Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

စနစ်တကျ စာရေးနည်း

Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder

ကျွန်တော်သည် ယနေ့အချိန်အထိ စာရေးကောင်းသူတစ်ဦး မဟုတ်သေးပါ။ စာတစ်ပုဒ်ကို စနစ်တကျနှင့် ရေးတတ်လာနိုင်ရန်အတွက် ကြိုးစားဆဲအဆင့်သာဖြစ်ပါသည်။ ယခုရေးမည့်စာသည်လည်း စာတစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်ကို စနစ်တကျရေးသားနိုင်စေဖို့ ကြိုးစားနေသူတစ်ဦးမှ၊ မိမိနှင့် ဘဝတူကြိုးစားနေသူများထံ၊ ဖတ်မှတ်မိသမျှကို ပြန်လည်မျှဝေခြင်း အနေဖြင့် ရေးသားထားခြင်း ဖြစ်ပါသည်။

မိမိရေးသားလိုက်သော စာတစ်ပုဒ်အား စနစ်တကျနှင့် မိမိ၏ စာဖတ်သူမှ မဖတ်ခင်တွင် ဖတ်ချင်လာအောင်၊ ဖတ်နေဆဲတွင် ဆက်ပြီးဖတ်ချင်အောင်၊ ဖတ်ပြီးလျှင်လည်း စွဲနေအောင် လုပ်ဆောင်နိုင်ရန်တို့မှာ စာရေးသူတို့၏ တာဝန်ဖြစ်ပါသည်။ ထိုသို့ရေးသားရန်မှာ လွယ်ကူသော ကိစ္စမဟုတ်သည်ကတော့ သေချာပါသည်။ သာမာန်လူများအဖို့ ခက်ခဲလွန်းပြီး၊ ပါရမီရှင်များမှသာ ​ထိုသို့ရေးသားနိုင်ခြင်းမျိုးတော့ မဟုတ်ပါ။ အောက်ပါအတိုင်း လေ့ကျင့်ရေးသားသွားလျှင်တော့ အတိုင်းအတာတစ်ခုအထိ တိုးတက်လာပါလိမ့်မည် ထင်ပါသည်။

ဖွဲ့စည်းပုံ နည်းစနစ်ကျပါစေ

ငယ်ငယ်တုန်းက ကျွန်တော်တို့ မြန်မာစာ စာစီစာကုံး၊ ဒါမှမဟုတ် အင်္ဂလိပ်စာ Essay&Letter ရေးရင် သူ့သတ်မှတ်ထားတဲ့ ဖွဲ့စည်းပုံနဲ့ဘဲရေးခဲ့ရပါတယ်။ အဲဒီ့လိုပါဘဲ ဘယ်လိုစာအမျိုးအစားဘဲရေးရေး သူ့ဖွဲ့စည်းပုံနဲ့သူ စနစ်တကျရေးရမှာပါ။ စာအမျိုးအစား အားလုံးအတွက် ယေဘူယျပြောရရင်တော့ နိဒါန်း၊ စာကိုယ်၊ နိဂုံးပေါ့။ ​သင့်တော်တဲ့ အစချီပေးရပါမယ်၊ ပြီးရင် စာကိုယ်ပိုင်းကို စာပိုဒ်လေးတွေ ပိုင်းပြီးရေးရပါမယ်။ ဘယ်သူမှ စာပိုဒ်မခွဲဘဲ ရေးထားတဲ့ စာကိုစိတ်ရှည်ရှည်နဲ့ဖတ်မှာ မဟုတ်ပါဘူး။ စာပိုဒ်တစ်ခုဆီဟာလည်း သက်ဆိုင်ရာအကြောင်းအရာ တစ်ခုစီကိုကိုယ်စားပြုရပါမယ်။ မသက်ဆိုင်တဲ့ အကြောင်းအရာအများကြီးကို ရောထွေးပြီး၊ စာပိုဒ်တစ်ခုထဲမှာ ထည့်ခြင်းမျိုးကို ရှောင်ရှားရပါမယ်။ စာပိုဒ်တစ်ခုစီဟာ တိုပြီး၊ တိကျ၊ ထိရောက်ရပါမယ်။

စာစီရာမှာ စာပိုဒ်ခွဲရုံနဲ့တင်မလုံလောက်ပါဘူး။ စာပိုဒ်တစ်ပိုဒ်ဆီကို ​သင့်လျော်ရာခေါင်းစဉ်တပ်ပြီး ရေးသားပေးရပါမယ်။ ထိုသို့ခေါင်းစဉ်တပ်ပေးခြင်းဟာ စာဖတ်သူအတွက် ထိုစာပိုဒ်ကို မဖတ်ခင်မှာ၊ စာပိုဒ်နဲ့ပတ်သက်တဲ့ အကြောင်းအရာများကို ခြုံငုံမိစေပြီး စိတ်ထဲစွဲစေလို့ပါဘဲ။ ခေါင်းစဉ်များဟာလည်း ထင်ထင်ရှားရှားရှိရပါမယ်။ (ဥပမာ- စာလုံးကိုထင်းအောင် လုပ်ထားစေခြင်း (သို့) font-size ကိုကြီးထားခြင်း။) မျဉ်းသားခြင်းကိုတော့ ရှောင်ရှားရမှာဖြစ်ပါတယ်။ ခေါင်းစဉ်ကို မပေါ်လွင်စေဘဲ ပိုရှုပ်သွားစေတတ်ပါတယ်။

အချိန်ရမယ်ဆိုရင် စာပိုဒ်များကို ခေါင်းစဉ်တပ်ရုံတင်မက၊ စာပိုဒ်ထဲမှာရှိတဲ့ အချို့သော ထင်ရှားစေချင်တဲ့ စာလုံးတွေကို bold (သို့မဟုတ်) italic လုပ်သင့်ပါတယ်။ ထိုသို့လုပ်ပေးခြင်းအားဖြင့် စာပိုဒ်မှာပါဝင်တဲ့ အရေးကြီးတဲ့အကြောင်းအရာတွေကို၊ စာဖတ်သူအနေနဲ့ မှတ်မိရ၊ ရှာဖွေရလွယ်စေပါတယ်။ အထူးသဖြင့် စာဖတ်မြန်သူ(speed-reader)များလို စာတစ်ပုဒ်ကို ရှပ်သွားကျော်သွား ဖတ်ရင်း၊ တကယ့်ချက်ကောင်းနေရာတွေ့မှ အမိအရ အသေအချာဖတ်တတ်သူတို့အတွက် အလွန်အဆင်ပြေစေပါသည်။ Online စာဖတ်ပရိသတ်အများစုသည် ထိုသို့သောသူများ ဖြစ်မည်ဟုထင်ပါတယ်။

Myanmar Online Community မှာ စာတစ်ပုဒ်ကို ဖွဲ့စည်းပုံစနစ်ကျကျနဲ့ ရေးသားလေ့ရှိသူတစ်ဦးကတော့ [You must be registered and logged in to see this link.] မှ [You must be registered and logged in to see this link.] ဖြစ်ပါတယ်။ အခြားသောသူတွေလည်းရှိပါသေးတယ်။

တိုနိုင်သမျှတိုပါစေ

ကျမ်း၊ ဝတ္ထု၊ အတ္ထုပ္ပတ္တိ စသည်တို့ကလွဲပြီး၊ အခြားစာတို့ကို မည်သူမျှ အရှည်ကြီး ဖတ်ချင်မည်မဟုတ်ပါ။ ထို့ကြောင့် စာတစ်ပုဒ်ကို တတ်နိုင်သမျှ တိုတိုရေးပါနဲ့။ လွယ်လွယ်ကူကူ ဖတ်နိုင်ပြီးတော့၊ တကယ်ပေးချင်တဲ့ အချက်ကို ထိထိမိမိထည့်သွင်းရေးပါ။ ဘယ်လိုမှ မတတ်နိုင်ပါက သက်ဆိုင်ရာ အကြောင်းအရာအလိုက် အခန်းဆက်အနေဖြင့် ခွဲရေးပါ။

အချိန်ယူပါ

စာရေးသူတိုင်းအတွက် အလွန်အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ဘယ်လိုအချိန်မှာဘဲ ဖြစ်ဖြစ်၊ ဘယ်လိုစာမျိုးကိုဘဲဖြစ်ဖြစ် ပြီးစလွယ်မရေးပါနဲ့။ စာတစ်ပုဒ်ကို မရေးခင်မှာ လုံလောက်တဲ့ အချက်အလက်စုဆောင်းပြီး၊ ရေးနေစဉ်မှာလည်း အကောင်းဆုံးသော အချက်အလက်တွေ ပါဝင်အောင်တည်းဖြတ်ပြီး၊ ရေးပြီးသွားရင်လည်း နှစ်ခါထက်မနည်းအောင် ပြန်ဖတ်ပြီး၊ ပြန်ပြင်ဆင်သင့်ပါတယ်။ ယနေ့အလွန်ကောင်းသော၊ အောင်မြင်သော ဆောင်းပါးများသည် တိုပါသည်၊ ၅ မိနစ်၊ ၁၀ မိနစ်မျှသည်ပင် ထိုစာများကို ဖတ်ရှုရန်လုံလောက်ပါသည်၊ သို့သော် ထိုဆောင်းပါးများသည်၊ အနည်းဆုံး ၂ နာရီခန့်အချိန်ယူကာ ရေးသားထားကြသည်ချည်း ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် စာတစ်ပုဒ်ပြီးရန် တစ်လ၊ နှစ်လမျှပင် အချိန်ယူရတတ်ပါသည်။

အချုပ်အားဖြင့်ပြောရရင် စာကောင်းတစ်ပုဒ်ကို စနစ်တကျရေးတတ်ဖို့ မလွယ်ကူလှပါ။ အပေါ်တွင်ရေးခဲ့သော အချက်များသည်လည်း၊ တကယ့်လိုအပ်ချက်များထဲမှ ကောက်နုတ်ထားချက် အချို့သာဖြစ်ပါတယ်။ ထိုအချက်အချို့ကိုပင် ပြည့်စုံအောင်လုပ်ဖို့ရာ မလွယ်ကူလှပါ။ ​စာများများဖတ်ပါ၊ အခြားသောသူတွေရဲ့ ရေးနည်း၊ ရေးဟန်များကို ဂရုစိုက်လေ့လာကြည့်ပါ။ ထို့နောက်မှာတော့ အထက်ပါအချက်များအတိုင်း အချိန်ယူလေ့ကျင့်ပြီး၊ တစ်စိုက်မတ်မတ် လေ့ကျင့်သွားလျှင် တစ်နေ့မှာ စာကောင်းပေကောင်းများကို စနစ်တကျနဲ့ ရေးသားတတ်လာပါလိမ့်မယ်။

ကျွန်တော်ပြောခဲ့တဲ့အတိုင်းဘဲ စာကောင်းတစ်ပုဒ်ရဖို့၊ အထက်ပါအချက်အလက်တွေနဲ့ ပြည့်စုံဖို့ မလွယ်ကူပါဘူး၊ အခုရေးသားထားတဲ့ စာဟာဆိုရင်လည်း ပြည့်စုံလုံလောက်မှုမရှိသေးပါဘူး။ အကယ်လို့ စာဖတ်သူအနေနဲ့၊ လိုအပ်ချက် တစ်စုံတစ်ရာတွေ့ပါက၊ ထပ်မံပေါင်းထည့်ပေးဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။

http://www.myanmaritresource.info
Share this post on: reddit

အရင်တုန်းကရေးချင်တာပဲရှိတယ်။ ဖော်ပြချင်တဲ့အကြောင်းအရာကိုပဲရေးခဲ့တာပဲလေ/
ဒီလောက်ဆိုရင် ပြည့်စုံလုံလောက်ပါပြီ အကိုလည်းတော်တော်သိသွားတယ်. ကျေးဇူး

Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com