1 GTalk Virus ဖြေရှင်းနည်း [Problem Solving] 5th August 2010, 2:45 pm
Htet Naing
Moderator
Virus နာမည်က
googles erv.exe ပါ။ ဒီကောင်အကိုက်ခံရရင် virus က \Program Files\Google\Google
Talk ထဲက googletalk.exe နေရာမှာ gtalk(vius) ကိုထားခဲ့ပါတယ်။ desktop ပေါ်က Google
Talk shortcut ကိုလည်း target မှာ gtalk.exe လို့ ပြောင်းလိုက်ပါတယ်။
Shortcut
ကိုနှိပ်ရင် virus ကို run မိသွားပါတယ်။ Gtalk windows အတုပေါ်လာပြီး ကိုယ်ရိုက်ထည့်လိုက်တဲ့
data တွေကိုမှတ်သွားပြီး sys/computername.nfo ဖိုင်အနေနဲ့ pen drive ထဲကိုထည့်ပါတယ်။
အကြောင်းရင်းကိုတော့မသိပါ။ nfo ကို edit လုပ်ကြည့်ရင် username နဲ့ set=0x number လိုမျိုးတွေကိုတွေ
့ ရပါတယ်။ password ကို encrypt လုပ်ထားပုံရပေမယ့် စာလုံးရေကိုတော့ ခန့် မှန်းလို့ ရနိုင်ဟန်တူပါတယ်။
Username,
password ရိုက်ပြီးလို့ enter ခေါက်ရင် connect လုပ်ဟန်ပြပြီး error box ကျလာပါမယ်။
OK နှိပ်ရင် သူ့ window ပိတ်ပြီး တကယ့် gtalk ပွင့်လာပါမယ်။ နောက်ကွယ်မှာတော့ မိမိရဲ
့username က သူမှတ်တဲ့ စာရင်းထဲပါသွားပါပြီ။
Virus
ရဲ့ သင်္ကေတထင်ထင်ရှားရှားတွေကတော့ -
(၁)
virus ကိုဖွင့်မိထားတယ်ဆိုရင် taskbar က gtalk icon က sign-in မ၀င်ရသေးပဲ အဖြူရောင်ဖြစ်နေခြင်း။
(၂)
pointer ထောက်ကြည့်ရင် Google Talk လို့ ပေါ်ရမယ့်အစား Gtalk.exe လို့ ပေါ်ခြင်း။
(၃)
check box (remember password)အစရှိသည်များ အလုပ်မလုပ်ခြင်း။
(၄)
username, password ရိုက်ပြီး enter ခေါက်သည့်အခါ text area များ အညိုရောင်ပြောင်းကာ
connecting ပုံစံမျိုးဖြစ်နေခြင်း။
ဖြေရှင်းနည်းကတော့
desktop က shortcut မှာ gtalk.exe အစား googletalk.exe လို့ ပြန်ရိုက်လိုက်ပါ။
ပြီးတော့
\Program Files\ Google\ Google Talk ကိုသွားပြီး Gtalk.exe ကို ဖျက်လိုက်ပါ။
(NetGuide
Journal Volume:1, Issue: 43 မှ ရယူကာ ပြန်လည်ဝေမျှခြင်း ဖြစ်ပါသည်။)