Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder
Tricks လေးတွေ မလုပ်ဘဲ ၊ ပျင်းနေတာကြာတော့ ၊ ရေးတောင် မရေးဖြစ်ဘူး။
ဒီနေ့တော့ ကျနော့် ညီတော် ကြောင့် စာပြန်လုပ်ရင်းနဲ့ ဒီ Tricks လေးကို စဉ်းစားမိသွားပါတယ်။ Very Happy

စာဖတ်သူတို့ အနေနဲ့ ပုံတစ်ပုံကို အပေါ်အောက် ၊ ဘယ်ညာ ပြောင်းပြန်လှည့်တာကို PhotoEditing Software နဲ့မဟုတ်ဘဲ ၊ code လေး တစ်ကြောင်းတည်းနဲ့တင် မလုပ်ချင်ဘူးလား။
အဲဒီ့လိုလုပ်ချင်ခဲ့သူတွေအတွက် အခုချိန်မှာ လုပ်လို့ရလာပါပြီ။

ဒီနည်းက အသစ်ဖြစ်ချင်မှဖြစ်မယ်။ ဟိုတစ်ခါ Triangle လိုဘဲ ကျွန်တော့်ဟာကျွန်တော်စမ်းပြီးရသွားပေမယ့် Online မှာရှာကြည့်ရင်လည်း တွေ့ချင်တွေ့ဦးမှာ။ (ရှာတော့ဘူး။ စိတ်ပိန်တယ်။ ကိုယ်အရင်ရှာတွေ့တယ်ဆိုတဲ့ Feeling နဲ့ဘဲ နေတော့မယ်။ Razz)

ဘာမှမခက်ခဲပါဘူး... လေ့လာကြည့်ရအောင်

အောက်မှာတော့ CSS code ပါ

Code:
.right-left {
-webkit-transform: scale(-1,1);
-moz-transform: scale(-1,1);
transform: scale(-1,1);
}

အောက်မှာ HTML code ဖြစ်ပါတယ်

Code:
<img src="http://www.google.com/intl/en_ALL/images/srpr/logo1w.png" class="right-left" />

ဟီးဟီး။ Google Logo အသစ်လေးကို ပါကင်ဖွင့် (အဲအဲ) ကလိလိုက်ကြရအောင်...
အဲဒီ့ Code တွေကိုသိမ်းပြီး ပြန်ဖွင့်ကြည့်မယ်ဆိုရင် တွေ့ရမှာကတော့................... ကိုယ်တိုင်လုပ်ကြည့်လိုက်ပါ. Razz

အဲဒီ့မှာဆိုရင် scale(-1,1); ရဲ့ value တွေက အဓိက ဖြစ်ပါတယ်။ သူ့ကို လိုသလို ချိန်နိုင်မယ်ဆိုရင် ကြိုက်သလို လှည့်လို့ရပါတယ်။ အပေါ် ၊ အောက် ၊ ဘယ် ၊ ညာ ၊ အပေါ်ဘယ် ၊ အပေါ်ညာ ၊ အောက်ဘယ် ၊ အို... စုံလို့ဗျာ။ လုပ်ချင်သလို လုပ်လို့ရမယ်။ Very Happy ကျန်တာကတော့ Cross-Browser-Issue အတွက် ၃ လိုင်းဖြစ်နေတာပါ။ တကယ်တော့ code က တစ်ကြောင်းထဲပါဘဲ။ Smile
တကယ်တော့ ဦးနှောက်မရှိတဲ့ Computer ကို လူက လှည့်စားလိုက်ခြင်း တစ်မျိုးဘဲဖြစ်ပါတယ်။

ပုံတစ်မျိုးထဲလား? မဟုတ်ဘူးဗျာ။ ကြိုက်တဲ့ Element ကို ၊ ကြိုက်သလို သာလုပ်။ အားလုံး အလုပ်လုပ်မယ်။
အဲ ၊ Browser ကိုတော့ နည်းနည်း မြင့်တာလေးနဲ့ ကြည့်ကြပေါ့နော်။ သုံးစားမရတဲ့ IE နဲ့ကြည့်လို့ မပေါ်ရင်တော့ တားတားလည်း မတိ။ Very Happy

များများကလိနိုင်ကြပါစေ.
$ƴǩǾ

Demo ကြည့်ချင်တဲ့ သူတွေအတွက်လည်း စီစဉ်ပေးထားပါတယ်။ အောက်က Link မှာ ကြည့်နိုင်ပါတယ်
Code:
http://www.myanmaritresource.info/Flip_Demo-h18.htm

http://www.myanmaritresource.info

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Forum free | ©phpBB | Free forum support | Report an abuse | Forumotion.com