Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

ဘီလူး

ဘီလူး
Reviewer



Reviewer
Memory ဘယ်နှစ်မျိုးရှိသတုံး...?
Memory ကနှစ်မျိုးရှိပါတယ်......Static Random Access Memory နဲ့  Dynamic Random Access Memory...တို့ ပဲဇြစ်ပါတယ်။
Dynamic Random Access Memory (DRAM) ကို Memory လို့ လူသိများပါတယ်.......... Memory ဆိုတာCPU အလုပ်လုပ်တဲ့နေရာပါ..............အမှန်တော့ CPU မှာလဲကိုယ်ပိုင်Memory လေးတွေရှိပါတယ် ဒါကို internal register လို့ ခေါ်ပါတယ်.... အလွန်သေးငယ်တဲ့အတွက် CPU တွက်ချက်ဖို့ အတွက်သာလုံလောက်ပါတယ်......တွက်ချက်ပြီးတဲ့ Data တွေကိုယာယီသိမ်းနိုင်ဖို့ program တွေများစွာထည့်  ထားနိုင်ဖို့ Memory များများလိုအပ်ပါတယ်...အဲဒီ Memory ကို DRAM လို့ ခေါ်ပါတယ်.....DRAM ထဲက data တွေဟာ computer ဖွင့်ထားချိန်မှာသာအလုပ်လုပ်ပြီး.........ပိတ်လိုက်ရင် ပျောက်သွားတဲ့.....Tempoary storage........လို့ ခေါ်ပါတယ်...........Volatile Memory လို့ လဲခေါ်ပါတယ်........ Computer Power ပိတ်ထားချိန်မှာ OS တွေ.. Program File တွေ... data တွေသိမ်းနိုင်ဖို့ အတွက် Permenent Storage တစ်ခုလိုပါတယ်....ဒါကိုတော့ harddisk လို့ ခေါ်ပါတယ်.. Harddisk ထဲက Window နဲ့  program File တွေကို Memory ပေါ်မှာခေါ်တင်ပြီး CPU ကတွက်ချက်မှုတွေလုပ်ပါတယ်.......ဒါကြောင့် CPU ရဲ့ speed နဲ့  Memory Speed တို့ ဟာသိပ်ကွာလို့ မဖြစ်ပါဘူး......ဒါပေမယ့်.....နောက်ပိုင်းကျတော့..
CPU ကအရမ်းမြန်သွားပါတယ်.......ဒါကြောင့်Memory speed ကိုမြှင့်တင်လာပါတယ်..........ဒါပေမယ့် Memory ရဲ့ တည်ဆောက်ပုံအရတော့ အများကြီးမရပါဘူး.....အဲ့ဒီမှာ စပြီးတော့ Cache ဆိုတဲ့ memory တစ်ခုပေါ်လာပါတယ်.........
ဒီပို့ စ်မှာပဲဆက်လက်ဆွေးနွေးပေးပါအုံးမယ်.............Member များကိုလဲ ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်..........

alt.332

alt.332
Administrator



Administrator
ကျွန်တော်ကတော့ သိပ်ပြီးမသိတော့ DDR 1 နဲ့ DDR 2 ကိုဘယ်လိုခွဲလဲပဲပြောတတ်ပါတယ်...

မခက်ပါဘူးကြည့်တာနဲ့သိသာပါတယ်...

DDR 1 မှာ 168 Pin ပါပါတယ်....နှစ်ဖက်ပေါင်းပြီးရေတွက်လိုက်ရင် 168 pin ရှိပါတယ်....

DDR 2 မှာတော့ 240 pin ပါပါတယ်....ဒါ့ကြောင့် Memory ကိုကြည့်လိုက်တာနဲ့သိသာပါတယ်...Pin တွေက ကျဲနေရင် DDR 1 ပေါ့ဗျာ... ပင်တွေက စိပ်နေရင် DDR 2 ပေါ့....

နောက်တစ်ခုကွာသေးတာက Memory card တွေရဲ့အလယ်က အချိုင့်လေးပါ...

DDR 1 နဲ့ DDR 2 card နဲ့ကို ယှဉ်ကြည့်လိုက်ရင် cm စိတ်စာလေးကွာနေတာကိုတွေ့ရမှာပါ....

ဒီလောက်ဆိုရင်ခွဲရတာလွယ်သွားပါပြီ...သိတဲ့သူရှိရင်လည်းပြောပေးကြပါဦးနော်...

http://www.myanmaritresource.info

smile

smile
MITR New User



DDR 1နဲ့  DDR 2 က စက်ရဲ့ ဘယ်နားလေးမှာ ရှိတာလဲ။ မသိလို့ပါ။
ကျေးဇူးပြု၍ ဖြေပေးပါလားရှင်။

alt.332

alt.332
Administrator



Administrator
Mother board ပေါ်မှာ....Card အစိမ်းလေးလေ... Smile မယုံရင်ဖြုတ်ကြည့်..သွားတော့မချိုးလိုက်နဲ့ Smile

http://www.myanmaritresource.info

C0D3R

C0D3R
MITR Master



MITR Master
အခုလိုရှင်းပြပေးတာကျေးဇူးတင်ပါတယ်

ကျွန်တော်က Hardware ပိုင်းအားနည်းလို့ဘာမမသိဘူး

ဒါကြောင့် အခုတော့အသိတစ်ခုတိုးပြီဗျာ

[You must be registered and logged in to see this image.]

http://www.myanmaritresource.info

3iton3

3iton3
MITR Reader



MITR Reader
DDR 3လဲထွက်နေပြီလို့ပြောတယ်
DDR 3 အကြောင်းလေးနည်းနည်းလောက် သိတဲ့လူတွေပြောကြပါဦး

3iton3

3iton3
MITR Reader



MITR Reader
ဒါနဲ့ စကားမစပ်(ဘာမှတော့မဆိုင်ဝူးပေါ့နော် ဒီတော့ပစ်နဲ့)

ASUS P5GC-MX နဲ့ ASUS P5QL-EM motherboard နှစ်ခုမှာဘယ်ဟာပိုကောင်းလဲဗျ

N@Y Y!N3

N@Y Y!N3
Moderator



Moderator
3iton3 wrote:DDR 3လဲထွက်နေပြီလို့ပြောတယ်
DDR 3 အကြောင်းလေးနည်းနည်းလောက် သိတဲ့လူတွေပြောကြပါဦး

DDR 3 (Double Data Rate)

အခု နောက်ပိုင်း Intel P35 chipsets တွေ မှာ ပါလာပါတယ် .. သူ့ Frequency တွေက

[You must be registered and logged in to see this image.]



Pin အရေအတွက် က 240 pin ပါ



[You must be registered and logged in to see this image.]





Kingstom က ဆိုရင်တော့ 2 GB က နောက်ဆုံးပါ ဗျာ .. ဂိမ်းကစားတဲ့လူတွေအတွက်တော့ ကောင်းမယ်ထင်တယ် .. သိသလောက်လေးပြောကြည့်တာပါ ဗျာ ..

N@Y Y!N3

N@Y Y!N3
Moderator



Moderator
3iton3 wrote:ဒါနဲ့ စကားမစပ်(ဘာမှတော့မဆိုင်ဝူးပေါ့နော် ဒီတော့ပစ်နဲ့)

ASUS P5GC-MX နဲ့ ASUS P5QL-EM motherboard နှစ်ခုမှာဘယ်ဟာပိုကောင်းလဲဗျ

ကျနော် အကြိုက်ပြောရရင် .. P5QL-EM က ပိုကောင်းပါတယ်

ဒီမှာ သူ့ Detail ကိုသွားကြည့်လိုက်ပါ ...

[You must be registered and logged in to see this link.]

smile

smile
MITR New User



အခုလို ပြောပြပေးတဲ့အတွက် အားလုံး ကျေးဇူးပါရှင်။

devil.devil42

devil.devil42
MITR New User



[You must be registered and logged in to see this image.] memory (2) မျိုးရှိပါတယ်။ volatine and non-volatine တို့ပဲဖြစ်ပါတယ်။ volatine ဆိုတာလျှပ်စစ်ရရှိမှသာ data များ ကိုသိမ်းထားပေးနိုင်သည် ဥပမာ-RAM။ non-volatine ဆိုတာ လျှပ်စစ်မရရှိသော်လည်း data များကိုသိမ်းထားပေးနိုင်သည် ဥပမာ-ROM။
ROM ဆိုသည်မှာ Read Only Memory ကိုဆိုလိုခြင်းဖြစ်သည်။ RAM ဆိုသည်မှာ Radoom Acess Memory ကိုဆိုလိုခြင်းဖြစ်သည်။
RAM နှစ်မျိုးရှိသည်။ ၄င်းတို့မှာ- SRAM AND DRAM တို့ပဲဖြစ်သည်။ [You must be registered and logged in to see this image.]

paohroung

paohroung
MITR New User



အစ်ကိုရေ memory နဲ ပတ်သက်ပြီး သူ့ နဲ့ အဓိက ဆက်သွယ် အလုပ်လုပ်တဲ့ နောက်ထပ် hadware ပစ္စည်းလေးတွေ ကို သိချင်ပါတယ်...
memory နဲ့  CPU data ဆက်သွယ်ပုံ နဲ့ 
memory နဲ့  HDD data ဆက်သွယ်ပုံ ကို အသေးစိတ်ရှင်းပေးပါခင်ဗျာ...။
ကျေးဇူးတင်ပါတယ်

devil.devil42

devil.devil42
MITR New User



memory နဲ့ဆက်စပ်လုပ်ဆောင်တဲ့ ပစ္စည်းတွေကတော့-CPU,Chipset ထဲက memory controller, Harddisk တို့ပဲဖြစ်ပါတယ်။
CPU နဲ့ memory ဆက်သွယ်ပုံကဒီလိုပါ- CPU ကလိုအပ်တဲ့ data ကို memory ပေါ်တင်ပေးဖို့ harddisk ကိုခိုင်းစေပါတယ်။ harddisk က data ကို memory ပေါ်တင်ပေးပါတယ်။
memory ပေါ်သို့ရောက်လာတဲ့ data တွေကို CPU ကရယူဖို့အတွက် memory controller ထံသို့တောင်းခံရပါတယ်။ memory contorller က data တွေကို CPU ထံသို့လွှဲပြောင်းပေးပါတယ်။ ဒီလောက်ဆိုလုံလောက်ပြီထင်ပါတယ်။

Law Shay

Law Shay
VIP Member



VIP Member
devil.devil42 wrote:memory နဲ့ဆက်စပ်လုပ်ဆောင်တဲ့ ပစ္စည်းတွေကတော့-CPU,Chipset ထဲက memory controller, Harddisk တို့ပဲဖြစ်ပါတယ်။
CPU နဲ့ memory ဆက်သွယ်ပုံကဒီလိုပါ- CPU ကလိုအပ်တဲ့ data ကို memory ပေါ်တင်ပေးဖို့ harddisk ကိုခိုင်းစေပါတယ်။ harddisk က data ကို memory ပေါ်တင်ပေးပါတယ်။
memory ပေါ်သို့ရောက်လာတဲ့ data တွေကို CPU ကရယူဖို့အတွက် memory controller ထံသို့တောင်းခံရပါတယ်။ memory contorller က data တွေကို CPU ထံသို့လွှဲပြောင်းပေးပါတယ်။ ဒီလောက်ဆိုလုံလောက်ပြီထင်ပါတယ်။

နည်းနည်းတော့ လွဲနေတယ်။

ကျွန်တော် သိထားတာက CPU-bound I/O (အခု လုံးဝ မသုံးသလောက်နီးပါး) စနစ်မဟုတ်ဘူးဆိုရင် Memory Controller ဆိုတဲ့ CPU ရဲ့ ကိုယ်စားလှယ်ကလေးက Mainboard ပေါ်မှာ ပါပါတယ်။ အဲဒါလေးကို CPU ကနေပြီး HDD က ဒေတာကို RAM ပေါ်တင်ပေးဖို့ ခိုင်းပါတယ်။ Cycle Stealing လုပ်ပြီး Memory Controller က ဒေတာတွေကို RAM ပေါ်တင်ပေးပါတယ်။ CPU ကနေ RAM ကို ဖတ်တာက CPU ရဲ့ အလုပ်ပဲမို့ ကြားထဲက တစ်ဆင့် မလိုပါ။

အခု နောက်ဆုံးကြားသိရတဲ့ သတင်းများအရ မီးအား အကုန်သက်သာချင်တဲ့ ဒီဇိုင်းတွေမှာ CPU Dye ပေါ်ကို memory controller ကို ပြန်ထည့်လိုက်ပြီလို့ ဆိုပါတယ်။ Cycle Stealing ကတော့ လုပ်တုန်းပါပဲ။

Law Shay

Law Shay
VIP Member



VIP Member
smile wrote:DDR 1နဲ့  DDR 2 က စက်ရဲ့ ဘယ်နားလေးမှာ ရှိတာလဲ။ မသိလို့ပါ။
ကျေးဇူးပြု၍ ဖြေပေးပါလားရှင်။

DDR 1 and DDR 2 are the memory interface standards. They are standards so there will be no components.

စံချိန်စံညွှန်းတွေသာ ဖြစ်လို့ စက်ထဲမှာ မရှိ၊ စာအုပ်တွေထဲမှာသာ ရှိပါကြောင်း။

အဲဒီ စံညွှန်းအဆင့်မီတဲ့ ပစ္စည်းတွေကိုတော့ မှတ်ဥာဏ် (အင်္ဂလိပ်လို မန်မိုရီ) ဟု ခေါ်ပါကြောင်း။

ထို မှတ်ဥာဏ်သည် စိမ်းစိမ်းရှည်ရှည် ကဒ်ကလေးများ အသွင် ရှိပါကြောင်း။

area4

area4
MITR New User



Memory DDR256MB တစ်ချောင်းက သုံးမရလို့ ပစ်ထားတာကြာပါပြီ။ ဒါပေမယ့် Fixya Forum ထဲမှာ ရေးထားတာလေးကို ဖတ်ရပြီး "ဟုတ်ပြီ၊ လက်တွေ့စမ်းသပ်ကြည့်ရမယ်" ဆိုပြီး အဲဒီ ပျက်နေတဲ့ memory 256 MB ကို ရေနွေးဆူဆူနဲ့ (၂)မိနစ်လောက်ပြုတ်ပြီး၊ brush နဲ့ ပွတ်ဆေးလိုက်တယ်။ ပြီးတော့ သူ့ကို ပူနွေး ခြောက်သွေ့တဲ့ နေရာမှာ (၁) ရက်လောက် ပစ်ထားလိုက်ပါတယ်။ နောက်တစ်နေ့ ပြန်လည်ပြီး တပ်စမ်းကြည့်တော့ "အားပါး၊ သုံးလို့ရတယ်" ။ မယုံမရှိနဲ့၊ လက်တွေ့ပါဗျ။ နဂို ကွန်ပျူတာထဲက memory က 256 MB ပါ။ စောစောက ရေနွေးပြုတ်ထားတဲ့ memory က 256 ပါ။ ဒါပေမယ့် 512 MB ဖြစ်ရမယ့် အစား 704 MB တောင် ပြနေသေးတယ်။ "မည်သို့ မည်ပုံ လုပ်လိုက်သည်မသိ" လို့ တရုတ်သိုင်းကားထဲ ကလို ဖြစ်နေပြီ။
(ဒီနည်းကတော့- နောက်ဆုံးအဆင့် အသက်ကယ်ဆေးပေါ့။ ကောင်းတာကြီးကိုတော့ သွားမစမ်းပါနဲ့။ နမြောစရာကြီး။) [You must be registered and logged in to see this image.] အဆင်ပြေပါစေဗျား။

Htet Naing

Htet Naing
Moderator



Moderator
area4 wrote:Memory DDR256MB တစ်ချောင်းက သုံးမရလို့ ပစ်ထားတာကြာပါပြီ။ ဒါပေမယ့် Fixya Forum ထဲမှာ ရေးထားတာလေးကို ဖတ်ရပြီး "ဟုတ်ပြီ၊ လက်တွေ့စမ်းသပ်ကြည့်ရမယ်" ဆိုပြီး အဲဒီ ပျက်နေတဲ့ memory 256 MB ကို ရေနွေးဆူဆူနဲ့ (၂)မိနစ်လောက်ပြုတ်ပြီး၊ brush နဲ့ ပွတ်ဆေးလိုက်တယ်။ ပြီးတော့ သူ့ကို ပူနွေး ခြောက်သွေ့တဲ့ နေရာမှာ (၁) ရက်လောက် ပစ်ထားလိုက်ပါတယ်။ နောက်တစ်နေ့ ပြန်လည်ပြီး တပ်စမ်းကြည့်တော့ "အားပါး၊ သုံးလို့ရတယ်" ။ မယုံမရှိနဲ့၊ လက်တွေ့ပါဗျ။ နဂို ကွန်ပျူတာထဲက memory က 256 MB ပါ။ စောစောက ရေနွေးပြုတ်ထားတဲ့ memory က 256 ပါ။ ဒါပေမယ့် 512 MB ဖြစ်ရမယ့် အစား 704 MB တောင် ပြနေသေးတယ်။ "မည်သို့ မည်ပုံ လုပ်လိုက်သည်မသိ" လို့ တရုတ်သိုင်းကားထဲ ကလို ဖြစ်နေပြီ။
(ဒီနည်းကတော့- နောက်ဆုံးအဆင့် အသက်ကယ်ဆေးပေါ့။ ကောင်းတာကြီးကိုတော့ သွားမစမ်းပါနဲ့။ နမြောစရာကြီး။) [You must be registered and logged in to see this image.] အဆင်ပြေပါစေဗျား။
အားပါး မှတ်ထားရမယ်။ ၂ မိနစ်ပြုတ်ရင် 704 ဆိုတော့ ၅ မိနစ်ဆိုရင် 1408 လောက်တော့ အနဲဆုံးရမယ်နဲ့ တူတယ်။ နောက်တာနော်။ [You must be registered and logged in to see this image.]

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com