Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

ET

ET
Moderator



Moderator
Wordpress အသုံးပြုသူများ သတိ

စက်တင်ဘာ ၅ ရက်နေ့မှ စတင်ပြိး wordpress blogging engine
ကိုအသုံးပြုထားတဲ့ website တွေနဲ့ blog တွေကို ဦးတည်ပြိး တိုက်ခိုက်လာတဲ့
တိုက်ခိုက်မှုတွေ ရှိလာခဲ့ပါတယ်။ wordpress ထဲမှာ ပါဝင်တဲ့ worm
တစ်ခုကြောင့် သူဟာ နောက်ကွယ်မှာ ကွယ်ဝှက် ထားတဲ့ administrator အကောင့်
တစ်ခုကို ဖန်တီးပြီး အဲဒီ အကောင့်ရဲ့ username နဲ့ password ကို သိတဲ့
ဘယ်သူမဆို blog ရဲ့ admin dashboard နဲ့အတူ database တွေကို ၀င်ရောက်
မွှေနှောက်နေနိုင်ပါတယ်။

Wordpress ကလည်း ဒီလုံးခြုံရေး ယိုပေါက်ကို အသိအမှတ်ပြုထားပြီး
နောက်ဆုံးဗားရှင်း ဖြစ်တဲ့ ၂.၈.၄ ကိုအမြန်ဆုံး မြင့်တင့်ဖို့
တိုက်တွန်းနှိုးဆော်ထားပါတယ်။ wordpress ကို ကိုယ်ပိုင် ဆာဗာမှာ install
လုပ်ပြီး အသုံးပြုသူတွေဟာ ဒီ တိုက်ခိုက်မှုကို အများဆုံး ခံနေရပြီး
wordpress.com ရဲ့ user များကတော့ wordpress ကသူ့ရဲ့ system ၁ ခုလုံးကို
ဗားရှင်း ၂.၈.၄ သို့တိုးမြင့် ထားပြီး ဖြစ်တာကြောင့်
တိုက်ခိုက်ခံရခြင်းမရှိခဲ့ဘူးလို့သိရပါတယ်။ ဒါကြောင့် စာဖတ်သူများကလည်း
wordpress အသုံးပြု ထားတဲ့ blog သို့မဟုတ် website ရှိတယ်ဆိုရင်
ကိုယ်ကိုတိုင်ပဲဖြစ်ဖြစ်၊ website administrator ကိုပဲဖြစ်ဖြစ်
နောက်ဆုံးဗားရှင်း ကို အမြန်ဆုံး update လုပ်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။

တူလေး

Credit:

http://alinkarnya.blogspot.com/

ET

ET
Moderator



Moderator
Google မှ PDF ဖိုင်များကို ဖွင့်ကြည့်နိုင်ပြီ

Wordpress အသုံးပြုသူများ သတိ 102-google_PDF_view

Google မှ PDF ဖိုင်များကို ဘာ PDF reader ဆော့ဖ်ဝဲမှ ရှိစရာမလိုပဲ web
browser မှ တန်းဖွင့်ကြည့် နိုင်ပြီ ဖြစ်ကြောင်း အောက်တိုဘာလ ၇ ရက်နေ့က
အတည်ပြုလိုက်ပါတယ်။ ယခင်က work, excel ဖိုင် တွေကို google document နဲ့
တန်း ဖွင့်နိုင်သလိုပဲ အခု တခါလည်း PDF ဖိုင်တွေကို ပါ
ဖွင့်နိုင်တော့မှာပါ။ Google မှာ search လုပ်လိုက်လို့ ကျလာတဲ့ result
page မှာ ယခင်က view as HTML ဆိုတာ ပါပေမဲ့ ကျေနပ်လောက်တဲ့
စွမ်းဆောင်ရည်မျိုး မဆောင်ရွက်နိုင်ခဲ့ပါဘူး။ အခု အခါမှာ တော့ search
result page မှာ PDF ဖိုင်တွေပါလာရင် သူ့ဘေးမှာ quick view ဆိုတဲ့
လင့်ပါဝင်လာမှာဖြစ်ပြီး အဲဒီ လင့်ကို နှိပ်လိုက်ရင်တော့ browser window
ထဲမှာပဲ PDF ဖိုင် ကို image တွေ formatting တွေ table preserved တွေနဲ့
ဖော်ပြပေးသွားတော့မှာပါ။

တူလေး

Credit:

http://alinkarnya.blogspot.com/

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum on Forumotion | Computers and Internet | Computers | ©phpBB | Free forum support | Report an abuse | Forumotion.com