Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder
“Programming ကို ခုမှစပြီး လေ့လာမလို့ပါ။ ဘယ်ကစလေ့လာသင့်သလဲ ၊ ဘယ်လိုလေ့လာရမလဲ။”
ဒီလိုမေးခွန်းမျိုးနဲ့ ရင်းနှီးခဲ့တာတော့ အတော်ကြာပြီ.... ဒီလို Guideline မျိုး ရေးချင်နေတာလည်း အတော်ကြာပြီ...

အစကတော့ Comment အနေနဲ့ဘဲ ပြန်မလို့ ၊ ရေးရင်းရေးရင်း ၊ အတော်ရှည်သွားတာနဲ့ နောက်ပြီး Programming စတင်လေ့လာချင်တဲ့သူ အားလုံးကို ဖတ်စေချင်လို့ Article တစ်ခုအနေနဲ့ သက်သက်ခွဲထုတ်လိုက်ပါတယ်...

(Forum ပေါ်မှာရှိတဲ့ အရင်က ကျွန်တော့် Comment တွေ လိုက်ကြည့်မယ် ဆိုရင်တော့ အဖြေကတစ်မျိုးဖြစ်နေနိုင်တယ်။ ခုလည်း ဒီအဖြေက လက်တလော အများဆုံး ဖြေပေးဖြစ်ပြီး ၊ အသင့်တော်ဆုံးလို့ ထင်တဲ့ အဖြေမျိုးလို့ သတ်မှတ်ထားပါတယ်။)..

----------------

-တစ်စုံတစ်ယောက်က သင့်ကို ဘယ် Programming Language ကို လေ့လာပါဆိုပြီး ၊ အကြံပေးလိုက်မယ်။
-သင်ကလည်း အဲဒီ့ Language နဲ့ ပတ်သက်ပြီး လိုချင်တဲ့ Resource ကို Forum မှာ လာတောင်းတယ်။
-Forum ပေါ်ကသူတွေက နီးစပ်ရာကနေ ရှာပြီး ၊ ဟုတ်သော်ရှိ ၊ မဟုတ်သော်ရှိ ၊ ကိုယ်တိုင်မဖတ်ဖူးတဲ့ စာအုပ်တစ်ခုကို ကောင်းမယ်ထင်ပြီး ၊ စေတနာနဲ့ ပေးလိုက်မယ်။
-သင်က အဲဒီ့စာအုပ်ကို အိမ်ယူသွားမယ်။ မာတိကာ ကစပြီး ဖတ်မယ်... စာမျက်နှာအရေအတွက်ကို ကြည့်ပြီး လန့်နေမယ်.
-ဒါပေမယ့်လည်း ကိုယ်ကသိချင်နေတဲ့သူကိုး။ ကြိုးစာဖတ်တယ်...
-အဲဒီ့ Language နဲ့ ပတ်သက်လို့ Array ဘာညာ ၊ Syntax နဲ့ Structure နဲ့ ပတ်သက်ပြီးအထိ အိုကေတုန်း၊
-Looping လား? အေးဆေးဗျာ... သူ Run ခိုင်းသလို Run ကြည့် ၊ အဖြေထွက် ၊ ပျော်နေတာပေါ့..
-တစ်ဖြည်းဖြည်းနဲ့ မြေကြီးနဲ့ ခြေထောက်က နည်းနည်းလွတ်လာမယ်... စာအုပ်ထဲကအတိုင်းရနေတော့ Programmer ပေါက်စဖြစ်ပြီထင်တာကိုးဗျ...
-အဲလိုနဲ့ ၁ ပတ် ၊ ၂ ပတ် ။ အိုကေသေးတယ်။ အဲ ၊ ၃ ပတ်မြောက်လည်းရောက်ရော ၊ စာမျက်နှာကလည်း ၁၀၀ ကျော်ဖတ်ပြီးပြီ။ အနောက်မယ်က ၅၀၀ လောက်ကျန်သေးတယ်။ ဖတ်ဖို့လည်း ပျင်းလာပြီ။ စာအုပ်လေး ခဏ ပိတ်လိုက်ပါဦးမယ်....
-နောက်နေ့တွေကျ Looping လေးတွေ ၊ Conditional Statement လေးတွေနဲ့ သူငယ်ချင်း ၊ အိမ်ခေါ် ၊ ထမင်းကျွေး ၊ ကြွား...
-ဟော... Online လေးကိုတက် ၊ ဖိုရမ်တွေ ပတ် ၊ နိုင်ငံခြားက Source Code share တဲ့ site တွေဆီသွား... Download ဆွဲ.
-ရလာတဲ့ ဖိုင်ထဲက Code ကိုကြည့်ကြည့်။ ကိုယ်နားမလည်တာတွေက အများသား... ဒါပေမယ့် အဲဒီ့ Download ဆွဲလာတဲ့ Code ရဲ့ Result ကိုက ကြည့်ချင်နေပြီ.. အဲဒီ့တော့ မရရအောင် Compile လုပ်။ GUI ကိုပြင် ၊ မြန်မာဗားရှင်း ထုတ်....
-နောက်တော့ ဖတ်လက်စ စာအုပ်ကိုလဲ မေ့တေ့တေ့ ၊ ဖိုရမ်ပတ်ပြီး Code မွှေရတာ ၊ သူ့ Code ကို ဖတ်မကြည့်ဘဲ ၊ နားလည်တဲ့ အပိုင်းလောက်ဘဲ ပြင်ရတာမှာ ပျော်မွေ့ပြီး ၊ နိုင်ငံခြားက အလုံးလိုက်ရလာတဲ့ Code ကို ၊ ဖောက်စွပ်လုပ်တဲ့ ၊ ကိုကို ဖောက်စွပ် ဖြစ်သွားကော...
-နဂိုကတော့ ၀တ္ထုတွေ ဖတ် ၊ နားစွန်နားဖြား ကြားတာလေးတွေကို မှတ် ၊ Microsoft နဲ့ တန်းတူအဆင့်ရှိ Software ထုတ်တဲ့ Company ထောင်မယ်လို့ပြင်လာတဲ့ ၊ Programmer. တကယ်ဖြစ်သွားတာက ဖောက်စွပ်...

-------------------
အပေါ်ကတော့ Starter လေးတွေ ဖြစ်တတ်တဲ့သဘောလေးတွေပါ... (ဒီစာကို ဖတ်နေတဲ့သူနဲ့ တိုက်ဆိုင်မှုရှိသွားရင်တော့ ခွင့်လွှတ်ပေးပါနော့်။ ဘယ်သူ့အကြောင်းမှ ရေးထားတာမဟုတ်ဘူး ၊ ကျွန်တော့်အကြောင်းရေးထားတာ လို့သာ မှတ်ပေး...) Wink
(သင်တန်းတက်မိတဲ့ သူတွေအကြောင်းလည်း ၊ နားထောင်ချင်ရင် ရေးပေးမယ်နော်... တောင်းဆိုလိုက်။)

မင်းသားကို အဖြေပေးမယ့် မင်းသမီးက ခုမှစပြောမှာ ခုနက အပေအတေ နန်းတွင်းသန့်ရှင်းရေးသမား လေရှည်သွားတာ -- ;D

--------
အဟင့်..... အဲ.အဲ... အဟမ်း ။ အဟမ်း..

အဲဒီ့တော့... သင်က အရမ်းကို ရည်ရွယ်ချက် ကြီးမားတဲ့ Programmer တစ်ယောက်ပေါ့...
အဲဒါကြောင့်လည်း ဒီစာကို ဖတ်နေတာ.... ဟုတ်တယ်ဟုတ်...
ဒါပေမယ့်လည်း ဘယ်ကစလို့ ဘာလုပ်ရမယ်မှန်းမသိသေးဘူး... မပူပါနဲ့... ဆက်ဖတ်ကြည့်လိုက်ပါ... Wink

ဖောက်စွပ်ဘ၀တော့ မရောက်ချင်ဘူးမှလား... ပြောတိုင်းတော့လည်း မယုံနဲ့ ၊ ချင့်ယုံ... သဘောထားကွဲလွဲရင် ၊ ဒီ့ထက်ကောင်းမယ်ထင်တာ ရှိရင် ၊ ပြန်မျှပေး... အိုကေ?

ကဲကဲ စပြီ...

အဆင့် ၀ ။ ။ REPEAT step1 THROUGH 3 WHILE yourSkill NOT EQUAL Intermediate

အဆင့် ၁ ။ ။ Project တစ်ခုကို ရွေးပါ... ကမ္ဘာလူသားအားလုံး အသုံးပြုမယ့် သင့်ရဲ့ စိတ်ကူးအိပ်မက် အကြီးကြီးထဲက Project ကို ပြောတာမဟုတ်ပါ။ ဘယ်သူမှ အသုံးမပြုမယ့် Calculator လိုမျိုး ၊ ဂိမ်းရေးတဲ့ ဆရာဖြစ်ချင်တာ ဆိုရင်လည်း ၊ အပျင်းပြေဆော့လို့ရမယ့် ၊ Tic-Tac-Toe လိုဂိမ်းမျိုးတစ်ခုလောက်။ တကယ့်ကို သေးသေးလေးမှ ၊ သေးသေးလေးကို ရွေးပါ။

အဆင့် ၂ ။ ။ Programming Language တစ်ခုကိုရွေးပါ။ ကျွန်တော့်ထက် ၀ါရင့် သမ္ဘာရင့် ၊ Myanmar IT Pro (Forum နာမည်မဟုတ်ပါ။) များကတော့ Community တွေမှာ C/C++ ကို Programming စလေ့လာမယ့်သူတွေ ရွေးသင့်တဲ့ Language တစ်ခုအနေနဲ့ ညွှန်းကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အရင်က အဲလို ညွှန်းဖူးတယ်လို့ ထင်ပါတယ်။ ဒီတစ်ခါတော့ နောက်တစ်မျိုးညွှန်းချင်ပါတယ်... အဲဒါကတော့ "Python" ဖြစ်ပါတယ်။ Beginner တွေအတွက် အရမ်းကိုမှ ကောင်းပါတယ်...
ကျွန်တော် ညွှန်းတာကိုမှ ရွေးလို့ပြောတာမဟုတ်ပါဘူး။ ကြိုက်တဲ့ Language ကို ရွေးလို့ရပါတယ်။ သင်တန်းက ရွေးပေးတာ ၊ နီးစပ်ရာ ဆွေမျိုး ၊ သူငယ်ချင်း ကရွေးပေးတာ ၊ ကြိုက်တာ သုံးပါ... အဓိကက တတ်ဖို့ဘဲမှလား... Smile
အကယ်လို့ ဘာရွေးရမှန်းမသိဘူးဆိုရင်တော့ Python ကိုသာရွေးလိုက်ပါ... သင့်အတွက် အခြေခံခိုင်စေပါလိမ့်မယ်..
မှတ်ချက်။ ။ ကျွန်တော့်တုန်းက ပထမဆုံး Language ရွေးတာမှာ ၊ လမ်းညွှန်မယ့်သူမရှိ ၊ သူငယ်ချင်းမရှိနဲ့ ၊ သင်တန်းသွားတက်တာဖြစ်ပြီး ၊ အရွေးမှားခဲ့တဲ့ အတွက် ၊ လမ်းမှားခဲ့ဖူးပါတယ်...

အဆင့် ၃ ။ ။ Language ရွေးပြီးပြီလား... ဒါဆိုရင်တော့ Step 1 က ရွေးခဲ့တဲ့ Project ကို အကောင်အထည် ဖော်ရပါတော့မယ်... အဲဒီ့တော့ စာဖတ်ပါ... စာဖတ်ပါ... စာဖတ်ပါ...
သင်ရွေးထားတဲ့ Language ကို ၊ သင်ရွေးထားတဲ့ Project အတွက်သာလျှင်ဖတ်ပါ... မလိုတာတွေ ကျော်လို့ရပါတယ်... လိုတာလောက်ဘဲ ဖတ်ပါ...
အဓိကက သင်ရွေးထားတဲ့ Project ပြီးဖို့ဆိုတာကိုဘဲ ခေါင်းထဲထည့်ထားပါ... (Language မှာ ငါမသိသေးတာတွေ များတယ်။ ငါ ကျော်ထားတာတွေ များတယ်ဆိုတာ ခေါင်းထဲမထည့်ပါနဲ့) အဓိကက Project ကို မှန်မှန်ကန်ကန်နဲ့ ပြီးဖို့ဖြစ်ပါတယ်...
ဥပမာ။ ။ Calculator ဆိုပါတော့.. အပေါင်း ၊ အနှုတ် ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ သိအောင်လုပ်ကြည့်ပါ. ထို့နောက် ပေါင်းကြည့်ပါ။ ထို့နောက် User ထံမှ Input တောင်းကြည့်ပါ.. အမြှောက် ၊ အစား ထပ်တိုးကြည့်ပါ... Function ခွဲရေးတာ ၊ ဘာညာ ၊ OOP သုံးတာ လုပ်ကြည့်ပါ...
Project ကြီးရင် ကြီးလာသလောက် ၊ သင်လေ့လာရမယ့် လိုအပ်ချက် များလာသလို ၊ သင်လေ့လာပြီးတာလည်း များလာပါလိမ့်မယ်..

မိမိရဲ့ Project တစ်ခုပြီးဖို့အတွက် စိတ်အားထက်သန်မှု အပြည့် ၊ သိလိုစိတ် အပြည့်နဲ့ ကြိုးကြိုးစားစား လေ့လာလာတဲ့ အခါ ၊ နောက်ဆုံးမှာတော့ Programming ဆိုတာနဲ့ ပတ်သက်ပြီး Programming ဆိုတာ ဂျိုပါလား ၊ မပါလား ၊ သင်သိလာပါလိမ့်မယ်။ သင့်မှာသာ ရည်ရွယ်ချက်တစ်ခု ချမှတ်ပြီးတော့ ၊ အကွက်ကျကျရွှေ့မယ်ဆိုရင် Programming ဆိုတာ တကယ်တော့ စားရလွယ်တဲ့ စစ်တုရင်ခုံပေါ်က နယ်ရုပ် တစ်ခုပါဘဲ (သင့်အနေနဲ့ သတိမမူ ၊ အာရုံမစူးစိုက် ၊ အရူးကွက် မရွှေ့သည့်အချိန်အထိသာ)။

--------------------------

ကျွန်တော့်အနေနဲ့ အပေါ်မှာ ပြောခဲ့သလို Project တစ်ခုထားပြီး Programming Language တစ်ခုကို လေ့လာတဲ့ နည်းလမ်းကို တွေ့ရှိတာ သိပ်မကြာသေးပါဘူး... ကျွန်တော့်ရဲ့ Development Team လေးမှာ အဲဒီ့နည်းလမ်း ကျင့်သုံးကြည့်တာ ၊ အတော်လေးထိရောက်တာ သတိပြုမိတဲ့အတွက် ၊ နောက်ထပ် လေ့လာမယ့်သူတွေကို ပြန်ပြီး လမ်းညွှန်ပေးတာပါ... သူ့ထက်ကောင်းတဲ့ လေ့လာနည်းမျိုးကိုတော့ ၊ ကျွန်တော်လည်း မစဉ်းစားမိသေးဘူး... ရှိခဲ့ရင်လည်း ပြန်လည်မျှဝေပေးဖို့ တောင်းဆိုပါတယ်..

----
ကျွန်တော် Programming ကို စစဆုံးလေ့လာမိတာ ၊ တကယ်တော့ Cartoon ဇာတ်လမ်းလေးတွေကို ရေးချင်လို့ပါ..(တစ်နည်းပြောရရင် Animator ပေါ့)။ ဒါပေမယ့် အဲဒါက ဘယ်လိုလုပ်တယ်ဆိုတာလည်း မသိခဲ့ဘူး. ဘယ်က စလုပ်ရလဲဆိုတာလဲ မသိခဲ့ဘူး... လမ်းညွှန်မယ့်သူမရှိတဲ့ Computer ထဲက PowerPoint ထဲမှာ Animation လေးလုပ်ရင်း ပျော်နေခဲ့တာပေါ့... နောက်တော့ တစ်ဖြည်းဖြည်းမှ ကိုယ်လုပ်ချင်တာက ဘာဆိုတာ သိပေမယ့် ၊ ဘယ်ကစရမယ်ဆိုတာ မသိခဲ့ရင်း ၊ Software Engineering ဆိုတာကို စိတ်ဝင်စားပြီးလုပ်မိသွားတာ..

ပြောချင်တာကတော့ ၊ ကျွန်တော့်တုန်းက ဘာလုပ်ရမယ်ဆိုတာ မသိခဲ့ဘူး... ကိုယ့်လမ်းကိုယ် ဖောက်လာရတာ... Internet ပေါ်မှာ နည်းပညာနဲ့ ပတ်သက်လို့ Forum မှာ လေ့လာလို့ရတယ် ၊ မေးလို့ရတယ် ဆိုတာတောင် မသိခဲ့ဘူး... ရှိတယ်လို့လည်း မသိခဲ့ဘူး... အဲဒီ့လောက် မသိခဲ့တာ... အဲဒါကြောင့်လည်း ကျွန်တော့်လို လူတွေအတွက် ဒီ Myanmar IT Resource ကို စလုပ်တယ်... ဒီ Forum ကျွန်တော် ပထမဆုံးဝင်တဲ့ နည်းပညာနဲ့ ပတ်သက်တဲ့ ဖိုရမ်..
အဲဒီ့တော့ အခု ဒီ Forum ထဲက သူတွေရဲ့ စတင်မယ့် အခြေအနေက အနည်းဆုံးတော့ ကျွန်တော့်ထက် သာတယ်.. ကြိုးစားရင် ၊ ကြိုးစားသလောက် ၊ မြန်မြန်နဲ့ ကိုယ်ရောက်ချင်တဲ့ လမ်းပေါ်ရောက်လိမ့်မယ်... အဓိကကတော့ စိတ်ရင်းမှန်ရမယ်. ကိုယ့်ကိုယ်ကို မလိမ်ရဘူး... ၀ါသနာကို မလိမ်ရဘူး... အဲဒါဆိုရပြီ... တစ်ရက်ကို ၃ နာရီလောက် ကြိုးစား... တကယ်ကောင်းတဲ့ IT Professional ဖြစ်လာလိမ့်မယ်...

-------EXTRA PLUS------
ကျွန်တော်တို့ Local ထဲမှာ Language ကို အရမ်းအားထားနေကြတယ်...
တကယ်က Language က နောက်ဆုံးဦးစားပေးဖြစ်သင့်တာ..
Design ကိုသာလျှင် ဦးစားပေးသင့်တာ. (ကျောင်းသား အခေါ်အရတော့ သီအိုရီ ပေါ့)
Language ဆိုတာ ကိုယ့် Apps အတွက် အဖြည့်ခံသက်သက်ဘဲ... (ပြောရရင် အရေးမကြီးဆုံးဘဲ)
Memory ဘယ်လောက်သုံးမယ်.. Website ဆိုရင် User Access မြန်မြန်ရအောင် ဘယ်လို နည်းပညာသုံးမယ်. Cache ကို ဘယ်လိုလုပ်မယ်...
Database စနစ်တစ်ခု ဘယ်လို Design ထုတ်မယ်... စသည် စသည် အများကြီးရှိပါတယ်...
အဲဒီ့ Design တွေ ထွက်ပြီဆိုမှ... ကိုယ်လိုချင်တဲ့ Requirement က ဘာ... ကိုယ့် Requirement ကို ဖြေရှင်းပေးနိုင်တဲ့ Solution က ဘာ. ဆိုတာ ဆုံးဖြတ်လို့ရပါမယ်..
အဲဒါကိုတော့ နိုင်ငံတကာမှာ Project တစ်ခုကို Language ပေါင်းများစွာနဲ့ ရေးနေကြတာကို ကြည့်ရင်သိနိုင်ပါတယ်... မတူညီတဲ့ Requirement တွေအတွက် သင့်လျော်တဲ့ ဖြေရှင်းနည်းတွေသုံးကြတာပါ...
ဒါပေမယ့်လည်း ဟိုမှာက ဟိုမှာ ၊ ဒီမှာက ဒီမှာပေါ့လေ... Language ဦးစားပေးကြားထဲဆိုတော့ မပြောသာသေးပါဘူး... တစ်နေ့တော့ သီအိုရီသက်သက် စာများ ရေးသားနိုင်အောင် ကြိုးစားပါဥိးမယ်....
ဖြစ်စေချင်တာကတော့ Language အပြင် သက်ဆိုင်တဲ့ သီအိုရီလေးတွေ ၊ Concept လေးတွေ ရသွားအောင် ၊ လေ့လာစေချင်တယ်... ဥပမာ မိမိ Program က Memory ဘယ်လောက် ဖြုန်းတီးပစ်လဲ ဆိုတာလောက်ပေါ့... ကျွန်တော်လည်း ဘာမှတော့ မဟုတ်သေးပါဘူး... Language လုပ်နေရာကနေ ခုမှ Data Structure (Graph) ကို အရမ်းစိတ်ဝင်စားပြီး လုပ်နေတာ... ခုဆို Language အားလုံးတောင် မေ့ချင်သလိုလိုရှိနေပြီ... Maths ပိုင်းတောင် ပြန်ရောက်သွားပြီ...
အရေးကြီးမယ်ထင်လို့ ဒါလေးက BONUS ထပ်ဖြည့်လိုက်တာပါ...
Language က အရေးကြီးမကြီး ဆုံးဖြတ်ကြည့်ဖို့ [You must be registered and logged in to see this link.] ကို သွားကြည့်လိုက်ပါ... အဓိကကတော့ Logic ပါဘဲ.... Very Happy



Last edited by sHa92 on 4th February 2011, 1:24 am; edited 2 times in total

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
Ruby (RoR) ကလည်း Beginner တွေအတွက် အထူးသင့်လျော်တယ်လို့ ဆရာ့ ၊ ဆရာများ ပြောကြားတာ မှတ်သားမိပါတယ်... ကျွန်တော်တော့ မလေ့လာဖူးသေးပါ...
ကိုယ့်အားကိုယ်ကိုး လေ့လာနိုင်တဲ့သူဆိုရင် လေ့လာကြည့်စေချင်ပါတယ်..

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
Python လေ့လာဖို့အတွက် လိုအပ်မယ်ထင်တာလေးတွေ စုပေးလိုက်ပါတယ်... Wink

Code:
http://www.myanmaritresource.info/t3973-python-website-book-resource#19646

http://www.myanmaritresource.info

mgpyone

mgpyone
VIP Member



VIP Member
သိသလောက် မှတ်သလောက် ပြောရရင် programming language ပေါင်းရာနဲ့ချီရှိပါတယ် ဘယ်နှစ်ရာ ရှိလဲတော့မပြောတတ် ( [You must be registered and logged in to see this link.] )

အကုန်လုံးဟာတော သူနဲ့နေရာနဲ့သူ သုံးနေကြရတာပါပဲ..

ဟိုးအစ Assembly ဆို Embedded Machine တွေမှာ , Lisp ဆိုလည်း eBay လိုနေရာမှာသုံးနေဆဲ , Cobol သည် Bank တွေက Main Frame တွေမှာ သုံးပြုနေဆဲ ၊ C ဆိုတာဟာ ဟောင်းပေမယ့် Linux Kernel တွေ Search Engine တွေရဲ့ အဓိက Language , PHP သည် King of Web စသဖြင့် ပေါင်းစုံ ရှိပါတယ် . Language အားလုံးကို တတ်ကျွမ်းတဲ့သူတော့ ရှိမယ်မထင်.. ဒါပေမဲ့ Language တစ်ခုထက်ပိုပြီး Knowledge ရှိတဲ့သူဟာ အလုပ်ခွင်ထဲမှာပဲဖြစ်ဖြစ် ကိုယ် အားသန်ရာ လုပ်တာပဲဖြစ်ဖြစ် တစ်ပန်းသာပါတယ်။
ကိုယ်တိုင် အလုပ်ခွင်ထဲ ဝင်တဲ့အခါ.. Java ပဲ သိတယ်.. VB မသိဘူး မရေးတတ်ဖူးဗျာ.. ဟမ်. PHP ဆိုတာ ဘာကြီတုန်း... အဲလိုဖြစ်နေရင်လည်း ကိုယ့်အလုပ်ကိုယ် ကိုယ်လက်လွတ်တတ်ရပါတယ်။
ယုတ်စွအဆုံး ကိုယ့်ရှေ့က လူတစ်ယောက် ရေးသွားတာကို ကိုယ်က ဆက်ပြင်ရမယ်ဆိုတောင် အခက်တွေ့ပါလိမ့်မယ်။
ဆိုတော့ Language ဆိုတာထက် Language တွေအားလုံးရဲ့ General data Structure တွေ ပိုင်နိုင်သင့်ပါတယ်။
တစ်ခုခုကို အတိတကျ လေ့လာမယ်ဆိုရင်တော့
- Language Syntax
- Language Frameworks and Libraries ကို သိရပါမယ်။

Language အတော်များများဟာလည်း C ကို အခြေခံထားတဲ့ဖြစ်တဲ့အတွက် ဆင်တူကြပါတယ်။ ဥပမာ Ruby နဲ့ Python က ချွတ်စွပ်လောက် နီးနီးပါပဲ ( ဟမ် . ဘာလို့များ ထပ်ထွင်ကြတယ်မသိ =P )

Language Syntax တွေ သိပြီး Condition and Loops ( If , If..else , If ... Else if .. , while ) , Array တွေ ကို ကြေကြေညက်ညက် သုံးတတ်ပြီ ဆိုပါတော့ ..
Language တွေရဲ့ Library တွေအကြောင်း ၊ သုံးနည်း စတာတွေကို ဆက်လေ့လာပါ..
Productive ဖြစ်ဖို့ Libraries တွေ Framework တွေဟာ အဓိက ကျပါတယ်.. PHP ဆိုရင် CI , Symphony , Cake , Ruby ဆိုရင် Ruby On Rails , C ဆိုရင် STL အများကြီးပါ..
အရင်ဆုံး Language ရဲ့သဘောသဘာဝကို သိပြီဆိုရင် ဒါတွေကို ဆက်လေ့လာဖို့ မခဲယဉ်းပါဖူး.. ဒါပေမဲ့ Language ကို ကြေကြေညက်ညက်နားမလည်ပဲနဲ့ Framework တွေကို မလေ့လာသင့်ပါဖူး..
ဒါနဲ့ပါတ်သတ်ပြီး အောက်က Article လေးကို ကိုအိမောင်ရေးထားတာကို ဖတ်စေချင်ပါတယ်..

[You must be registered and logged in to see this link.]

Problem Solving Skill ဟာလည်း အရေးကြီးတဲ့ ပညာရပ်တစ်ခုပါ.. ဒါကိုတော့ ကျောင်းမှာ သင်မယ်မထင်.. Language ရဲ့ Nature ကို နားလည်ရင် ဒါဟာလည်း အလိုလိုတတ်သွားတတ်ပါတယ်..

အဲတော့ လေ့လာမယ်ဆို တစ်ခုခုကို လေးလေးနက်နက် လေ့လာသင့်ပါတယ်.. ( စာအုပ်တစ်အုပ်ဖတ်မယ်ဆိုရင်လည်း အပြီးထိ ဖတ်ပါ.. )
သူများတွေ ရေးထားတာ ဖတ်ပါ.. နည်းပညာကိုလည်း အဆက်မပြတ်ပါနဲ့.. နေ့စဉ်တော့ DownLoadSquad (http://downloadsquad.switched.com/) , Hacker News ( [You must be registered and logged in to see this link.] ) , Slashdot (http://slashdot.org ) လိုမျိုး တစ်ခုခုကို ဖတ်နိုင်အောင် ဖတ်ဖြစ်အောင် ကြိုးစားပါ.. မသိရင် Google မှာ ရှာ StackOverFlow မှာ မေး .. ဒီလိုနဲ့ စရတာပဲ.. စိတ်ဓါတ်လည်း မကျပါနဲ့.. သူများတွေတော့ တော်တတ်နေပြီ. ငါက ဘာမှမဟုတ်သေးဘူး.. အဲလိုလည်း တစ်ခါတစ်လေမှာ တွေးမိမှာပေါ့.. ငါလည်း ဘာမှမဟုတ်သေးပေမယ့် ဟုတ်အောင် ဖြစ်အောင် လုပ်နိုင်တယ်လို့ယုံကြည်ရင် ယုံကြည်တာကို လက်တွေ့ တစိုက်မက်မက် ကြိုးစားရင် ငါလည်း သူလို့ဖြစ်လာမှာပါ.. ကိုယ့်ကိုယ့်ကိုယ် Encourage လုပ်..

ဟမ်.. ပြောချင်တာတွေ ပြောလိုက်တာ.. များသွားပြီ.. နောက်မှ ဆက်ပြောတာကြတာပေါ့..


Cheer !

စလေ့လာမယ်ဆိုရင်တော့ Language အနေနဲ့ C / C++ သို့မဟုတ် Python ကို လေ့လာဖို့ အကြံပေးပါချင်ပါတယ်.. ။

http://www.mgpyone.net

sHa92

sHa92
Founder



Founder
Good write up Friend. I'm far behind you. Wink
Thanks for your Input.

Cheer!

http://www.myanmaritresource.info

mgpyone

mgpyone
VIP Member



VIP Member
man, how come I am VIP .. ? what's that .. Very Important Pussy ? =P

http://www.mgpyone.net

sHa92

sHa92
Founder



Founder
lol. just Special Person to our community. Very Happy
ဘာလဲ အရောင်ပြောင်းသွားတာ မကြိုက်လို့လား.. :?

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
Python မ​ဟုတ္ဘဲ C++ ေ​လ့​လာ​ဖို​႔ စ​ဥ​္း​စား​ေ​န​တဲ့ သူ​ေ​တြ​အတြ​က​္ ၊ ေ​လ့​လာ​စရာ စာ​အုပ္မ်ား စာ​ရ​င်း...

Code:
http://stackoverflow.com/questions/388242/the-definitive-c-book-guide-and-list

http://www.myanmaritresource.info

C0D3R

C0D3R
MITR Master



MITR Master
ကျေးဇူးပါပဲ့ အခုလိုတန်ဖိုးရှိတဲ့ pOST လေးကိုဖတ်ရတာ ကျွန်တော်အားရတယ်ဗျာ Very Happy

http://www.myanmaritresource.info

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum | ©phpBB | Free forum support | Report an abuse | Forumotion.com