1 Use Gmail Account to Send Emails from Multiple Addresses 4th August 2009, 8:36 pm
Cryptonyte
MITR New User
ကျနော်တို့နိုင်ငံမှာ အသုံးအများဆုံးမေးလ်က Gmail ခေါ် Google Mail
ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့ကတော့ Gmail အပြင် တစ်ခြား Mail
တွေကိုလဲအသုံးပြုကြပါသေးတယ်။ Yahoo Mail, Hot Mail အစရှိသဖြင့်ပေါ့။
အဲလိုမေးလ်တွေအများကြီးသုံးတဲ့သူတွေအတွက် Gmail Inbox ကနေပြီး
တခြားမေးလ်တွေကို ဖတ်နိုင်မယ်၊ ပြန်ပို့နိုင်မယ် ဆိုရင်
တော်တော်အဆင်ပြေကြမှာပါ။ အဲဒီနည်းလေး ပြောပြမယ်။
ကျနော်အောက်မှာရေးပြတဲ့အတိုင်း အဆင့်ဆင့်လုပ်သွားရုံပါပဲ။
၁။ သင့်ရဲ့ Gmail Account ထဲကို ၀င်လိုက်ပါ။
၂။ ညာဘက်ထောင့်နားက Settings ကိုနှိပ်ပါ။
၃။ Accounts Tab ကိုနှိပ်ပါ။
၎။ ပထမဆုံးစတွေ့တဲ့ “Send mail as:” option အောက်က Add another email address you own ကိုနှိပ်ပါ။
၅။ ဒါဆိုရင် details of your new email address ဆိုတဲ့ window အသေးလေးထွက်လာပါလိမ့်မယ်။
၆။ အဲဒီမှာ သင်အသုံးပြုချင်တဲ့ email address တွေထည့်ပေးပါ။ Gmail မှမဟုတ်ပါဘူး။ တခြား Yahoo mail, Hot mail ကအစ သင့်မှာရှိသမျှ ဘယ် email address ကိုမဆို ထည့်လို့ရပါတယ်။
၇။ အဲဒါတွေပြီးရင် သင့်ရဲ့အခြား email address တွေကို Verify လုပ်ဖို့
mail ပို့ပါလိမ့်မယ်။ Verify လုပ်ပြီးပြီဆိုရင်တော့ သင့်ရဲ့ အခြား email
တွေကို Gmail ကတဆင့်ဖတ်နိုင် ပို့နိုင်ပါပြီ။
Credits: [You must be registered and logged in to see this link.]