ဒါလေးကတော့အားလုံးသိပြီးသားဖြစ်ကြမှာပါ ... ပြန်လည်မျှဝေလိုက်ပါတယ် ...ကွန်ပျူတာဂျာနယ်၂၀၀၈ခုနှစ်၊ အောက်တိုဘာလ။
စက်တင်ဘာလအတွင်းမှာ google ကနေ webbrowser တစ်ခုကို စတင် မိတ်ဆက် ပေးခဲ့ ပါတယ်။ ‘chrome’ လို့ အမည်ရတဲ့ အဒီ browserရဲ့ လျှို့ဝှက်ချက် ကလေးများကို ဖော်ပြ လိုက်ရ ပါတယ်။
၁။ ‘chrome’ ထဲမှာ ဖွင့်ထားတဲ့ စာမျက်နှာတစ်ခုကို desktop နဲ့ start menu ပေါ်ကိုခေါ်တင်ပြီး shortcut တစ်ခုနေနဲ့ဖန်တီးနိုင်ပါတယ်။ ကိုယ်အသုံးများတဲ့ webစာမျက်နှာတစ်ခု ( ဥပမာ အားဖြင့် Gmail ဆိုပါတော့) အရင်ဆုံးဖွင့်ပြီး အလွယ်တကူနဲ့ပဲစာရွက်ပုံ options မှာရှိတဲ့ ‘creat application shortcuts’ button ကိုကလစ်နှိပ်လိုက်ရုံပါပဲ။
၂။ Ctrl နဲ့ Shift key တွေကို ဖိထားပြီး အက္ခရာ ‘N’ ကို နှိပ်လိုက်မယ်ဆိုရင်တော့(incognito) ဆိုတဲ့ window တစ်ခုကို ဖန်တီး ပေးမှာ ဖြစ်ပါတယ်။ ဒါဟာ Windowsအသစ်တစ်ခုကို ဖန်တီး ပေးတဲ့ သဘောပဲ ဖြစ်တဲ့အတွက် firefox ရဲ့ (Ctrl N) command နဲ့ဆင်တူပါတယ်။
၃။ Alt နဲ့ home button ကို တွဲဖက်ပြီး နှိပ်ခဲ့မယ်ဆိုရင်တော့ google chrome ရဲ့မူရင်း home page ကို ပြန်ရောက်သွားမှာ ဖြစ်ပါတယ်။ အဲဒီ homepage မှာ userတစ်ယောက် အသုံးများတဲ့ စာမျက်နှာတွေကို ‘thumbnail’ စီစဉ် ပေးထားတာကို တွေ့ရပါတယ်။
၎၊၊ ‘Ctrl နဲ့ T ကို တွဲဖက်နှိပ်ရင်တော့ ‘new tab’ ကို ခေါ်ဆိုပေးမှာ ဖြစ်ပါတယ်။တကယ် လို့ Tab တစ်ခုကို drag ဆွဲချမယ် ဆိုရင် window အသစ်တစ်ခုအနေနဲ့ဖွင့်လှစ်ပေးပါလိမ့်မယ်။
၅။ “icongnito window’ အသစ်တစ်ခုနေနဲ့ homepage ပေါ်မှာ tumbnail icon တွေကို RightClick နှိပ်ပြီး ဖွင့်လှစ်လို့လဲ ရနိုင်ပါတယ်။
၆။ ‘Ctrl, Shift နဲ့ T’ တို့ကို တွဲဖက် နှိပ်လိုက်ရင်တော့ အရင်တစ်ခါသုံးစွဲသွားပြီး ပိတ်သွားခဲ့ တဲ့ tab တွေကို ပြန်ခေါင်းဆောင်ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။ မီးပျက်လို့ပဲဖြစ်ဖြစ်၊ ရုတ်တရက် ’save’ မလုပ် လိုက်မိတဲ့ webစာမျက်နှာ ကောင်းကောင်းတွေကို ပြန်လည် မှတ်မိဖို့အတွက် သိပ် အသုံးဝင် ပါတယ်။Google chrome ဟာ အနိမ့်ဆုံး tab (10) ခုအထိ မှတ်မိနေပါတယ်။
၇။ Tab တွေ တစ်ခုနဲ့ တစ်ခုအကြားကို ခုန်ကျော် ဖြတ်သန်းဖို့အတွက်ကတော့ Ctrl keyကိုဖိနှိပ်ထားပြီး keyboard ရဲ့ အပေါ် ဘားတန်းမှာရှိတဲ့ 1, 2, 3, 4, ……numberတွေနဲ့ ရောယှက် ဖိနှိပ်လို့ရပါတယ်။ ဥပမာ စာမျက်နှာ ငါးခုမြောက်ကိုသွားချင်တဲ့အခါမှာ (Ctrl 5) ကို တွဲဖက် နှိပ်ရပါမယ်။
၈။ စာမျက်နှာတွေကို ခေါ်ယူစဉ်မှာ loadingလုပ်တဲ့ စတိုင်ဟာ IE8 နဲ့ဆင်တူပြီး စက်ဝိုင်းကလေး လည်ပတ်နေတဲ့ ပုံသဏာန် ရှိပါတယ်။‘Ctrl’ နဲ့ Tab’ ကို တွဲဖက်နှိပ်လိုက် ရင် အဲဒီအချိန်မှာ လတ်တလော loadingခေါ်ယူနေတဲ့ page (tab) ဆီကိုရောက်ပါမယ်။
၉။ (Ctrl Shift Tab) တွေကို တွဲဖက်နှိပ်မယ်ဆိုရင်တော့ Ctrl Tab နဲ့ ဆန့်ကျင်ဘက်အဖြေကို ရရှိမှာဖြစ်ပြီး ယခင် loading ခေါ်ယူပြီးခဲ့တဲ့ page ဆီကိုပြန်လည်ရောက်ရှိနိုင်ပါလိမ့်မယ်။
၁၀။ Firefox browser မှာ သုံးခဲ့သလို ကိုယ်ကြည့်ရှုနေတဲ့ စာမျက်နှာတွေကိုစိတ်ကြိုက် နေရာချပြီး အထားအသို ရွှေ့ပြောင်းဖို့အတွက် mouse ကို ဖိထားပြီး dragဆွဲယူရပါမယ်။
၁၁။ သိပ်ကြိုက်တဲ့ စာမျက်နှာတစ်ခုကို တွေ့ရတဲ့အခါမှာတော့ မှတ်သား bookmarkလုပ်ထားဖို့ အတွက် ‘Ctrl နဲ့ D’ ကိုနှိပ်ရပါမယ်။ အဲဒီကမှ ပေါ်လာတဲ့ edit box ထဲမှာကိုယ့်စိတ်ကြိုက် အမည် ပေးတာနဲ့ folder တည်ဆောက်တာတွေကို လုပ်ဆောင်နိုင်ပါတယ်။Address bar မှာ ရှိနေတဲ့ ကြယ်ပွင့် အ၀ါရောင်ကလေးကို click နှိပ်ပြီး bookmarkလုပ်နိုင်ပါတယ်။
၁၂။ ‘Ctrl နဲ့ B’ ကို တွဲဖက်နှိပ်လိုက်တဲ့အခါ မှာတော့ bookmark bar ကို ခဏ ဖျောက်ပေးထား ပါတယ်။ မြင်ကွင်း ကျယ်ကျယ်ကို ကြည့်လိုသူတွေအတွက် အသုံးဝင်တဲ့ shortcutတစ်ခုပါပဲ။
၁၃။ Bookmark bar မှာ ရှိတဲ့ ‘back’ ( အနောက်ကိုသွားတဲ့ button) လေးကို Rightclick နှိပ် လိုက်တဲ့အခါမှာ ကိုယ်ကြည့်ရှုခဲ့တဲ့ စာမျက်နှာတွေရဲ့စာရင်းကိုတစ်ရက်ချင်းအလိုက် မှတ်တမ်း ရရှိ ပါလိမ့်မယ်။ အဲဒီရဲ့ အောက်ဆုံးမှာတော့‘full story’ ဆိုတဲ့ စာသားကို click နှိပ်လိုက်တဲ့အခါ new tab ဖွင့်လှစ်ပေးပြီးကိုယ့် web စာမျက်နှာကို အပြည့်အ၀ ပြန်လည်ရရှိပါလိမ့်မယ်။
၁၄။ History စာမျက်နှာကို အမြန်ဆုံး နည်းနဲ့ ရောက်ရှိချင်ရင်တော့ Ctrl နဲ့ H ကိုတွဲဖက် နှိပ် ရ ပါမယ်။
၁၅။ Instory စာမျက်နှာဟာ install လုပ်ပြီး စတင်သုံးစွဲခဲ့ချိန်ကစလို့ နေ့စွဲတစ်ခုချင်းစီ အလိုက် မှတ်သားပေးထားမှာ ဖြစ်တဲ့အတွက် မလိုအပ်တာနဲ့ အသုံးမကျတာတွေကိုစိတ်ကြိုက် ဖျက်ပစ်ပြီး လိုအပ်သလို ဖွဲ့စည်းပြင်ဆင်ထားနိုင်ပါတယ်။