Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

ဘီလူး

ဘီလူး
Reviewer



Reviewer
မြန်မာနိုင်ငံမှ Networking ပိုင်းစိတ်ဝင်စားသူတွေအတွက်က ပညာရေးလမ်းကြောင်းအနေနဲ့  နှစ်မျိုးရှိပါတယ်။
ပထမတစ်ခုကတော့ microsoft plat form ဖြစ်ပြီး နောက်တစ်ခုကတော့ Cisco plat form ပါ ။ မိမိနှစ်သက်ရာကိုရွေးနိုင်ပါတယ်။
အဲဒီမှာ microsoft က subject 7 ခုဖြေရပါတယ်။ ပထမတစ်ခုဖြေလို့ အောင်ပြီးတာနဲ့  MCP (microsoft certified professional)လက်မှတ်ပေးပါတယ်။ သူကသင်တန်းကြေးအနေနဲ့ သင်တန်းတက်မယ်ဆိုရင်တော့ ၇၀၀၀၀-၈၀၀၀၀

ကြားရှိပြီး၊စာမေးပွဲကြေးအနေနဲ့ တော့ $၅၀လို့ သိရတယ် ။ နောက်ထက်သုံးဘာသာဖြေရင် MCSA (microsoft certified system administrator) ဆိုတဲ့လက်မှတ်ပေးပါတယ် ။ ဒီနိုင်ငံမှာဒီလက်မှတ်နဲ့ ဆိုရင်တော်တော်လေးကို အလုပ်လုပ်နိုင်ပါတယ် ။

Microsoft နဲ့ နိုင်ငံတကာကို တိုးချင်ရင်တော့ နောက်ထက်သုံးဘာသာဇြေရပါမယ်။ ပြီးရင်တော MCSE (Microsoft certified System Engineer) လက်မှတ်ရပါတယ် ။ သူကတော့ Microsoft platform မှာဒီနိုင်ငံအတွက် နောက်ဆုံးပါပဲ။

ဒါပေမယ့်နိုင်ငံတကာမှာလည်းဝင်တိုးနိုင်ပါတယ် ။သို့ ပေမယ် certificated တွေဘယ်လောက်ရရ ကိုယ်ရဲ့ စိတ်ဝင်စားမှုနဲ့ ကျွမ်းကျင်မှုအပေါ်လဲမှု တည်ပါတယ်။နောက်လမ်းကြောင်းတစ်ခုဖြစ်တဲ့ Cisco ကတော့ဒီနိုင်ငံမှာ exam center

မရှိသေးပါဘူး။အနိမ့်ဆုံးထိုင်းနိုင်ငံမှာဖြေရမှာပါ။သူရဲ့ သင်တန်းကြေး ကတော့ ၂၀၀၀၀၀-၃၀၀၀၀၀ လောက်ထိရှိပါတယ် ။ ဒါတောင် exam ကြေးမပါသေးပါဘူး ။ Cisco ရဲ့ အားသာချက်ကတော့ သူကတစ်ဘာသာပဲဖြေရပါတယ်။ နိုင်ငံတကာမှာအဲဒီလက်မှတ်က

တော်တော်ကိုအသုံးဝင်ပါတယ် ။ အောင်ဖို့ လည်းခက်ပါတယ် ။ အောင်ခဲ့ရင်CCNA ဆိုတဲ့လက်မှတ်ပေးပါတယ်၊Cisco certificate in network accociated လို့ ထင်ပါတယ်။ သူ့ အထက်မှာ CCNP တို့  CCNE တို့ ရှိပါသေးတယ်။Networking association

ကြီးကပေးလို့ တော်တော်လေးကို အလုပ်အကိုင်ကောင်းပါတယ် ။ ဒါတွေကတော့ networking စိတ်ဝင်စားသူတွေအတွက် လမ်းကြောင်းတွေပါ

ဆက်လက်ဆွေးနွေးအကြံပြုချင်ရင်ဒီ topic လေးမှာဆွေးနွေးကြတာပေါ့


အခုပြင်ပေးလိုက်ပါတယ် ။ နောက်ကို ပို့စ်တင်ရင် စာကို Space ခြားပြီးရိုက်ပေးပါ ။

Global Moderator

samurai

privatene0

privatene0
MITR New User



အခုတော့ cisco ကို myanmar inspiration မှာဖြေလို့ရပါတယ်။

CCNA ကိုရဖို့အတွက် လမ်းကြောင်းနှစ်ခုရှိပါတယ်။

(၁) CCNA (640-802) ကိုတိုက်ရိုက်ဖြေတာပါ။
(၂) ICND1 (640-822) ကိုပထမဖြေပြီး
ICND2 (640-816) ကိုဖြေတာပါ။
များသောအားဖြင့်ကတော့ CCNA ကိုတိုက်ရိုက်ဖြေတာများပါတယ်။ ICND အတွက်ကတော့ ဒီမှာ ဖြေလို့ရမရ ကျွန်တော်လည်းသေချာမသိပါ။ CCNA ကိုဖြေလို့ရတာတော့သေချာပါတယ်။

exam fee ကတော့ us$ 250 နဲ့ညီတဲ့ မြန်မာငွေ + registration fee က ၇ သောင်းခွဲပါ။
အဲဒီတော့ အနည်းဆုံး ၃သိန်း နှစ်သောင်းနီးပါးလောက်ကျပါတယ်။ training fee ကတော့ မသိပါ။

ko phyo

ko phyo
MITR New User



မသိလို့မေးကြည့်ပါမယ်... မြန်မာ့ကွန်ပျူတာအဖွဲ့ ကအသိမှတ်ပြုတဲ့ MCPA လက်မှတ်က ဘယ်လောက်အတိုင်အတာအထိ ကောင်းပါသလဲ...။ မြန်မာနိုင်ငံထဲမှာဘဲ အလုပ်လုပ်မဲ့လူတွေအတွက် အဲဒီလက်မှတ်က ဘာတွေအထောက်အကူပြုပါသလဲ...။ mcsa ကိုမဖြေခင်... ကို့ကိုယ်ကို စမ်းသပ်တဲ့အနေနဲ့ မြန်မာနိုင်ငံက အသိအမှတ်ပြု MCPA ကို ဖြေကြည့်ခြင်ပါတယ်.. အဲဒီအကြောင်းလေးကို နည်းနည်းလောက်ရှင်ပြပါ.

xtrm

xtrm
VIP Member



VIP Member
Microsoft Platform ပဲဖြစ်ဖြစ် *nix platform ပဲဖြစ်ဖြစ် ၊ ဒါ Network engineering မဟုတ်ပါဘူး။ Systems Engineering ပါ။ Network Systems Engineer လို့လည်း ရောပြီးခေါ်ပါတယ်။ ဒါပေမယ့် Network Engineer လို့တော့ မခေါ်ပါဘူး။

Network Engineering မှာ နာမည်အရှိဆုံး Certification trends က Cisco ပါ။ သူ့နောက်မှာတော့ Juniper ။ Network Security အတွက်ဆို Checkpoint exam တွေရှိပါတယ်။ နာမည်ရှိတယ် well respected certificate တွေကိုပြောတာပါ။ တခြားအများကြီးရှိပါသေးတယ်။
System Engineering မှာတော့ demand အများဆုံး က MS platform။ Nix platform မှာကတော့ Certification trends တွေအများကြီးထပ်ကွဲပါတယ်။ Vendor neutral ဖြစ်တယ့် LPIC ရှိတယ်၊ Redhat ရှိတယ်၊ entry level အတွက် Linux+ ရှိတယ်၊ Unix မှာဆိုလည်း သူ့ product နဲ့သူ certificate တွေရှိပါတယ်။

အဲတော့ networking စစ်စစ်ကို စိတ်ဝင်စားရင် Cisco တစ်ခုပဲရှိတယ်လို့တောင် ပြောလို့ရပါတယ်

Cisco အတွက်က ICND1 ဖြေပြီးရင် Cisco Certified Entry Networking Technician ( CCENT) certificate ရပါတယ်။
CCNA ဒါမှမဟုတ် ICND 1 + 2 ပြီးရင်တော့ Cisco Certified Network Associate (CCNA) ရပါတယ်။

တကယ်လို့ အချိန်ရရင်၊ ပိုက်ဆံပိုအကုန်ခံနိုင်ရင် ICND 1 / 2 နှစ်ခုခွဲဖြေဖို့အားပေးပါတယ်။ အဓိက အကြောင်းရင်းက နှစ်ချက်ရှိပါတယ်။
1. Simulation questions အတွက် အချိန်ပိုရမယ်။ CCNA exam မှာ simulation question လေးခုလောက်အနည်းဆုံးပါလေ့ရှိပါတယ်။ Configuration နှစ်ခု၊ troubleshooting နှစ်ခု။ တစ်ခုကို ငါးမိနစ်ကနေ မိနစ်နှစ်ဆယ်လောက်ထိကြာတပ်ပါတယ်။ မေးခွန်းခက်တာ မခက်တာ၊ practical လုပ်ထားတာ မလုပ်ထားတာပေါ်မှာ မူတည်တာပေါ့ဗျာ။ CCNA question မှာ ဘယ် multiple choice question မှ 3 mins ထက်ပိုမကြာဖူး။ အချိန်အကုန်ဆုံးက Simulation တွေ။ အဲတော့ Simulation မှာအချိန်လိုအပ်တာထက် ပိုကုန်သွားလို့ စိတ်လောသွားရင် နောက်ပိုင်း Multiple choice လေးတွေမှာပါ စိတ်မညိမ်တော့ရင် မကောင်းပါဘူး။ ICND 1 / 2 ခွဲဖြေရင် exam တစ်ခုမှာ simulation question က 2 ခုလောက်ပဲပါတယ်။ အဲတော့ အချိန်ပိုရတယ်။ ( Cisco exam တွေမှာ question ကိုကျော်ထားခဲ့လို့မရပါဘူး။ Next နှိပ်လိုက်ရင် Back မရှိပါဘူး။ ဒါလည်း Stress တစ်မျိုးပဲ။ အချိန်များများရရင် စိတ်ပိုပြီးအေးအေးထားနိုင်တာပေါ့။ )

2. Card နှစ်ကဒ် ရမယ်။ CCENT တစ်ကဒ် CCNA တစ်ကဒ် ။ ( ကျနော့တုန်းကတော့ အလုပ်ရှာရင် Resume ထဲမှာ ရေးစရာ နှစ်ခုရအောင် ခွဲဖြေတယ်။ Very Happy )

CCNA level အတွက်က cdp ကောင်းကောင်းသုံးတက်ရမယ်၊ NAT ကောင်းကောင်းနားလည်ရပါမယ်။ ဒါတွေကို practical / simulation ကောင်းကောင်းလုပ်ဖူးရင်တော့ CCNA သာတန်းဖြေပေါ့။ ပိုက်ဆံသက်သာတယ်။

CCNA level အတွက် lab experience အစစ်ကြီးမလိုပါဘူး။ ကျနော်တို့လည်း Boson တို့ GNS3 တို့နဲ့လေ့လာခဲ့တာပါ။ GNS3 ကိုသုံးပြီးတော့ပဲ CCNP level အားလုံးနီးနီး အထိလေ့လာလို့ရပါတယ်။

5Network Professional အတွက်ပညာရေးလမ်းကြောင်း [Guide] Empty ပြောပြပေးပါ........ 10th February 2010, 5:03 pm

wailinnhtet

wailinnhtet
MITR New User



ဦးတို့ ရေ..သားကအခုမှ Networking ကိုစလုပ်ချင်လို့ ပါ..ဘာသင်တန်းစတတ်ပြီး ဘာတွေဖြေရမလဲဆိုတာပြောပြပေးကြပါနော်...ကျေးဇူးပါ..

ITCHILD

ITCHILD
MITR Reader



MITR Reader
ညီလေးwailinnhtetရေ
အကိုလည်း အခုမှ Networking စလေ့လာတာဆိုတော့ suggestion သိပ်မပေးတတ်ဘူး။
ညီလေး Networking basics course တက်ပြီးပြီလား။
Hardware အခြေခံကောရှိလား။
Hardware basics ရှိမှ ok မှာ။
ညီလေး ဘာတွေတတ်လဲပြောပါအုံး။
ဒါမှ suggestion ပေးလို့ရမှာ။
Thank You!
:doit :doit :doit :doit :doit :doit :doit :doit :doit

nan

nan
MITR New User



Network သင်တန်းတက်မယ်ဆိုရင်...
ဘယ်သင်တန်းတွေကောင်းလဲဆိုတာ သိတဲ့သူများ.. တက်ပြီးသားသူများ... နဲနဲလောက်လမ်းညွှန်ပေးကြပါလားဟင်...
(မှတ်ချက်.. မြန်မာနိုင်ငံအတွင်းသာ Razz)
အားလုံးကို ကျေးဇူးတင်ပါတယ်..
အခုမှဝင်တဲ့ အသစ်လေးမို့ ၀ိုင်းပြီး သင်ပေးကြပါနော်... နက်ဝေါ့ကို စိတ်ဝင်စားလို့ပါ.. အားလုံးကို အားကိုးပါတယ်နော်.. Very Happy

sHa92

sHa92
Founder



Founder
KMD မှာ တက်ကြည့်လေ။

Programming အတွက်တော့ အခုက KMD မှာ သိပ်မကောင်းတော့ပေမယ့် Network ပိုင်းတော့ အခြေခံသိအောင် သင်နိုင်တဲ့သူတွေရှိပါတယ်။

http://www.myanmaritresource.info

mars

mars
Moderator



Moderator
ကျနော်ကတော့ ရေကျော်က ဗိုလ်မှုးမျိုးအောင် သင်တာကိုပိုသဘောကျတယ်... ဈေးနှုန်းကတော့ နည်းနည်းများတယ်... ဒါပေမယ့် သင်တာကတော့ တော်တော်ကောင်းတယ်... တခြားသင်တန်းသားတွေနဲ့ယှဉ်ရင်ကို သူ့သင်တန်းသားက နည်းနည်းပိုသာတယ်... ကျနော်ကတော့မသင်ဖူးပါဘူး.. ဒါပေမယ့် သင်ဖူးတဲ့သူငယ်ချင်းတွေရှိတယ်... KMD ကတော့ ကျနော်ထွက်ခဲ့တာလေ... NE 167 အသုတ်ကလေ... ဘာမှတော့သိတော့ဘူး..Razz

http://sidnaing.co.cc/

nan

nan
MITR New User



KMD ကတကယ်ကောင်းလို့လား... တက်ပြီးတဲ့သူတော်တော်များများတော့.. ဒီတိုင်းပဲပြီးသွားကြတာတဲ့.. သိပ်မသိလိုက်ဖူးတဲ့...
ဗိုလ်မှုးမျိုးအောင် သင်တန်းကတော့ တက်တဲ့သူလဲများတယ်.. ကောင်းတယ်လို့လဲပြောကြတယ်.. ဒါပေမယ့် ဈေးကြီးတယ် ၂သိန်းနားကပ်နေပြီလေ...
နန်းက လက်တွေ့များတဲ့ သင်တန်းမျိုးကို တက်ချင်တယ်... အသင်အပြကောင်းပြီး.. ဈေးလဲသိပ်မကြီးတဲ့သင်တန်းမျိုးပေါ့...
ခုလို ၀ိုင်းပြီး အကြံပေးတဲ့ $ƴǩǾ နဲ့ mars ကိုကျေးဇူးတင်ပါတယ်နော်..
နောက်လဲ များများ ကူညီကြပါလို့... Very Happy

sHa92

sHa92
Founder



Founder
KMD ကောင်းမကောင်းတော့ သေချာမသိဘူးဗျ
ဒါပေမယ့် ကိုယ်တကယ်လိုက်လုပ်မယ် ၊ သေချာမှတ်သားမယ် ၊ ပညာလိုချင်တဲ့သူဆိုရင်တော့ ဘယ်သင်တန်းမဆို သင့်တော်ပါတယ်။ အခြေခံပိုင်ရင် ကျန်တာက Lab ခန်းတစ်ခုခု (သို့) သင်တန်းကျောင်းတစ်ခုခုမှာ အလုပ်သင်လုပ်ချင်တယ်ဆိုပြီး ၀င်လုပ်ရင် ကျွမ်းကျင်လာနိုင်တာပေါ့။

စာကြွင်း။ ။ ကျွန်တော်ကတော့ NE တစ်ခါမှမတက်ဖူးဘူးနော်။ ကျောင်းမှာတော့သင်ရတယ်။ Smile အကြံပေးတာတွေ လွဲသွားရင်လည်း ထောက်ပြနိုင်ပါတယ်။

http://www.myanmaritresource.info

nan

nan
MITR New User



$ƴǩǾ wrote:KMD ကောင်းမကောင်းတော့ သေချာမသိဘူးဗျ
ဒါပေမယ့် ကိုယ်တကယ်လိုက်လုပ်မယ် ၊ သေချာမှတ်သားမယ် ၊ ပညာလိုချင်တဲ့သူဆိုရင်တော့ ဘယ်သင်တန်းမဆို သင့်တော်ပါတယ်။ အခြေခံပိုင်ရင် ကျန်တာက Lab ခန်းတစ်ခုခု (သို့) သင်တန်းကျောင်းတစ်ခုခုမှာ အလုပ်သင်လုပ်ချင်တယ်ဆိုပြီး ၀င်လုပ်ရင် ကျွမ်းကျင်လာနိုင်တာပေါ့။

စာကြွင်း။ ။ ကျွန်တော်ကတော့ NE တစ်ခါမှမတက်ဖူးဘူးနော်။ ကျောင်းမှာတော့သင်ရတယ်။ Smile အကြံပေးတာတွေ လွဲသွားရင်လည်း ထောက်ပြနိုင်ပါတယ်။

အင်း.. အဲဒါတော့ ဟုတ်တယ်နော်... ဘယ်နေရာမှာမဆို ကိုယ်တိုင် စိတ်ဝင်စားပြီး သေချာလိုက်လုပ် သေချာမှတ်သားမှရမှာပေါ့...
$ƴǩǾ ပြောတာမှန်ပါတယ်.. ခုလို လမ်းညွှန်ပေးတာ ကျေးဇူးတင်ပါတယ်...

kapserboy1500@gmail.com

kapserboy1500@gmail.com
MITR New User



ကျွန်တော်ကကေအမ်ဒီကထွက်လာတာပါ။သင်တန်းကတော့NE section295ကပါ။အဲဒီမှာကျွန်တော်မြင်
သလောက်ပြောပြမယ်နော်။အဓိကကတော့ကျောင်းသားတွေကအဓိကဗျ။ကိုယ်ကိုယ်တိုင်လိုချင်စိတ်မရှိ။
စာမကျက်ပုံမှန်စာမလုပ်ပဲနဲ့ဘယ်ရပါ့မလဲ။ပြီးတော့ကျွန်တော်ကျတော့ဘာလို့ရလဲ။တစ်ချို့ တွေရပြီး။တစ်ချို့ ကဘာလို့မရတာလဲဆိုတာအဲ့ဒါမိမိကိုယ်တိုင်ကြောင့်ပါ။ကျွန်တော့်သူငယ်ချင်းဆိုရင်ဘယ်
လိုလုပ်မလဲအခြေခံတောင်မတက်ဘူး။NE တန်းတက်တာသူကျတော့ဘာလို့ရတာလဲသိဘူးနော်။သူကပုံ
မှန်စာပြန်လုပ်တယ်။ပြီးတော့တစ်နေ့စာတစ်နေ့လုပ်တယ်။ကျွန်တော်သင်တန်းတက်တုန်းကပျော်စရာကြီးပဲ
ကျွန်တော်တို့အတန်းကစကားအများဆုံးပြီးတော့စာမေးရင်လည်းအာလုံးကပြိုင်ဖြေတယ်။ဒါပေမယ့်
စာသင်ရင်တော့အရမ်းငြိမ်တယ်။ဆရာပြောတဲ့စကားတွေကိုသေသေချာချာနားထောင်ပြီးလိုက်မှတ်တယ်။
ဘာမှာပဲတက်တက်မိမိကိုယ်တိုင်ကအဓိကပါဗျာ။ကိုယ်လုပ်မှပဲကိုယ်ရမှာပါ။ကေအမ်ဒီမှာလုပ်ရင်လုပ်သ
လောက်ရမှာပါဗျာ။

မှားတာရှိရင်ခွင့်လွတ်ပါ

ကေအမ်ဒီမှသူငယ်ချင်းများအားလုံးကိုပြန်လွမ်းမိပါ၏။(ဂွိဂေါ် ။ ဂွိဂေါ်။)
ကေအမ်ဒီမှသူငယ်ချင်းများအားလုံးမင်္ဂလာပါဗျာ။

MgYin

MgYin
MITR New User



Hello friends....
I have plan to sit CCNA exam by self study .If you have plan to sit and want to practice and discuss with group.Please add [Only admins are allowed to see this link]

bluehack

bluehack
Moderator



Moderator
ကျွန်တော်ကတော့ ဆရာမျိုးဆီကိုပဲညွှန်းချင်ပါတယ်
ကိုယ်တိုင်လဲတက်ဖြစ်ခဲ့တာကြောင့်လဲပါသလို။ ဆရာ့ရဲ့တတ်စေချင်တဲ့စေတနာတွေ
အသင်အပ်ြတွေကြောင့်လဲပါပါတယ်.
ဆရာဆီမျာလဲ Cisco ကိုသင်ပေးနေတယ်လို့ကြားပါတယ်။
ဖြစ်နိုင်ရင်တော့ တတ်စေချင်ပါတယ်။

youming

youming
MITR New User



ဆရာဗိုလ်မှုးမျိုးအောင် ရဲ့သင်တန်းလိပ်စာအတိအကျသိချင်ပါတယ်။ သိတဲ့သူများဖြေပေးပါ။ ကျေးဇူးတင်ပါသည်။

CCNA အတွက် ကောင်းကောင်း သင်ပေးနိုင်တဲ့ ကျောင်းကိုလဲညွန်ကြားပေးပါ။

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com