ကျနော်တို့ Gmail တွေကြည့်တဲ့အခါမှာ Snippets တွေကအမြည်းသဘောပဲဖော်ပြပေးပါတယ်။
အဲ့ဒီအတွက် တစ်ခါတည်းကြည့်လို့မရတဲ့အတွက် ကျနော်တို့တွေက မေလ်းတွေကို Click နှိပ်၊ ဖွင့်ပြီးဖတ်ရပါတယ်။ အဲ့ဒီတော့ ကျနော်တို့ Gmail ထဲဝင်လာတဲ့စာတွေကို ဖွင့်ဖောက်စရာမလိုပဲ တစ်ခါတည်းကြည့်လို့ရအောင် Preview Pane ဆိုတဲ့ Features တစ်ခုကို Gmailblog ကနေ ဖော်ပြပေးပါတယ်
မူရင်းလင့်မှာဖတ်ချင်သူများအတွက်။
[You must be registered and logged in to see this image.]
Preview Pane ပြုလုပ်ဖို့အတွက်ဆိုရင် Gmail Setting / Labs Tab မှတဆင့် Preview Pane ကို Enable ကို Click ပေးရပါမယ်။
Save Button ကို နှိပ်ပြီး သိမ်းဆည်းပေးပါ။ ပြီးရင် ကျနော်ပုံမှာပြထားတဲ့အတိုင်း Gmail Message ရဲ့ ညာဘက်ထောင့်နားလေးမှာရှိတဲ့ Preview and List View ကိုပြောင်းလဲပေးမယ့် Toggle button မှာတွေ့ရပါမယ်။

Toggle Button ရဲ့ drop-down ကိုနှိပ်၍ ပုံပါအတိုင်း No Split, Vertical Split, Horizontal Split ကိုရွေးချယ်ပြီး မိမိဂျီမေလ်းရဲ့ Preview ကိုပြောင်းလဲပေးနိုင်ပါတယ်။

နောက်ဆုံးအနေဖြင့် မိမိဂျီမေလ်းကိုဖွင့်လိုက်တဲ့အခါ Previewing တွေကို Default အနေဖြင့် 3-second delay အဖြစ် သတ်မှတ်ထားပါတယ်။ မိမိအနေဖြင့် ပြင်ဆင်လို့ပါက Gmail setting / General မှတဆင့် ပုံမှာပြထားတဲ့အတိုင်း Preview Pane
နေရာတွင့် မိမိ Delay ဖြစ်ချင်တဲ့ အချိန်ကိုရွေးချယ်လုပ်ဆောင်နိုင်ပါကြောင်း ဖော်ပြရင်း.

ET(nyaalinkarr)

- Code:
http://gmailblog.blogspot.com/2011/08/new-in-labs-preview-pane.html

No Comment.