Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator
ဖိုင်ဘာကြိုးဖြင့်အင်တာနက်ချိတ်ဆက်ခြင်းကို ပြင်ဦးလွင်မြို့တွင် မတ်လ ၂၇ ရက်နေ့၌ စတင်မိတ်ဆက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ယခုနှစ်ဆန်းပိုင်းမှစတင်၍ ပြင်ဦးလွင်မြို့တွင်ဖိုင်ဘာကြိုးဖြင့်အင်တာနက် ချိတ်ဆက်ခြင်းကိုစမ်းသပ်အသုံးပြုခွင့်ပေးခဲ့ပြီး မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့တွင်လည်း ယခု နှစ်အတွင်း အသုံးပြုနိုင်ရန်စီစဉ်လျက်ရှိကြောင်းသိရသည်။ ၎င်းစနစ်သည်အင်တာနက်ချိတ် ဆက်ခြင်းသာမက ရုပ်မြင်သံကြားစနစ်နှင့် VoIP ဖုန်းများကိုလည်းအသုံးပြုနိုင်ကြောင်းသိရ သည်။
ရုပ်မြင်သံကြား စနစ်အတွက် 20 Mbps အထက်၊ အင်တာနက်တွက် 50Mbps အ ထက်ရရှိနိုင်ကြောင်းလည်းသိရသည်။ ဖိုင်ဘာဖြင့် အင်တာနက်ချိတ်ဆက်ခြင်းဖြင့် အသုံးပြု သော GPON ( Gigabit Passive Optical Network) စနစ်မှာ လက်ရှိ ADSL စနစ်ထက် တပ်ဆင်ရန် နေရာ အနည်းငယ်သာ လိုအပ်ခြင်း၊ ကေဘယ် အနည်းငယ်သာ လိုအပ်ခြင်း ကြောင့်ကေဘယ်အတွက် ကုန်ကျစရိတ်သက်သာခြင်း၊ စွမ်းအင်သုံးစွဲမှုကိုးဆခန့်သက်သာ ခြင်း၊ တပ်ဆင်မှုစရိတ် သုံးဆခန့်သက်သာခြင်း၊ ပြုပြင်ထိန်းသိမ်းမှု စရိတ် ၁၈ ဆခန့်သက် သာခြင်းစသည့်အားသာချက်များ ရှိကြောင်းသိရသည်။ ထို့ပြင် GPON စနစ်သည် ၂၀ ကီ လိုမီတာအထိ မည်သည့်ပစ္စည်းမှ ထပ်ထည့်ရန်မလိုဘဲဆက်သွယ်နိုင်ကာ Bandwidth မှာ 2.5 Gbps ရှိကြောင်းလည်း သိရသည်။ “ဒီစနစ်က နည်းပညာ အရဆိုရင် ဘာမှပြောစရာ မရှိပါဘူး။ ဒါပေမယ့် တကယ်ချပေးတဲ့အခါအသုံးပြုသူတွေကို Bandwidth ဘယ်လောက် ပေးမှာလဲ၊ တပ်ဆင်အသုံးပြုခကိုဘယ်လိုသတ်မှတ်မှာလဲဆိုတာတော့စောင့်ကြည့်ရဦးမှာ ပါ” ဟု အင်တာနက်ကဖေးပိုင်ရှင်တစ်ဦးကဆိုကြောင်း ၂၀၁၀ ခုနှစ် မတ်လ ၂၆ ရက်နေ့ ထုတ် Bi Weekly Eleven ဂျာနယ်တွင်ဖော်ပြထားပါသည်။



Ref: mtalk

http://sidnaing.co.cc/

MagicEyez

MagicEyez
MITR New User



ဟုတ်မှလဲ လုပ်ပါဗျာ လို့ တော့ မပြောချင်တော့ ပါဘူးလေ.............. ရတနာပုံ ဆာဗာလည်း ထိပြီးသွားပြီ.... သူတို့တွေ security ကိုဘယ်လို ထိန်းချုပ်မှာ လဲတော့မသိဘူး...... ကွန်နက်ရှင်လေးကောင်းလာပြီဆို လက်တည့်စမ်းချင်တဲ့ သူတွေကများတယ်.... လုပ်တော့ မလုပ်လိုက်နဲ့နော်.... လက်ထိပ်က နီးနီးလေးရယ်.. :cry

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com