Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

ET

ET
Moderator



Moderator
ရွာထဲက MP4 ထည့်ပေးပါဆိုလို့ ကျနော်ဆီရောက်တော့
ကျနော်စက်နဲ့ Conncet လုပ်တာက စပြီး
အောက်ကပုံအတိုင်းတွေ့ရတော့တာပဲ
ဘယ်လို Delete လုပ်လုပ် မပျက်ဘူး
truth.pdf ဖိုင်ကိုဖျက်ရင် ခဏပဲ ပြိးတော့ ပြန်ပေါ်လာတယ်
IQ Test.exe ကိုဖျက်လို့မရဘူး
အဲ့ဒီတော့ ကျနော်က နောက်စက်တစ်လုံးမှာ သွားစမ်းကြည့်တယ်
အဲ့ဒီကွန်ပျူတာမှာ ထပ်တွေ့ပြန်တယ် ကျနော်စက်ကို လာ Connect လုပ်တဲ့ USB Drive မှန်သမျှ
အားလုံး ပုံမှာပြထားတဲ့ ဖိုင်သုံးဖိုင်စလုံးဝင်ကုန်တော့တာပဲ
Virus လား (သို့) ဒါမှမဟုတ်ဘူး ဘာများဖြစ်နိုင်မလဲ
ဘယ်လိုလုပ်ရမလဲလို့ ပြောပါပေးကြပါဦး

[You must be registered and logged in to see this image.]

http://alinkarnya.blogspot.com/

Zer0

Zer0
MITR New User



အဲဒါတွေက virus ဟုတ်မဟုတ်တော့ ကျွန်တော်ရှာကြည့်ပြီးပြန်ပြောပေးပါ့မယ်။
အခုလောလောဆယ် အဲဒါတွေကိုဖျက်ချင်ရင် ကျွန်တော်ပြောတဲ့ အတိုင်းလိုက်လုပ်ကြည့်ပေးပါ။
window key+R ကိုတွဲနှိပ်ပြီး run ကိုခေါ်ပါ။
ပြိးရင် cmd လို့ရိုက်ပြီး enter ခေါက်ပါ။
command prompt ပွင့်လာပါလိမ့်မယ်။
အဲဒီထဲမှာ အစ်ကို့ရဲ့ drive volume ကို ရိုက်ပေးပါ။
ပုံထဲကအတိုင်းဆိုရင်တော့ F: လို့ရိုက်ပြီး enter ခေါက်ပါ။
ပြီးရင် attrib လို့ရိုက်ပြီ enter ခေါက်ပါ။
အဲဒီမှာ A S H R ပြီးတော့နောက်က url ပေါ်လာလိမ့်မယ်။
s h r သုံးခု လုံးပေါ်ချင်မှလည်းပေါ်လိမ့်မယ်။
အစ်ကို့ပုံ အတိုင်းဆိုရင် autorun.inf ဆိုတာရဲ့ အရှေ့မှာ s h r ဆိုပြီးပေါ်နေလိမ့်မယ်။
အဲဒါကို attrib -s -h -r autorun.inf လို့ရိုက်ပြီး enter ခေါက်လိုက်ပါ။
ဲပြီးရင် del autorun.inf လို့ရိုက်ပြိး enter ခေါက်ပါ။
တခြားဟာတွေ ရှိရင်လည်း အဲဒီအတိုင်းပဲလုပ်ပေးပါ။
autorun နေရာမှာ Truth.pdf ဖြစ်ဖြစ်ပေါ့။

http://www.myanmarlinks.net

Zer0

Zer0
MITR New User



နောက်တစ်နည်းရှိပါသေးတယ်။
unlocker ဆိုတဲ့ software နဲ့ ဖျက်ကြည့်ပါ။
[You must be registered and logged in to see this link.]

http://www.myanmarlinks.net

mars

mars
Moderator



Moderator
ကြာသလားလို့... format သာရိုက်ချလိုက်တော့ ကို ET ရေ... ကျနော်ကတော့ အဲလိုကို စိတ်ရှည်တာ...
(A+ အခြေခံကို မသိသူများအတွက် အခမဲ့ နေရာမှာတစ်ထိုင်တည်း သင်ပေးမည်...)
A+ တွင် အကျဉ်းချုပ်ချုပ် အကျယ်ပြောပြော နှစ်ခုရှိသည်...
1). restart ကောင်းကောင်းချတတ်ရမည်...
2). window တင်တတ်ရမည်....

အဲဒိနှစ်ခုသာနိုင် A+ ကိုပိုင်ပြီလို့တွက်ပေတော့... Razz

ပုံ

mars
(A+ specialist)

http://sidnaing.co.cc/

rocky

rocky
MITR New User



စာလုံးခြောက်လုံးထဲရှိတယ် format တဲ့

ET

ET
Moderator



Moderator
ကိုရန်နိုင်ပြောပြပေးတဲ့အတွက်လည်း
ဒီနေရာကပဲ ကျေးဇူုးတင်တယ်ဗျို့
××××××××××××××××××××

ကို Mar ပြောတာကိုအားရတယ်ဗျာ
ရန်ကုန်မှာဆိုရင်တော့ အားတဲ့နေရာတစ်ခုကိုရှာပြီးတော့ ကိုMar ဆီမှာ တစ်ထိုင်းတည်းသင်ချင်လိုက်တာဗျာ
အခွင့်အကြုံရင်တော့ ကျနော် ကို Mar ကို စာသင်ပေးဖို့ ပြောပါမယ်။

http://alinkarnya.blogspot.com/

solakoko

solakoko
Moderator



Moderator
အင်း.
Taskmgr ခေါ်ပြီး iQtext.exe ကို Kill
ပြီးတော့မှ truth.pdf ဆိုတာကိုဖျက်.
ဒါဆို pdf ဖိုင် ပြန်မပေါ်တော့ဘူး..
ဒါပေမဲ့ ဗိုင်းရပ်စ် ရှိနေသေးတဲ့အတွက် autorun.inf ရယ် iQtext.exe ရယ်ကိုတော့ Drive တွေထဲတွေ့ အောင်ရှာပြီးဖျက်ရဦးမယ်ထင်တယ်
msconfig ထဲက Start up မှာလဲ iQtext ကိုဖယ်ရဦးမယ်
Registry ထဲမှာလဲ ရှာပြီး ဖျက်ရဦးမယ်ထင်တယ်
ဟုတ်လား မသိဘူး..
ဟုတ်မယ်ထင်တယ်..

ET

ET
Moderator



Moderator
ကိုဆိုလာရေ
ဘယ်လိုလုပ်ရမယ်ဆိုတာ အသေးစိတ်လေးပြောပြပါလား
ကျနော်ကတော့လုံးဝကိုမသိလို့ပါ
Question and Answer ပေါ့ဗျာ

http://alinkarnya.blogspot.com/

solakoko

solakoko
Moderator



Moderator
Taskmgr ခေါ်ပြီး iQtext.exe ကို Kill process လုပ်ပါ
ပြီးရင် truth.pdf ဆိုတာလား အဲတာကို ဖျက်ပါ
my computer ထဲမှာ C:,D:,etc.. ပေါ့
အဲဒိအထဲမှာလဲ iQtext.exe & autorun.inf ကို ရှာပြီးဖျက်
My compuer>tools>Folder option>view မှာတော့ show hidden file ကို tip လုပ်ထားပေါ့
ဒါမှာ hidden file တွေကို မြင်ရမယ်လေ
ရှိတယ်နော် တွေ့ အောင်ရှာဖျက်
ပြီးရင်
Registry ထဲမှာလဲ iQtext.exe ကို Search လုပ်ပြီး ဖျက်
ခဏ ခဏ Search လုပ်ရမယ်လေ
Not fond ဖြစ်တဲ့အထိပေါ့

Run>msconfig>start up မှာ iQtext.exe ရှိတယ်
အဲဒါကို un check ပြန်လုပ်လေ
ဒါမှ နောက်တစ်ခါ ၀င်းဒိုးတက်ရင် ဗိုင်းရပ်စ် မရမ်းတော့မှာ

အဲဒိလိုပဲ အဆင့်ဆင့် လေး ကြိုးစားကြည့်ပါ
ဗိုင်းရပ်စ် မရှိလောက်တဲ့ အခြေအနေ လေးထိပေါ့

Myat Min2010

Myat Min2010
MITR New User



ကျွန်တော်သိသလောက်ဝင်ဆွေးနွေးမယ်နော်

IQtest.exe ကကွန်ပျူတာကို ဘာပြသနာမှမပေးပါဘူး
Thruth.pdf ကိုဖြန့်ဝေပေးရုံပဲ ရည်ရွယ်ပုံကြတယ်

သူ့ကိုဖျက်ချင်ရင်တော့ အပေါ်က ကို Solokoko ပြောတဲ့အဆင့်အတိုင်းဖျက်ရင်အဆင်ပြေပါတယ်
ဒါမဲ့ သူ့ရဲ့ Source က System 32 ထဲ က win ဆိုတဲ့ Folder ပါပဲ ကို Solokoko ပြောသလို
Taskmanager ကိုဖွင့် Run နေ့တဲ့ IQtest.exe ကို End Process Tree လုပ် ပြီးရင်
Desktop သို့ Stick ထဲမှာ ရှိတဲ့ IQtest.exe Icon လေးကို ဖျက်ပြီးရင် System 32 ထဲက win ဆိုတဲ့ Folder
လေးကို Delete လုပ် အဲဒါဆို နောက်ပြန်မတတ်လာတော့ပါဘူး
ဒီအကောင်လေးက Stick တွေထဲကို Thruth.pdf လေးကို ဖြန့်ဝေပေးတာပါပဲ
ဘာအန္တာရယ်မှမရှိပါဘူး ကြိမ်းသေတာတော့ ဒီကောင်က နိုင်ငံရေး Virus ဖြစ်မယ်
ကျွန်တော်တောင်မှ ဒီ IQtest.exe ကို Rar နဲ့ချုံ့ပြီးသိမ်းထားသေးတယ်
အဲဒီကောင်လေး ထည့်ပေးပြီး Virus ဆိုတာ ဒီလို Run တယ်လို့ ပြဖို့ . . . ဟဲ ဟဲ . . .

ကျွန်တော်မှားတာရှိရင် ပြန်ပြောပေးကြဦးနော်
အဲဒီ Virus လိုချင်ရင်လဲပြော တင်ပေးမယ် Laughing
Virus ရှာရတာပျော်စရာလေးဗျ သူ့ရဲ့ Source ရှာပြီးသတ်လိုက်ရလို့
နောက်ပြန်မတတ်လာတော့ရင် တမျိုး Feel ရှိတယ်ဗျ
ဒါမဲ့ ရှာမရတဲ့ Virus ဆို ကွန်ပျူတာတောင်ရိုက်ခွဲပစ်ချင်တာ Laughing

http://myat-min8.weebly.com/

botauk

botauk
MITR New User



အစ်ကိုတို့ရေ....
ကျွှန်တော်လဲ...အဲ့လိုဖြစ်ဖူးတယ်ဗျ..
ကျွှန်တော်က Memory Stick မှာဗျ
ပထမ က stick ထဲကို..ဘယ် က မှန်းမသိတဲ့..ဖိုင်
၁ဖိုင်ရောက်လာတယ်ဗျ..
အဲ့ဒီဖိုင်ကိုဖျက်တာ....ဘယ်လိုကိုမှဖျက်မရဘူး...
command prompt ထဲပ လည်းဝင်ဗျက်တယ်..ရဘူးဗျ..
အဲ့ဒါ..နဲ့...Format လုပ်လိုက်တယ်..
အဆင်ပြေသွားတယ်...
ဒါပေမဲ့..သိပ်မကြာခင်မှာပဲ..
ထိုနည်းတူစွာ..ဘာမှမလုပ်ရဘဲနဲ့(တပ်လိုက်တယ်ဆိုရင်ပဲ)
ိ Data Full ဖြစ်သွားတယ်...
ဘာဆိုဘာမှကိုလုပ်လို့မရတော့တာ..
Format တောင်ချလို့မရတော့ပဲနဲ့...
ပျက်ဆီးသွားတယ်ဗျာ...
ကူညီပါဦး..
သိရင်ပြောပြကြပါဦး...

Htet Naing

Htet Naing
Moderator



Moderator
botauk wrote:အစ်ကိုတို့ရေ....
ကျွှန်တော်လဲ...အဲ့လိုဖြစ်ဖူးတယ်ဗျ..
ကျွှန်တော်က Memory Stick မှာဗျ
ပထမ က stick ထဲကို..ဘယ် က မှန်းမသိတဲ့..ဖိုင်
၁ဖိုင်ရောက်လာတယ်ဗျ..
အဲ့ဒီဖိုင်ကိုဖျက်တာ....ဘယ်လိုကိုမှဖျက်မရဘူး...
command prompt ထဲပ လည်းဝင်ဗျက်တယ်..ရဘူးဗျ..
အဲ့ဒါ..နဲ့...Format လုပ်လိုက်တယ်..
အဆင်ပြေသွားတယ်...
ဒါပေမဲ့..သိပ်မကြာခင်မှာပဲ..
ထိုနည်းတူစွာ..ဘာမှမလုပ်ရဘဲနဲ့(တပ်လိုက်တယ်ဆိုရင်ပဲ)
ိ Data Full ဖြစ်သွားတယ်...
ဘာဆိုဘာမှကိုလုပ်လို့မရတော့တာ..
Format တောင်ချလို့မရတော့ပဲနဲ့...
ပျက်ဆီးသွားတယ်ဗျာ...
ကူညီပါဦး..
သိရင်ပြောပြကြပါဦး...
အဲ့ဒီဖိုင်က ဘာနာမည်နဲ့ လဲဗျ။ IQTest.exe ပဲလား။ တင်ပေးလို့ ရရင် mediafire မှာဖြစ်ဖြစ်တင်ပေးပါလား။ သေချာအောင်လို့ ကျွန်တော်စမ်းပြီး နည်းလမ်းရှာပေးပါ့မယ်။
Task Manager ခေါ်လို့ ရသေးရင်တော့ process မှာ အဲ့ဒီ့ဖိုင်နာမည်နဲ့  process ကိုအရင် End process လုပ်ကာ ဖျက်ကြည့်ပါဦး။

botauk

botauk
MITR New User



အစ်ကိုသိချင်တဲ့ဖိုင်က..ရှိတော့ဘူး..
ဒါပေမဲ့...ဆိုဒ်က တော..2GB လောက်ရှိတယ်....
ခန့်မှန်းလို့ရဘူးလား...
ကူညီပါဗျာ..
ကျေးဇူးတင်ပါတယ်..ဗျာ..

botauk

botauk
MITR New User



Stick ကတော့ပျက်သွားပီ

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Forum create on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com