Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum
You are not connected. Please login or register
View previous topic View next topic Go down  Message [Page 1 of 1]
sHa92
sHa92
Founder
Founder
မနေ့ကတော့ "Programming စတင်လေ့လာ မလို့လား?" ဆိုတဲ့ ခေါင်းစဉ်နဲ့ အခုမှ Programming ကို စလုပ်မယ့်သူတွေအတွက် လမ်းညွှန်ချက်တစ်ခု ရေးပေးခဲ့ပါတယ်..
အဲဒီ့မှာ Python ကို ရွေးချယ်စရာ တစ်ခုအနေနဲ့ ညွှန်းခဲ့ပါတယ်...
ကိုယ်က ညွှန်းပြီဆိုတော့ ၊ လေ့လာဖို့လည်း ထပ်ပြီးစုပေးဖို့ တာဝန်ရှိလာပြန်ရော... Smile
ပထမဆုံး သွားရမှာတော့ Python လေ့လာပါမယ်ဆိုမှ ၊ Python ရှိတဲ့နေရာကိုပေါ့.. Python Download ဆွဲပါ.. မရရင် ခွေဝယ်ပေါ့.. ၀ယ်လို့ရမယ်ထင်ပါတယ်..
Code:
http://www.python.org/
IDE တစ်ခုရှာပါ.. Windows သမားဆိုရင်တော့ Notepad++ ကို ညွှန်းချင်ပါတယ်..
Code:
http://notepad-plus-plus.org/
လေ့လာဖို့အတွက်ကတော့ စာအုပ်တွေနဲ့ Website တွေ တစ်ပုံတစ်ပင်ရှိနိုင်ပါတယ်.. Google လုပ်ကြည့်ပါ..
သူ့ရဲ့ Official Tutorials တွေလည်း ပစ်မထားသင့်တဲ့အရာတွေပါ..
Code:
http://docs.python.org/tutorial/
နောက်ပြီး MMGeeks မှာလည်း ညွှန်းထားတဲ့ စာအုပ်တွေရှိပါတယ်... အောက်က Link မှာ သွားရှာကြည့်ပါ..
Code:
http://www.mmgeeks.org/forum/viewtopic.php?f=93&t=43
Programming ဆိုတာကို ခုမှ စတင်ပြီး ထိတွေ့တာဆိုရင်တော့ "How to Think Like a Computer Scientist: Learning With Python" ( [You must be registered and logged in to see this link.] ) ဆိုတဲ့ Website လေးက အဆင်ပြေမယ်လို့ ညွှန်းကြပါတယ်..
အကယ်လို့ Programming နဲ့ ပတ်သက်ပြီး အတွေ့အကြုံ အတော်အသင့်ရှိတယ်ဆိုရင်တော့ "Dive Into Python" ( [You must be registered and logged in to see this link.] ) ကို ဖတ်ကြည့်ကြည့်ပါ.. Learn Python The Hard Way ( [You must be registered and logged in to see this link.] ) ကလည်း FreeBook ဖြစ်ပါတယ်..
နောက်ပြီး Online Community တွေမှာ ၊ ဖတ်ပါ ၊ မေးပါ ၊ ဆွေးနွေးပါ... English လို ရေးဖို့ ၊ ဖတ်ဖို့ ကြောက်နေရင်တော့ IT လောကထဲ မလာတာ အကောင်းဆုံးပါဘဲ.
-----------------
မနေ့က ရေးခဲ့တဲ့ Programming စတင်လေ့လာ မလို့လား? ဆိုတဲ့ Guideline မှာ ပြောခဲ့သလိုပါဘဲ.. Language ဆိုတာ တကယ်တော့ နောက်ဆုံးအဆင့်ပါ... ကြိုက်တဲ့ Language ရွေးလို့ရပါတယ်...
အခု ကျွန်တော် python ကို ညွှန်းနေပေမယ့် Python ရေးနေတဲ့သူမဟုတ်ပါ.. တကယ့် အဓိကက Design ကို ကျေရပါမယ်...
နောက်ပြီး တစ်ခုခုကို လေ့လာတဲ့ အခါမှာလည်း တကယ်ကောင်းတဲ့ နည်းလမ်းက "သင်လုပ်ချင်တဲ့ Project(အသေးဆုံး) တစ်ခုကို သတ်မှတ် ၊ အဲဒီ့ Project ကို ပြီးမြောက်အောင် ၊ ကြိုက်တဲ့ Language အဆင်ပြေမယ့် Language တစ်ခုနဲ့ ရေး ၊ မလိုတာ မလုပ်နဲ့။" အဲဒါဆိုရင် သင်ဟာတစ်ခုခုကို လျင်လျင်မြန်မြန် လေ့လာနိုင်ပါလိမ့်မယ်.
အပေါ်မှာ ညွှန်းခဲ့တာတွေကိုလည်း အကုန်ဖတ်ရမယ် ၊ ကြည့်ရမယ်လို့ မဆိုလိုဘူး... သင်လုပ်ချင်တာ သိပြီလား... ဒါဆို python နဲ့ "Hello World" လုပ်ဖို့ကစလို့ ၊ သင့် Project နဲ့ ကိုက်ညီတာကိုသာ ရွေးချယ်ပြီးဖတ်သွား...
"မလိုဘူးလား ၊ ကျော်လိုက်။"
"လိုလား ၊ နှလုံးစွဲအောင်မှတ်လိုက်"
http://www.myanmaritresource.info
mgpyone
mgpyone
VIP Member
VIP Member
Btw, Python Manual ကို အရင် မဖတ်ပါနဲ့.. အကြံပေးပါတယ်..
စဖတ်ချင်ရင် Zed Shaw ရေးတဲ့ Lean Python The Hard Way ( [You must be registered and logged in to see this link.] ) ကို ဖတ်ပါ.. ... ရေးထားတာ ရှင်းလည်း ရှင်းတယ်. နားလည်ရလည်း လွယ်ပါတယ်..
[You must be registered and logged in to see this link.] ရဲ့ အောက်က Python ဆိုတဲ့နေရာမှာ Free Ebook / Website တွေလည်း တပုံတပင် ရှိပါတယ်.. .
Cheer !
http://www.mgpyone.net
sHa92
sHa92
Founder
Founder
Yes, I forgot that link from StackOverFlow ( list-of-freely-available-programming-books ).
စာအုပ်လိုတဲ့သူတွေ အတွက် အဲဒီ့မှာ တခြား စာအုပ်တွေလည်း အများကြီးရှိပါတယ်...
ဒါနဲ့ ဆရာ ၊ ရောက်တုန်း ရောက်ခိုက်. Android အတွက်ပါတစ်ခါတည်း ညွှန်းလှည့်ပါဦးလား.. Wink
http://www.myanmaritresource.info
sHa92
sHa92
Founder
Founder
ဒီ​ေ​န​႔​ရွာ​ေ​တြ​႔​လာ​တဲ့ site ေ​လး​ပါ...
ကျွ​န်ေ​တာ့်​လို Puzzlesြ​ကိုက်တတ်သူေ​တွ စိ​တ်ြ​ကို​က်ေ​တွ့​​မှာ အမှန်ပါ​ဘဲ...း)
Code:
http://codingbat.com/
http://www.myanmaritresource.info
Sponsored content
View previous topic View next topic Back to top  Message [Page 1 of 1]
Permissions in this forum:
You cannot reply to topics in this forum
Create a forum on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com