tin wrote:dear အကိုတို့ခင်ဗျား
မသိလို့မေးပါရစေ..fake mail ဘာအတွက်အသုံးဝင်တာလဲ..ဘယ်လိုအသုံးပြုတာလဲ
ကျေးဇူးပြုပြီး ..ဖြေးပေးပါအုံး
Fake Mail ဆိုတဲ့သဘောက ဘယ်လိပ်စာကမဆို ပို့လို့ရပါတယ်။ အဲဒီ မေးလ် တစ်ခုတကယ်ရှိနေဖို့လဲမလိုပါဘူး။
ဆိုကြပါစို့။ အစ်ကို့ရဲ့ G-Mail က
[You must be registered and logged in to see this link.] ဆိုပါစို့။ ကျွန်တော်ကအစ်ကို့ဆီကို Fake Mail တစ်စောင်ပို့မယ်။
ဘယ်လိုပို့မလဲဆိုတော့
To -
[You must be registered and logged in to see this link.]From -
[You must be registered and logged in to see this link.]Subject - Account Activation
Dear Tin Tin
မိတ်ဆွေရဲ့ အကောင့်နာမည်နဲ့ဆင်တူတဲ့ Account ကို နောက်တစ်ယောက်သုံးစွဲနေတယ်လို့ ထင်ရပါတယ်။
ဒါ့ကြောင့် မိတ်ဆွေ Privacy ရှိစေဖို့အတွက် မိတ်ဆွေရဲ့အကောင့်ကို Reactivate ပြန်လုပ်ဖို့လိုပါလိမ့်မယ်။
ဒါ့ကြောင့် မိတ်ဆွေရဲ့ Account Name နဲ့ Account Password ကိုဖြည့်စွက်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
User Name -
Password -
Reactivate
Best Regards
Gmail Team
စသဖြင့်ပေါ့။ Fake Mail ဆိုတာနဲ့ To မှာ ကိုယ်ပို့ချင်တဲ့လိပ်စာရိုက်ထည့်လို့ရပါတယ်။ From မှာလဲ ဘယ်ကပို့ချင်လဲဆိုတာရပါတယ်။
[You must be registered and logged in to see this link.] ကို
[You must be registered and logged in to see this link.] ကနေပြန်ပို့လို့လဲရပါသေးတယ်။
ကျွန်တော်အခု နမူနာပြတာက လွယ်ပါတယ်။ ကျွန်တော်သာ တကယ် Fake Mail နဲ့ယူဖို့ကြိုးစားမယ်ဆိုရင် ဘယ်လိုလုပ်မလဲဆိုတော့
အပေါ်မှာပြထားသလိုပဲ Gmail Team ကအနေနဲ့အစ်ကို့ဆီကိုစာပို့မယ်။ ပြီးရင် အဲဒီမှာအခုလိုမျိုးတော့ Form ပေးထားမှာမဟုတ်ဘူး။
Form အတွက် Link တစ်ခုပဲပေးထားမယ်။ အဲဒီမှာ Reactivate ပြန်လုပ်ဖို့ပြောမယ်။ အဲဒီ Link ကတော့ Google နဲ့တူအောင်လုပ်ထားတဲ့ Phishing Page တစ်ခုဖြစ်လိမ့်မယ်။ အဲဒီမှာ Username & Password မှာ Script လေးနည်းနည်းထည့်ရေးပြီး အစ်ကို့ Username& Password ကိုယူလိုက်မယ်။
Fake Mail ကိုအဲလိုနေရာတွေမှာသုံးပါတယ်။