1 IE ရဲ့ history တွေကို ရှင်းကြရအောင် .. 20th July 2009, 6:11 am
K0ht3t
Moderator
IE မှာ နဂိုဆိုရင် သူ့ရဲ့ သုံးခဲ့တဲ့ history ကို ရက် ၂၀ သိမ်းပေးပါတယ် ..အဲဒါလေးတွေ က နောက်တော့ များများလာခဲ့ရင် ကိုယ့် ပုံမှန်ဝင်နေကျလိုမျိုးမဟုတ်တော့ပဲ နဲ့ နှေးနေတတ်ပါတယ် .. အဲဒါကြောင့် ရက် လျှော့ချခြင်းတွေ အရင် လုပ်ထားခဲ့တာတွေ ကို ဖျက်ပစ်ခြင်းတွေ ပြုလုပ်သင့်ပါတယ် ..ဒီအောက်က ကျွန်တော် ပြထားတဲ့လမ်းကြောင်း ကလေး အတိုင်းလေး သွားလိုက်ပါ ..
Tools>Internet Options> History >Days to keep pages in history
အဲဒီမှာ ကိုယ်ထားချင်သလောက် ရက်ကလေးပဲ ထားလိုက်ပါ .. အားလုံးကို ရှင်းပစ်ချင်တယ်ဆိုရင်တော့ clear history ပေါ့ ....
သုံးခဲ့တဲ့ email & pass ကို မှတ်မထားချင်ဘူးဆိုရင်တော့ ..အောက်ကလမ်းကြောင်းလေး အတိုင်းသွားလိုက် .. ပြီးရင်တော့ အမှန်ခြစ်ကလေး ဖြုတ်ပေးလိုက်ပါ ..
Tools>Internet options>Content Tab>AutoComplete Button>User Names & Passwords
ပြီးတော့ IE က ကိုယ်ဖွင့်ခဲ့တဲ့ address တွေကို temp အဖြစ်နဲ့ သိမ်းထားပါတယ် ..နောက်ပိုင်း အဲဒီ temp လေးတွေ များလာရင်လည်း စောစော ကလိုပဲ နှေးနေတာတို့ ဘာတို့ ဖြစ်တတ်ပါတယ် .. အဲဒါလေး တွေကို ရှင်းကြည့်ရအောင်ပါ .. အောက်ကလမ်းကြောင်းလေး အတိုင်းသွားလိုက်ပါ..ပြီးရင်တော့ ဖျက်ချလိုက်ပေါ့ ..
Tools>Internet options>Temporary Internet files> Delete Files , Delete Cookies Tab