Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder
သင့်ကိုယ်သင် Web Designer ကောင်းတစ်ယောက် ၊ HTML & CSS Master တစ်ယောက်လို့ ခံယူထားပြီလား?
CSS ကို သင်ကောင်းစွာ နားလည်သဘောပေါက်နေပြီလို့ကော သင်ထင်နေပါပြီလား?

သင့်ကိုယ်သင် အဲဒီ့လို ထင်ထားတာဟာ မှန်နေမယ်ဆိုရင်တော့ အခု ပြောမယ့် အကြောင်းကို သင်ကောင်းကောင်း သိပြီးသားဖြစ်နေမှာပါ။

သင့်အနေနဲ့ HTML Attributes တိုင်းကို CSS က access လုပ်ခွင့်ရှိတယ်ဆိုတာ သင်ကောင်းစွာ နားလည်သဘောပေါက်ထားပါသလား? သဘောပေါက်တယ်ဆို ဆက်မဖတ်ပါနဲ့တော့။ အခုပြောမယ့်အကြောင်းအရာတွေက သင်နားလည်ပြီးသားတွေမို့လို့ပါ။ Smile

အများစုသော သူတွေဟာ CSS ကို လေ့လာကြတယ်။ အဲလို လေ့လာကြပြီး တစ်ပတ်အတွင်းမှာတင် သူတို့ကိုယ်သူတို့ CSS ဆိုတာကို သိသွားပြီ ၊ နားလည်သွားပြီလို့လည်း မှတ်ယူလေ့ရှိကြတယ်။ (HTML အခြေခံပိုင်ထားတယ်ဆိုရင်ပေါ့)
အဲလိုထင်ကြတာလည်း မှန်ပါတယ်။ ဘာလို့လည်း ဆိုတော့ CSS က ရိုးရှင်းတယ် ၊ လွယ်ကူတယ် ၊ လေ့လာတဲ့အခါမှာလည်း အခက်အခဲမရှိလေ့လာနိုင်နေလို့ပါဘဲ။
ဒါပေမယ့် တကယ်တမ်းကျတော့ သူတို့ဟာ CSS ရဲ့ အဓိက Main Concept တွေ ကို နားမလည်ကြပါဘူး ၊ သဘောမပေါက်ကြသေးပါဘူး။ CSS ကို အပြည့်အ၀ ကျွမ်းကျွမ်းကျင်ကျင်နဲ့ အသုံးပြုပြီးတော့ Design တစ်ခုကို အမှန်တကယ် implementation လုပ်နိုင်တဲ့သူကလည်း တော်တော်ကို ရှားပါတယ်။ ဘာလို့လဲ? ဘာလို့လဲဆိုတော့ ခုနကလိုဘဲ CSS ကို သေချာသဘောမပေါက်လို့လို့ဘဲ ပြောချင်ပါတယ်။

ယနေ့ခေတ်မှာ HTML ဆိုတာကို Content အတွက်ဘဲသုံးသင့်ပြီးတော့ ၊ Style အတွက်ကိုတော့ CSS ကိုသာ အသုံးပြုသင့်နေပါပြီ။ (HTML 5 ထွက်လာရင်တော့ ပိုကောင်းတဲ့ Feature တွေကို CSS 3 နဲ့တွဲသုံးလာနိုင်ရင် အရမ်းကိုကြီးမားတဲ့ အပြောင်းအလဲတွေလည်း ဖြစ်လာနိုင်ပါတယ်)

ကဲ အခု ကျွန်တော့်အနေနဲ့ CSS က HTML ရဲ့ Attribute တိုင်းကို ထိန်းချုပ်နိုင်စွမ်းရှိတယ်ဆိုတာ ပြောပြပေးပါမယ်။ အဲဒါက တကယ့်ကို CSS ကို နားလည်သဘောပေါက်စေမယ့် အကောင်းဆုံးနည်းဖြစ်ပါတယ်။
(အခု စာဖတ်သူအနေနဲ့ လိုအပ်တာကတော့ CSS အခြေခံနဲ့ HTML အခြေခံလောက်တော့ရှိရမှာပေါ့နော်။ ကျွန်တော်က Coding ရှင်းပြမှာမဟုတ်ပါ၊ concept ရှင်းပြမှာဖြစ်ပါတယ်။)

အခု စာဖတ်သူအနေနဲ့ Image တစ်ခုနဲ့ Link တစ်ခုကို HTML နဲ့ ရေးထားပြီဆိုပါတော့၊ ပုံမှန်အားဖြင့် စာဖတ်သူတို့ ရေးမယ့်ပုံစံက

Code:
< img src="http://www.myanmaritresource.info/picture.gif" >
Code:
< a href="http://www.myanmaritresource.info/portal.htm" >MITR Portal Page< /a >

src နဲ့ href ဆိုတာတွေက HTML attribute တွေဖြစ်တယ်ဆိုတာတော့ သိကြမှာပါ။
ကဲ အခု အဲဒီ့ Attribute ၂ ခုကို CSS ကို အသုံးပြုပြီးတော့ accessible လုပ်လို့ရတယ်ဆိုတာ ပြပါမယ်။ (CSS 2 ကစပြီးတော့ accessible လုပ်လို့ရလာတာဖြစ်ပါတယ်။)

စာဖတ်သူအနေနဲ့ အပေါ်မှာရေးခဲ့တဲ့ image တစ်ခုထဲကိုဘဲ outset border တစ်ခုထည့်ချင်တယ်ဆိုပါတော့ ၊ အဲဒါဆိုရင် စာဖတ်သူတို့ရေးရမယ့် CSS code ကတော့
Code:
img[src="http://www.myanmaritresource.info/picture.gif"] {border:2px outset #808080;}
စာဖတ်သူအနေနဲ့ သိပ်မရင်းနှီးတဲ့ CSS ပုံစံမျိုးဖြစ်နေမယ်ထင်တယ်နော်။ Smile

နောက်တစ်ခုအနေနဲ့ အပေါ်က Link လေးတစ်ခုထဲကိုဘဲ တခြား Font တွေထက် သေးစေချင်ရင်တော့
Code:
a[href="http://www.myanmaritresource.info/portal.htm"] {font-size:9px;}
ဘယ်လောက် လှသလဲ။ Very Happy အကုန်လုံးကို ထိန်းချုပ်ခွင့်ရှိနေတယ်နော်။

နောက်ထပ် တစ်ခု လက်ဆောင်ပေးချင်တာက အခု ကျွန်တော်တို့ Myanmar IT Resource Forum လိုမျိုး ၊ ပုံစံတူ Forum တွေအတွက်ပါ။ (အခု Forum လုပ်ချင်တဲ့သူ တော်တော်များများက ကျွန်တော်တို့ ယူထားတဲ့ Host ကနေ ယူလာကြတာတွေ့ရလို့ပါ။ သူတို့အတွက် Tricks လေးအနေနဲ့ လက်ဆောင်ပေးတာပါ။)
Online Status ကို Member တွေက သူတို့ကိုယ်တိုင် ဖျောက်မှာကို မလိုလားရင် အောက်က Code လေးနဲ့ ကန့်သတ်လိုက်ပေါ့။
Code:
input[name="hideonline"] {display: none;}
အဲဒါဆိုရင်တော့ Profile Page က radio button လေး ကို သင့်ရဲ့ Member တွေ မြင်ရတော့မှာ မဟုတ်ဘူးပေါ့။ Very Happy

နောက်တစ်ခုလက်ဆောင်ပေးချင်သေးတာက ကျွန်တော်တို့ဆီမှာဆို Nav Bar မှာ သူတို့ရဲ့ Default FAQ icon/link မပါဘူးလေ။ အဲဒါ ဘယ်လိုလုပ်ထားလဲဆိုတော့ အောက်က Code လေးနဲ့ဘဲလုပ်ထားတာပါ
Code:
a[href="/faq.htm"] {display: none;}
သင် မျက်စိ နောက်နေတဲ့ Faq Icon ကြီး ပျောက်သွားပြီပေါ့နော်။

ကဲ ဒါကတော့ CSS က HTML ရဲ့ attribute တိုင်းကို accessible လုပ်လို့ရတယ်ဆိုတဲ့ သက်သေဘဲဖြစ်ပါတယ်။
အပေါ်ဆုံးမှာ ပြောခဲ့သလို သင့်ကိုယ်သင် ထင်ထားသလို မဟုတ်သေးရင်တော့ CSS ကို သေချာပြန်လေ့လာပြီး ၊ နားလည်သဘောပေါက်အောင် ထပ်ကြိုးစားပါဦး။

အော် အခု codes အားလုံး IE6 မှာ အလုပ်မလုပ်ဖူးနော်။ IE 7 နဲ့ အထက်ကိုဘဲ သုံး။ (ဖြစ်နိုင်ရင် IE ကို သုံးမနေပါနဲ့။ ဒါပေမယ့် IE 9 ထွက်လာရင်တော့ သုံးကြည့်ကြပေါ့။ Smile)

အားလုံး ပျော်ရွှင်ပါစေဗျာ
$ƴǩǾ

စာကြွင်း ။ ။ အိမ်မှာ စာကျက်ရာက စိတ်မငြိမ်လို့ ၊ စိတ်ပြေလက်ပျောက် Tutorial တစ်ခုလာရေးပေးတာပါ။ ကျွန်တော်လည်း CSS Beginner တစ်ယောက်ပါဘဲ။ ကဲ ၊ အားလုံးဘဲ ပျော်ရွှင်ပါစေ။ စာမေးပွဲဖြေနိုင်ဖို့ စာ ပြန်ကျက်လိုက်ဦးမယ်ဗျာ။ Smile



Last edited by SYKO on 24th April 2010, 3:50 pm; edited 2 times in total

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
CSS ရဲ့ Attribute Selector တွေက တော်တော် စိတ်ဝင်စားဖို့ကောင်းပြီးတော့ ၊ အားလုံးက တော်တော်လေး powerful ဖြစ်ပါတယ်။ သင်လိုချင်တာကိုလည်း အမြန်ဆုံးရစေပါတယ်။

css3 selectors တွေဆို ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းပါသေးတယ်။ (Browser တွေသာ support လုပ်လာမယ်ဆိုရင်ပေါ့။)

ဆက်လက် လေ့လာကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
သင့်ရဲ့ User တွေထဲမှာ IE6 user တွေရှိရင် Warning Message ပေးဖို့ပေါ့။ Razz
Code:
http://www.myanmaritresource.info/cascading-style-sheet-f30/create-your-own-warning-message-for-ie6-users-t2849.htm#14197

http://www.myanmaritresource.info

Opera

Opera
MITR Reader



MITR Reader
Its really fun to learn CSS. Its easy to learn but not easy to code.

When you start making a template you'll face lots of browser compatibility problems, position problems, float problems, box-model problems Crazy?

Its easy to edit but hard to develop full templates. Its even more difficult to make the templates fully standard compliant, cross-browser compatible and flexible for editing.

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com