ခုနက အလျင်စလို Reply ပြန်ပေးမိသွားတယ်။
အကြံပေးတဲ့သူ စိတ်ကျေနပ်အောင်လို့ အခု တစ်ချက်ချင်းပြန်ပေးမယ်နော်။
firef0xxx wrote:New User တွေ အတွက်.... ဒီဆိုက်မှာ... လွယ်လွယ်နဲ့ ရင်းနှီးမှု မရတာတွေ့ရပါတယ်....
အစ်ကိုပြောတာက New User တွေနဲ့ ရှိပြီးသားလူတွေနဲ့ လွယ်လွယ်မရင်းနှီးဘူးပြောတာတော့ မဟုတ်လောက်ပါဘူးနော်။
ဘာလို့ဆို ဥပမာလေးကို ကြည့်မိလို့ပါ။ အကယ်လို့ ဟုတ်နေလည်းပြောနော်။ ကျွန်တော်က မရှင်းလို့ ပြန်မေးကြည့်တာပါခင်ဗျာ။
firef0xxx wrote:ဥပမာ ပြောရရင် မီးချောင်းဝယ်ဖို့လာတဲ့ သူတစ်ယောက်ဟာ.. ဆိုင်လည်းရောက်ရော...အမျိုး အစား အများကြီးကိုတွေတဲ့ အခါ ဘာ ကိုဝယ်ရမှန်းမသိတော့ပဲ ရှုပ်ထွေး သွားစေသလိုပါပဲ........လူသုံးများတာလောက်ပဲ ထုတ်ပြပြီး ကျန်တာတွေကို ဘီရိုထဲမှာ ပဲပြထားမယ်ဆိုရင်.... ပိုပြီး လွယ်လွယ်ကူကူရင်းနှီးကျွမ်းဝင်စေလိမ့်မယ်ထင်တယ်ဗျ...
အဲဒီ့လိုလုပ်ရင်လည်း Love at First Sight လိုပေါ့။ Great Impression at First Sight ဖြစ်အောင် ဘယ်လိုနေရာချရမယ်ဆိုတာ ကျွန်တော် အဖြေမရသေးဘူးဗျ။
MITR 2.0 မှာတော့ အကောင်းဆုံးဖြစ်အောင် လုပ်ရမယ်။
အစ်ကိုပြောသလိုပေါ့ ဘီရိုထဲ ထည့်သိမ်းသင့်တာ ပြန်သိမ်းလိုက်ဦးမယ်။
ဘီရိုသော့ကတော့ Member တွေ ဖိုရမ်နဲ့ ရင်းနှီးလာလေ သူ့ဟာသူ ရလာလိမ့်မယ်။
firef0xxx wrote:စည်းကမ်းတွေ လည်း နည်းနည်း ရှုပ်ထွေးတယ်ထင်မိပါတယ်.......
အိုင်တီ ကို ၀ါ သနာပါလို့ ခု မှ အွန်လိုင်း တတ်သုံးပြီးလေ့လာမယ့် သူ အတွက်...
လွယ်ကူ အဆင်ပြေစေချင်ပါတယ်.....
စည်ကမ်းကတော့ ကျွန်တော်လည်း ပါသင့်ပါထိုက်တယ် ထင်တာ အကုန်ထည့်ထားတာ။
ဒါပေမယ့် စည်းကမ်း မထားပြန်ရင်လည်း သိတဲ့ အတိုင်းလေ...
ဥပမာဗျာ Code ခံပြီးရေးပါလို့ ပြောပြရုံ အပြင် ပုံလေးနဲ့ ပါတွဲ ပြနိုင်မယ်ဆို ရင်...
အဆင့်အတန်း စုံက Member တွေ အတွက် အားကိုးစရာဖြစ်လာမှာပါ...
ပြီးတော့ မြန်မာ လူမျိုး တွေ အတွက် အဓိ က ထားတာ ဖြစ်လို့ တတ်နိုင်သလောက်မြန်မာလို ပဲ
ရေးကြစေချင်ပါတယ်...
တတ်နိုင်သလောက် တော့ Tutorial တွေ ဘာတွေ ဆိုရင် မြန်မာလိုရေးကြတာပါဘဲ။
တစ်ချို့ Reply တွေမှာတော့ shift+ctrl နှိပ်ဖို့ မေ့နေလေတော့ ဒီအတိုင်း simple sentence လေးတွေနဲ့ simple meaning လေးတွေနဲ့ ရေးကြတာပါ။
လူတိုင်းလည်း နားလည်လောက်ပါတယ်ခင်ဗျ။
ဥပမာဗျာ...လွယ်လွယ်နဲ့ Familiar မဖြစ်ဘူးလို့ပြောလိုက်တာထက်..
လွယ်လွယ်နဲ့ ရင်းနှီးမှု မရတာတွေ့ရပါတယ်....လို့ပြော လိုက်တာက ပိုရှင်းလင်းစေမယ်ထင်ပါတယ်..
အဲ ကျွန်တော်ပြောတာမှာ အမှားပါခဲ့ရင်လည်း ခွင့်လွှတ်ပေးပါဗျာ...
အဲလိုကတော့ IT သမားတိုင်း ထည့်ပြောမိတတ်ကြပါတယ်။
ဘာလို့ဆို IT အသုံးအနှုံးတွေ ကြားညှပ်သုံးရင်းက အဲလိုဖြစ်တတ်တာပေါ့။
နေ့စဉ် နှုတ်ပြောတွေမှာလည်း ကျွန်တော်တို့လူမျိုးရဲ့ အကျင့်လိုဖြစ်နေတာကတော့ ကျွန်တော်လည်း ဘယ်လိုလုပ်ပေးရမယ်မသိတော့ဘူး။
ဘာဘဲဖြစ်ဖြစ် အစ်ကို့ရဲ့ အမြင်လေးကို ခုလိုသိရတာတော့ ကျေးဇူးပါဗျာ။