Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder
Chrome beta catches up to developer's build [Global News] Chrome10Google ရဲ့ Browser ဖြစ်တဲ့ Chrome ဟာ သူ့ရဲ့ နောက်ဆုံး Beta Version ကို လက်ရှိ developer's version ကိုမှီအောင် release လုပ်လိုက်ပါပြီ။ အခု ထွက်ရှိတဲ့ Google Chrome beta version 5.0.375.29 ဟာ Windows, Mac နဲ့ Linux အကုန်လုံးမှာ အသုံးပြုလို့ရပြီးတော့ ၊ Feature အသစ် အမြောက်အမြားပါဝင်တဲ့ အပြင် ၊ security ပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်လာစေပြီးတော့ ၊ အရင် Version များမှာတွေ့ခဲ့တဲ့ bug တော်တော်များများကိုလည်း ပြင်ဆင်ခဲ့တယ်လို့သိရပါတယ်။
အဲဒီ့လို ပြောင်းလဲမှုတွေထဲမှာမှ ထင်ထင်ရှားရှား အသစ်ထပ်မံထည့်သွင်း ပြောင်းလဲပေးခဲ့တာကတော့ Flash ကို Default Support လုပ်လာတာဘဲဖြစ်ပါတယ်။ အဲလိုလုပ်ထားတဲ့အတွက် user တွေအနေနဲ့ add-on အသစ်တွေကို ထပ်မံထည့်သွင်းစရာမလိုဘဲနဲ့ Flash Website တွေနဲ့ အခြား Flash Content တွေကို ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။ အဲဒီ့လို Flash ကို Default Support လုပ်လိုက်တဲ့အတွက် နောက်ထပ် ကောင်းတဲ့အချက်ကတော့ Chrome ရဲ့ security ကို ပိုမိုကောင်းမွန် ထိန်းချုပ်ပေးနိုင်လိုက်တာပါဘဲ။ ဘာလို့လဲဆိုတော့ bug တွေ ၊ security ယိုပေါက်တွေသာရှိခဲ့ရင် Google အနေနဲ့ အလိုအလျောက် Update လုပ်ပေးသွားမှာမို့လို့ပါဘဲ။

အခုနောက်ဆုံး Chrome beta ထဲမှာ V8 Javascript rendering engine ကိုလည်း ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ့အတွက် V8 benchmarking tool နဲ့ SunSpider benchmark တို့အတွက် ၃၀ မှ ၃၅ % ခန့်ပိုမိုမြန်ဆန်တဲ့ performance ကိုရရှိစေမှာဖြစ်ပါတယ်။ အဲဒါအပြင် HTML 5 feature တွေဖြစ်တဲ့ Geolocation ကိုလည်း အခု beta version မှာ activate လုပ်လိုက်တယ်လို့သိရပါတယ်။ ဒါပေမယ့် အဲဒါက ဖြည့်စွက်ချက်အသစ်တော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ developer's version မှာ ပါပြီးသားမို့လို့ပါ။ တခြား HTML5-based Feature တွေဖြစ်တဲ့ file drag-and-drop ၊ Web socket (ပိုမိုကောင်းမွန်စေတဲ့ site-to-server communication) ၊ နဲ့ apps cache တွေကိုလည်း တစ်ပါတည်း ထည့်သွင်းပေးလိုက်တယ်လို့ သိရပါတယ်။

Chrome beta catches up to developer's build [Global News] Chrome_geolocation

Google ရဲ့ အခု Beta မှာ ပါလာတဲ့ Feature နောက်တစ်ခုကတော့ bookmarks sync Feature ဖြစ်ပါတယ်။ အဲဒီ့မှာ အရမ်းလန်းတဲ့ feature ကတော့ ဘယ်နေရာရောက်နေနေကိုယ့် Browser နဲ့ကိုယ်သုံးနေရတယ် ဆိုတဲ့ Feel ကိုလည်းပေးပါတယ်။ Very Happy ဘာလို့လဲဆိုတော့ သူက Bookmark တင်မကဘူး ၊ ကိုယ့်ရဲ့ browser settings တွေဖြစ်တဲ့ themes, home pages, Web content settings, နဲ့ language တွေအထိကိုပါ sync လုပ်ပေးသွားတယ်ဗျ။ Smile
နောက်တစ်ခုက ဘယ် extension မဆို Chrome ရဲ့ Incognito mode မှာ အလုပ်လုပ်ပြီဆိုတော့ user တွေကော ၊ developer တွေအတွက်ပါ နောက်ထပ် လုံခြုံမှုတစ်ရပ်ကို ပေးလိုက်တယ်လို့ထင်ပါတယ်။

အခု ထွက်လာတာ Beta(Preview) Release ဖြစ်လေတော့ stable version ရောက်အောင်တော့ တော်တော်စောင့်ရဦးမှာပေါ့။ ဒါပေမယ့် version 4 ထက် စာရင်တော့ ပိုကောင်းလာတဲ့အတွက် Beta ဖြစ်ပေမယ့် စမ်းသုံးကြည့်သင့်တယ်လို့ ထင်မိပါကြောင်း...

reference : Google Chrome Blog

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
ပြောဖို့ တစ်ခုကျန်ခဲ့လို့
Chrome ဘယ်လောက်မြန်တယ်ဆိုတာကို သက်သေပြထားတဲ့ Video တစ်ခုပါ...

Code:
http://www.youtube.com/watch?v=_oarMXGq3gI

တော်တော်လေးလည်း ပေါက်ပေါက်ရှာရှာလုပ်တဲ့သူတွေဗျ...
စမ်းသပ်ထားတာ သူ့ဟာနဲ့သူ ကွက်တိ။ Idea တွေကလည်း တော်တော်ကောင်းတယ်....

အမြန်သာသွားကြည့်ကြည့်လိုက်ပါ...

http://www.myanmaritresource.info

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com