1 Memory အကြောင်းလေး ဆွေးနွေးရအောင် [Hardware] 16th May 2009, 4:58 pm
ဘီလူး
Reviewer
Memory ဘယ်နှစ်မျိုးရှိသတုံး...?
Memory ကနှစ်မျိုးရှိပါတယ်......Static Random Access Memory နဲ့  Dynamic Random Access Memory...တို့ ပဲဇြစ်ပါတယ်။
Dynamic Random Access Memory (DRAM) ကို Memory လို့ လူသိများပါတယ်.......... Memory ဆိုတာCPU အလုပ်လုပ်တဲ့နေရာပါ..............အမှန်တော့ CPU မှာလဲကိုယ်ပိုင်Memory လေးတွေရှိပါတယ် ဒါကို internal register လို့ ခေါ်ပါတယ်.... အလွန်သေးငယ်တဲ့အတွက် CPU တွက်ချက်ဖို့ အတွက်သာလုံလောက်ပါတယ်......တွက်ချက်ပြီးတဲ့ Data တွေကိုယာယီသိမ်းနိုင်ဖို့ program တွေများစွာထည့်  ထားနိုင်ဖို့ Memory များများလိုအပ်ပါတယ်...အဲဒီ Memory ကို DRAM လို့ ခေါ်ပါတယ်.....DRAM ထဲက data တွေဟာ computer ဖွင့်ထားချိန်မှာသာအလုပ်လုပ်ပြီး.........ပိတ်လိုက်ရင် ပျောက်သွားတဲ့.....Tempoary storage........လို့ ခေါ်ပါတယ်...........Volatile Memory လို့ လဲခေါ်ပါတယ်........ Computer Power ပိတ်ထားချိန်မှာ OS တွေ.. Program File တွေ... data တွေသိမ်းနိုင်ဖို့ အတွက် Permenent Storage တစ်ခုလိုပါတယ်....ဒါကိုတော့ harddisk လို့ ခေါ်ပါတယ်.. Harddisk ထဲက Window နဲ့  program File တွေကို Memory ပေါ်မှာခေါ်တင်ပြီး CPU ကတွက်ချက်မှုတွေလုပ်ပါတယ်.......ဒါကြောင့် CPU ရဲ့ speed နဲ့  Memory Speed တို့ ဟာသိပ်ကွာလို့ မဖြစ်ပါဘူး......ဒါပေမယ့်.....နောက်ပိုင်းကျတော့..
CPU ကအရမ်းမြန်သွားပါတယ်.......ဒါကြောင့်Memory speed ကိုမြှင့်တင်လာပါတယ်..........ဒါပေမယ့် Memory ရဲ့ တည်ဆောက်ပုံအရတော့ အများကြီးမရပါဘူး.....အဲ့ဒီမှာ စပြီးတော့ Cache ဆိုတဲ့ memory တစ်ခုပေါ်လာပါတယ်.........
ဒီပို့ စ်မှာပဲဆက်လက်ဆွေးနွေးပေးပါအုံးမယ်.............Member များကိုလဲ ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်..........