1 Why Zawgyi? 6th March 2011, 10:43 pm
sHa92
Founder
ရေးမယ်ရေးမယ်နဲ့ မေ့နေတာတွေထဲက တစ်ခုပါ... ဒီနေ့မှ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောရင်း Why not Unicode? and Why Zawgyi? ဆိုတဲ့ မေးခွန်းလေးတွေမေးမိလို့ အမှတ်ရလာတာနဲ့ ရေးလိုက်တာပါ....
ရှည်ရှည်ဝေးဝေးမရေးတော့ပါဘူး... ရှင်းရှင်းလင်းလင်း အချက်လေးတွေနဲ့ ရေးလိုက်ပါတယ်..
Why not Unicode? and Why Zawgyi?
-Unicode ကို Technically အရ လက်ခံပါတယ်။
-ဒါပေမယ့် Unicode ကို ၉၅% သော Internet အသုံးပြုသူများ အသုံးမပြုသေးသည်ကိုလည်း လက်ခံရပါမယ်။
-ဇော်ဂျီလောက်ကြည့်ကောင်းတဲ့ Font မတွေ့သေးပါ။
-ဖိုရမ်ရဲ့ ရည်ရွယ်ချက်က ပညာမျှဝေဖို့ဖြစ်ပါတယ်။ အဆင်အပြေဆုံးနဲ့ မျှဝေရ အလွယ်ကူဆုံးဖြစ်ရင်ရပါပြီ။ ဘယ် Font သုံးသုံးကိစ္စမရှိဘူးလို့ မြင်ပါတယ်။
-အဓိကအခက်အခဲတစ်ခုအနေနဲ့ ကျွန်တော်တို့ရဲ့ Forum Service Provider က ဖောင့်ပြောင်းလဲရန် မကူညီပေးပါ။
အဲဒီ့တော့ ကျွန်တော်တို့ကတော့ ဇော်ဂျီနှင့်သာ ရှေ့ဆက်ပါမည်။ ဆက်လို့ရသလောက်တော့ ဆက်နေဦးမှာဖြစ်ပါသည်။ ၈၀% သော Internet အသုံးပြုသူများ Unicode ပြောင်းပြီဆိုလျှင် လိုက်ပြောင်းပေးပါမည်။
Member တို့ရဲ့ အမြင်တွေကော ဘယ်လိုရှိလဲမသိဘူး...