Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

လူ​တွေ ဘာလို့ ဒီ​လောက် ​လော​နေကြတာလဲ? [Article]

Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder

ဒီပိုစ့်ကို ကျနော်ကတော့ ၂ ဆင့် ခံ မျှဝေသူဖြစ်ပါတယ်။ ဒီပိုစ့်က အသိပညာ အများကြီးပေးထားသလို ၊ ကျနော့်လို ယောင်ဝါးဝါး ဖြစ်ခါနီး Software Engineering Student တွေနဲ့ ကိုက်ညီမှာပါ။
ကြိုက်လွန်းလို့ ကူးယူဖော်ပြလိုက်ရတာပါ။

ကျနော်ကူးယူလာတဲ့နေရာကတော့ mmso.org မှ ဖြစ်ပြီး ပြန်လည် မျှဝေပေးထားတဲ့ သူကတော့ CyberHunter ဖြစ်ပါတယ်။
သူရေးထားတဲ့ အတိုင်း အစအဆုံးကူးပြီးဖော်ပြလိုက်ရပါတယ်။

-xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx-

ဒီဆောင်းပါးကို အောက်ပါ link မှ knowledge အတွက် ကူးယူဖော်ပြပါသည်
ခွင့်ပြုပေးသော ကိုစိုးမင်းအားလည်းအထူးကျေးဇူးတင်ရှိပါသည်

Code:

http://www.soemin.net/2009/09/teach-yourself-programming-in-ten-years.html

လူ​တွေ ဘာလို့ ဒီ​လောက် ​လော​နေကြတာလဲ?

စာအုပ်
ဆိုင်​တွေရှိတဲ့ ဘက်​ကို သင် လမ်း​လျှောက်ကြည့်ဖူးမှာပါ။ ဂျာဗားကို ၇
ရက်​အပြတ်​သင်၊ Visual Basic၊ ဝင်းဒိုး၊ အင်​တာနက် စတာ​တွေကို နာရီ
အနည်းငယ်၊ သို့ ရက်​အနည်းငယ် နဲ့ အပြတ်​သင် ဆိုတာမျိုး​တွေ​ပေါ့။

တစ်​ခါက Amazon ဆိုတဲ့ ဝဘ်​ဆိုဒ်​မှာ ဒီလို ရှာကြည့်ဖူးတယ်။

ထုတ်
တဲ့ရက် ၁၉၉၂ ​နောက်​ပိုင်း၊ ​ခေါင်းစဉ်​မှာ days ဆိုတာ ပါပြီး (learn
(သို့) teach yourself) ဆိုတာလည်းပါတဲ့ စာအုပ်​များ
ဆိုပြီး​တော့ရှာကြည့်တာ ၂၄၈ ခု ထွက်​လာပါတယ်။ ပထမဦးဆုံး ၇၈ အုပ်​ဟာ
ကွန်​ပျူတာစာအုပ်​တွေ ဖြစ်ပြီး (၇၉ ခု​မြောက်​ဟာ ဘင်​ဂါလီဘာသာကို
၃ဝရက်​နဲ့ အပြတ်​သင်​ဆိုတဲ့ စာအုပ်ဖြစ်​တယ်)

ဒါနဲ့ days ဆိုတဲ့
စာလုံးကို hours ဆိုပြီး ​ပြောင်းရှာကြည့်မိတယ်။ ၂၅၃ အုပ်​တောင်
ထွက်​လာတာ​တွေ့ရတယ်။ ၇၇ အုပ်​က ကွန်​ပျူတာစာအုပ်ဖြစ်ပြီး ၇၈
အုပ်​မြောက်​ဟာ (အင်္ဂလိပ်​သဒ္ဒါနဲ့ ​ရေးပုံ​ရေးနည်းကို ၂၄နာရီနဲ့
အပြတ်​သင်) စာအုပ်ဖြစ်​တာ​တွေ့ရတယ်။

စာအုပ် ၂၀၀ မှာ ၉၆ ရာခိုင်​နှုန်းဟာ ကွန်​ပျူတာ စာအုပ်​တွေ ဖြစ်​နေတာ​တွေ့ရတယ်။

ဒါကို
ကြည့်ခြင်းအားဖြင့် လူ​တွေဟာ ကွန်​ပျူတာနဲ့ ပတ်​သက်ပြီး ​တော်တော်​လေးကို
လော​နေကြတယ်။ ဒါမှ မဟုတ် ကွန်​ပျူတာ နည်းပညာ​တွေကပဲ အခြားဟာ​တွေနဲ့
ယှဉ်​လိုက်​ရင် ဒီ​လောက် လွယ်​ကုန်ပြီလား။ ကွမ်​တမ် ရူပ​ဗေဒ၊ ဘင်​သိုဗင်
စတာ​တွေ၊ ယုတ်​စွအဆုံး ​ခွေး​မွေးမြူ​စောင့်​ရှောက်​ဖို့ နည်း​တောင်
ရက်​အနည်းငယ်​နဲ့ တတ်​နည်း ဆိုတဲ့ စာအုပ်​မ​တွေ့ဖူးဘူး။

ဒီအလွယ်​တတ်
နည်း​တွေဟာ သူ့အ​ကြောင်းနဲ့ သူ​တော့ရှိလိမ့်မယ်။ ဘယ်​မှာမှ သုံးစားမရတဲ့
ပရိုဂရမ်​ဆိုရင်​တော့ လွယ်​ရင်​လွယ်​မှာ​ပေါ့။ အဲလိုမျိုးဆိုရင်​တော့
ခပ်​တုံးတုံး သူ​တွေ​တောင် ၂၁ရက်​နဲ့ တတ်​ရင် တတ်​နိုင်​လိမ့်မလားပဲ။

ကဲ.. ထားပါ​တော့။ ..

C++ ကို ၃ရက်​နဲ့ အပြတ် ဆိုတဲ့ စာအုပ်​ကို နဲနဲ သုံးသပ်ကြည့်ရ​အောင်။

-
၃ ရက်​နဲ့ ပရိုဂရမ် တကယ် ​ရေးချိန် ရှိလိုက်​မှာ မဟုတ်​ပါဘူး။
ကိုယ်​ရေးလိုက်​တဲ့ ပရိုဂရမ်​ရဲ့ ​အောင်မြင်​မှု၊ မ​အောင်မြင်​မှု​တွေကို
သိမှာ မဟုတ်​ဘူး။
- တကယ့် အ​တွေ့အကြုံရှိတဲ့ ပရိုဂရမ်​မှာ​တွေနဲ့ အလုပ်​လုပ်​ခွင့်ရှိလိုက်​မှာမဟုတ်​ဘူး။
- C++ ရဲ့ လက်​တွေ့ အရသာကို သိရမှာ မဟုတ်​ဘူး။ လွယ်​လွယ်​ပြောရရင် ​လေ့လာဖို့ အချိန်​မရဘူး။
- ဒါ​ကြောင့် အဲဒီ စာအုပ်​ဟာ အ​ပေါ်ယံ​လောက်​ပဲ ​ပြောသွားနိုင်​တာကို ​တွေ့ရမှာပါ၊
- ပုတ်​ရဟန်းမင်းကြီး အလက်​ဇန်းဒါးက ​ပြောဖူးတယ်။ နဲနဲပဲ တတ်​တာဟာ အန္တရာယ် ကြီးမားတယ်​တဲ့။

-
C++ မှာ ၃ ရက်​ဆိုရင် syntax ​လောက်​တော့ သိရင်​သိသွားမှာ​ပေါ့ (အခြား
ဘာသာစကားကို သိထားတယ်​ဆိုရင်)၊ ဒါ​ပေမယ့် တကယ့်လက်​တွေ့
ဘယ်​လိုသုံးရမယ်​ဆိုတာ သိလိုက်​မှာ မဟုတ်​ဘူး။
- ဥပမာ basic
ပရိုဂရမ်​သမား ဆိုရင်၊ C++ ရဲ့ syntax ​တွေကို ဘယ်​လိုသုံးရမယ်​ဆိုတာ
သိ​ကောင်းသိလာမယ်။ ဒါ​ပေမယ့် C++ ရဲ့ တကယ်​ကောင်းတဲ့ ​နေရာ၊ မ​ကောင်းတဲ့
နေရာ​တွေကို သိမှာ မဟုတ်​ဘူး။ ဒါ​ကြောင့် ဘာမှ အဓိပ္ပာယ်​မရှိဘူး။
-
အလန် ပါးလစ်​ဆိုတဲ့သူ​ပြောဖူးတယ် ... ဘာသာစကားတစ်​ခုဟာ သင့်ရဲ့ လက်​ရှိ
ပရိုဂရမ် စဉ်းစားပုံ စဉ်းစားနည်းကို ​ပြောင်းလဲ​စေမှု မရှိဘူးဆိုရင်၊
လေ့လာရတာ မတန်​ပါဘူး တဲ့။
- တကယ်ဖြစ်​လာမှာက C++ ရဲ့ တပိုင်းတစ
လောက်​ပဲ နားလည်​လိုက်​မှာပါ။ ပရိုဂရမ် တကယ်​တတ်​ဖို့မဟုတ်​ပဲ၊
အလုပ်​ဘယ်​လိုပြီး​အောင်​လုပ်​ရမလဲ ဆိုတာ မျိုးနဲ့ ပိုပြီး
တူတာ​တွေ့ရပါတယ်။

တကယ်​တော့ သုံးရက်​ဟာ ဘာမှ မဟုတ်​ဘူး ဆိုတာ လုပ်ကြည့်ရင် သိပါလိမ့်မယ်။


ပရိုဂရမ်​ကို ​လေ့လာဖို့ ဆယ်​နှစ် အချိန်​ပေးပါ။


သု
တေသန ပညာရှင်​တွေဖြစ်​တဲ့ (Bloom (1985), Bryan & Harter (1899),
Hayes (1989), Simmon & Chase (1973)) တို့ကို ကြည့်ပါ။ သူတို့​တွေ
သူတို့ရဲ့ ကိုယ်​ပိုင် ပညာရပ်​တွေကို ကျွမ်းကျင်​ဖို့ ဆယ်​နှစ်
အချိန်​ယူခဲ့ကြရပါတယ်။ ချက်​စ် ကစားတာ၊ အနုပညာ ဖန်​တီးတာ၊ ​ကြေးနန်း
ပို့​ဆောင်​တဲ့ပညာ၊ ပန်းချီဆွဲတာ၊ စန္ဒယားတီးတာ၊ ​ရေကူးတာ၊ တင်းနစ်
ကစားတာ၊ ဦး​နှောက်​နဲ့ အာရုံ​ကြော ပညာအတွက် သု​တေသန လုပ်​တာ​တွေဟာ
တကယ့်ကို အချိန်​ပေးခဲ့ရပါတယ်။

အဓိက ​အောင်မြင်​ဖို့ဟာ
တစ်​မျိုးတည်းကို ပဲ ထပ်​ခါထပ်​ခါ လုပ်​ရုံနဲ့ လဲမရပါဘူး။ ကိုယ့်အစွမ်းအစ
ထက်​ပိုမိုတဲ့ အရာကို အမြဲပဲ ​လေ့လာလုပ်​ဆောင် ကြည့်​နေဖို့ ဖြစ်​ပါတယ်။
တဖြည်းဖြည်းနဲ့ ပိုပိုသာလာ​အောင် အမှားကင်းလာ​အောင် ပြုလုပ်​နိုင်​ဖို့ကို
သာလျှင် ထပ်​ခါထပ်​ခါ လုပ်​ဆောင်​ရမှာ ဖြစ်​ပါတယ်။

ဖြတ်
လမ်းဆိုတာလည်း မရှိပါဘူး။ မိုးဇက်​ဆိုတဲ့ အနုပညာ ပါရမီရှင်​ဟာ အသက် ၎
နှစ်​ကတည်းက ​တေးဂီတကို စလုပ်​ခဲ့​ပေမယ့် ကမ္ဘာ့အဆင့်အတန်းဝင်ဖြစ်​ဖို့
၁၃နှစ် ကြာခဲ့ပါတယ်။

Beatles ဟာလည်း ၁၉၅၇ ကတည်းက ကလပ်​တွေမှာ
စတင်​တီးဆို​ဖျော်ဖြေခဲ့​ပေမယ့် တကယ်​တမ်း ​အောင်မြင်​ခဲ့တာ ၁၀
နှစ်ကြာပြီး ၁၉၆၇ ခုနှစ်​မှ ဖြစ်​ပါတယ်။

အထက်​ပါ အနုပညာရှင်​တွေ အားလုံး အသက် ၅နှစ်​လောက်​ကတည်းက စတင်​လေ့လာခဲ့ပါတယ်။
အသက် ၅ နှစ်​သားတုန်းက ​လေ့ကျင့်မှုဟာ တစ်​ပတ်​ကို ၂နာရီ ၃ နာရီ ဝန်းကျင်​လောက်​ရှိပါတယ်။
အသက်
၈ နှစ်​လောက်​မှာ ပိုမို စွမ်း​ဆောင်​လာနိုင်ပြီး တစ်​ပတ်​ကို ၆ နာရီ ၊
အသက် ၁၂ နှစ်​မှာ တစ်​ပတ် ၈ နာရီ၊ အသက် ၁၆ နှစ်​မှာ ၁၄ နာရီ
စသဖြင့်​လေ့လာခဲ့ပြီး အသက် ၂၀ မှာ တစ်​ပတ်​ကို နာရီ ၃၀ မျှ ရှိပါတယ်။

အသက်၂၀
ရောက်​နေတဲ့ အချိန်​မှာ ​လေ့ကျင့်ခဲ့တဲ့ အချိန်​တွေကို ​ပောင်းကြည့်ရင်
နာရီ ၁၀၀၀၀ ​လောက် ရှိ​နေပါတယ်။ အခြား ပုံမှန်​တော့သူ​တွေဟာ နာရီ ၈၀၀၀
လောက်​ပါ။ သူတို့ကို သင်ပြ​ပေးသူ​တွေဟာ​တော့ နာရီ ၄၀၀၀ ​လောက်​ပဲ
ရှိပါလိမ့်မယ်။

ဒါ​ကြောင့် အတိအကျ​ပြောမယ်​ဆိုရင်​တော့ ၁၀ နှစ်​ဆိုတာထက် နာရီ ၁၀၀၀၀ ​လောက် ​လေ့ကျင့်ဖို့ လိုတယ်​ဆိုတာပါဘဲ။

ဆာမျူရယ်
ဂျွန်​ဆင် (1709-1784) က ဒီလို ​ပြောခဲ့ပါတယ် "ဘယ်​နေရာက
ထူးချွန်​တဲ့သူမဆို ​အောင်မြင်​ဖို့ အတွက် ဘဝနဲ့ ရင်းပြီး
ကြိုးစားလာကြရတာပဲ၊ ​ဈေး​ပေါ​ပေါနဲ့ ဝယ်​လို့ရတဲ့ဟာ မဟုတ်​ဘူး ဆိုတာပါပဲ။"

Chaucer (1340-1400) က ဒီလို ညဉ်းတွားဖူးပါတယ် ... ဘဝဆိုတာ တိုသ​လောက် တစ်​ခုခု ကျွမ်းကျင်​အောင် လုပ်​ဖို့က ​တော်​တော်ကြာတယ်။

Hippocrates
(c. 400BC) က​တော့ ဒီလိုမျိုး ​ပြောဖူးပါတယ်။ ဘဝဟာ သိပ်​တိုတယ် ...
ကြိုးစားမှုက ကြာရှည်​ရတယ်၊ အခွင့်အ​ရေး​တွေက မမြင်​ရသ​လောက်​ပဲ၊
စမ်းသပ်​မှု​တွေအတွက် ​အောင်မြင်​မှုတစ်​ခုရဖို့ဟာ အင်​မတန်​ခက်​ခဲတယ်။

ပရိုဂရမ်​နဲ့ ပတ်​သက်ပြီး ​အောင်မြင်​ဖို့အတွက် လမ်း​ကြောင်းကို ဒီလို​ပြောပြချင်​ပါတယ်။


၁။
အ​ရေးအကြီးဆုံးက တကယ်​စိတ်​ဝင်​စားပါ​စေ၊ ကိုယ်​ဘာ​ရေးလိုက်​ရေးလိုက်
ပျော်ရွင်​မှုရှိပါ​စေ။ တကယ်​ပျော်ရွင်​မှုရှိမှ
ဆယ်​နှစ်​လုပ်​ကိုင်​နိုင်​သွားဖို့ အင်​အား​တွေရှိမှာ ဖြစ်​ပါတယ်။

၂။
အခြား ပရိုဂရမ်​မာ​တွေနဲ့ စကား​ပြောဖြစ်​အောင် ကြိုးစားပါ။
အခြားသူ​တွေ​ရေးထားတဲ့ ပရိုဂရမ်​တွေကို ဖတ်ဖြစ်​အောင်ကြိုးစားပါ။ ဒါဟာ
စာအုပ်​တွေ ဖတ်​တာထက်၊ သင်​တန်း​တွေ တက်​တာထက် ပိုအ​ရေးကြီး ပါတယ်။

၃။
ပရိုဂရမ်​ဆိုတာ ​ရေးကြည့်ရင်းနဲ့ မှ ပိုတတ်​တဲ့ အမျိုးပါ။ အ​သေးအမွှား
ပရိုဂရမ်​လေး​တွေ​တောင် ဖန်​ရှင် အပြည့်အစုံနဲ့ ဖြစ်​အောင်​ရေးပါ။
အခြားသူ​တွေရဲ့ သုံးသပ်​မှု​တွေကတဆင့် ပို​ကောင်း​အောင်​လုပ်ကြည့်ပါ။
အမှား​တွေကို ပြင်ဖြစ်​အောင် ပြင်ကြည့်ပါ။

၎။ အကယ်၍ သင်​ဟာ
တကဿကသိုလ်​ကို လည်း ၄ နှစ်​လောက်​တက်​ချင်​သေးတယ်​လည်းတက်​လို့ရပါတယ်။
ဒါဟာ သင့်အတွက် ပိုပြီး နက်​နဲတဲ့ အ​တွေ့အကြုံတစ်​ခုကို
ရ​ကောင်းရပါလိမ့်မယ်။ မတက်​ဘူးဆိုရင်​လည်း အလုပ်​က​နေလဲ ရနိုင်​ပါတယ်။
တက္ကသိုလ်​ပဲဖြစ်ဖြစ် အလုပ်​ပဲဖြစ်ဖြစ် စာအုပ်​က​နေ ​လေ့လာရုံဆိုရင်​တော့
မလုံ​လောက်​ပါဘူး။ ကွန်​ပျူတာ တက္ကသိုလ် ပညာ​ရေးဟာ ဘယ်​သူ့ကိုမှ
ပညာရှင်​အဆင့်ဖြစ်​အောင် ပြုလုပ်​မ​ပေးနိုင်​ပါဘူး။ ပန်းချီပညာ ဆိုရင်
စုတ်​တံ သုံးပုံသုံးနည်းနဲ့ ​ဆေးစပ်​ပုံ အ​ခြေခံကို ပဲ သင်​ပေးနိုင်​မှာ
ဖြစ်​ပါတယ်။

၅။ အခြား ပရိုဂရမ်​မာ​တွေပါတဲ့ ပ​ရောဂျက်​တစ်​ခုခုကို
ဝင်​လုပ်​ပါ။ တချို့ ပ​ရောဂျက်​တွေမှာ ထိပ်​သီးဖြစ်​အောင်ကြိုးစားပါ။
တချို့ပ​ရောဂျက်​မှာ ​အောက်​ဆုံးကလဲ ဖြစ်​ရင်ဖြစ်​နေပါ​စေ။ သင်​ထိပ်​ဆုံး
ရောက်​နေစဉ်​မှာ သင့်စွမ်းရည်​ကို အ​ကောင်းဆုံးအသုံးချပါ။
အခြားသူ​တွေကိုလည်း သင့် ​တွေး​ခေါ်မှု​တွေကို ထုတ်​ဖော်ပြသပါ။
သင်​အောက်​ဆုံးမှာ ​ရောက်​နေတဲ့ ပ​ရောဂျက်​ဆိုရင်​လည်း ​ရှေ့က ဆရာ့ဆရာ​တွေ
လုပ်​တာကို ​လေ့လာပါ၊ သူတို့ လုပ်​တာ မလုပ်​တာ​တွေကိုလည်း
ဆင်ခြင်​သုံးသပ်​ပါ။

၆။ အခြားသူ​တွေရဲ့ ပ​ရောဂျက်​တွေကို ​လေ့လာပါ။
နားလည်​အောင်​လုပ်​ထားပါ။ အကယ်၍ အ​ရေး​ပေါ်အ​ခြေအ​နေ
ပြင်​ဖို့လိုတာ​တွေရှိရင် နဂို ​ရေးတဲ့သူ​တွေမရှိရင်
သင်​ဝင်​ရေးနိုင်​အောင် လုပ်​ထားပါ။
နောက်ပြီး ​နောက်​လူ အတွက်​လည်း အလွယ်​ဆုံးဖြစ်​အောင် ပရိုဂရမ် ဒီဇိုင်း အ​ကောင်းဆုံးဖြစ်​အောင် ပြုလုပ်​ထားပါ။

၇။
ပရိုဂရမ် ဘာသာစကား အနည်းဆုံး ဒါဇင်​ဝက် ​လောက်​တော့ ​လေ့လာပါ။ class ရဲ့
သ​ဘောသဘာဝ​တွေ ပါဝင်​တဲ့ ဂျာဗား တို့ C++ တို့​တော့ တစ်​ခု
အနည်းဆုံးပါဝင်​ပါ​စေ၊ ​နောက်ပြီး ဖန်​ရှင် သ​ဘောသဘာဝ​တွေပါဝင်​တဲ့ Lisp
တို့ ML တို့လိုမျိုးကို လည်း တစ်​ခုပါဝင်​ပါ​စေ၊ Template
သ​ဘောတရား​တွေပါဝင်​တဲ့ Prolog တို့ C++ Template လိုဟာမျိုးတစ်​ခု၊
coroutines လို့​ခေါ်တဲ့ အပိုင်း​လေး​တွေခွဲပြီး အလုပ်​လုပ်​လို့ရတဲ Icon
တို့ Scheme လိုဟာမျိုးတစ်​ခု၊ Sisal လို့​ခေါ်တဲ့ Parallel အသုံးပြု
လို့ရတဲ့ သ​ဘောထား​တွေပါတာမျိုး​တွေကို ​လေ့လာသင့်ပါတယ်။

၈။
နောက်ပြီး ပရိုဂရမ် အချက်​အလက်​တစ်​ခု အလုပ်​လုပ်​ချိန်​မှာ အချိန်
ဘယ်​လောက်ကြာတာတို့၊ memory ​ပှေါက စာလုံးတစ်​လုံးဖတ်​ဖို့
ဘယ်​လောက်ကြာတာတို့၊ cache ပါရင် ဘယ်​လောက်ကြာတယ်။ မပါရင်
ဘယ်​လောက်ကြာတယ်​တို့၊ ဟာ့ဒစ်​က​နေ စာလုံး​တွေ ဆက်​တိုက်​ဖတ်​ရင်
ဘယ်​လောက်ကြာတယ်​တို့၊ ဟာ့ဒစ်​ရဲ့ ဖတ်​နေတဲ့ ​နေရာမဟုတ်​ပဲ အခြား​နေရာက
ဖိုင်​ကိုသွားရှာရင် ဘယ်​လောက်ကြာတယ် စသဖြင့်ကို သိထားသင့်ပါတယ်။
ဒါ​တွေသိထားရင် အခြား ပရိုဂရမ်​တွေထက် အလုပ်​လုပ်​ပုံခြင်း တူရင်​တောင်​မှ
ပို​ကောင်းတဲ့ ပိုမြန်​တဲ့ ပရိုဂရမ်​ကို ပြုလုပ်​နိုင်​မှာ ဖြစ်​ပါတယ်။

၉။
တတ်​နိုင်​ရင် ကွန်​ပျူတာ ဘာသာစကား​တွေရဲ့ စံသတ်​မှတ်ခြင်းအဖွဲ့​တွေမှာပါ
ပါဝင်​နိုင်​အောင်ကြိုးစားပါ။ ANSI C++ ​ကော်မတီလဲဖြစ်​ရင်ဖြစ်​မယ်၊
ကိုယ်​ပိုင် ကုတ်​ရေးပုံ​ရေးနည်း စတိုင် ညှိနှိုင်းပွဲလဲဖြစ်​ရင်ဖြစ်​မယ်။
ကုတ်​တစ်​ကြောင်း​ရှေ့မှာ စာလုံး အလွတ် ဘယ်​နှခု စသဖြင့်​ပေါ့။ ဒါ​တွေလဲ
စနစ်​တကျဖြစ်​အောင် လုပ်ကြပါတယ်။ အဲဒီမှာ ပါဝင်ခြင်းအားဖြင့် ပရိုဂရမ်​ရဲ့
သ​ဘောတရား​တွေကို ​ရေးပုံ​ရေးနည်း စတိုင်​စတာ​တွေကို ပိုမို
နားလည်​လာမှာပါ။ ဘယ်​ပရိုဂရမ်​မှာ​တော့ဖြင့် ဘာက​ကောင်းတယ်။ ဘယ်​သူ​တွေက
ဘယ်​လို သ​ဘောကျတယ် ဆိုတာ​တွေလည်း အ​ရေးပါပါတယ်။
အဲ စတန်းဒတ်
လုပ်​ဖို့က​တော့ မှန်​မှန်​ကန်​ကန်​နဲ့ သဘာဝ ကျတဲ့ နည်းလမ်းကို
မြန်မြန်​ဆုံးဖြတ်​နိုင်​ပါ​စေ။ (ကြာသွားရင်
လူလက်​ခံဖို့ခက်​မှာစိုးလို့ဖြစ်​မယ်။)

အဲဒါ​တွေ အကုန်​လုံးကို ​ခေါင်းထဲထည့်ထားပါ။ စာအုပ်​က​နေ ဘယ်​လောက်​လေ့လာနိုင်​လဲ ဆိုတာ လက်​တွေ့သိမြင်​လာပါလိမ့်မယ်။

ကျနော် ကိုယ်​တိုင် စာအုပ်​နဲ့​လေ့လာခဲ့ဖူးတယ်။ ကျ​နော် (​နောဗစ်) ပထမ
သားဦး ​မွေးတဲ့ အချိန်​မှာ How To လို စာအုပ်​တွေ အကုန်​ဖတ်​ခဲ့ပြီးပြီ။
ဒါ​ပေမယ့် ဘာမှ မဟုတ်​သေး​ကြောင်း ကိုယ်​ကိုယ်​ကို သိ​နေပါတယ်။ ​နောက်
၂နှစ်​ခွဲ​လောက်ကြာ​တော့ အဲဒီမှာ ပြန်​စဉ်းစားကြည့်တယ်။ စာအုပ်​တွေ
ပြန်​ဖတ်​သင့်သလားလို့ ... ​နောက်​ဆုံး အဲဒီစာအုပ်​တွေ ပြန်​ဖတ်​မယ့်အစား
ပညာရှင်​တွေ ​ရေး​နေတာ​တွေကို ​လေ့လာတာ၊ ပိုအသုံးဝင်​မယ်​လို့
ဆုံးဖြတ်​ခဲ့တယ်။


Fred Brooks ဆိုတဲ့ သူတစ်​ယောက် ​ဆော့ဝဲ ဒီဇိုင်း ပညာရှင်​တွေ ​မွေးထုတ်​ခဲ့ပုံက​တော့ ဒီလိုပါ။

၁။ ပုံမှန် စနစ်​ကျကျ ဒီဇိုင်း ပညာရှင်​တွေကို အရင်​ဆုံးရှာတယ်။
၂။ သူတို့အတွက် တိုးတက်​အောင်မြင်​ဖို့ အတွက် career လမ်းချ​ပေးတယ်။
၃။ ဒီဇိုင်းသမား​တွေ အချင်းချင်း ​တွေ့ဆုံ၊ နည်းပညာ ဖလှယ်​နိုင်​အောင် လုပ်​ပေးတယ်။

ဒါဟာ ဘာကို​ပြောသလဲ ဆိုရင် တချို့သူအ​တော်များများမှာ အရည်​အချင်းတစ်​ခု ရှိ​နေပြီးသားပဲ။
အလုပ်​က လိုက်​လျှောညီ​ထွေ ဖြစ်​မယ်​ဆိုရင် ​အောင်မြင်​တဲ့ ပရိုဂရမ်​မာ​တွေ ဖြစ်​လာမှာပဲ လို့ ​ကောက်​ချက်​ချလို့ရပါတယ်။

---

ဒါ​ကြောင့် လက်​ရှိ ဂျာဗားစာအုပ်​ကို သင်​ဝယ်​မယ် စဉ်းစား​နေတယ်​ဆိုရင် သွားသာ ဝယ်​လိုက်​ပါ။
သူ့အတိုင်းအတာနဲ့
သူ​တော့ အသုံးကျပါလိမ့်မယ်။ ဒါ​ပေမယ့် အဲဒါနဲ့ ၂၄နာရီ အတွင်း၊ ရက်
အနည်းငယ် အတွင်း၊ သို့ လအနည်းငယ် အတွင်းမှာ​တော့ သင့် ဘဝကို
ပြောင်းလဲနိုင်ဦးမှာ​တော့ မဟုတ်​သေးပါဘူး။

ပီတာ ​နောဗစ်
Code:
 http://norvig.com
---
Original Article :
Code:
http://norvig.com/21-days.html

တချို့​နေရာ​တွေမှာ ဆီ​လျှော်သလို ပြန်​ထားခြင်း ဖြစ်​ပါတယ်။ မူရင်းဆိုလိုရင်းနဲ့ ကွဲပြား​ကောင်း ကွဲပြားပါမည်။ :-)

---------------------------------------------------------------------------------
use code $ƴǩǾ
edited some ှ like that
ိdon't use the limited colour

http://www.myanmaritresource.info
Share this post on: reddit

ဟုတ္ပါတယ္ဗ်ာ

မရဘူးဆိုပြီးစိတ်ပျက်မနေပါနဲ့

အချိန်ကြာလာတာနဲ့အမျှအတွေ့အကြုံရတွေရလာနိုင်ပါတယ်

အမြန်ဆုံးနည်းတတ်ဖို့ဆိုတာ အပေါ်ယံလောက်ပါပဲ

ကျွန်တော်ဆိုကွန်ပျူတာတက္ကသိုလ်မှာ C++ ကိုသုံးနှစ်သင်ထားပြီးတာတောင်ယောင်ဝါးဝါးပဲ......
ကိုယ်ကိုယ်တိုင်စိတ်မပါတဲ့အလုပ်ဆိုရင်မလုပ်တာကောင်းပါတယ်

ကောင်းတယ်ညီ ရေ .. ဖတ်ရတာ တော်တော် ကို သိသွားရတယ် ... ယောင် ၀ါးဝါး ဖြစ်နေတာတွေ ဒါ ကလေးဖတ်လိုက်ရင် တော်တော် ကို သုံးသပ် မိသွားတယ် ။။ ရှဲ ရှဲ ကျေးဇူး ...

Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com