Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

1Phishing Victory Empty Phishing Victory 19th October 2009, 1:23 pm

Guest

Anonymous
Guest
FBI ခေါင်းဆောင်တစ်ဦး Phishing တိုက်ခိုက်မှုနှင့်ကြုံခဲ့ရ

FBI ဒါရိုက်တာတစ်ဦးဖြစ်သူ Robert Mueller အား ၄င်း၏ ဇနီးဖြစ်သူမှ Online Banking အသုံးပြုမှုကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်။သူဟာလွန်ခဲ့သော ရက်ပိုင်းအတွင်း phishing scam တိုက်ခိုက်မှုနှင့် ကြုံတွေ့ခဲ့ရပြီး Online Banking အသုံးပြုကိုရပ်ဆိုင်းခဲ့ရကြောင်းပြောကြားခဲ့ပါတယ်။

မကြာသေးမီက သူဟာ ဘဏ်မှသတင်းအချက်အလက်များအတည်ပြုစစ်ဆေးပေးရန်နှိုးဆော်စာ အီးမေလ်းတစ်စောင်ကို လက်ခံရရှိခဲ့ပြီး ထို အီးမေလ်းဟာ တရားဝင်ထုတ်ပြန်ထားသော အီးမေလ်းနှင့်ဆင်တူပါတယ်။ထို့နောက်သူဟာ ထိုအီးမေလ်းပါ အချက်အလက်များကိုစတင်လိုက်နာခဲ့ပြီးမကြာခင်မှာတော့ ဒါဟာကောင်းမွန်သောအကြံတစ်ခုမဟုတ်ကြောင်းသိရှိသဘောပေါက်ခဲ့ပါတယ်။ထိုအီးမေလ်းအတွင်း click အနည်းငယ်ပြုလုပ်လိုက်သည်နှင့် တစ်ပြိုင်နက် ယခင်အင်တာနက် phishing scam တိုက်ခိုက်မှုနှင့်ကြုံတွေ့ရမှာဖြစ်ကြောင်း သူဟာအချိန်မှီသိရှိခဲ့ကြောင်း ၀န်ခံပြောကြားခဲ့ပါတယ်။ ထို့နောက်သူဟာ ၄င်း၏ password များအားပြောင်းလဲအသုံးပြုခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုမှ ကာကွယ်ခဲ့ပါတယ်။ဒါပေမယ့် ၄င်း၏ဇနီးဖြစ်သူကတော့ online banking အသုံးပြုမှုကိုတားမြစ်ခဲ့ကြောင်းသိရှိရပါတယ်။

လွန်ခဲ့သော ရက်အနည်းငယ်က တော့ Los Angeles မှ FBI ဟာအမေရိကန်နှင့် အီဂျစ်ရှိ ဆိုက်ဘာတိုက်ခိုက်သူ ၁၀၀ အားစွဲချက်တင်စစ်ဆေးခဲ့ပါတယ်။ထို့အပြင် California , Nevada နှင့် Carolina မြောက်ပိုင်းမှ တရားခံ ၃၃ ဦးအားဖမ်းဆီးအရေးယူခဲ့ကြောင်းသိရှိရပါတယ်။
အီဂျစ်နိုင်ငံသားဟက်ကာများဟာ အမေရိကန်ရှိ ဘဏ္ဍာရေးအဖွဲ့အစည်းနှစ်ခုအား
အဓိကထားပြီး တိုက်ခိုက်ခဲ့ကြောင်း ၄င်းတို့ဟာ phishing attack
ကိုအသုံးပြုပြီး ဘဏ်အကောင့်တွေရဲ့ အချက်အလက်များကိုတရားမ၀င်ခိုးယူခဲ့ကြောင်း FBI ခန့်မှန်းချက်အရဘဏ် customer ထောင်ကျော်ခဲ့ဟာ အဓိကခြိမ်းခြောက်တိုက်ခိုက်ခံနေရကြောင်း သိရှိရပါတယ်။
စနေဦး


Gmail တိုက်ခိုက်ခံရကြောင်း Google ကအတည်ပြုပြောဆို

Google မှအခမဲ့အီးမေလ်းဝန်ဆောင်မှုဖြစ်တဲ့ Gmail ဟာ ဟက်ဟာများရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အတည်ပြုပြောကြားလိုက်ပါတယ်။မကြာမီရက်ပိုင်းအတွင်းက
Gmail , Yahoo Mail , Hot Mail ,Comcast ,Earthlink နဲ့အခြား
အီးမေလ်းများအပါအ၀င် password ၁၀,၀၀၀ မှ ၂၀,၀၀၀ ကြားခိုးယူခံခဲ့ရကြောင်း
နာမည်ကြီးသတင်းဌာနတစ်ခုမှဖော်ပြခဲ့ပါတယ်။ Google ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ Gmail Account အရေအတွက်အနည်းငယ်ခန့်ဟက်ကာများရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရပြီး သတိထားစောင့်ကြည့်မှုများပြုလုပ်နေတယ်လို့ပြောကြားခဲ့ပါတယ်။ဒါ့အပြင်
ဂျီမေလ်းအသုံးပြုသူများအနေနဲ့ တိုက်ခိုက်ခံရမှုသံသယဖြစ်ဖွယ်
အခြေအနေများကို တွေ့ရှိရပါက ၄င်းတို့ရဲ့ Gmail password
များကိုပြန်လည်သတ်မှတ်ထားသင့်ကြောင်းသတိပေးပြောကြားခဲ့ပါတယ်။ Anti-Phishing Working Group(APWG) ရဲ့ပြောကြားချက်အရ phishing attack ဟာမြင့်တက်လာလျက်ရှိပြီး၎င်းစနစ်ဖြင့်တိုက်ခိုက်ခံရတဲ့
ဝက်ဘ်ဆိုက်အရေအတွက်ဟာ ပြီးခဲ့တဲ့ ဇွန်လအထိ ၅၀,၀၀၀ နီးပါးခန့်ရှိလာကာ
၂၀၀၇ဧပြီ နောက်ပိုင်း ဒုတိယအမြင့်ဆုံး အရေအတွက်ဖြစ်ခဲ့ကြောင်းသိရပါတယ်။
နောင်နောင်

အီးမေလ်းစနစ်များ တိုက်ခိုက်ခံရ

အင်တာနက်ယိုပေါက်အားနည်းချက်မှ
တဆင့်ထောင်ပေါင်းများစွာသော Windows Live Hotmail အသုံးပြုသူများ၏
username နှင့် password များခိုးယူခြင်းခံခဲ့ရကြောင်း Microsoft
မှအတည်ပြုပြောကြားခဲ့ပါတယ်။ ထို့ပြင် Gmail , Yahoo Mail
တို့ဟာလည်းထိုသို့သော ထိုတိုက်ခိုက်မှုကိုခံခဲ့ရပြီး account
အရေအတွက်အများအပြားကိုတိုက်ခိုက်ခဲ့သော Phishing Attackဖြစ်ကြောင်း သိရှိရပါတယ်။ကုမ္ပဏီမှပြောကြားချက်အရ Web - based email ဆားဗစ်အတွင်းဝင်ရောက်တိုက်ခိုက်ခြင်းမဟုတ်ပဲ အချို့သော အားနည်းချက်နှင့် သတိလစ်ဟင်းမှုအချို့ကြောင့်သာ account information များခိုးခံရခြင်းဖြစ်ကြောင်းသိရှိရပါတယ်။
Microsoft မှထုတ်ဖော်ပြောကြားချက်များအရ ယခုအချိန်မှာတိုက်ခိုက်ခံရသော
Hotmail account များအားပိတ်ပင်ထားခဲ့ပြီး အသုံးပြုသူများအတွက် tool
များထုတ်လုပ်ပေးမည်ဖြစ်ကြောင်း ခိုးယူခံရသော account
များကိုလည်းပြန်လည်ထိန်းချုပ်ရယူနိုင်ရန်လုပ်ဆောင်ပေးမည်ဖြစ်ကြောင်းသိရှိရပါတယ်။မကြာသေးမှီကာလက စက်ရုံ အလုပ်ရုံများအတွင်း phishing တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး ဟက်ကာများဟာ အသုံးပြုသူများ၏ account များရရှိသွားခဲ့ပြီး ယခုလိုဆက်လက်တိုက်ခိုက်မှုများရှိလာကြောင်း
Google မှပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါတယ်။ထို့ပြင် Anti -
phishing Working Group (APWG) မှဥက္ကဌဖြစ်သူ Dove Jevans မှလည်း
ကြီးမားတဲ့ phishing တိုက်ခိုက်မှုဖြစ်ပြီး ပြီးခဲ့တဲ့ဇွန်လအတွင်းမှာလည်း
phishing တိုက်ခိုက်မှု ၅၀၀၀၀ ခန့်ရှိကြောင်းအတည်ပြုပြောကြားခဲ့ပါတယ်။

သတင်းဌာနတစ်ခုမှတင်ပြချက်အရယခုလို တိုက်ခိုက်မှုတွင် Gmail ,Yahoo
Mail , AOL , Comcast နှင့် EarthLink များပါဝင်ခဲ့ပြီး account ပေါင်း
၂၀၀၀၀ ကျော်ထိခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ Microsoft မှစစ်တမ်းအရ
Hotmail အသုံးပြုသူဦးရေဟာ သန်း၄၀၀ခန့်ရှိပြီး အချို့ကတော့ ၄င်းတို့၏
password များအားပြောင်းလဲ အသုံးပြုခဲ့ကြောင်း သိရှိရပါတယ်။
စနေဦး

Credit to Internet journal

2Phishing Victory Empty Re: Phishing Victory 19th October 2009, 8:55 pm

nay@zaw

nay@zaw
VIP Member



VIP Member
phishing သုံးနည်းမျိုးစုံရှိပါတယ် ။
remote phishing,
local phishing,
xss phishing,
iframe phishing,
proxy phishing .... etc
အများကြီးပဲ ။
proxy နဲ့ phishing တွဲသုံးကြည့်ပါ ။ ကိုယ်ပိုင် proxy server တခုရယ် ။ gmail phishing , ရယ် နောက် redirect လေးလုပ်ပြီး Razz ပေါ့ ။
proxy သုံးတဲ့ မြန်မာနိုင်ငံ လိုမျိုးမှာဆိုရင် တော်တော် အသုံးဝင်မယ်နည်းလမ်းပါ ။

3Phishing Victory Empty Re: Phishing Victory 20th October 2009, 3:52 am

kyawmin

kyawmin
MITR Reader



MITR Reader
phishing attack ဟာတစ်စထက် တစ်စ ကြောက်စရာကောင်းလာတာပဲ ၊ hacking လောကမှာထိုးဖောက်ဝင်ရောက်တိုက်ခိုက်မှု့တွေဘယ်လောက်ပဲနည်းမျိုးစုံရှိနေပါစေ phishing attack ကတော့ရေပန်းစားနေအုံးမှာပဲ ၊ newbie တွေကိုတော့ phishing က ကောင်းကောင်းလှည့်စားနေနိုင်အုံးမှာပဲ ၊ ဘယ်လောက်ပဲ ရိုးရှင်းတဲ့နည်းလို့ပြောနေပါစေ သူ့နေရာနဲ့သူတော့ အသုံးချတဲ့လူအပေါ်မှာ phishing attack ရဲ့စွမ်းဆောင်ရည်ကတော့မြင့်မားနေမှာပဲ ။ phishing နည်းအမျိုးမျိုးရှိတယ်ဆိုတာကို သိဖို့နေနေသာသာ phishing ဆိုတာဘာမှန်းမသိတဲ့ နည်းပညာဗဟုသုတနည်းတဲ့ မြန်မာတွေ အများကြီးရှိနေတယ်ဗျာ Phishing Victory Icon_sad ၊ စိတ်မကောင်းစရာပဲ ၊ ဒီလိုသတင်းတွေကို အဲဒီလို လူတွေဖတ်စေချင်တယ်ဗျာ ၊ phishing type ဘယ်နှခုရှိတယ်ဆိုတာ မသိရင်နေ ၊သြော်.....ဒီလိုလုပ်ပြီး ငါတို့ data တွေကိုခိုးယူနိုင်ပါလားဆိုတဲ့ အသိလေးရသွားရင်ကို မဆိုးပါဘူး ။

Guest

Anonymous
Guest
Twitter အသုံးပြုသူ user များအနေဖြင့် ယခုအချိန်မှာ Phishing တိုက်ခိုက်မှုနှင့်ကြုံတွေ့နေရကြောင်း Twitter မှ သတိပေးဖော်ပြလိုက်ပါတယ်။ထို Phishing တိုက်ခိုက်မှုဟာ Twitter အသုံးပြုသူများထံသို့ email များလှည့်စားပေးပို့ပြီး Password များခိုးယူခြင်းဖြစ်ကြောင်း Twitter မှပြောကြားခဲ့ပါတယ်။

ယနေ့အချိန် Phishing တိုက်ခိုက်မှုအများအပြားကို မြင်တွေ့နေရပြီး Message အသစ်များရရှိပါက ဖွင့်မကြည့်မိစေရန်နှင့် သတိထားကာကွယ်ရန် Twitter မှပြောကြားခဲ့ပါတယ်။ ယခု Phishing တိုက်ခိုက်မှုဟာ email အတွင်း link များထည့်သွင်းထားပြီး ထို link မှတစ်ဆင့် twitter log in page အယောင်ဆောင်ဆိုက်များနှင့် ချိတ်ဆက်ပြိး password များခိုးယူခြင်းဖြစ်ပါတယ်။ ထိုသို့တိုက်ခိုက်မှုနှင့် ကြုံတွေ့ရပါက သင်၏ password ကိုအလျင်အမြန်ပြောင်းလဲအသုံးပြုသင့်ကြောင်း ထို့ပြင်သင်၏ အခြားဝက်ဘ်ဆိုဒ် Password များကိုပါ ပြောင်းလဲသင့်ကြောင်း twitter မှလုံခြုံရေးဆိုင်ရာ ပုဂ္ဂိုလ်တစ်ဦးမှ အကြံပြုဖော်ပြလိုက်ပါတယ်။

Credit to Internet Journal

Guest

Anonymous
Guest
ဟက်ကာများဟာ Worm များနှင့် Trojan အများအပြားကို ပို့လွှတ်ကာ လူမှုကွန်ယက်ဝက်ဘ်ဆိုဒ်များသို့ အဓိကထားတိုက်ခိုက်ကြကြောင်းနှင့် ၄င်းတို့ဟာ Phishing Scam တိုက်ခိုက်မှုကို အဓိကထားကြောင်း Microsoft နှင့် McAfee တို့မှ လုံခြုံရေးဆိုင်ရာအဖွဲ့သို့ပြောဆိုခဲ့ပါတယ်။ Microsoft မှတင်ပြချက်အရ လွန်ခဲ့သော မေလနှင့် ဇွန်လတို့တွင် Phishing တိုက်ခိုက်မှုအများအပြားနှင့် တွေ့ခဲ့ရပြီး ၄င်းတို့ဟာ လူမှုကွန်ယက်ဆိုက်များ၊ဂိမ်းဝက်ဘ်ဆိုက်များ၊ဘဏ်ဝက်ဘ်ဆိုဒ်များကို အဓိက တိုက်ခိုက်ကြကြောင်းဖော်ပြပြောဆိုခဲ့ပါတယ်။

ထို့ပြင်ဆောဖ့်ဝဲလ်များမှတဆင့် Trojan များဝင်ရောက်ပျံ့နှံ့လာကြပြီး ကွန်ပျူတာအတွင်းအချက်အလက်များခိုးယူကြကြောင်း Worm များပျံ့ပွားလာမှုဟာလည်း လွန်ခဲ့သော နှစ်နှင့် နှိုင်းယှဉ်ကြည့်ပါက အရေအတွက်မြင့်တက်လာခဲ့ကြောင်းသိရှိရပါတယ်။အွန်လိုင်းမှတစ်ဆင့် ဆော့ကစားနိုင်သောဂိမ်းများမှတဆင့် တစ်ဆင့်ပျံ့ပွားလာသော Taterf ဟာလည်းယခုနှစ်အတွင်းအလွန်များပြားလာကြောင်းသိရှိရပါတယ်။

ယခုနှစ်အစောပိုင်းမှာတော့ Microsoft မှလုံခြုံရေးဆိုင်ရာ ဆောဖ့်ဝဲလ်များ ထုတ်လုပ်ပေးခဲ့ပြီး /-tt@Ck3r များတိုက်ခိုက်မှုနှင့် Malicious Code များကို ကာကွယ်ပေးခဲ့ကြောင်း ၀က်ဘ်စာမျက်နှာများ ပိုမိုလုံခြုံမှုရှိစေရန် ထိုဆောဖ့်ဝဲလ်များကို အသုံးပြုနိုင်ကြောင်းသိရှိရပါတယ်။

Credit to internet journal

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com