Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

william016

william016
MITR New User



Date: 9.3.2012 , 12.00PM
သူငယ်ချင်းအားလုံး မင်္ဂလာပါ။ မတွေ့တာကြာပြီနော်။ အခုလည်းသူငယ်ချင်းတစ်ယောက်အကူအညီတောင်းလို့ ဂျီမေးလ် အကောင့်ဖွင့်ပေးယင်းဒီပို့စ်ကို ရေးလိုက်တာပါ။
How to bypass Google Gmail verification without cell phone!! ဆိုတဲ့အတိုင်းကျွန်တော်သိထားတဲ့ နည်းလေးကို ပြောပြချင်လို့ပါ။ ဟဲဟဲ ဟဲ အစားကောင်းစားရယင် သူငယ်ချင်းမိတ်ဆွေတွေကိုသတိရမိတယ်ဆိုတဲ့ စကားအတိုင်းသယ်ယင်းများကိုပြေးမြင်မိတယ်လေ။ Gmail က မြန်မာပြည်မှာတော့ ကျွန်တော်တို့ user များ၏အသဲစွဲပဲလေ။ ဒါပေမဲ့ Google က သူ့ လုံခြုံရေးအတွက် ၊မေးလ်တွေမဖောင်းပွရအောင် ဖုန်းနံပါတ်တောင်းတာတော့ တော်တော်ဆိုးတယ်။ ကျွန်တော်မှာက ဖုန်းမပြောနဲ့ ဖုန်းနဲ့ တူတာ ဘာမှ မရှိတော့ အခက်တွေ့တာပေါ့။ သူငယ်ချင်းမှာဖုန်းရှိပေမဲ့ မြန်မာပြည်က ဖုန်းဆို Google က အရေးကိုမလုပ်ဘူး ။ အဆင်ကိုမပြေဘူး။ အင်တာနက်မှာရှာလိုက်ရတာမောသွားတာပဲ။ နည်းတွေကတော့ အများကြီးပဲ။ ဒီတစ်ခုပဲ အဆင်ပြေလို့ ပေးလိုက်ပါတယ်ဗျာ။ ကဲအစပျိုးနေတာနှင့် စာက ရှည်နေပြီး။ စိတ်ရှည်2လေးဖတ်ပေးပါဗျာ။ကျွန်တော်ပြာတဲ့အတိုင်းမှန်အောင်လုပ်မယ်၊ ကွန်နက်ရှင်ကကောင်းမယ်ဆို 5မိနှစ်ပဲကြာမှာပါ။
ကဲ အလုပ်စရအောင်ဗျာ------

ပထမပိုင်း----
Open: Mozilla Fireforx ---Gmail login page ကို အယင်ဖွင့်ပါ။
Click -Creat and Account
Account option ပေါ်လာမည်။ မိမိအဆင်ပြေသလို လိုအပ်သော အချက်အလက်များကိုဖြည့်ပါ။ country မှာ United States ကိုရွေးထားပါ။ ပြီးယင်
click --next ပေါ့။ ကံကောင်းယင် ဖုန်းနံပါတ်လာမတောင်းပါဘူး။ တကယ်လို့များ ဖုန်းနံပါတ်လာတောင်းယင် အခုကျွန်တော်ပြောမည့် ဒုတိယအပိုင်းကို သေချာဖတ်ပေးပါ။ Verifiy Your Account page ကို close မလုပ်ထားပါနဲ့။ ဒီအတိုင်းထားတာပါ။

ဒုတိယပိုင်း----
မေးလ် အကောင့်တစ်ခုတော့ရှိဖို့ လိုသည်။မရှိယင် မိတ်ဆွေ၊ သူငယ်ချင်းတစ်ယောက်2ကို အကူအညီတောင်းပါ။ ဂျီးမေးလ် ဆိုယင်ပိုကောင်းတယ်။ သူကစာဝင်/စာထွက် မြန်လို့ လေ။ အခု ဂျီးမေးလ်ကို အသုံးပြုနည်းကိုပြောပြပါမည်။
Open : New Tab and G-mail Login/Signin page ကိုဖွင့်ပါ။ your secondary G-mail Account ( Recovery mail) ကို Login/Signin လုပ်ပြီးမေးလ်ဖွင့်ထားပါ။ ပြီးယင်အခုပေးထားတဲ့လင့်ကိုသွားပြီး ဖုန်းနံပါတ် ယူရမှာဖြစ်တယ်။
Here Link: [You must be registered and logged in to see this link.] ကို သွားပါ။
Fill your recovery or secondary mail (စောစောက ကိုယ်ဖွင့်ထားတဲ့ ဂျီးမေးလ်အကောင့်ကို ဖြည့်လိုက်ပါ။ 2 ခါဖြည့်ပါ။ဒါမှ K7မှ ဖုန်းနံပါတ်ပို့လာမှာဖြစ်သည်။ )
Security code: မှာမိမိကြိုက်နှစ်သက်ရာ ဂဏာန်း လေးလုံးကိုရိုက်ပါ။ ဥပမာ။ ။ 1234
Select -- Send them to my email address only. Do not post them on the K7 web site.ကိုရွေးပါ
Select-- GSM: a small file with lower sound quality but faster download. ကိုရွေးပါ
Select-- Fax and Voice Mail (personal greeting and default message) ကိုရွေးပါ
Select-- Regular Nationwide Plan (can receive calls from anywhere)ကိုရွေးပါ
Type the two words ကို မှန်အောင်ရိုက်ပါ။ မသဲကွဲယင် refresh button ကိုကလစ်နှိပ်ပါ။
Click--- Submit.
အဲ့ဒါဆို ဖုန်းနံပါတ် ပါတဲ့ K7 Page တစ်ခုပ်ါလာလိမ့်မည်။ ပိတ်လိုက်ပါ။ မိ2ပေးထားတဲ့ မေးလ်ကို ပြန်ဖွင့်ကြည့်ပါ။ မေးလ်မှာ K7 မှ ပို့လာတဲ့ ဖုန်းနံပါတ် ရောက်နေလိမ့်မည်။
ဖုန်းနံပါတ်ကို copy လုပ်ပြီး စောစောက verification option ကိုပြန်သွားပြီး ဖုန်းနံပါတ်ကို paste လုပ်လိုက်ပါ။ သူငယ်ချင်းအောက်ကအချက်အလက်များအတိုင်းကိုသေချာလုပ်ပါ။
Important ####
Fill – your phone number (K7 ကပို့လာတဲ့ ဖုန်း numberကိုဖြည့်ပါ )
Select—Voice Call ကိုရွေးပါ
Select—Country ---United States ကိုရွေးပါ။ ဘာဖြစ်လို့လဲဆိုတော့ သူက USA မှာပဲအသုံးဝင်လို့ပါ။
Click—Call my phone with verification Code.
နောက်ထပ် security code ထပ်တောင်းတဲ့ page ပေါ်လာမည်။ သူက စောစောက ဖြည့်လိုက်တဲ့ K7 ဖုန်းနံပါတ် ကို ကုဒ်ပို့ထားသည်လို့ ရေးထားတာတွေ့လိမ့်မည်။ ဒါဆို မိမိဖွင့်ထားတဲ့ မေးလ်ကို ပြန်သွားကြည့်ပါ။ K7မှ ပို့လာတဲ့ voice message အသံဖိုင် မေးလ်အသစ်ရောက်နေလိမ့်မည်။ မရာက်ယင် 2-3မိနှစ်လောက်စောင့်ကြည့်ပါ။ ရောက်လာယင်မေးလ်ကိုဖွင့်ပြီး အသံဖိုင်ကို ဒေါင်းလုပ်လုပ်ပါ။ ပြီးယင် ၀င်းအန့် သို့ ၀င်းမီဒီယာပလေယာ တစ်ခုခုနှင့်ဖွင့်ကြည့်ပါ။ အဆင်မပြေယင် အသံဖိုင်ကို converter တစ်ခုခုနှင့် MP3 format ကိုပြောင်းပြီးဖွင့်ကြည့်ပါ။ အဆင်ပြေသွားမှာပါ။ အသံကို သေချာနားထောင်ပါ။ အနည်းဆုံ3း-5 ခေါက်လောက်နားထောင်ပြီး စာရွက်ပေါ်မှာရေးချထားပါ။ အနည်းဆုံး ဂဏန်း 6လုံးရှိတယ်။ ပြီးယင် စောစောက security code မှာ ဖြည့်လိုက်ပါ။ click --- submit လိုက်ပါ။ ဒါဆိုယင် congratualation ဆိုတဲ့ စာပေါ်လာလိမ့်မည်။ စော2က ဖွင့်ထားတဲ့ ဂျီးမေးလ်ကို အယင်ပိတ်လိုက်ပါ။ နောက်ပြီး congratualation ဆိုတဲ့ စာမျက်နှာမှာ Get Start ကိုကလစ်နှိပ်လိုက်ပါ။ မိမိဖွင့်လိုကိတဲ့ မေးလ်အသစ် ပေါ်လာပါမည်။ဒါဆိုယင် အောင်မြင်စွာ မေးလ် တစ်ခုကိုဖွင့်လိုက်နိုင်ပါပြီး။ ကျွန်တောကလုံးဝနားမလည်းသူတွေအတွက်ပါရည်ရွယ်ပြီးရေးတာမို့ စာက နည်း2ရှည်သွားလို့ သည်းခံပေးပါဗျာ။ ဟူး---လက်လည်ညောင်း၊ မျက်စိလည်းညောင်းသွားပြီး ။ ဟားဟားဟား
သယ်ယင်းအားလုံးအစစအရာရာ အဆင်ပြေချောမွေ့ ပါစေလို့ ဆုတောင်းပေးပါတယ်။

William016

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com