို ပြန်ပြင်ပေးမှာဖြစ်ပြီး သင့်အနေနဲ့ Safe Mode ကနေ Windows
ကို ၀င်လို့ရအောင် ပြန်ပြင်ပေးမှာဖြစ်ပါတယ်။

* ဒီဆော့ဖ်ဝဲလ်လေးရဲ့ အားသာချက်ကတော့ virus ဖိုင်ကို delete လုပ်ရာမှာ Anti-virus ဆော့ဖ်ဝဲလ်တွေထက် အဆ ၁၀၀လောက်မြန်ပြီး ကွန်ပျူတာကို restart ပေးစရာမလိုပါဘူး။
** အကြံပေးလိုတာကတော့ ဒီဆော့ဖ်ဝဲလ်ကို မ run ခင်မှာ anti-virus အားလုံးကို ပိတ်ထားပါ။ Task Manager မှာ run နေတဲ့ Virus တွေကို သတ်ထားပေးပါ။
*** နောက်ပိုင်း version တွေမှာတော့ Task manager မှာ run နေတဲ့ virus တွေကိုပိတ်ပြီး delete လုပ်တဲ့ function တွေကို ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။

ဘာ Programming Language နဲ့ရေးတယ်ဆိုတာကိုတော့ သိမှာပါ။

Download Link

Code:
http://turboupload.com/n8h6hv8ifiyw

http://myanmarcrackingteam.blog.com

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com