Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder
Google's got a newer look! [Global News] 2yy13c5Google ရဲ့ Design အသစ်အမှန်တကယ် ထွက်ပေါ်လို့လာပါပြီ။
သတင်းက နည်းနည်းတောင် နောက်ကျသွားတယ်။ ကျွန်တော်လည်း ဒီနေ့မှ သတိထားမိလို့။ တကယ်ပြောင်းလိုက်တာကတော့ ၅ ရက်နေ့ကလို့ သိရပါတယ်။
သတိထားမိတဲ့သူတွေလည်း ထားမိကြမှာပါ.— Google ရဲ့ search results တွေကို ကြည့်ရတာ ၊ အရင်ကနဲ့ တော်တော်လေးကို မတူညီတဲ့ ခံစားမှုမျိုးလည်း အချို့အတွက် ခံစားရနိုင်ပါတယ်။
Code:
http://www.myanmaritresource.info/article-news-f197/will-this-be-the-new-google-web-designarticle-t3058.htm
အပေါ်က Link မှာတုန်းကတော့ တစ်ခါ သတင်းပေးခဲ့ပါသေးတယ်။ အခုတော့ အဲဒီ့အတိုင်း တကယ်ကို ဖြစ်လာပါပြီ။

Google Logo မှာလည်း Trademark အမှတ်အသား မပါတော့တာကို သတိထားမိပါလိမ့်မယ်။ ပြီးတော့ သူ့ရဲ့ Button Design လေး ကလည်း တော်တော်လေးကို စွဲမက်ဖို့ ကောင်းပါတယ်။
Search Suggestion လုပ်တာ အောက်မှာလည်း Button ပါ တစ်ခါတည်း ထည့်ပေးလိုက်တယ်။

Google's got a newer look! [Global News] Google-jazz-home

အသစ် ဖြည့်တဲ့ ထဲမှာမှ Search လုပ်တဲ့ အခါ result page ရဲ့ ဘယ်ဘက်မှာ ထားရှိတဲ့ search tools ကလည်း user တွေကို ပိုမိုမြန်ဆန် ၊ မှန်ကန် ၊ တိကျစေပါလိမ့်မယ်။

Google's got a newer look! [Global News] Everything+-+Wind+Power

more tools ကို နှိပ်လိုက်ရင် အရောင်နဲ့ကအစ ခွဲခြားရှာလို့ရလာမယ်။

Google's got a newer look! [Global News] Google-jazz-serp

ဒါပေမယ့် တခြားသူ အမြင်တော့ မသိဘူး ၊ ကျွန်တော့် အမြင်မှာတော့ Google Page ကြီးက ပြားသွားသလားလို့။ Very Happy သူများတွေ တအား လုံးနေချိန်မှာ သူက နည်းနည်းလေး ပြားသွားတော့ ကြည့်ရတာတောင် တစ်မျိုးဖြစ်တယ်။ Very Happy

Sponsored links ကိုလည်း ထည့်ထားတာက အရင်ကထက် ရိုးရှင်းတယ်။ သူနဲ့သက်ဆိုင်တဲ့ link ကို တိတိကျကျထည့်ထားတယ်။

Google's got a newer look! [Global News] Searchology-serp

အများကြီးအများကြီးပါဗျာ.. ကျွန်တော် သတိထားမိတဲ့ ပုံတွေကတော့ တင်လို့မရလို့ ၊ Google Blog ကနေဘဲ သူပြထားတာကို တင်ပေးလိုက်ရတယ်။ ပြောင်းထားတာတွေလည်း တချို့လည်း သတိထားမိကြမှာပါ။ (ကိုယ့်အတွက် နေ့စဉ် အသုံးအများဆုံး Tool တစ်ခုက ဘာပြောင်းသွားတယ်ဆိုတာ မသိရင်တော့ ၊ အဲဒီ့ Tool ကို သုံးတာသုံးတာ ၊ တကယ်မချစ်လို့ဘဲ။ Razz)

အခုလို ပြောင်းလဲခြင်းဟာ ၊ ဘာသာစကား ၃၇ မျိုးလုံးအတွက် Design ပြောင်းလိုက်တာဖြစ်ပြီးတော့ mobile version ကိုမူ United States မှာဘဲ Launch လုပ်ထားတာ ဖြစ်တယ်လို့လဲသိရပါတယ်။

ထပ်ပြီး ပိုသိချင်သေးတဲ့သူတွေအတွက်လည်း Link လေးရှာပြီးထည့်ပေးလိုက်ပါတယ်။
Code:
http://googleblog.blogspot.com/2010/05/spring-metamorphosis-googles-new-look.html

http://www.myanmaritresource.info

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create free forum | Computers and Internet | Computers | ©phpBB | Free forum support | Report an abuse | Forumotion.com