Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator
ပြည်တွင်းထုတ် Computer Virus Cleaner CD ထွက်ရှိ 292b13l

ပြည်တွင်းမှ ပရိုဂရမ်မာ ၃ ဦးစုပေါင်း၍ ကိုယ်တိုင်ရေးဆွဲထားသော Computer Virus Cleaner CD ထွက်ရှိလာကြောင်းသိရသည်။
အဆိုပါစီဒီတွင်ပါရှိသော Virus Cleaner Software ကို OK Virus Cleaner အဖွဲ့မှ ဖန်တီးထားခြင်းဖြစ်ပြီး ယင်း Software အပြင် USB နှင့်ပတ်သက်သည့် လုံခြုံရေး Software များနှင့် Recovery Software များကိုပါ အပိုထည့်သွင်းပေးထားကြောင်း သိရသည်။ “ ဒီထဲမှာ Virus Cleaner Software အပြင် အခြား USB Anti-Body နဲ့ Recovery Software တွေလဲ ထည့်သွင်းပေးထားပါတယ်။ အသုံးပြုသူတွေအနေနဲ့ သက်သက်သာသာနဲ့ အလွယ်တကူအသုံးပြုနိုင်မှာပါ။ နောက်ပြီးစီဒီထဲမှာပါတဲ့ Software တစ်ခုခြင်းစီရဲ့ Install လုပ်ခြင်းနဲ့ အသုံးပြုနည်းတွေကို မြန်မာလို ရှင်းလင်းရေးသားထားတဲ့ E-book တွေကိုလည်း ထည့်ပေးထားပါတယ်။ အဲဒါကြောင့် အသုံးပြုသူတွေအနေနဲ့ Virus အမျိုးအစားတွေရဲ့အကြောင်း၊ USB stick အသုံးပြုတဲ့အခါ Virus မ၀င်အောင် ဘယ်လိုလုပ်သင့်တယ်ဆိုတာတွေနဲ့ မိမိတို့ရဲ့စက်ကို ဘယ်လိုမျိုး ကာကွယ်မှုတွေလုပ်သင့်တယ်ဆိုတာကို သိရှိနိုင်မှာပါ ” ဟု Virus Cleaner Software ရေးသားသူတစ်ဦးဖြစ်သော ကိုစိုးမင်းသူမှ အင်တာနက်ဂျာနယ်သို့ပြောကြားသည်။ Virus Cleaner Tools ဖြင့် ယခုနှစ်နောက်ပိုင်းတွင် ကွန်ပျူတာတွေ၌ အများဆုံးတွေ့ရသော chrome, explorer, funny, fun, flashy, globle, iloveu, killvbs, nargiz, kolay, loikaw, svchost, tayatmyo စသည့် Virus များနှင့် Network Service တွေကိုပိတ်သည့် win 32 worm virus တွေကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် USB Drive များ ကွန်ပျူတာဖြင့် တွဲဖက်အသုံးပြုရာတွင် လုံခြုံစိတ်ချရစေမည့် USB antibody, USB guard, Autorunkiller, USB safe remove Software များ၊ Virus ကြောင့် သို့မဟုတ် အသုံးပြုသူအမှားကြောင့် ပျက်စီး၊ ပျောက်ဆုံးသွားသည့်ဖိုင်များ၊ ဓာတ်ပုံများကို Hard Disk, USB stick, Memory Card, MP3/4 များအတွင်းမှ ပြန်လည်ရယူနိုင်မည့် Recovery Software များ၊ System Cleaner နှင့် OS Guard စသည့ှ်Software များနှင့်အတူ Windows တင်ခြင်း (Installing)၊ ပြုပြင်ခြင်းနှင့် စီဒီထဲရှိ Software တစ်ခုခြင်းအလိုက် ထည့်သွင်းပုံ၊ အသုံးပြုပုံများကို ရုပ်ပုံများနှင့်တကွ မြန်မာလို လမ်းညွှန်ချက် PDF ဖိုင်များ ထည့်သွင်းပေးထားသောကြောင့် သာမန် User တွေအနေနဲ့ပင် အလွယ်တကူ အသုံးပြုလုပ်ဆောင်နိုင်မည်ဖြစ်သည်။ ၎င်းစီဒီကို တန်ဖိုးကျပ် ၁,၀၀၀ ဖြင့် စီဒီဆိုင်များ၊ စာအုပ်ဆိုင်များနှင့် ဖုန်း-၅၉၃၀၉၈ တို့တွင် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

Ref: internetjournal

http://sidnaing.co.cc/

chitmg

chitmg
MITR New User



ပြည်တွင်းထုတ် Computer Virus Cleaner CD လေးကိုသုံးကြည့်ချင်တယ်ဗျာ။
ပြည်တွင်းဖြစ်ကိုအားပေးချင်တာကြာပြီဗျ။ အဝေးရောက်မြန်မာများအတွက် တဆိတ်လောက်SHARING လုပ်ပေးပါလားဗျာ။

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com