1 ထူးခြားသော LCD နည်းပညာများဖြင့် iPhone 6 ထွက်ရှိမည်ဟု သတင်းများထွက်ပေါ် 27th April 2011, 2:31 pm
solakoko
Moderator
Wednesday, April 27, 2011
သင့်အနေဖြင့် iPhone 5 ထွက်ရှိမည်ဟူသော သတင်းများကို ၎င်းင်း၏ ကင်မရာ
အရည်အသွေးနှင့် အခြား Feature များအထိ သိရှိနေပြီဖြစ်သော်လည်း
ယခုထွက်ရှိမည်ဟု သတင်းထွက်နေသည်မှာ iPhone 5 မဟုတ်တော့ပဲ iPhone 6
ပဲဖြစ်ပါတယ်။
iPhone 6 ထွက်ရှိမည်ဟူသော သတင်းအား ဂျပန်နိုင်ငံရှိ Nikkan သတင်းစာမှ
ဖော်ပြခဲ့ပြီး သတင်း၌ ဖော်ပြထားချက်အရ iPhone 6 တွင် low-temperature
polysilicon နည်းပညာခေါ် ဖုန်း၏ LCD အား ပါဝါအသုံးပြုမှု အနည်းပါးဆုံးနှင့်
အပူချိန်အသက်သာဆုံးဖြစ်သော pi-Si LCD နည်းပညာ ပါဝင်မှာဖြစ်ကြောင်း
သိရပါတယ်။
ထို့ပြင် Appleinsider ၏ ဖော်ပြထားချက်များအရ အဆိုပါpi-Si LCD မှာ
ထုတ်လုပ်သူများကို optical sensor များ၊ signal processor များနှင့် အခြား
ဆားကစ်များကို မှန်ပြားပေါ်တွင် Layer တစ်ခုအဖြစ် ထားရှိသွားစေနိုင်မှာ
ဖြစ်ကြောင်း သိရပါတယ်။
iPhone 6 အတွင်း အဆိုပါ LCD နည်းပညာ အသုံးမပြုခင်
ပထမဆုံးအသုံးပြုသွားမှာကတော့ Sharp မှ ဖြစ်ပြီး ၎င်းင်း၏ နောက်ထုတ်လုပ်မည့်
Screen မျက်နှာပြင်တိုင်းတွင် pi-Si LCD အား အသုံးပြုသွားမှာဖြစ်ကြောင်း
သိရပါတယ်။
ယခုအချိန်ထိတွင် iPhone 6 အား ၂၀၁၂ ခုနှစ်တွင်
ထုတ်လုပ်သွားနိုင်ဖွယ်ရှိသည်ဟူသော သတင်းများသာ ထွက်ရှိနေသေးပြီး iPhone 5
နှင့် iPhone 6 တို့အား ကောလဟာလများထွက်ရှိထားသည့်အတိုင်း အမှန်တကယ်
ထွက်ရှိလာ မလာစောင့်ကြည့်ရမှာအမှန်ပင် ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
အပြည့်အစုံ Myanmar ICT
- Code:
http://www.myanmarict.com/news/googles-new-ceo-wont-change-stance-on-china/comment-page-1/#comment-599
မှဖြစ်ပါတယ်.
Myanmar3 မှ ဇ်ာဂျီယူနီ ပြန်ပြောင်းပြီး တင်လိုက်တာပါ..
သူများတွေတော့ မပြောတတ်ဘူး..ကျနော့်အတွက်တော့ ဟိုတစ်မျိုး ..ဒီတစ်မျိုး ယူနီကုဒ်တွေ အင်မတန်အာရုံနောက်ဒယ်.ဂယ်ပဲ။
ဒါတောင် ဘော်ဘော်တစ်ယေက်က Translator တစ်ခုပေးတွားလို့ .