Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator
ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်မှ လွှင့်တင်ထားသော www.yatanarpon.com.mm အား National Web Portal တစ်ခုအဖြစ် ထွက်ပေါ်လာရေးအတွက် Content ပိုင်းများ ပိုမိုစုံလင်စွာဖြင့် ဖြည့်ဆည်းလုပ်ဆောင်နိုင်ရန်အတွက်
သတင်းဂျာနယ်၊ စာစောင်၊ ရုပ်ရှင်၊ ဂီတ၊ ဟိုတယ်ခရီးသွားလုပ်ငန်း၊ လေကြောင်းလိုင်းများ၊ ကုန်စည်ဒိုင်၊ Shopping Mall များ၊ NGO များ၊ FM လုပ်ငန်းများအပါအ၀င် Content Provider များကိုဖိတ်ခေါ်၍ မတ်လ ၁၈ ရက်နေ့ နံနက် ၁၀း၃၀ မိနစ်တွင် အခန်း ၂၀၅၊ ပင်မဆောင်၊ မြန်မာအင်ဖိုတက်ခ်၌ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ကြကြောင်း သိရှိရသည်။ Web Portal အတွက် Content Provider ဖိတ်ခေါ်ရခြင်းနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနအင်ဂျင်နီယာ ချုပ် ဦးဇော်မင်းဦးက ပြောကြားရာတွင် “ကျွန်တော်တို့အနေနဲ့ ရတနာပုံ Web Portal ကို National Web Portal ဖြစ်ဖို့ကြိုးစားကြတဲ့အခါမှာ ကုမ္ပဏီတစ်ခုချင်းအနေနဲ့ လုပ်ဆောင်လို့မရသလို ကုမ္ပဏီ ၃ ခု၊ ၄ ခုနဲ့လည်း လုပ်ဆောင်လို့မရပါဘူး။ အားလုံးက ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု ပြော ကြားခဲ့သည်။ ရတနာပုံ Web Portal အား အမျိုးသားအဆင့် Portal တစ်ခုအနေဖြင့် ဆောင်ရွက်မည်ဖြစ်သဖြင့် Content များစွာပါဝင်မည်ဖြစ်သည်။ ထိုသို့ Content များစွာပါဝင်သည့် အတွက် Provider များလည်း အမျိုးမျိုးပါဝင်မည်ဖြစ်သည်။ ဥပမာ ဗေဒင်ဟောသူများအနေဖြင့် Portal တွင် Content တစ်ခုအနေဖြင့်ဖော်ပြထားပါက ဗေဒင်ဝါသနာပါသူကလည်း အပြင်မှာမေး သကဲ့သို့ Portal တွင် ၀င်ရောက်မေးမြန်းနိုင်မည်ဖြစ်သည်။ ထိုအခါ မေးမြန်းသူနှင့်ဟောပြောသူ နှစ်ဦးနှစ်ဖက် အကျိုးရှိမည်ဖြစ်သည်။ ထို့အပြင် Download လုပ်ယူအသုံးပြုနိုင်မည့် Content ပိုင်းကဲ့သို့သော အပိုင်းကို Provide လုပ်မည့် ကုမ္ပဏီလုပ်ငန်း အဖွဲ့အစည်းများအတွက်ကိုမူ Portal မှ လုပ်ငန်းရှင်နှင့်ညှိနှိုင်းကာ ဆောင်ရွက်လုပ်ကိုင်သွားမည် ဖြစ်သည်။ ဥပမာ- Portal တွင် Ringtone ကို Provide လုပ်ထားသူအနေဖြင့် အသုံးပြုသူမှ Ringtone တစ်ခု download ဆွဲယူတိုင်း Portal မှ ညှိနှိုင်းသတ်မှတ်ပေးထားသော တန်ဖိုးငွေကို ရရှိမည်ဖြစ်သည်။ သတင်းပိုင်းကဲ့သို့သော ကဏ္ဍ အတွက်ကိုမူ သတင်းဂျာနယ်မီဒီယာများမှ update သတင်းများကို နေ့စဉ်လွှင့်တင်သွားမည်ဖြစ် သည်။ ထိုကဲ့သို့ ၀ယ်ယူရာတွင် ထိုက်သင့်သောတန်ဖိုးငွေကို Portal မှပေးသွားမည်ဖြစ်သလို သတင်းကို Portal တွင်ဖော်ပြရာ၌လည်း သတင်းနှင့်သက်ဆိုင်သော ဂျာနယ်အမည်ကို Credit ပေးသွားမည်ဖြစ်သည်။ အထက်ပါ Content ပိုင်းများအတွက်သာမကပဲ အခြားသော ကဏ္ဍ Content ပိုင်းများအတွက်ကိုလည်း Provide လုပ်လိုသူများအနေဖြင့် Portal မှတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ကြောင်း သိရသည်။ ရတနာပုံ Web Portal အား အသုံးပြုသူများအနေဖြင့် အခမဲ့ဝင်ရောက်အသုံးပြုနိုင်မည့် အပိုင်းများရှိသလို အခကြေးငွေပေးဆောင်ရမည့် အပိုင်းများလည်း ပါဝင်မည်ဖြစ်သည်။ အခကြေးငွေပေးဆောင်ရမည့် အပိုင်းအတွက်ကိုမူ ရတနာပုံ Web Portal Member ကဒ် အသုံးပြုရမည်ဖြစ်သည်။ ထို Member ကဒ်ကို ငွေကျပ်တစ်သောင်း၊ နှစ်သောင်း စသည်ဖြင့် ကဒ်အမျိုးအစားစုံလင်စွာ ရောင်းချသွားမည်ဖြစ်သည်။ ကဒ်မှတစ်ဆင့် အသုံးပြုသူ၏ ငွေကြေးပေးဆောင်မှုများကို ဖြတ်တောက်သွားမည်ဖြစ်သည်။ ဗေဒင်မေးသည့်ကိစ္စရပ်များ၊ ဂိမ်းများ Download ဆွဲခြင်း၊ Video Download ဆွဲခြင်းကိစ္စရပ်များကို အဆိုပါ Member ကဒ်ဖြင့် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ Content Provider မှ user များအသုံးပြုထားသော ငွေကြေးဆိုင်ရာများကို Portal Member ကဒ်မှတစ်ဆင့် လုပ်ဆောင်နိုင်သဖြင့် လုပ်ငန်းပိုင်းတွင်လည်း ယခင်ထက် ပိုမိုတွင်ကျယ်လာမည်ဖြစ်သည်။ လက်တလောအခြေအနေတွင် အွန်လိုင်းပေါ်တွင် ရောင်းဝယ်လုပ်ကိုင်နိုင်သောလုပ်ငန်း၊ Content မျိုးကို အဓိကထားလုပ်ဆောင်သွားမည်ဖြစ်ပြီး အသုံးပြုသူများလာပါက Online Shopping ကဲ့ သို့သော Content များကို ထပ်မံထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ရတနာပုံ Web Portal သို့ Content Provider များအဖြစ်ဆောင်ရွက်ရန် စိတ်ပါဝင်စားသူများအနေဖြင့် Portal မှ တာဝန်ရှိသူများဖြစ်သော ဒေါ်နွယ်နီဝင်း ဖုန်း- ၂၁၄၂၉၆၊ ဦးနေလင်းထွန်း ဖုန်း- ၀၉၅၀ ၂၁၀၇၂ ၊ ပရိုဂျက်မန်နေဂျာ ဦးကျော်စိုးမင်း ဖုန်း- ၀၉၅၀၈၇၂၆၃ သို့ ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။

Ref: internetjournal

http://sidnaing.co.cc/

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com