Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

manawphyu

manawphyu
MITR New User



ASIA MASTERS ဆိုတာက အလုပ်တစ်ခုလိုနေတဲ့ မြန်မာလူမျိုးတွေအတွက်
အသက်မွေးပညာနဲ့ စီမံခန့်ခွဲမှုတွေ သင်ယူနိုင် အောင်၊
လူမှုဆက်သွယ်ဘာသာစကားတွေနဲ့ လုပ်ငန်းသုံးဘာသာစကားတွေ တတ်ကျွမ်းလာအောင်၊
စိတ်ဓာတ်ကောင်းမွန်ပြီး ကိုယ်ကာယ ကျန်းမာဖွံ့ဖြိုးကြီးထွားအောင်၊
နိုင်ငံတကာနှင ့်ရင်ဘောင်တန်းနိုင်ရန်အတွက် ကွန်ပျူတာနှင့် အင်တာနက်ကို
ကျွမ်းကျင်စွာ အသုံးပြုတတ်အောင်၊ အလုပ်အကိုင် သတင်းအချက်အလက်များကို
လွယ်လွယ်ကူကူရနိုင်အောင်၊ အလုပ်အကိုင် တွေရှာဖွေရာမှာလည်း
အလိမ်မခံရအောင်၊ အမြတ်မထုတ်ခံရအောင်၊ မြန်မာလူမျိုးအချင်းချင်း
အပြန်အလှန် ရိုသေလေးစားပြီး၊ အကူအညီပေးနိုင်အောင် ဖွဲ့စည်းခဲ့တဲ့
ခရီးသွားလာရေးလုပ်ငန်းနှင့် ဧည့်ဝတ်ပြုမှုဆိုင်ရာ
သင်တန်းစင်တာကြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်းများအသင်း (ရန်ကုန်ဇုန်) နှင့်
အင်္ဂလန်နိုင်ငံ Confederation of Tourism and Hospitality (CTH)
အသိအမှတ်ပြု Asia Masters ဟိုတယ်နှင့်
နိုင်ငံခြားဘာသာစကားသင်တန်းကျောင်းမှ ဟိုတယ်ကြီးများနှင့်
စားသောက်ဆိုင်များတွင် အလုပ်အကိုင်ရှာဖွေလိုသူများနှင့် ကိုယ်ပိုင်
လုပ်ငန်းငယ် လုပ်လိုသူများ အတွက် နှစ်သစ်အကြိုအထူး Discount
သင်တန်းအမျိုးအစား (၄) မျိုးဖွင့်လှစ်ရန်ရှိကြောင်းသတင်းရရှိသည်။ Asia
Masters သည် ရန်ကုန်မြို့လယ်ရှိ သွားလာရေးလွယ်ကူသည့်
ဟိုတယ်ကြီးတွင်တည်ရှိပြီး၊ အဆင့်မြင့်စာသင်ခန်းများ၊
အတွေ့အကြုံရှိဆရာများနှင့်ဖွဲ့စည်းထားပါသည်။



ပထမသင်တန်းအမျိုးအစားမှာ သင်တန်းကာလ(၂)လတာကြာမြင့်သည့်
ဟိုတယ်နှင့်စားသောက်ဆိုင် ၀န်ထမ်းကျွမ်းကျင် သင်တန်းများဖြစ်သည်။
ပြည်တွင်း/ပြည်ပအလုပ်အကိုင်ရှာဖွေလိုသူများနှင့် ကိုယ်ပိုင်လုပ်ငန်း
လုပ်ကိုင်လိုသူများအတွက် အကောင်းဆုံးသင်တန်းများဖြစ်သည်။
အဆိုပါသင်တန်းများတွင် (၁) စားဖိုမှူးသင်တန်း၊ (၂) မုန့်ဖုတ်သင်တန်း၊ (၃)
ဘားဝန်ထမ်းသင်တန်း၊ (၄) စားပွဲထိုးသင်တန်း၊ (၅)
အိပ်ခန်းဆောင်ထိန်းသင်တန်း၊ (၆) ဧည့်ကြိုနှင့်လေယာဉ် မယ်သင်တန်း၊ (၇)
အဲယားကွန်းကျွမ်းကျင်သင်တန်း (၈) အရောင်းဝန်ထမ်းသင်တန်းဟူ၍
သင်တန်းအမျိုးအစား (၈) မျိုးပါ၀င်ပါသည်။ အသက်အရွယ်မရွေး၊ ကျားမမရွေး၊
ပညာအရည်အချင်းမလို မည်သူမဆိုတက်ရောက်နိုင်ပါသည်။ သင်တန်းပြီးဆုံုးပါက
မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ Certificate
ချီးမြှင့်ပါသည်။



ဒုတိယသင်တန်းအမျိုးအစားမှာ သင်တန်းကာလ (၁) နှစ်ကြာမြင့်မည်ဖြစ်သည့် CTH
Diploma in Hotel Management သင်တန်းဖြစ်သည်။ Hotel Management
ဘာသာရပ်များကို စိတ်ပါ၀င်စားသူများ၊ နိုင်ငံတကာဟိုတယ်လုပ်ငန်းတွင်
Supervisor များနှင့် Manager ဖြစ်လိုသူများ နှင့် နိုင်ငံတကာပညာရေးကို
ဆက်လက်သင်ယူလိုသူများအတွက် အကောင်းဆုံးသင်တန်းဖြစ်သည်။ ဘာသာရပ်
(၁၀)ဘာသာပါ၀င်ပြီး၊ တစ်နှစ်လျှင်စာမေးပွဲ (၃) ကြိမ်ရှိသည်။ မိမိ
ပိုင်နိုင်သည့် ဘာသာရပ်များကို စိတ်ကြိုက်ဖြေဆိုနိုင်သည်။
သင်တန်းပြီးဆုံးပါက အင်္ဂလန်နိုင်ငံ CTH မှ Diploma
ချီးမြှင့်မည်ဖြစ်ပါသည်။



တတိယသင်တန်းအမျိုးအစားမှာ သင်တန်းကာလ (၂)လ စီကြာမြင့်မည်ဖြစ်သည့်
ဘာသာစကားသင်တန်းများဖြစ်သည်။ ပြည်တွင်း/ပြည်ပတွင်
အလုပ်အကိုင်ရှာဖွေမည့်သူများ၊ ခရီးသွားလိုသူများ၊
လုပ်ငန်းရှင်များအတွက်ရည်ရွယ်၍ဖွင့်လှစ်ထားပါသည်။ အင်္ဂလိပ်ဘာသာစကား၊
ဂျပန်ဘာသာစကားနှင့် တရုတ်ဘာသာစကား သင်တန်းဟူ၍သင်တန်း (၃) မျိုးရှိသည်။
အင်္ဂလိပ်ဘာသာစကားသင်တန်းများအနေနှင့် အခြေခံစကားပြောအဆင့်မှသည် IELTS
စားမေးပွဲ ပြင်ဆင်မှု သင်တန်းများအထိရှိသည်။ ဂျပန်ဘာသာစကား
သင်တန်းများအနေနှင့် ဂျပန်သံရုံးမှ နှစ်စဉ်ကျင်းပသည့် JLPT စာမေးပွဲ
များကို ဖြေဆိုမည့်သူများအတွက်သင်တန်းများနှင့်
အခြေခံစကားပြောသင်တန်းများရှိသည်။ ဂျပန်ဆရာနှင့် မြန်မာဆရာ များ
ပူးပေါင်းသင်ကြားပေးသည်။ တရုတ်ဘာသာစကားသင်တန်းတွင် Mandarin နှင့်
Cantonese နှစ်မျိုးလုံးကို သင်ကြားပေးသည်။
အခြေခံအဆင့်မှစတင်သင်ယူနိုင်သည်။ တက်ရောက်အောင်မြင်သူများကို Asia
Masters မှ Certificate ပေးအပ်ပါသည်။



စတုတ္တသင်တန်းအမျိုးအစားမှာ ကွန်ပျူတာသင်တန်းများဖြစ်သည်။
မြန်မာနိုင်ငံသားများ ကွန်ပျူတာနှင့်အင်တာနက် ကိုထိရောက်စွာ
အသုံးပြုနိုင်ရန်အတွက်ရည်ရွယ်၍ဖွင့်လှစ်ထားပါသည်။ သင်တန်းများတွင်
အခြေခံကွန်ပျူတာသင်တန်း၊ အင်တာနက်အသုံးပြုနည်းသင်တန်း၊ DTP ၊ Graphic
Design နှင့် Auto CAD သင်တန်းများပါ၀င်သည်။ ကွန်ပျူတာကို
စိတ်ပါ၀င်စားသူတိုင်း တက်ရောက်နိုင်ပါသည်။ သင်တန်းပြီးဆုံးပါက
Certificate ချီးမြှင့်ပါသည်။

ပထမသင်တန်းအမျိုးအစားဖြစ်သည့် ဟိုတယ်နှင့်စားသောက်ဆိုင်
၀န်ထမ်းကျွမ်းကျင်သင်တန်းနှင့် CTH Hotel Management Diploma
သင်တန်းတက်ရောက်သူများကို အထူးအစီအစဉ်များအနေနှင့် အင်္ဂလိပ်/တရုတ်ဘာသာစကား
သင်တန်း၊ ကွန်ပျူတာနှင့် အင်တာနက်သင်တန်း၊ ကိုယ်ကာယအလှသင်တန်း၊
ယူနီဖေါင်းတစ်စုံ နှင့် ရန်ကုန်မြို့ရှိ
ဟိုတယ်ကြီးများသို့လေ့လာရေးခရီးများအကို အခမဲ့ပေးအပ်သဖြင့်၊
မြန်မာနိုင်ငံတွင် အခမဲ့ဝန်ဆောင််မှု အများဆုံး
ပေးအပ်သည့်သင်တန်းကျောင်းတစ်ခုဖြစ်သည်။
Training

အသက်မွေးပညာ (၂)လ သင်တန်းများ (အခြေခံအဆင့်၊ တန်းမြင့်အဆင့်၊ အဆင့်မြင့် အဆင့်)
၁။ ဟိုတယ်စားဖိုမှူး ( Food and Beverage Production)
၂။ ဟိုတယ်စားပွဲထိုး (Food and Beverage Service)
၃။ ဧည့်ကြိုနှင့်လေယာဉ်မယ် (Front Office and Flight Attendance)
၄။ အိပ်ခန်းဆောင်ထိန်းသင်တန်း (Housekeeping)
၅။ ဘားဝန်ထမ်းသင်တန်း (Bartender Course)
၆။ အဲယားကွန်းကျွမ်းကျင်သင်တန်း (Air-con technician)
ရ။ ဟိုတယ်ပြင်ထိန်းနှင့် အင်ဂျင်နီယာ (Hotel Maintenance & Engineering)

CTH ဟိုတယ်စီမံခန့်ခွဲမှု ဒီပလိုမာ (၁) နှစ်သင်တန်း (CTH Hotel Management Diploma)
အင်္ဂလန်နိုင်ငံ Confederation of Tourism and Hospitality (CTH) မှ
ချီးမြှင့်သည့် နိုင်ငံတကအသိအမှတ်ပြု ဒီပလိုမာဖြစ်ပါတယ်။ CTH ဆိုတာက
အင်္ဂလန်အစိုးရ အသိအမှတ်ပြုအောင်လက်မှတ်ထုတ်ပေးရေးအဖွဲ့ဖြစ်ပါတယ်။ ယခင်က
နိုင်ငံရပ်ခြားမှာ အကုန်အကျများစွာ သွားတက်ရတဲ့ ဒီပလိုမာကို
မြန်မာနိုင်ငံမှာ သင့်တင့်တဲ့ကုန်ကျစားရိတ်နဲ့ တက်ရောက်နိုင်ပြီ
ဖြစ်ပါတယ်။ ဒီပလိုမာနဲ့ အဆင့်မြင့် ဒီပလိုမာ (Advanced Diploma) ကို
မြန်မာနိုင်ငံမှာတက်ရောက်နိုင်ပြီး နောက်ဆုံး ဘွဲ့ယူရန်အတွက် တစ်နှစ်ကို
အင်္ဂလန်၊ သြစတေးလျှ၊ ပြင်သစ်နဲ့ ဆွစ်ဇာလန်နိုင်ငံတွေကို
တက်ရောက်နိုင်ပါတယ်။
ဒီပလိုမာမှာ ဖြေဆိုရမဲ့ ဘာသာရပ် (၁၀) ခုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
DHM102 FOOD AND BEVERAGE OPERATIONS
DHM112 FOOD HYGIENE, HEALTH AND SAFETY
DHM122 FRONT OFFICE OPERATIONS
DHM132 FACILITIES AND ACCOMMODATION OPERATIONS
DHM142 HOSPITALITY FINANCE
DHM152 INTRODUCTION OF BUSINESS OPERATIONS
DHM162 MARKETING
DHM172 THE TOURISM INDUSTRY
DHM192 THE GLOBAL HOSPITALITY INDUSTRY
DHM182 BUSINESS COMPUTING
တစ်နှစ်မှာ စာမေးပွဲတွေကို ဇန်နဝါရီမှာ တစ်ကြိမ်၊ ဇွန်မှာ တစ်ကြိမ်နဲ့
စက်တင်ဘာမှာ တစ်ကြိမ် စုစုပေါင်း (၃) ကြိမ်ကျင်းပပါတယ်။
မိမိပိုင်နိုင်တဲ့ဘာသာရပ်တွေကို ဖြေဆိုနိုင်ပါတယ်။ စာမေးပွဲများကို
British Council မှ ဖြေဆိုရပါတယ်။
ဒီပလိုမာပြီးရင် Advanced Diploma ကိုလည်း ဆက်တက်နိုင်ပါတယ်။

အင်္ဂလိပ်/ ဂျပန် ဘာသာစကားသင်တန်းများ
အင်္ဂလိပ်ဘာသာစကားသင်တန်းသုံးမျိုးရှိပါတယ်။
(၁) စာမေးပွဲ ဖြေဆိုမည့်သူများအတွက် သင်တန်းများ (Exam Oriented)
- IELTS Preparation
- TOEFL Preparation
(၂) လူမှုဆက်သွယ်အင်္ဂလိပ်စကား (Communicative English)
- Intro
- Level-1
- Level-2
- Level-3
(၃) ဘာသာရပ်ဆိုင်ရာ အင်္ဂလိပ်စကား (Professional English)
- English for Hotel Staff
- Business English
- Legal English
ဂျပန်ဘာသာစကားသင်တန်း (၂) မျိုးရှိပါတယ်။ (မြန်မာနှင့်
ဂျပန်ဆရာများသင်ကြားပေးပါတယ်)
(၁) JLPT စာမေးပွဲ ပြင်ဆင်သည့် သင်တန်း
(၂) ဂျပန်စကားပြောသင်တန်း

ကွန်ပျူတာသင်တန်းများ
(၁) Basic / Internet
(၂) DTP
(၃) Graphic Design
(၄) InDesign
(၅) Auto CAD
(၆) Business Computing

စိတ်ပါ၀င်စားသူများအနေနှင့် Asia Masters သင်တန်းကျောင်းတည်ရှိရာ အမှတ်
၂၇၇၊ ဗိုလ်ချုပ်လမ်း၊ အာရှပလာဇာ ဟိုတယ် (မြေညီထပ်)
ရန်ကုန်မြို့သို့လူကိုယ်တိုင်သော်လည်းကောင်း၊ တယ်လီဖုန်းအမှတ် ၃၇၉၃၁၁၊
မယမင်းအေး [Only admins are allowed to see this link] ထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

http://manawphyulay.mmsarpay.org

Pho Nanda

Pho Nanda
MITR New User



ဘာလဲဟင် သင်တန်းကြော်ငြာတာမဟုတ်လား post ခေါင်းစဉ်နဲ့ လွဲနေသလိုဘဲ

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum on Forumotion | Computers and Internet | Computers | ©phpBB | Free forum support | Report an abuse | Cookies | Forumotion.com