Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

Microsoft Power Point ဖြင့် Presentation တစ်ခုဖန်တီးခြင်း

Go down  Message [Page 1 of 1]

ET

ET
Moderator



Moderator

ဒီရည်ရွယ်ချက်က Flash Song မှ Flash song ဖြစ်နေသူများအတွက်ပါ။
လုပ်တတ်ချင်လိုက်တာ.......ဘယ်လိုလုပ်ရလဲဆိုပြိးတော့ မြင်နေရတယ်ဗျာ
အဲ့ဒိတော့ ကိုယ်ဆီမှာရှိတဲ့ Power Point ကိုကော သေချာကျွမ်းကျင်ပြီလား......
Power Point နဲ့ပဲ Flash song လို ပုံနဲ့ သီချင်းတစ်ပုဒ်ဖြစ်မြောက်အောင် ဖန်တိးယူလို့ရပါတယ်
အဲံဒီတော့ အခြေခံသင်ခန်းစာလည်းဖြစ်အောင် Presentation တစ်ခုလုပ်ကြည့်ကြရအောင်.
လိုအပ်တာရှိရင် ဝေဖန်ထောက်ပြဖြည့်စွက်ပေးပါ
ဒီသင်ခန်းစာက လေ့လာနေသူ အခြေခံအဆင့်များအတွက် တစ်ဖက်တစ်လမ်းက အကူညီရနိုင်ပါစေလို့........
MITR ဖိုရမ်ကနေ ဆုတောင်းပါတယ်ဗျာ

××××××××××××××××××××××××××××
Microsoft Power Point ဖြင့် Presentation တစ်ခုဖန်တီးခြင်း

[You must be registered and logged in to see this image.]


nyaainkarr @gmail.com (ET)

×××××××××××××



Last edited by ET on 13th September 2010, 12:15 am; edited 1 time in total

http://alinkarnya.blogspot.com/
Share this post on: reddit

ဒါကတော့ Microsoft Power Point ဖွင့်ထားတာလေးပါ (Power Point 2007 )
Start / All Program / Microsoft office / Microsoft Power Point ကိုရွေးချယ်လိုက်ရင် အောက်ကပုံပါအတိုင်းမြင်ရပါမယ်

[You must be registered and logged in to see this image.]


အခုက ကျနော်တို့က ဓါတ်ပုံနဲ့ Presentation လုပ်မယ်ဆိုတော့ အခုမြင်ရတဲ့ Click to Add Titile နဲ့ Subtitle ကို Select ပေးပြီး Delete လုပ်ပါ။
ပြီးရင် Design Menu ကိုသွားပြိး ကိုယ်ကြိုက်တဲ့ Design ကိုရွေးလိုက်ပါ။ ကျနော်တော့ အောက်ကပုံလေးကို ကြိုက်လို့ ရွေးလိုက်ပါတယ် ။(ပုံကို ကြည့်ပါ)

[You must be registered and logged in to see this image.]


ရွေးပြီးလျှင် Insert Menu မှ Picture ကိုသွားပါ။ Browser ထဲမှာ မိမိ Presentation လုပ်ချင်သော ပုံကိုရွေးပါ။ပြီးရင် Ok ကိုနှိပ်ပါ။ ပုံပေါ်လာပါလိမ့်မယ်။ ကိုယ်လိုချင်တဲ့ ပုံအနေအထားတိုင်း အကျဉ်း/အကျယ် လုပ်ဆောင်ပါ။
Click to add title နေရာနဲ့ Click to add substitle နေရာမှာ ကိုယ်ပြောချင်တဲ့အကြောင်းအရာရေးပါ။. (ကိုယ်လိုချင်တဲ့နေ ရာကို Mouse နဲ့ ဆွဲပြီးနေရာချလို့ရပါတယ်)။……….(.ပုံကိုကြည့်ပါ)

[You must be registered and logged in to see this image.]

နောက်ထပ်တစ်ခုဆက်လုပ်မယ်ဆိုရင် New Slide ကို Click ပါ ။ တစ်ခါနှိပ်ရင် ပုံတစ်ခုပေါ်လာပါမယ်ကျနော်တော့ နောက်ထပ်(၂)ခုနှိပ်လိုက်ပါတယ်။…အဲ့ဒီလိုပဲ ကိုယ် Presentation ပြချင်တဲ့ပုံတွေအားလုံးကို အထက်ပါအတိုင်း ဆက်လက်လုပ်ကြည့်ပါ။ (ပုံကိုကြည့်ပါ)

[You must be registered and logged in to see this image.]


အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း နောက်ထပ် New Slide တွေကို Click ပြီး ပုံတွေကို တစ်ပုံခြင်း အထက်မှာဖော်ပြခဲ့အတိုင်း လုပ်ဆောင်ခဲ့ပါတယ် (အောက်က ပုံကိုကြည့်ပါ)


[You must be registered and logged in to see this image.]


ကဲ အားလုံးပြီးပြီဆိုရင်တော့ Presentation လုပ်ပြမဲ့ ပုံတွေကို Animation ထည့်ရအောင်( Animations ဆိုတာ တည်ငြိမ်နေတဲ့ပုံတွေကို ရွေ့လျားအောင်လုပ်ဆောင်တာကို Animations လို့ခေါ်တာပါ) Animation လုပ်မယ်ဆိုရင် ပုံတွေ က တစ်ပုံထက်မနည်းရှိနေရပါမယ်။။။ အခုဆိုရင် လက်ရှိ(၃)ပုံတွေ့မြင်နေရပါတယ်။ ဒါဆိုလုပ်ဆောင်လို့ရပါပြီ
ကဲ လက်တွေ့လုပ်ကြည့်ကြရအောင် ။။
ကိုယ် Animations လုပ်ဆောင်မဲ့ ပုံကို Click ပေးပါ.. (ကျနော်တို့ ပထမဆုံး ပုံက လုပ်ဆောင်ကြတာပေါ့)
ပြီးရင် Animations Menu ကို ကလစ်ပါ။ အဲ့ဒီမှာ Animations မျိုးစုံတွေ့ရပါမယ်
(ဥပမာ.. no transition / Fade Smoothly /Fade through Black / cut ဆိုပြိး ရှိကြပါတယ်) မိမိကြိုက်နှစ်သက်ရာ Annimations ကိုရွေးချယ်ပါ .. ကျနော်တော့ အဲ့ထဲမှာပါတဲ့ Dissolve ကို ရွေးလိုက်ပါတယ်. ဆက်လက်ပြီး ကျန်တဲ့ပုံတွေကိုလည်း လိုက်ပြီး Annimations လုပ်ဆောင်ပေးပါ
(အောက်က ပုံကို ကြည့်ပါ)

[You must be registered and logged in to see this image.]

Animations လုပ်ပြီး /မပြီး ကို ပုံမှာမြင်နိုင်ပါတယ် ကြယ်ပွင့်လေးနဲ့ပြထားပါတယ်။ အားလုံးပြိးရင်တော့ Slide Show ပြဖို့အတွက် ပြည့်စုံသလောက်ရှိပါပြီ။

နောက်ဆုံးတစ်ခုကတော့ Slide Show ပြရင် အစကနေအဆုံး ပြီးသွားရင် အစကနေ ပြန်ပြချင်လားဆိုတာရှိပါတယ်
တစ်ချို့ကျတော့ တစ်ခါပြီးသွားတိုင်း အစကနေပြန်စချင်တယ်လေ။။အဲ့ဒါကိုတော့ Slide show ထဲက Setup Slide show ဆိုတာရှိပါတယ်။ အဲ့ဒီကို ကလစ်ပါ ပုံပါအတိုင်းပေါ်လာပါလိမ့်မယ်.. Show Option မှာ Loop continuously until “Esc: ဆိုပြီးရှိပါတယ် …အဲ့ဒါကို အမှန်ခြစ်ပေးလိုက်ပါ…ဒါဆို Slide show ပြီးသွားတိုင်း အစကနေ ပြန်ပြန်လာနေပါလိမ့်မယ် ကျန်ေတော့ အဲ့ဒါကိုရွေးထားပါတယ်…
နောက်တစ်ခုက Slide show ပြနေချိန်မှာ တစ်ပုံနဲ့တစ်ပုံအကူးကို Mouse နဲ့ကလစ်ပြိးမှ သွားတာမျိုးနဲ့
Automatically သွားတာမျိုးနှစ်မျိုးရှိပါတယ် အဲ့ဒါကိုတော့ မိမိနှစ်သက်ရာရွေးပါ ( တစ်ပုံနဲ့တစ်ပုံအကူး ကြာချိန်မိနစ် ကိုလည်းရွေးချယ်နိုင်ပါတယ်) (အပေါ်က ပုံကိုကြည့်ပါ)

[You must be registered and logged in to see this image.]

ပြီးတော့ Presentation လုပ်ထားတဲ့ဖိုင်ကိုသိမ်းပါမယ်
File / Save ကိုကလစ်ပါ
Save Box ပေါ်လာပါလိမ့်မယ်
Save in နေရာမှာ မိမိ ကြိုက်နှစ်သက်ရာနေရာမှာသိမ်းပါ။
File name နေရာမှာ မိမိ ကြိုက်နှစ်သက်ရာ နာမည်နဲ့သိမ်းပါ
Save as type နေရာမှာတော့ တစ်ခုပြောချင်ပါတယ်
( Power point Presentation .pptx ) အမျိုးအစားနဲ့သိမ်းမှာလား ( .pptx အမျိုးအစားက ဖိုင်ကို Power point နဲ့ပြန်ဖွင့်လို့ရပါတယ်)
နောက်တစ်ခုက ( Power Point Shoe .ppsx ) နဲ့သိမ်းမှာလားရွေးပေးရပါမယ်။ (.ppsx အမျိုးအစားက ဖိုင်ကို ပြန်ဖွင့်တာနဲ့ Slide show နဲ့ပြပါမယ်) ဒါပဲကွာပါတယ် ပုံကိုကြည့်ပါ

[You must be registered and logged in to see this image.]

ကျနော်တော့ Power Point Show.ppsx နဲ့ သိမ်းလိုက်ပါတယ်
ပြီးရင် ကိုယ်သိမ်းခဲ့တဲ့ဖိုင်ကို ပြန်ဖွင့်ကြည့်လိုက်ပါ Slide show နဲ့ မိမိလုပ်ထားတဲ့ Presentation တွေကို Animation နဲ့ ပြနေပါလိမ့်မယ်
×××××××××××××××××

နောက်ဆက်တွဲ
ပုံမှာ ပါတဲ့စာသားတွေကိုလည်း လိုက်ပြီး Animations လိုက်ထည့်လို့ရပါသေးတယ်။
နောက်ခံ Sound (သီချင်းတွေ ထည့်လို့ရပါသေးတယ် )
ပုံရဲ့ အမြန်နှုန်းတွေကိုလည်း (Fast) ပြင်ဆင်လို့ရပါသေးပါတယ် ။
တော်တော်များများကို ကိုယ်လေ့လာနိုင်စွမ်းသလောက်ပြင်ဆင်လို့ရပါတယ်
ဒီလောက်ဆိုရင် အခြေခံလောက်တော့ရပါပြီလေ
ကျန်တာတော့ ကိုယ်ဘာသာ ကလိကြည့်ကြပါ
Power Point ကိုတော့ Presentation ပြဖို့ရာမှာတော်တော်များသုံးကြပါတယ်
ကျန်တာတွေကိုတော့ ကိုယ်ဘာသာလေ့လာကြပါ
ကျနော်က အသုံးများတာကိုပဲ သင်ပေးတာပါ
လက်တွေ့လုပ်ဆောင်ကြည့်ရင် ကိုယ်ပိုင် Presentation တစ်ခုဖန်တီးကြပါစို့

လေ့လာသင်ယူနိုင်ကြပါစေ
ညအလင်္ကာ (10/9/2010)(ET)

Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com