1 How to delete XP boot menu 23rd April 2009, 11:13 pm
sHa92
Founder
သင့်ရဲ့ PC မှာ Windows XP အသုံးပြုထားပြီး boot menu မှာ ပုံမှာ ပြထားတဲ့ အတိုင်း တစ်မျိုးထဲကို နှစ်ခါ ပြနေပြီ ဆိုရင် သင်ဒီ Post ကို ဆက်ဖတ် သင့်ပါပြီ။ ရှင်းလင်းဖို့ နည်းလမ်းတွေကို step by step ရေးသား ပေးသွားပါမယ်။
[You must be registered and logged in to see this image.]
ပထမ အဆင့်အနေနဲ့ boot.ini ကို ပြင်ပါမယ်။ ဒီအဆင့်ဟာ အရေးကြီးတဲ့ အတွက် C:\ အောက်မှာ ရှိနေတဲ့ boot.ini ကို backup ပြုလုပ်ထား ဖို့လို အပ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တစ်ခုခု ဖြစ်ခဲ့ရင် ပြန်လည် အသုံးပြု နိုင်အောင် ဖြစ်ပါတယ်။ Backup ပြုလုပ် ပြီးပြီ ဆိုရင်တော့ စပြီး boot.ini ကိုပြင်ပါတော့မယ်။ Boot.ini ကို rewritable ဖြစ်အောင် အရင် ပြုလုပ်ရပါမယ်။ Command prompt ကိုခေါ်လိုက်ပါ။ ပြီးရင် တော့ command prompt ထဲမှာ Patch ကို C:\ သို့မဟုတ် boot.ini ရှိသော သင့်ရဲ့ HD Partition ကို ရွေးပေးလိုက်ပါ။ Command prompt ထဲမှာ Cd C:\ ဆိုပြီး ရေးထဲ့ပေးလိုက်ပါ။ Command prompt ထဲမှာ patch အတွက် C:\> ဆိုပြီး ပြနေရင်တော့ attrib -s -h boot.ini လို့ ရေးထဲ့ပြီး enter နှိပ်ပေးလိုက်ပါ။နောက်တစ်ကြိမ် attrib boot.ini လို့ထပ်ရေးပေးပြီး Enter နှိပ်လိုက်ပါ။ ခုဆိုရင် သင့်အတွက် boot.ini ဟာ rewindable ဖြစ်သွားပါပြီ။
ဒုတိယ အဆင့်အနေနဲ့ Run ထဲမှာ notepad c:\boot.ini ဆိုပြီး ရေးထဲ့လိုက်ပါ။ Boot.ini ကို notepad နဲ့ ဖွင့်ပေးပါလိမ့်မယ်။
သို့မဟုတ်
ဆိုပြီး ပြထားပါလိမ့်မယ်။ ဖြေရှင်းဖို့လွယ်ပါတယ်။ ပထမ တစ်ခုလိုမျိုး Operationg systems က တစ်ခုထဲ ရှိပြီး partation(2)\WINDOWS ဖြစ်နေရင် Partation(2)\WINDOWS ကို Partation(1)\WINDOWS လို့ပြင်ပေးလိုက်ပါ။ ဒုတိယ တစ်ခုလိုမျိုး Partition(1)\WINDOWS ဖြစ်ပြီး Operating systems မှာ နှစ်ကြောင်းဖြစ်နေခဲ့ရင်တော့ ဒုတိယ တစ်ကြောင်းကို ဖြတ်ပြစ်လိုက်ပါ။ အားလုံးပြီးရင် save ပေးပြီး သင့်ရဲ့ PC ကို restart ပြုလုပ် လိုက်ပါ။
IREBORN မှ ကူးယူဖော်ပြပါသည်။

- Code:
[boot loader]
timeout=30
default=multi(0)disk(0)rdisk(0)partition(2)\WINDOWS
[operating systems]
multi(0)disk(0)rdisk(0)partition(1)\WINDOWS=”Microsoft Windows XP Professional” /noexecute=optin /fastdetect
သို့မဟုတ်
- Code:
[boot loader]
timeout=30
default=multi(0)disk(0)rdisk(0)partition(1)\WINDOWS
[operating systems]
multi(0)disk(0)rdisk(0)partition(1)\WINDOWS=”Microsoft Windows XP Professional” /noexecute=optin /fastdetect
multi(0)disk(0)rdisk(0)partition(2)\WINDOWS=”Microsoft Windows XP Professional” /noexecute=optin /fastdetect