Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder
ဘာကြောင့် ငါ့ဘ၀ငါ ဖျက်ဆီးမိနေတာလည်း ။
ဘာကြောင့် ငါ့တက်လမ်းငါ ပိတ်ပင်မိနေတာလည်း ။
ဘာကြောင့် င့ါအချိန်ငါ ဖြုန်းတီးနေမိတာလည်း ။
ဘာကြောင့် ငါ့ချစ်သူနဲ့ငါ အဆင်ပြေအောင် မနေနိုင်ရတာလဲ။
ဘာကြောင့် လူအားလုံးနဲ့ အဆင်ပြေအောင် မနေပေးနိုင်ရတာလဲ။
သေချာတယ်။ ငါရူးနေပြီ။



Last edited by SYKO on 27th April 2010, 9:05 pm; edited 1 time in total

http://www.myanmaritresource.info

solakoko

solakoko
Moderator



Moderator
[You must be registered and logged in to see this image.]



Last edited by solakoko on 21st April 2011, 7:39 pm; edited 2 times in total

လင်းထက်

လင်းထက်
MITR Reader



MITR Reader
ငါအချိန်တွေ ဖြုန်းတီး ပစ်ခဲ့တယ်.... တမင်တကာ ကာရံထားတဲ့ တံတိုင်းများ ခြားထားလဲ.... ဘ၀ရဲ့ထွက်ပေါက်
အဖြေမှန်ကို ရှာဆဲ.............................................................................. :invisiblec

mars

mars
Moderator



Moderator
ယောင်္ကျားလေးပေမယ့် အားငယ်တဲ့အခါလည်းရှိတယ်... စိတ်လေတဲ့အခါလည်းရှိတယ်... ကြောက်ရွံ့စိတ်တွေဝင်လာတဲ့အခါလည်းရှိတယ်... တွေဝေမှုတွေများတဲ့ စိတ်တွေလည်းဖြစ်ဖူးတယ်... ဆုံးဖြတ်ချက် မခိုင်မာတာတွေလည်းရှိဖူးတယ်... ယုတ်စွအဆုံးကုန်ကုန်ပြောရရင် ကိုယ့်ကိုယ်ကို အလိုမကျမှုတွေအများကြီးနဲ့ ပျော်ရွှင်စရာတွေပျောက်ဆုံးပြီး ရှေ့ဘ၀ခရီးလမ်းမရေမရာကြားထဲမှာ အခုထိဖြတ်သန်းနေရတုန်းလို့ ပွင့်ပွင့်လင်းလင်း ဒီနေရာမှ ၀န်ခံပါတယ်.... စိတ်များပေါ့ပါးသွားမလားလို့...

http://sidnaing.co.cc/

moeset

moeset
MITR Reader



MITR Reader
ကျွန်တော် ကောင်မလေးတစ်ယောက်ကို လွန်ခဲ့တဲ့ ၂နှစ်ကျော်လောက်ကချစ်ခဲ့တယ် အရင် က လူရူပ် လူပွေ လုပ်ချင်တာလုပ် ဘာကိုမှစိတ်မဝင်စား မိဘပိုက်ဆံထိုင်ဖြုံး ညဘက်ကလပ်သွား ကားပြိုင်မောင်း အဲ့ဒီလိုကောင် လူတိုင်းက ပြောတယ် ဒီတစ်သက် အဲ့ဒီ အကျင့်တွေပြင်လို့မရပါဘူးဆိုတဲ့လူ နောက် အဲ့ဒီကောင်မလေးကိုယ်တိုင်ကြည့်မရ နောက် ကျွန်တော်ပဲစိတ်ရှည်ရှည်နဲ့ချစ်လို့လား အချစ်တွေပဲမှန်လို့လားမသိဘူး လွန်ခဲ့တဲ့ ၎ လလောက်က သူဆီက အချစ်တွေပြန်ရခဲ့တယ်လေ အခုဆို ချစ်သူသက်တမ်း ၄လ ပြည့်တော့မယ် ကျွန်တော် အတတ်နိုင်ဆုံးထက်ပိုပြီး အတက်နိုင်ဆုံး အကျင့်ဆိုးတွေပြင်ခဲ့တယ် လူတွေအားလုံး အံသြသွားရတယ် ဒါပင်မဲ့ မိဘ တွေ အတွက်တော့ သားလိမ္ပာတစ်ယောက်မဟုတ်ခဲ့ပင်မဲ့ မိဘတွေ သဘာကျတဲ့ ချစ်သူတစ်ယောက်ရခဲ့တယ်လေ တစ်ကယ်ပါ ကျွန်တော် ဘဝမှာ ဘာမှမရှိနဲ့ ကောင်မလေးရှိရင်ပြီးပါပြီ စစချင်းပြင်တုန်းကတော့ မရဘူးလို့တောင်ထင်ခဲ့တယ် အားငယ်နေတဲ့အချိန် (ယောက်ကျားလေးတွေ က အခက်ခဲရှိရင် ကိုယ်ဟာကိုဖြေရှင်းတတ်ပါတယ် ဒါပင်မဲ့ ချစ်သူဆီ က အားပေးမှုကို အမြဲတမ်းလိုချင် ကျပါတယ် သူတို့ တွေက သူတို့လိုချင်တာကိုထုတ်ပြောဘို့ဝန်လေးနေပါတယ် ကျွန်တော်လဲပါပါတယ်) ကောင်မလေးရဲ့အားပေးမှုနဲ့ ရအောင်ပြင်ခဲ့တယ် ကျွန်တော် ဒီနေရာမှာ ရင်ဖွင့်ချင်တယ်ဗျာ ကျွန်တော် အဲ့ဒီကောင်မလေးနဲ့ပဲ တစ်သက်လုံးအတူနေချင်ပါတယ် အခက်ခဲမှန်သမျှကို သူနဲ့ အတူတကွဖြေရှင်းကျော်လွှားကြမယ် (ဆော်တီးဗျာ ရင်ဖွင့်ချင်နေတာ ဒါလေးတွေ့တော့ဝင်ရေးလိုက်တယ်ဗျာ ) ယောက်ကျားလေးတွေရဲ့အတွင်းစိတ် သူတို့ကောင်မလေးတွေကိုဘယ်လောက်ထိချစ်တယ် ဘယ်လောက်ထိစိတ်ပူတယ် ဘယ်လောက်ထိ သဝန်တိုတယ် ဆိုတာကို ကောင်မလေးတိုင်းမြင်နိုင်ပါစေလို့ ဆုတောင်းလိုက်တယ် ချစ်သူတိုင်း အဆင်ပြေကြပါစေ

alt.332

alt.332
Administrator



Administrator
ကိုမိုးစက်ရဲ့ Post နဲ့ ခံစားချက်ကို ကိုမိုးစက် ကြင်နာသူ မြင်ပါစေ သိပါစေလို့....

(alt.332)

http://www.myanmaritresource.info

လင်းထက်

လင်းထက်
MITR Reader



MITR Reader
အချစ်ဆိုတာကို စတွေ့ထဲက ဒဏ်ရာတွေပဲရခဲ့ လို့လားတော့မသိဘူး အချစ်ကိုထပ်ခံစား မိမှာကြောက်လို့
onlineပေါ် မှာတောာင်ရည်းစားမထားရဲတော့ဘူး။ ကိုယ့်ကိုကိုယ် စာအုပ်နဲ့ ကွန်ပြူတာထဲပဲခေါင်းနှစ်ထားခဲ့တာ
ကြာခဲ့ပြီ....လူတွေပြောတဲ့ ချိုမြိန်တဲ့ အချစ်ဆိုတာဘယ်တော့များမှ တွေရပါ့မလဲနော်.........

satsoepiang

satsoepiang
MITR Reader



MITR Reader
မျှော်ရတာမောလိုက်တာကွာ.................................
မင်ကိုစောင့်ရင် ငါအိပ်ပျက်ခဲ့တဲ့ညတွေကို စာနာပါဦးကွာ..............

လင်းထက်

လင်းထက်
MITR Reader



MITR Reader
ဟားးးးးးးးးးးးးးးးးးးးးးးးးးးးး ဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးဘာတွေလဲ..........လူတွေကလဲဘာတွေလဲ........
လောကကြီးကလဲဘဘာတွေလဲ.................ငါ့ကိုဘာလို့အမြဲနှောက်ယှက်နေတာလဲ....................
ငါဘာသာငြိမ်ငြိမ်လေးနေတာကို ငါ့ကိုပဲတစ်ချိန်လုံး နှောက်ယှက်နေကြတာပဲ..........ဒါတွေဘယ်တော့မှပြီးဆုံးမှာလဲငါကြောက်တယ်.......အရိပ်မဲကြီးလိုပဲ...............ငါသွားလေရာကိုလိုက်နေတယ်........................ :cry

kolynn

kolynn
MITR New User



ဝါသနာက တစ်မျိုး ၊ လုပ်နေရတော့တစ်ခြား
ဆန္ဒ နဲ့ ဘ၀ ထပ်တူမကျ နိုင်သေးတဲ့ အနေအထားမှာ အလုပ်ခွင်ထဲ မနိုင်ဝန် ထမ်းထားရတဲ့ဒုက္ခ..
များလိုက်တဲ့ Stress တွေ Pressure တွေ ....
မခံနိုင်တဲ့အချိန် အော်ဟစ်ဖောက်ခွဲပစ်ချင်လည်း ပေါက်ကွဲခွင့် မသာသေးတဲ့ ဘ၀...
အင်း.... စိတ်မောတယ်...............

http://www.rhythmlessworld.co.cc

Htut

Htut
MITR New User



ကျွန်တော်တစ်ယောက်တည်း ...
ခုတစ်လော ကျွန်တော်တစ်ယောက်တည်းဘဲ နေနေရတယ် ...
ကျွန်တော်ချစ်တဲ့သူ နဲ့မတွေ့ရတဲ့ရက်တွေလည်းများခဲ့ပြီဗျာ ...
ကွန်ပျူတာရှေ့မှာအချိန်တွေ ကုန်နေတယ်ဗျာ ...
သတိရတဲ့အချိန်တိုင် သူ့ပုံလေးကို ကွန်ပျူတာထဲမှာ ကြည့်နေမိတယ် ...
သူလည်း ကျွန်တော်လိုခံစားနေမယ်ဆိုတာ ကျွန်တော်သိနေတယ် ...
တွေ့ဘို့ရက်ကိုလည်း ကျွန်တော်မျှော်နေမိတယ် ...
တကယ်သတိရနေတယ်ချစ်သူလေးရယ် ...

sHa92

sHa92
Founder



Founder
လက်တွေ့ဆိုတာကို နားလည်လိုက်ပါပြီ။

မြန်မာလူမျိုးတွေနဲ့ စစ်မှန်တဲ့ Team တစ်ခုရဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။
Team စစ်စစ်တစ်ခုရလာဖို့အတွက် အရေးအကြီးဆုံးဖြစ်တဲ့ "*Team Work*" ဆိုတာရလာအောင်လုပ်ရမယ်ဆို ပိုဆိုးတာပေါ့။ Sad

http://www.myanmaritresource.info

mars

mars
Moderator



Moderator
အုပ်ချုပ်မှုနည်းပညာဆိုတာ အလွန်သိမ်မွေ့ပြီးခက်ခဲမှန်း လက်တွေ့နဲ့ယှဉ်ယှဉ်လာမှ ပိုပိုသဘောပေါက်လာတယ်... အမြဲတမ်းလိုက်လျောနေရမယ်လို့ မဆိုလိုပါဘူး... တစ်ခါတစ်လေလည်း တာဝန်တစ်ခုကို by name နဲ့ ပေးတာမျိုးလည်းရှိသင့်တယ်ထင်တယ်... စိတ်ဆိုတာ တာဝန်တစ်ခု (သို့) အပူတစ်ခုရှိနေမှ တကယ်စိတ်ပါရင် လုပ်ဖြစ်လာမယ်ထင်တယ်... စိတ်ထဲမှာ ဘယ်လို နည်းလမ်းနဲ့ ဆွယ်တရားတွေနဲ့ သုံးရမလဲဆိုတာကို လေ့လာနေတုန်းပဲ.... အိုဘားမား တို့များတော်တယ်ခေါ်ရမယ်...  အားကျလိုက်တာ...

http://sidnaing.co.cc/

sHa92

sHa92
Founder



Founder
တစ်ခါတစ်လေမှာ ကိုယ့်ကိုကိုယ် စိတ်ပျက်မိတယ်။ အသုံးမကျဘူးလို့လည်း ခံစားမိလာတယ်။ အခုတစ်လောဆို ပိုပိုဆိုးလာတယ်။

ငယ်ငယ်ကတည်းက ကျွန်တော့် ဦးနှောက်ထဲ ၊ အသွေးထဲ ၊ အသားထဲ ၊ စိတ်ကူးထဲမှာ ရှိနေတာက “ငါဟာ လူဖြစ်လာတုန်းမှာ ၊ လူတွေအတွက် အကောင်းဆုံး ပေးဆပ်နိုင်ခဲ့ရမယ်” ဆိုတာဘဲ။
အဲဒီ့အတိုင်းလဲ အမြဲတမ်းနေခဲ့တယ်။ အများအတွက်ဆိုတာ ရှေ့က ၊ ကိုယ်ပိုင် အတ္တဆိုတာ က နောက်မှ။ တစ်ခါတစ်လေ အတ္တဆိုတာတောင် ထားဖို့ မေ့မိတတ်တယ်။
ဟုတ်တယ် ၊ ကို mars ဝေဖန်ခဲ့သလိုဘဲ ၊ ငါဟာ တစ်ခါတစ်လေမှာ ဘယ်အရာမဆို မပြတ်မသား နဲ့ ၊ ဟိုလူက ဟိုဟာပြော “အင်း” ၊ ဒီလူက ဒါပြော “အင်း” လုပ်နေရတဲ့ စိတ်ဓါတ်...... အဲဒီ့ စိတ်ဓါတ် အရမ်းကြောက်ဖို့ကောင်းတယ်။ ငါဟာ ခေါင်းဆောင် ၊ ငါဟာ မတွေဝေသင့်ဘူး။ ငါဟာ ပြတ်သားသင့်တယ်။

တစ်ခါတစ်လေ ၊ ငါလုပ်နိုင်ပါ့တော့မလားလို့ သံသယအတွေးတွေနဲပြည့်လာပြန်တယ်။
ခုချိန်မှာတော့ အစ်ကိုတွေရဲ့ အကြံပေးမှု ၊ ကူညီပေးမှုတွေနဲ့ ကိုယ်တိုင် ခွန်အားပြန်ရလာအောင် ကြိုးစားနေရတယ်။

ဟုတ်တယ်။ အုပ်ချုပ်မှုပိုင်းတင်မဟုတ်ဘူး ၊ အရာရာမှာ အခက်အခဲဆိုတာရှိတယ်။ အရာရာသာလွယ်ကူနေရင် လူ့ဘ၀ဆိုတာ ဘယ်ရှိနိုင်ပါတော့မလဲ။
လူ့ဘ၀ရောက်လာမှတော့ လူနဲ့တူအောင် ရုန်းကန် လှုပ်ရှားရတော့မှာပေါ့။ ဒါဟာ “ဘ၀” ဘဲလေ။

အခက်အခဲကြုံလာလို့ ကျဆုံးသွားတဲ့ အခါ ၀မ်းနည်း ၊ စိတ်ဓါတ်ကျနေတော့ရော ဘာထူးမှာလည်း။
အဲလိုဘဲ တစ်ချိန်တစ်ခါက တစ်စုံတစ်ရာ ကြိုးစားခဲ့လို့ ရခဲ့တဲ့ အောင်မြင်မှုတွေအကြောင်းတွေးပြီး ဒီနေ့ ၊ ဒီအချိန်ထိ ပျော်ရွှင်နေလို့လည်း အကျိုးမထူးဘူးလေ။

ရှုံးနိမ့်သွားတဲ့ အချိန်မှာလည်း ဘာကြောင့် ရှုံးနိမ့်ခဲ့တာလည်း ဆိုတာကို သုံးသပ်ပြီး ၊ မအောင်မြင်မချင်း ထပ်ကြိုးစား။ ဘယ်တော့မှ လက်မလျှော့ဘဲ အကောင်းဆုံး အချိန်ကိုရောက်လာအောင် ကြိုးစားသွားရမှာပေါ့။
အဓိက ရှိရမယ့်စိတ်က “ဘယ်တော့မှ အရှုံးမပေးဘူး” ဆိုတာဘဲ။

ပြဿနာတွေ ၊ အခက်အခဲတွေ ကို ရင်ဆိုင်လာရရင် ရှောင်ပုန်းနေမယ့်အစား ၊ အဲဒီ့ ပြဿနာကို ရင်ဆိုင်လိုက်.
ပြဿနာတစ်ခုကို ဖြေရှင်းလို့ အောင်မြင်သွားတဲ့ အခါတိုင်းမှာ ၊ အဲဒီ့ အောင်မြင်မှုထက် တန်ဖိုးကြီးတဲ့ အရာကတော့ ၊ အဲဒီ့ ပြဿနာကို ဖြေရှင်းခဲ့ချိန်မှာ ရလိုက်တဲ့ အတွေ့အကြုံတွေဘဲ။

အခုချိန်မှာ ကြုံနေရတဲ့ အခက်အခဲ... အဲဒီ့ အခက်အခဲကို ငါအကောင်းဆုံးရင်ဆိုင်ရမယ်။
ငါ ဒီ အခက်အခဲကို ရင်ဆိုင်နိုင်တယ်။ ငါကိုယ်တိုင် ဒီ အခက်အခဲတွေကို တစ်ချိန်ချိန်မှာ အားလုံး ပြီးပြတ်သွားအောင် ဖြေရှင်းနိုင်လိုက်လိမ့်မယ်။

အားတင်းထားရမယ်။ ဘယ်တော့မှ စိတ်ဓါတ်ကျလို့မဖြစ်ဘူး။ ငါ့နောက်မှာ ငါ့ကို ယုံတဲ့သူတွေလည်း ရှိနေတယ်။ ငါ့ကို ချစ်တဲ့သူတွေလည်း ရှိနေတယ်။ ငါ သူတို့အတွက် အကောင်းဆုံးပုံစံနဲ့ နေပေးရမယ်။ king

အကောင်းဆုံးသော နေ့ရက်များပြန်လာတဲ့နေ့ကို ထိုင်စောင့်နေမယ့်အစား ၊ အလုပ်လုပ်ပြီးစောင့်နေမယ်ဆိုရင် ၊ ကောင်းသည်ထက် ကောင်းတဲ့နေ့တွေကို ရလာကြမှာပေါ့။ အဲဒီ့တော့ ထိုင်နေမယ့်အစား ၊ တစ်ခုဆို တစ်ခုပြီးသွားအောင် ကြိုးစားလိုက်ရအောင်..... cheers cheers cheers

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
ဒီနေ့ Web Page တစ်ခုရေးနေရင်းက Bg မှာ ဆွဲတာ လိုသွားလို့ တော်တော်တိုင်ပတ်သွားတယ်။ (PS မကျွမ်းကျင်မှုတွေလေ Smile )
ပုံကို slice လုပ်ပြီးတော့ repeat-x လုပ်တာဆိုတော့ ၊ ဘယ်ကော ၊ ညာကော ညီမှ ပုံက ကြည့်ရ အဆင်ပြေမှာလေ။
အဲဒါကို စစချင်းတွေ့တဲ့ အမှားက ဘယ်ဘက် အခြမ်းကဆိုတော့ ၊ ဘယ်ဘက်ကို ပြင်လိုက်တယ်။ ပြင်လိုက် Preview လုပ်လိုက်နဲ့ ၊ တော်တော်ကြာတဲ့ထိမရဘူး။
နောက်တော့မှ ကိုယ့်ပုံရဲ့ ညာဘက် ခြမ်းကပါ မှားနေတာ သတိထားမိလိုက်တယ်။

အဲဒီ့မှာ တစ်ခု သတိရလာတာက။

........................................................
ပုံတောင်မှ ဘယ်ကော ၊ ညာကော ပြင်မှ အဆင်ပြေတာကိုးလို့။
ဘယ်ဘက်က ချည်းပြင်နေလို့ ၊ ညာဘက်ကို လိုက်မပြင်ရင်လည်း အဲဒီ့ ပုံက ဘယ်လိုနည်းနဲ့မှ ကောင်းလာမှာ မဟုတ်ပါလားလို့ သိလိုက်ရတယ်။

၂ ဖက်လုံး ညီတူမျှတူ ပြင်သင့်တာ ပြင်လိုက်တဲ့ အခါမှာတော့ အလွန်ပြီးပြည့်စုံတဲ့ ပုံတစ်ပုံရလာပါလေရောဗျာ။
........................................................

ဘာရယ်မဟုတ်ပါဘူး။ စဉ်းစားမိတာလေးပေါ့။ ကျနော့် အတွေးနဲ့ ထပ်တူကျမိတဲ့သူရှိမယ်လို့ မျှော်လင့်မိပါတယ်...

http://www.myanmaritresource.info

zawmin

avatar
MITR Reader



MITR Reader
အော်ဒါနဲ့ ကျွန်တော် MITR အတွက် ပုံတစ်ပုံ ဆွဲထားတယ်....
ကြည့်ချင်မလားမသိဘူး ကိုဆိုက်ကို..



Code:
http://rapidshare.com/files/379440228/IT.png.html

sHa92

sHa92
Founder



Founder
ဟင့်၊ Rapidshare က နေတော့ လုပ်နဲ့လေဂျာ။ Sad

http://www.myanmaritresource.info

mars

mars
Moderator



Moderator
[You must be registered and logged in to see this image.]
အဲလိုလေးပေါ်နေပါတယ်ဗျာ...

http://sidnaing.co.cc/

zawmin

avatar
MITR Reader



MITR Reader
ကိုဆိုက် ကိုပြောတဲ့ <R/> လေး အောက်မှာယူ


[You must be registered and logged in to see this image.]

sHa92

sHa92
Founder



Founder
ဒီနေ့ ငါ့ကိုယ်ငါ ကျေနပ်မိတယ်။
ငါ့အတွက် မုန်တိုင်းပြီးတော့ သာယာလာပြီ။
ဘယ်အချိန်ထပ်ပြီး မုန်တိုင်းကျမယ် ပြောမရပေမယ့် ၊ သာယာတုန်းမှာ ဒီ့ထက်ပိုကောင်းအောင် လုပ်ရမယ်။

စိတ်ဓါတ် တက်ကြွနေတုန်း ဒီ့ထက် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်ရမယ်။

ကြိုးစားထား.......

http://www.myanmaritresource.info

alt.332

alt.332
Administrator



Administrator
ယခင်က ကျွန်ုပ်အား တစ်ခုခုမေးလျှင် မသိဘူး ဟုဖြေခဲ့သော အဆင့်မှ ယနေ့တွင် မသိသေးပါဟု ဖြေနိုင်သော အဆင့်သို့ရောက်ရှိ လာပေပြီ.... အားတက်မိပေသည်။

(alt.332)

http://www.myanmaritresource.info

khaykhay

khaykhay
MITR New User



အလာကြီးပါလား အကယ်ရှ်ငါချစ်တဲ့ကောင်မလေးတစ်ယောက်သာဘေးမှာရှိရင် ငါအောင်မြင်ပြီ

zawmin

avatar
MITR Reader



MITR Reader
ကြိုက်ရဲ့ လားဗျ

Htet Naing

Htet Naing
Moderator



Moderator
ဘ၀ က Program တစ်ပုဒ်ရေးနေရသလိုပဲ။
ဘ၀မှာလည်း Error တွေရှိမှာပဲ။ ရှိလာတဲ့ Error တွေကို Handle လုပ်နိုင်ရမယ်။
Handle မလုပ်နိုင်ရင်တော့ ဘ၀ Program ကနေ ထွက်သွားရလိမ့်မယ်။

sHa92

sHa92
Founder



Founder
ဟုတ်ကဲ့။
ကိုဇော်မင်း ကြိုက်ပါတယ်။ နည်းနည်းပြင်ဖို့ရှိတာ Gtalk ရောက်ရင်ပြောပြမယ်။
ကျွန်တော်လည်း Laptop ပျက်သွားလို့။ Online က ပျောက်ရဦးမယ်။ Sad

http://www.myanmaritresource.info

Cherry May

Cherry May
MITR New User



ဒီ နေ့ က စိတ် ညစ် ဖို့ ကောင်း ပေ မယ့် အ ကောင်း ဆုံး ဖြစ် အောင် ကြိုး စား နိုင် ခဲ့ တ၇်... ^_^

IDCS ကို လည်း ညစ် နေ ပီ.... အ မေ့ ကယ် ပါ ဦး .. Cherry ကို

water

water
MITR Reader



MITR Reader
အကျိုးပေး မကောင်းသေား ဆေးလိပ်အား ပိုးဆိုးပက်ဆက် ဖြတ်ချင်နေပြီ.... ကိုကို ညီညီ တို့ ရေ ကယ်ကြပါဦး.. ဖြတ်မယ် ကြံလိုက်..... သောက်ဖြစ်သွားလိုက်နဲ့.... ကျနော် လည်းဘယ်တော့ သေမလဲ မသိဘူး...

C0D3R

C0D3R
MITR Master



MITR Master
ငါလား ? ကောင်မလေးတစ်ယောက်ကိုချစ်မိတာ ငါအချိန်တွေပေးဆပ်ခဲ့ရတယ်(ကွန်ပျူတာလေ့လာမှူ)

သူပြန်တဲ့အချိန်တိုင်း တစ်နေ့ကိုလေးနာရီလောက်ကြာအောင် သွားစောင့်နေမိတယ် သူကိုခဏလေးတွေရဖို့အတွက်လောက်ပါပဲ့ (ဒါကို ကလေကချေလို့များသူကထင်မလားမသိ)

ဖွင့်ပြောလိုက်ရင်လည်းငါ၇ဲ့ကြည့်နေခွင့်လေးရှံးဆုံးသွားမှာငါကြောက်နေတယ် ဒီတော့ ဘာဆက်လုပ်ရမလဲ

ကျွန်တော် မပြောပဲ့ထားရင်လည်းဒီလိုနဲ့ အချိန်ကုန်သွားမှာ ဒီတော့ ငါရဲ့ဘ၀လည်းဒီအတိုင်းပဲ့

အမှန်တိုင်းပြောရင် ကောင်မလေးရေ ငါနင်နဲ့ လက်တွဲ့ပြီးဘ၀ကို အတူလျှောက်လမ်းချင်တယ်

နင်၇ဲ့အားပေးမှူကိုငါလိုချင်မိတယ် နင်တစ်နေ့ချစ်လာမယ့်နေကိုငါစောင့်နေမှာပါ

အခုလက်ရှိတော့ငါနင်ကလွဲပြီးဘာမစိတ်မ၀င်စားတော့ဘူးဖြစ်နေပြီ

http://www.myanmaritresource.info

water

water
MITR Reader



MITR Reader
တစ်သက်မှာ တစ်ခါချစ်ခဲ့ဘူးခဲ့တဲ့ ကောင်မလေး....
လမ်းခွဲ ခဲ့တာ တစ်နှစ်ပြည့်ပြီဆိုပင်မဲ့... ကိုယ့်အတွက်က တော့ မနေ့တစ်နေ့ကလိုပဲလေ...
ကိုယ့်ကိုယ်ကို စိတ်နာတယ်... ကိုယ်မင်းကို ဘာလို့ချစ်ခဲ့မိတာလည်း....
ကိုယ့်ဆီပြန်လာဖို့ အကြိမ်ကြိမ် မျှော်လင့်ခဲ့ပေမဲ့...
အမုန်းတရားတွေရောက်ရှိလာမှာကိုတော့ ကြောက်လန့်နေခဲ့မိတယ်...

ဆုတောင်းပေးပါတယ်...

ကိုယ့်ထက်ချစ်တဲ့လူ နှင့် ဆုံပါစေ...

မင်းမိဘ မျက်နှာပေါ်မှာ လွမ်းခြုံနေတဲ့ လောဘတွေလည်း အတောသက်နိုင်ပါစေ...

မင်းရဲ့ ရည်မှန်းချက်တွေ အောင်မြင်ပါစေ လို့..........................................

chan.virus

chan.virus
MITR Reader



MITR Reader
သန်းပေါင်း ထောင်ဂဏန်းလောက်ချမ်းသာတဲ့ သူဌေးကြီး ဘီလ်ဂိတ်ဟာ
သန်းပေါင်း သောင်းချီပြီး ချမ်းသာအောင်ကြိုးစားနေပြီတဲ့
ကဲ ခင်ဗျားကောဘယ်လိုလဲ.............


ကိုယ့်ကိုယ်ကိုပညာပြန်ပေးတဲ့အခါ ခဏခဏဖတ်မိပါတယ် သူငယ်ချင်းတို့ဖတ်ဖို့ရင်ဖွင့်လိုက်တယ်နော်

ဗမာမှန်ရင် ငပိကိုမမေ့ပါနှင့်

nGr69

nGr69
MITR Reader



MITR Reader
တဖြည်းတဖြည်း အေးခဲလာနေသလိုဘဲ
ငယ်ငယ်တုန်းက အခန်းထဲဆရာမ၀င်ရင် ပျော်တယ်
ခု သင်ယူစရာအသစ်တွေ ရောက်မလာတဲ့ အခါ မပျော်တော့ဘူး

ဒီအခန်းထဲမှာသင်ယူစရာမရှိရင် နောက်အခန်းပြောင်း လို့ ပြောမလား?

နောက်တခန်း ပြောင်းချင်ရင် ဒီစာကိုတောင် မရေးခဲ့ပါဘူး

rat

rat
MITR Reader



MITR Reader
ငါသိတာတွေ ငါတတ်တာတွေ နဲ့ အကောင်းဆုံးလုပ်ပေးချင်ခဲ့တာ ဒါပေမဲ့ လူတွေက ငါ့ကို ဆရာကြီးလုပ်တယ်လို့ထင်ကြတယ် ငါတကယ်စိတ်မကောင်းဘူး နေရာတိုင်းမှာ ကိုယ်တတ်တာတွေကိုချမပြရဘူးဆိုတာ လူအများနဲ့တွဲလုပ်တော့မှသိလာပြီ ဘ၀မှာ အမှားလုပ်မိတိုင်း Ctrl+Z ဆိုတဲ့ ခလုပ်လေးပါရင်သိပ်ကောင်းမှာဘဲ
အမြဲတန်း သူတပါးရဲ့ အထင်အမြင်လွဲခြင်း အထင်အမြင်သေးခြင်းကင်းဝေးရပါလိုဧ။်

Htoo Htoo

Htoo Htoo
MITR New User



ရှာပေးကြပါဗျာ
ကျွန်တော့်ကောင်မလေးကို
သူကဆေး-၁ ကမှာတက်နေတယ်

ဆက်မော်

ဆက်မော်
MITR Reader



MITR Reader
အလုပ်မှာ အလုပ်ပင်ပန်းတာက တစ်မျိုး ဟိုလူကြီးကိုကြောက်ရတာက တစ်မျိုး ဘာမှန်းကိုမသိဘူး အလုပ်လုပ်ပြီး
ပြောခံထိတာလောက် လုပ်ရတာ ဖီးကိုမရှိဘူး

nGr69

nGr69
MITR Reader



MITR Reader
ငါတို့  vote တွေ သွားရှာပါပြီကော

အကြံပြုပါတဲ့ 

ဘာတွေများအကြံပြုရ ဦးမှာလဲကွာ

Fox

Fox
MITR Reader



MITR Reader
ညက်ချွာဖြား တိုကြီး ဘာကိုပြောတာလဲဟင်....
ရှင်းရှင်းလင်းလင်းလုပ်ပါဗျို့ Sad

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com