1 Notepad မှာ ကိုယ်ရေးခဲ့တဲ့ အချိန်လေးတွေကို မှတ်ဖို့အတွက် 22nd March 2009, 10:18 pm
sHa92
Founder
Notepad မှာ စာတစ်ကြောင်းရေးလိုက်ပြီးရင်
အဲဒီစာကို ဘယ်အချိန် ၊ ဘယ်ရက် က ရေးလိုက်လဲဆိုတာကို အလိုအလျောက်မှတ်ပေးဖို့အတွက် ဆိုရင်တော့ လွယ်ပါတယ်ခင်ဗျာ။
အရင်ဆုံး Notepad ကိုဖွင့်လိုက်ပါ။ ပြီးတာနဲ့ ဘာစာမှ မရေးခင် ထိပ်ဆုံးမှာ
LOG ဆိုတာလေးကို ရေးလိုက်ပါ။ ရေးပြီးရင်တော့ Enter တစ်ချက်ခေါက်လိုက်ပါ။
ပြီးသွားရင် ကိုယ်ရေးချင်တာတွေ စပြီးတော့ရေးလို့ ရပါပြီပေါ့ဗျာ။
ရေးတဲ့ အချိန်ကို မှတ်ချင်ပြီးဆိုရင်တော့ F5 လေးကို နှိပ်လိုက်ပါ။
အချိန်၊ရက်၊လ၊နှစ်တို့ ကို ကိုယ်ရေးတဲ့ စာကြောင်းနောက် ဆုံးမှာ ဖော်ပြပေးပါ လိမ့်မယ်။
နောက်တစ်ကြိမ် ပြန်ဖွင့်ပြီး ထပ်ရေးမယ်ဆိုရင် ဘယ်နေ့ ၊ဘယ်အချိန်က ဒီစာကို ရေးသလဲဆိုတာကို ပြန်တွေ့ ရမှာပါ။
စာထပ်ရေး မယ်ဆိုရင်လည်း ရေးပါ၊ ပြီးရင် F5 လေးနှိပ်လိုက်ရင် စာရေးတဲ့ အချိန်ကို Update
လုပ်ပေးပါလိမ့်မယ်။
အဆင်ပြေနိုင်ကြပါစေ။။။။