1 Uninstall Software In Windows Safe Mode [Tips & Tricks] 18th July 2010, 6:41 pm
solakoko
Moderator
Safe Mode ဖြင့် ၀င်၍ ၀င်းဒိုး ရှိ ဆော့ဖ်ဝဲ များကို ပြန်ဖြုတ်(Uninstall) ဖို့  ခဲယဉ်းပါတယ်ခင်ဗျ။
ဘာကြောင့်လဲဆိုတော့ Safe Mode နဲ့ တက်တဲ့အချိန် Window Installer က အလုပ်မလုပ်လို့ ပါ။
ဒါကြောင့် Safe Mode နဲ့ ဝင်ပြီး ဆော့ဖ်ဝဲ တွေကိုပြန်ဖြုတ်ချင်တယ်ဆိုရင်တော့ Registry မှာ သွားပြင်ပေးဖို့ လိုပါတယ်။
မသိလို့ ဘာမှ မဖြစ်ပေမဲ့ သိထားရင်လဲ ဗဟုသုတ တစ်ခုတိုးတာပေါ့ဗျာ။
အဲဒါကြောင့် ဝေမျှပေးလိုက်ပါတယ်။
Registry မှာ မပြင်ခင် Registry Backup တော့လုပ်ထားစေချင်ပါတယ်။
[You must be registered and logged in to see this image.]
Start>Run>Win+R>regedit လို့ရိုက်ပြီး အောက်ပါအတိုင်း ဆင့်ဆင့်သွားလိုက်ပါ
HKLM\SYSTEM\CurrentControlSet\Control\SafeBoot\Minimal\
ပြီးရင် MInimal ကို ညာကလစ် နှိပ်ပြီး New>Key မှာ MSIService လို့ ပေးပါ။
ညာဘက်က Default value ကို Double ကလစ်နှိပ်ပြီး Services လို့ ဖြည်ပေးလိုက်ပါ။
OK.
networking Safe Mode နဲ့ ဆိုရင်
HKLM\SYSTEM\CurrentControlSet\Control\SafeBoot\Network\ ပေါ့
ကျန်တာ အပေါ်က အတိုင်းပါပဲ။
Network ကို ညာကလစ် နှိပ်ပြီး New>Key မှာ MSIService လို့ ပေးပါ။

OK.!

ဒါဆို Safe Mode နဲ့ ဝင်ပြီး software တွေကို uninstall ပြန်လုပ်တဲ့ အခါ error မရှိတော့ပါဘူး။
တစ်ခုတော့ရှိတယ် Safe Mode မှာ
start>run>services.msc မှာ window installer ကို start လုပ်ပေးရမယ်။
ဒါမှမဟုတ် start>run>net start msiserver ဆိုပြီးရိုက်လဲရတယ်။
အဆင့်ဆင့်ပြင်ရမှာ အလုပ်ရှုပ်တယ်ဆိုရင် ဒီအောက်က စာတွေကို notepad ထဲကူးထည့်ပြီး
File name ကို *.reg နဲ့ သိမ်းပြီး ပြင်နိုင်ပါတယ်။
To enable Windows Installer in minimal Safe Mode execute the following command:
For Safe Mode with network:
အလုပ်ရှုပ်တယ်ထင်သေးရင် ဒီအောက်က လင့်ခ်မှာ Window installer ကို run ပေးမဲ့ Software ဒေါင်းနိုင်ပါတယ်။

- Code:
REG ADD "HKLM\SYSTEM\CurrentControlSet\Control\SafeBoot\Minimal\MSIServer" /VE /T REG_SZ /F /D "Service"
For Safe Mode with network:
- Code:
REG ADD "HKLM\SYSTEM\CurrentControlSet\Control\SafeBoot\Network\MSIServer" /VE /T REG_SZ /F /D "Service"
အလုပ်ရှုပ်တယ်ထင်သေးရင် ဒီအောက်က လင့်ခ်မှာ Window installer ကို run ပေးမဲ့ Software ဒေါင်းနိုင်ပါတယ်။
- Code:
http://www.windowsitpro.com/content/content/83387/SafeMSI.zip