1 Mozilla Firefox and Freedom software ကိုအသုံးပြု ပြီး ကျော်ခွနည်း 6th April 2011, 4:39 pm
william016
MITR New User
သူငယ်ချင်းအားလုံးမင်္ဂလာပါ။ နှစ်သစ်သင်္ကြန်မှာစပြီး ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
အခုပြောပြချင်တာက Mozilla Firefox and Freedom software ကိုအသုံးပြု ပြီး ကျော်ခွနည်းလေးပါ။ ကျွန်တော့်အယင် post တင်ပြီးသားရှိခဲ့ယင်လည်းနားလည်ပေးပါ။
ဝါသနာပါလို့ကျော်ချင်ခွချင်သူများ(အထူးသဖြင့် ယောက်ျားလေးများ ကျွန်တော်အပါ အ၀င် ဟဲဟဲဟဲ-- )အဲမှားသွားလို့ --- user များ freedom software ကိုကြားဖူး၊သုံးဖူးကြမှာပါ။ တစ်ခါတစ်လေ ကျွန်တော် တို့ Internet သုံးတဲ့အခါ အဆင်မပြေတာလေးတွေရှိတယ်လေ။ တစ်ချို့ ဆိုဒ်တွေ(http://***) တိုက်ရိုက်သွားလို့မရတဲ့ အခါ အခုလို နည်းလမ်းများ ကိုသုံးပြီး ကျော်ခွသွားမှ လိုရာကိုရောက်မှာပေါ့။
ကျော်ခွနည်းတွေအများကြီးရှိတဲ့အထဲမှာ ကျွန်တော်အကြိုက်ဆုံး က freedom software ကိုသုံးရတာ အကြိုက်ဆုံးပါပဲ။ Web proxy (vtunnel,Bing proxy ,etc---) တွေက အကန့်အသတ်ရှိ တယ်။ ရတဲ့ အခါ ရတယ်။ မရတဲ့အခါမရဘူး။သိပ်စိတ်မရှည်ဘူးလေ။ Freedom က တော့ ရှယ်ပဲ။ကျော်ချင်တိုင်းကျော်ခွလို့်ရတယ်။ဒီလောက်ဆိုသဘောပေါက်ပေါ။့အခုကျွန်တော်ပြောချင်တာက freedom software နှင့် Mozilla Firefox ကိုတွဲစပ်အသုံးပြုပြီးကျော်ခွနည်းဖြစ်ပါတယ်။ အထူးသဖြင့် မသိသေးသူ သယ်ရင်း များအတွက်အထူးရည်ရွယ်ပါတယ်။ သိပြီးသူများလည်းပြန်မှတ်မိသွားတာပေါ့။ ကျွန်တော်သိထားတာ အားလုံးကို မျှဝေပေးလိုက်ပါတယ်။ လိုအပ်တာရှိယင် ဖြည့်စွက်တွေးပြီး နားလည် ပေးပါ။ ကျွန်တော်လည်း user တစ်ယောက်ပါ။ ကဲ စလိုက်ကြဆို့ ---
ပထမဆုံးလုပ်ရမှာက
(၁) freedom မှာ User name and password ပေးပြီး မှတ်ပုံတင်ရမယ် ။ မေးလ်ရှိယင်လွယ်ပါတယ်။
(၂) freedom ကပေးထားတဲ့ software ကို ဒေါင်းလုပ် လုပ်ရမယ်။ 12MB ပဲရှိပါတယ်။
ကြိုက်ရာသွားဒေါင်းနိုင်ပါတယ်။ Mediafire မှာ .exe file ကိုရှာပြီးဒေါင်းပါ။
(3) Firefox ကို setting နဲနဲ ပြောင်းရပါမယ်။ ဒါဆိုယင်အားလုံးပြီးပြီပေါ့။
FEEEDOM မှာ REGISTERED လုပ်ပုံ ---
[You must be registered and logged in to see this link.] ကို သွားပါ။ Home page မှာ click her to register ကိုကလစ်နှိပ်ပြီး လိုအပ်တာကို ဖြည့်စွက်လိုက်ယင်ရပါတယ်။ freedom မှ confirm mail ပို့လာယင် active link ကို ကလစ်နှိပ်လိုက်ပါ။ မခက်ပါဘူး။မှတ်ထားရမှာက ကိုပေးလိုက်တဲ့မေးလ်က g-mailဆိုယင်ပိုကောင်းပါ တယ်။သူက မိနှစ်အနည်းငယ်အတွင်းမှာ ပြန်စာရောက်လာလို့ပါပဲ။ mpt,bagan mail---တို့ဆိုယင် နေ့တစ်ဝက် သို့ နာရီပိုင်းလောက်ကိုကြာတယ်။တစ်ခါတစ်လေလည်းမြန်ပါတယ်။ မှက်ချက်။ ။ ပေးထားတဲ့လိပ်စာကို သွားလို့ မရယင် web proxy တစ်တစ်ခုခုကို သုံးပြီး သွားပါ။ ဥပမာ [You must be registered and logged in to see this link.] or Google Search မှာ appspot proxy ရိုက်။ပေါ်လာသောဝင်းဒိုးမှာ ပထမ ဆုံး လင့် ကိုနှိပ်ပြီးသွား လည်းရတယ်။
Freedom Software ကို Install လုပ်ပုံ ----
ဒါင်းလုပ် လုပ်ပြီးသား freedom software ကို double click နှိပ်လိုက်ပါ။ language box ပေါ်လာယင် ကြိုက်ရာကိုရွေး ။ ဒါမှမဟုတ် English ကိုရွေးးပါ။ ပြီးယင်next-- next ဖြင့်သွားပါ။
welcome box ပေါ်လာယင် next ကိုနှိပ်ပါ။
proxy server box ပေါ်လာယင် next ကို နှိပ်ပါ။
select protocols box ပေါ်လာယင် HTTP AND HTTPS (၂) ခုမှလွဲ ပြီး ကျန်တာအမှန်ခြစ်များကိုဖြုတ် လိုက်ပါ။ ပြီးယင် next ကို နှိပ်ပါ။
Auto searching လုပ်ပါလိမ့်မယ်။ ကွန်နက်ရှင်မြန်ယင်မြန်မယ်။ကွန်နှေးယင်နှေးမယ်။
Found freedom server Box ပေါ်လာယင် ဇယားမှာ (pref) ကိုရှာပါ။ အများဆုံး 10.0 ဂဏန်းပါတဲ့လိုင်းကို select လုပ်ပါ။ next ကို နှိပ်ပါ။ ( ဥပမား 10.0, 9.9, 9.8,etc--- )
Configure freedom Account Box ပေါ်လာယင် စောစောက မှတ်ပုံတင်ထားတဲ့ user name and password ကို ဖြည့်လိုက်ပါ။ မိမိ၏ freedom account က active ဖြစ်ရပါမည်။
Congratuation! Box ပေါ်လာယင် save and exit ကိုနှိပ်လိုက်ပါ။
Freedom main window ပေါ်လာမည်။ညာဘက်မှာ တံခါးပိတ်နေတဲ့ logo ပုံကိုတွေ့ရမှာဖြစ်တယ်။
ဒါက connection မချိတ်ရသေးလို့ပါ။ ကွန်ချိတ်ချင်ယင် start connection ကို ကလစ်နှိပ်လိုက်ပါ။ ကွန်ချိတ်ယင် တံခါးပိတ်နေတဲ့ပုံက တံခါးပွင့်လာပါလိမ့်မယ်။ ဒါဆိုယင်သုံးလို့ရပါပြီး။ မသုံးချင်ယင် stop connection ကို ကလစ်နှိပ်လိုက်ပါ။
မှက်ချက်။ ။ Freedom ကို stop(disconnection ) လုပ်ပြီးယင် Firfox မှာ setting ပြန်ပြောင်းဖို့ မမေ့ပါနဲ့ ။ ဘာဖြစ်လို့လဲဆိုတော့ ပုံမှန် internet သုံးတဲ့အခါ error လာပြလိမ့်မယ်။
Mozilla Firefox ကို setting ပြောင်းနည်း ---
အမှန်တကယ်တော့ freedom ကို install လုပ်ကတဲက auto setting ပြောင်းလို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်က အမြဲတမ်းမကျော်ချင်ဘူးလေ။အဲ့ဒီအဆင့်ကိုကျော်ထားလိုက်တာပါ။ လိုအပ်မှပဲ ကျော်ခွချင် လို့ Manual ပြောင်းနည်းကိုပြောပြချင်ပါတယ်။
ပထမ firefox ကို ဖွင့်လိုက်ပါ။ Menu bar မှာ Tools ကိုနှိပ် Option ကိုနှိပ် Advanced ကိုနှိပ် Network ကိုနှိပ် Setting ကို ကလစ်နှိပ်လိုက်ပါ။ No proxy or Auto detect proxyကို ရွေးထားတာတွေ့ရလိမ့်မယ်။
Manual proxy configuration ကို ရွေးလိုက်ပါ။ HTTP Proxy ဆိုတဲ့ အကွက်မှာ 127.0.0.1 လို့ဖြည့် လိုက်ပါ။ Port မှာ 8080 ဖြည့်ပါ။ ပြီးယင် use this proxy server for all protocols ကို အမှန်ခြစ်လိုက်ပါ။ ပြီးယင် OK နှိုပ်လိုက်ပါ။ ဒါဆိုယင်အောင်မြင်စွာပြီးဆုံးသွားပါပြီး။
တကယ်လို့ မကျော်၊မခွချင်တော့ဘူးဆိုယင် စောစောကအတိုင်း Menu bar မှ Tools-Option-Advanced-Network-Setting ကိုကလစ်နှိပ်ပါ။ No Proxy ကို ပြန်ရွေးလိုက်ပါ။ ဒါဆိုယင် မူလအတိုင်းပြန်ဖြစ်သွား ပါပြီး။ ကျော်ခွချင်တဲ့အချိန်ကျမှ manual proxy configuration ကိုပြန်ရွေးလိုက်ပါ။ ကဲဒါလောက်ဆိုယင် နားလည်လိမ့်မယ်လို့ ယူဆပါတယ်။
အဆင်မပြေတာရှိယင် ပြောပါ။ ကျွန်တော်သိသလောက် ပြောပြဖို့အဆင်သင့်ပါခင်ဗျာ။
သယ်ရင်းအားလုံး အခက်အခဲမရှိ စိတ်ရှိတိုင်းကျော်ခွနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ဗျာ။
William016
6.4.2011, Wed: 12:30PM

- Code:
http://www.your-freedom.net/
- Code:
http://www.mediafire.com/yourfreedom

Last edited by william016 on 9th April 2011, 12:21 pm; edited 1 time in total