Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder
Linux Platform နဲ့ MS Platform Network ချိတ်ရာမှာ လွယ်လား ၊ ခက်လား?
ဘယ်လို ချိတ်ရလဲ? ဆိုတာကို Internet မှာ မရှာဘဲနဲ့ ကိုယ်တိုင်စမ်းသပ်ပြီးတော့ သိလာတာလေးတွေကို တိုင်ပင်ဆွေးနွေးကြည့်စေချင်ပါတယ်။
ဘယ် Linux အမျိုးအစား။ ဘယ်လို Windows အမျိုးအစားကို မဆို တွဲဖက် ချိတ်ပြနိုင်ပါတယ်။

ဘာရယ်တော့မဟုတ်ဘူး။ ကျနော့်သူငယ်ချင်းတစ်ယောက်က မေးလာတာနဲ့ ဒီမှာလည်း ပြန်မေးကြည့်တာပါ။ ဖိုရမ်ထဲမှာ Networking ကျွမ်းကျင်တဲ့သူတွေများတယ်ထင်ပါတယ်။
ပညာစမ်းတာမဟုတ်ဘူးနော်။ စမ်းကြည့်စေချင်တာရယ် ။ ရလာတဲ့ အဖြေအမျိုးမျိုးကို အချင်းချင်းလေ့လာလို့ရစေချင်တာ ရယ်ကြောင့် Topic စပေးတာပါ။ ကိုယ်တိုင်ကတော့ Network သမား မဟုတ်ဘူး။ Smile

http://www.myanmaritresource.info

xtrm

xtrm
VIP Member



VIP Member
Networking ဆိုတာ platform independent ပါ။ Hardware ပိုင်းရော OS ရော independent ပါ။ IBM တွေအချင်းချင်းမှ ရမယ်လို့မရှိသလို၊ MS Windows အချင်းချင်းပဲရမယ်လို့လည်း မရှိပါဘူး။ WINS ပဲဖြစ်ဖြစ် *NIX ပဲဖြစ်ဖြစ်၊ OSX ပဲဖြစ်ဖြစ်ပါ၊ TCP/IP support လုပ်သရွေ့ကတော့ TCP/IP network ဘယ် network ကိုမဆို ဝင်ချိတ်လိုက်လို့ရတာပဲ။ Network ချိတ်တယ်ဆိုတာ Operation system ကြီးတွေကို ချိတ်တာမှ မဟုတ်တာဗျာ။ Network printer တွေ၊ DSL router တွေ ၊ wireless router တွေဆို OS ပါတာမှ မဟုတ်တာ။ Protocol တစ်ခုနဲ့ ချိတ်ကြတယ်၊ အဲ protocol နဲ့အလုပ်လုပ်နိုင်တယ့် ဘယ်အရာကမဆို ဝင်ချိတ်လို့ရတယ်။ MS windows အချင်းချင်း ကိုပဲ တစ်လုံးမှာTCP/IP uninstall လုပ်ပြီး ချိတ်ကြည့်ခိုင်းလိုက်ပါ။ ဒါဆို OS က အဓိကမဟုတ်ဖူး Protocol က အဓိကဆိုတာ သူကွဲပြားသွားပါလိမ့်မယ်။

Novell ရဲ့ IPX/SPX သုံးတယ့် network ထဲကို Windows computer ကြီးမပြီးသွားချိတ်ရင် ဘယ်ရမလည်း။ ဒါ Novell နဲ့ MS windows ဖြစ်နေလို့မဟုတ်ဖူး။ Windows ပေါ်မှာ IPX/SPX support install လိုက်ရင်ရသွားမယ်။ Network တစ်ခုချိတ်တာ OS က အဓိကမဟုတ်ဖူး၊ Protocol ကအဓိက ဆိုတာကို ပြောချင်တာပါ။ အခုက အားလုံး TCP/IP ကိုပဲ standard လုပ်ပြီးသုံးနေတာပဲ။ Windows ဖြစ်ဖြစ် Linux ဖြစ်ဖြစ် IP / Subnet / Gateway / DNS မှန်အောင်ပေးလိုက်ရင် ရနေပြီ။ DHCP network ဆိုရင် plug လေးထိုးလိုက်ရင်ကိုရပြီ။

File sharing အတွက်ဆိုရင်သာ နည်းနည်းပြသနာရှိမယ်။ MS မှာ file sharing က SMB ကိုသုံးတယ်။ NIX မှာက NFS ကိုသုံးတယ်။ ( Mac တော့ ကျနောမသိပါ။) NIX ပေါ်မှာ SMB သို့မဟုတ် CIFS file system support install လုပ်လိုက်ရင် MS windows နဲ့ အပြန်အလှန် file share လို့ရပြီ။ ဒါလည်း ခက်ခက်ခဲခဲ လက်ပေါက်ကပ်တာမျိုး မဟုတ်ဖူး။

သရဲ

သရဲ
MITR Reader



MITR Reader
ရှင်းတာကောင်းတယ်ဗျာ။ အဲ smb တွေ cifs တွေကို ဘယ်ကရနိုင်၊ ဘယ်လို install လုပ်ရမယ်...ဆိုတာလေး...

xtrm

xtrm
VIP Member



VIP Member
ခုနောက်ပိုင်း Linux တိုင်းမှာ smb နဲ့ cifs ကို Kernel native support အနေနဲ့ ပါပါတယ်။ ဘာမှ ထပ်မလိုပဲကို သုံးလို့ရတာများပါတယ်။ Kernel native support မဟုတ်မှသာ install ထပ်လုပ်ရပါတယ်။ ဒါကတော့ ကိုယ်ဟာကို kernel compile လုပ်သုံးကြည့်ရင် သိပါလိမ့်မယ်။

ဘယ်လို install ရမလည်းဆိုတာကတော့ ဘယ် Linux distro ပေါ်မှာ ၊ ဘယ် package manager (e.g; apt-get, yum, yast, pup, synaptic) သုံးတယ်ဆိုတာပေါ် မူတည်ပါလိမ့်မယ်။ Internet ရှိရင် One line command ပါ။ samba-client ဆိုတယ့် package ကိုရှာပြီး install လိုက်ရုံပါပဲ။

သရဲ

သရဲ
MITR Reader



MITR Reader
ဒါဆို လင်းနစ်ကိုဆာဗာထိုင်းပီး ဝင်းဒိုး စက်တွေနဲ့ တွဲပီး အင်တာနက်ချိတ်မယ်ဆိုရင် setting တွေ ဘယ်လို ထားရမလဲဗျ

sHa92

sHa92
Founder



Founder
ကို xtrm ရှင်းထားတာတော့ တကယ့်ကို ကောင်းတယ်ဗျာ။
ကို သရဲ က ထပ်ပြီးမေးထားတော့ ပိုပြည့်စုံလာတယ်။

ခက်တာက ကျနော့်သူငယ်ချင်းက Ubuntu နဲ့ XP ချိတ်တာ မရလို့တဲ့ဗျ။ ဘယ်လိုချိတ်ချိတ် ၊ ချိတ်လို့မရဘူး ဖြစ်နေလို့ပါတဲ့။ အစ်ကို ပြောသလိုဆိုတော့လည်း သိပ်ပြီး ပြဿနာရှိမယ့်ပုံ မပေါ်လောက်ပါဘူး။
ကျနော်လည်း ကိုယ်တိုင်စမ်းကြည့်ဦးမယ်။ Smile

ဆက်မေးကြ ဆက်ဖြေကြဦးနော်။
လေ့လာလို့ရတာပေါ့။ ကျေးဇူးတင်ပါတယ်ဗျာ

http://www.myanmaritresource.info

xtrm

xtrm
VIP Member



VIP Member
သရဲ wrote:ဒါဆို လင်းနစ်ကိုဆာဗာထိုင်းပီး
ဘာ server ထိုင်ချင်တာပါလိမ့်? Internet သုံးဖို့ဆိုတော့ Squid နဲ့ proxy လုပ်ချင်တာလို့ထင်တယ်။ ဒါဆို Squid ကို configure လုပ်ပေးရုံပါပဲ။ Squid လုပ်တက်ဖို့ပဲလိုပါတယ်။

သရဲ wrote:ဝင်းဒိုး စက်တွေနဲ့ တွဲပီး အင်တာနက်ချိတ်မယ်ဆိုရင် setting တွေ ဘယ်လို ထားရမလဲဗျ
Microsoft ISA proxy သုံးတယ့် အတိုင်းပဲပေါ့။ Browser က proxy နေရာမှာ Squid IP address ပေးလိုက်ရုံပေါ့။


$ƴǩǾ wrote:ခက်တာက ကျနော့်သူငယ်ချင်းက Ubuntu နဲ့ XP ချိတ်တာ မရလို့တဲ့ဗျ။ ဘယ်လိုချိတ်ချိတ် ၊ ချိတ်လို့မရဘူး ဖြစ်နေလို့ပါတဲ့။
သူက ဘာတွေ ဘယ်လိုလုပ်ဖို့ကြိုးစားနေလို့ပါလိမ့်။ Network information ( IP / subnet / gateway / dns) ဘာညာက installation ကတည်းကတောင် ပေးလို့ရနေပြီ။ ကျနော်တို့ဆိုရင် CD / DVD တွေနဲ့ install ရင် အခွေမကောင်းတာတို့ ဘာတို့ဖြစ်ရင် ရှုပ်လို့၊ နောက်ပြီး server အများကြီး တစ်ပြိုင်ထဲ setup လုပ်ရရင် DVD တွေနဲ့ ရှုပ်လို့ အမြဲ kickstart နဲ့ Network installation ပဲလုပ်တယ်။ Linux တောင် မတင်ရခင်မှာ ကတည်းက network ဆိုတာကရနေပြီလေ။ [You must be registered and logged in to see this image.]

လုပ်ကြည့်ပါ။ မရရင် ဘာတွေလုပ်ကြည့်လို့ ဘယ်လိုမရတာလည်းပြောပါ။ ကျနော် ကူညီနိုင်မှာပါ။ [You must be registered and logged in to see this image.]

moeyake

moeyake
Moderator



Moderator
ကို xtrm ရေ ဖြစ်နိုင်ရင် linux ဆာဗာထိုင်ရင် ဘယ်လိုအကျိုးအပြစ်တွေရှိတယ်ဆိုတာရယ်၊ ဘယ်လို configure လုပ်ရမယ်ဆိုတာလေးတွေရေးပေးပါလား။ linux ဆာဗာထိုင်ချင်တဲ့သူ(ကျွန်တော့်လိုလူ) အတွက် အများကြီးအထောက်အကူပြုလို့ပါ။
ကျေးဇူးတင်ပါတယ်။

sHa92

sHa92
Founder



Founder
xtrm wrote:
$ƴǩǾ wrote:ခက်တာက ကျနော့်သူငယ်ချင်းက Ubuntu နဲ့ XP ချိတ်တာ မရလို့တဲ့ဗျ။ ဘယ်လိုချိတ်ချိတ် ၊ ချိတ်လို့မရဘူး ဖြစ်နေလို့ပါတဲ့။
သူက ဘာတွေ ဘယ်လိုလုပ်ဖို့ကြိုးစားနေလို့ပါလိမ့်။ Network information ( IP / subnet / gateway / dns) ဘာညာက installation ကတည်းကတောင် ပေးလို့ရနေပြီ။ ကျနော်တို့ဆိုရင် CD / DVD တွေနဲ့ install ရင် အခွေမကောင်းတာတို့ ဘာတို့ဖြစ်ရင် ရှုပ်လို့၊ နောက်ပြီး server အများကြီး တစ်ပြိုင်ထဲ setup လုပ်ရရင် DVD တွေနဲ့ ရှုပ်လို့ အမြဲ kickstart နဲ့ Network installation ပဲလုပ်တယ်။ Linux တောင် မတင်ရခင်မှာ ကတည်းက network ဆိုတာကရနေပြီလေ။ [You must be registered and logged in to see this image.]

လုပ်ကြည့်ပါ။ မရရင် ဘာတွေလုပ်ကြည့်လို့ ဘယ်လိုမရတာလည်းပြောပါ။ ကျနော် ကူညီနိုင်မှာပါ။ [You must be registered and logged in to see this image.]

ဟုတ်ဘူးဗျ.... သူက Ubuntu Server Edition နဲ့ XP နဲ့ ချိတ်ချင်တာဆိုတော့ Ubuntu Server Edition ကို မကိုင်တတ်တာလို့ ထင်တယ်ဗျ။

http://www.myanmaritresource.info

သရဲ

သရဲ
MITR Reader



MITR Reader
xtrm wrote: Internet သုံးဖို့ဆိုတော့ Squid နဲ့ proxy လုပ်ချင်တာလို့ထင်တယ်။

Squid အပြင် ဘာတွေရှိသေးလဲဗျ။...

bluehack

bluehack
Moderator



Moderator
$ƴǩǾ wrote:
xtrm wrote:
$ƴǩǾ wrote:ခက်တာက ကျနော့်သူငယ်ချင်းက Ubuntu နဲ့ XP ချိတ်တာ မရလို့တဲ့ဗျ။ ဘယ်လိုချိတ်ချိတ် ၊ ချိတ်လို့မရဘူး ဖြစ်နေလို့ပါတဲ့။
သူက ဘာတွေ ဘယ်လိုလုပ်ဖို့ကြိုးစားနေလို့ပါလိမ့်။ Network information ( IP / subnet / gateway / dns) ဘာညာက installation ကတည်းကတောင် ပေးလို့ရနေပြီ။ ကျနော်တို့ဆိုရင် CD / DVD တွေနဲ့ install ရင် အခွေမကောင်းတာတို့ ဘာတို့ဖြစ်ရင် ရှုပ်လို့၊ နောက်ပြီး server အများကြီး တစ်ပြိုင်ထဲ setup လုပ်ရရင် DVD တွေနဲ့ ရှုပ်လို့ အမြဲ kickstart နဲ့ Network installation ပဲလုပ်တယ်။ Linux တောင် မတင်ရခင်မှာ ကတည်းက network ဆိုတာကရနေပြီလေ။ [You must be registered and logged in to see this image.]

လုပ်ကြည့်ပါ။ မရရင် ဘာတွေလုပ်ကြည့်လို့ ဘယ်လိုမရတာလည်းပြောပါ။ ကျနော် ကူညီနိုင်မှာပါ။ [You must be registered and logged in to see this image.]

ဟုတ်ဘူးဗျ.... သူက Ubuntu Server Edition နဲ့ XP နဲ့ ချိတ်ချင်တာဆိုတော့ Ubuntu Server Edition ကို မကိုင်တတ်တာလို့ ထင်တယ်ဗျ။
Windows နှင့် Linux ချိတ်ဖို့အတွက် ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်လေးကိုပဲညွှန်းလိုက်ပါမယ်။အဲဒီအထဲမှာတော့ Linux နှင့်ပတ်သက်တဲ့ အခြေခံတွေကိုရေးသားပေးထားပါတယ်။
တချို့လဲဖတ်ဖူးကြမှာပါ မြန်မာလိုပြန်ရေးထားတဲ့ Linux OS Myanmar Version ဆိုတဲ့စာအုပ်ပါ။အကယ်၍ ရှာမတွေ့ခဲ့ရင်ကျွန်တော်ပြန်တင်ပေးပါမယ်။အားလုံးဒေါင်းလို့ရအောင်လို့ပါ။

bluehack

bluehack
Moderator



Moderator
٨††∂¢қєř wrote:ကျနော်တင်ပေးထားတာရှိပါတယ်။
Ebooks>>Linux Ebooks>>Burmese Ebooks
ရှဲ ရှဲ ဒါဆိုရင်ထပ်မတင်တော့ဘူးနော်။ ကို attacker ပြောတဲ့နေရာမှာပဲဝိုင်းဒေါင်းလိုက်ကြတော့နော့ cheers

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com