Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

ညွန့်

ညွန့်
MITR New User



ကျွန်မက Networking ကိုစိတ်ဝင်စားလို့ စပြီးလေ့လာနေတဲ့သူပါ။
Port 8080 ဆိုတာ Port 80 ရဲ့ Alternative ဆိုတာသိပေမဲ့ ဘာယ်နေရာမှာ၊ ဘယ်လိုအခြေအနေမျိုးမှာ၊ ဘာရည်ရွယ်ချက်နဲ့ သုံးတာလဲဆိုတာသိချင်လို့ပါ။
ကူညီပါအုံး။ [You must be registered and logged in to see this image.]



Last edited by Fox on 10th August 2011, 4:28 am; edited 3 times in total (Reason for editing : Tag)

solakoko

solakoko
Moderator



Moderator
ဒီမှာ လေ့လာကြည့်ပါဦး..
Code:
http://en.wikipedia.org/wiki/List_of_TCP_and_UDP_port_numbers
ရှင်းပြမေးမယ့် သူရှိရင် ကျနော်လဲ သိချင်ပါ၏။

z3r0c00l

z3r0c00l
Administrator



Administrator
Port 80 အကြောင်းကိုကော သိပါသလား?
Port 80 ဆိုတာ HTTP Port ပါ။ အစ်မပြောသလို Port 8080 ဆိုတာ port 80 ရဲ့ Alternative
ဆိုရင် အဲဒါကလဲ HTTP port ပါပဲ။ အသေးစိတ်ကိုသိချင်ရင်တော့ အစ်မ CCNA သမားတွေကို မေးကြည့်ရင် သိပါလိမ့်မယ်။ Port 80 (or) Port 8080 ကိုပိတ်ထားမယ်ဆိုရင် Internet Connection ရမှာမဟုတ်ပါဘူး။

xtrm

xtrm
VIP Member



VIP Member
Port Number 0 to 1024 က standard port တွေပါ။ ဘယ် port က ဘာ service ဘယ် protocol အတွက်ဆိုပြီး reserve လုပ်ထားပါတယ်။ Port 80 ကို HTTP(web) ၊ Port 25 ဆိုရင် SMTP(Mail) အတွက်ဆိုတာမျိုးပေါ့။ အားလုံး Standard ဖြစ်အောင်လုပ်ထားတာပါ။

1024 အထက် ( 1025 to 65535 ) ကတော့ အဆင်ပြေသလို ယူသုံးလို့ရပါတယ်။ Squid လို proxy မျိုးအပါအဝင် web service တော်တော်များများက မှတ်ရတာလည်းလွယ်အောင် 8080 ကို ယူသုံးကြတာပါ။ Proxy ကို 9090 မှာ run ထားရင် port 9090 နဲ့ internet သုံးရပါလိမ့်မယ်။ Port 12345 မှာ run ထားရင် 12345 သုံးရမှာပေါ့။ ဒါတွေက တရားသေပြောလို့ မရပါဘူး။ ဒါတွေက Proxy configuration နဲ့ပဲဆိုင်ပါတယ်။ အတိအကျသတ်မှတ်ထားတယ့် HTTP Alternative port မဟုတ်ပါဘူး။ (မြန်မာမှာတော့ Standard port အားလုံးကိုပိတ်ပါတယ် SSL ကလွဲရင်။ )

ဘယ်လိုအခြေအနေမျိုးမှာ standard မဟုတ်တယ့် port တွေသုံးလည်းဆိုရင် NAT တို့ ၊ Proxy တို့လိုလာတယ့်အခါနဲ့၊ security အရ မဆိုစလောက်လေးတိုးချင်တယ့် အခါမှာ သုံးပါတယ်။

( Note: Port 1 to 1024 က သတ်မှတ်ထားတယ့် အတိုင်းပဲ သုံးရမယ်လို့ မပြောပါ။ Standard ဆိုတာ သတ်မှတ်ချက်ပါ၊ မလိုက်နာချင်လည်းရပါတယ်။ )

ညွန့်

ညွန့်
MITR New User



အားလုံးကိုကျေးဇူးတင်ပါတယ် ....

ကို xtrm ရေ၊ ကျွန်မ Apache configuration file ထဲမှာ 49152 ပြောင်းလိုက်တော့ မရတော့ဘူး၊ 49151 အထိတော့လက်ခံပြီး အလုပ်လုပ်တယ်၊ ဘာဖြစ်လို့ပါလဲ၊

မြန်မာလိုရေးတဲ့ Networking ebook တွေ Web ပေါ်မှာ တင်ထားတာရှိရင်လဲ ညွှန်ပေးကြပါအုံး ...

xtrm

xtrm
VIP Member



VIP Member
49152 နဲ့ အထက်ဆိုရင်မရတာလား ? 49153 ဆိုရင်ရော ရပါလား ? Port 49152 မှာ တခြား Service တစ်ခုခု run နေတာများရှိနေလို့လား။ 49152 နဲ့အထက်က Private port တွေလို့သတ်မှတ်ထားတာပါ။ ဒါပေမယ့် ဒါက ပြသနာတော့မဟုတ်ပါဘူး။ ဘယ်လိုမရတာလည်း Error လေးသိရရင် အဆင်ပြေမယ်ထင်တယ်။
Error log လေးပြရင် ပိုကောင်းမယ်။ Error Log ဘယ်မှာရှိတယ်ဆိုတာကတော့ httpd.conf ထဲမှာ ErrorLog ဆိုပြီး ကြေညာထားတယ့် path မှာရှာပါ။

ဘာ OS လည်းမသိဘူး ? Error Log မမြင်ရခင် ပြောကြည့်မယ်။ Run as Administrator နဲ့ Apache ကို စရင်ရော ?

49152 နဲ့ အထက်က Windows Vista ကနေစပြီး outgoing connection အတွက်လို့ သတ်မှတ်ထားတယ့် Dynamic Port range မို့လို့မရတာလည်း ဖြစ်နိုင်ပါတယ်။ Windows ကပေးမသုံးတာ ဖြစ်နိုင်တယ်။ Windows Firewall က dynamic port range ကို incoming block လုပ်ပါတယ်။ Windows Firewall off ကြည့်ပါ။ Dynamic port change ပြောင်းကြည့်ပါ။ Dynamic Port range ပြောင်းတာကတော့ netsh command နဲ့ပါ။
Code:

netsh int ipv4 set dynamic tcp start=50000 num=1000
netsh int ipv4 set dynamic udp start=50000 num=1000

ညွန့်

ညွန့်
MITR New User



ကျွန်မအခု 49152 နဲ့အထက်ကို ပြန်စမ်းကြည့်တာ တချို့က ရပြီး တချို့ကမရပါဘူး၊ 65535 နဲ့လည်း အခုရသွားပါပြီ၊ ကို xtrm ပြောသလို တခြား Services Run နေတာ ဖြစ်နိုင်ပါတယ်၊ OS က Windows7 ပါ၊ Run as Administer နဲ့ စမ်းကြည့်တာကတော့ ... ရိုးရိုး user နဲ့ အတူတူပဲတွေ့ရတယ်၊
netsh command နဲ့ မစမ်းကြည့်ရသေးခင် အဆင်ပြေသွားတာပါ၊
အကယ်လို့ netsh command နဲ့ Dynamic port ကို ပြောင်းပြီးရင် နဂို Default အတိုင်း ပြန်ဖြစ်အောင် ဘယ်လိုပြန်ပြောင်းရမလဲ?

xtrm

xtrm
VIP Member



VIP Member
netsh int ipv4 set dynamic tcp start=49152 num=16383
netsh int ipv4 set dynamic udp start=49152 num=16383

အဲလိုပဲ ပြန်သတ်မှတ်ပေးရပါလိမ့်မယ် ။ default ပြန်ထားတယ့် တခြားနည်းလမ်းရှိကောင်းရှိနိုင်ပါတယ် ကျနော်မသိတာဖြစ်နိုင်ပါတယ်။ Very Happy

49152 - 65534 ကို Outgoing traffic အတွက် OS တော်တော်များများကသုံးပါတယ်။ netstat -an ရိုက်ကြည့်ရင်တွေ့ပါလိမ့်မယ်။ Website တစ်ခုကိုဖွင့်ရင်ပဲဖြစ်ဖြစ် outgoing traffic အတွက် port တစ်ခုဖွင့်ဖို့လိုအပ်ရင် ကိုယ့်စက်မှာ 45152 နဲ့အထက် port တစ်ခုပွင့်ပါတယ်။ ယာယီပေါ့။ ဒါကြောင့် တစ်ချို့ port တွေက in used ဖြစ်နေတာဖြစ်ပါလိမ့်မယ်။ 65535 ကိုသုံးဖို့ recommend မလုပ်ပါဘူး။ ဘာအတွက်မှန်း မမှတ်မိတော့ဘူး၊ တစ်ခုခုရဲ့ reserved port မို့လို့ပါ။

ညွန့်

ညွန့်
MITR New User



ကျေးဇူးအများကြီးတင်ပါတယ် .... [You must be registered and logged in to see this image.]

fireprince

fireprince
MITR New User



online game (World of Warcraft)မှာသုံးတဲ port တွေ အကြောင်းလေးသိချင်လို့ပါ
ကူညီပါအုံး။ Rolling Eyes

rat

rat
MITR Reader



MITR Reader
Port No. တွေနဲ့ သုံးတဲ့ Service တွေအကြောင်းကို တတ်သလောက်မှတ်သလောက် တင်ပေးလိုက်ပါတယ်
Spoiler:

fireprince

fireprince
MITR New User



ုအကို ကျွန်တော်တို ့မြန်မာနိူင်ငံကနေ online game play ချင်တာပါအကို ဒီမှာက Port တွေအကုန်ပိတ်ထားတယ်ထင်တယ်အကိ်ု ကျွန်တော်ကYour freedom နဲ့ကျော်တာတော့ရတယ်အကို ဒါပေမယ့်နှေးနေလို့ play လို့မရပါဘူးအကို အဲဒါတခြားနည်းလမ်းရှိမလားမေးကြည့်တာပါ
ရနိူင်ရင်ဇြေပေးပါအကို
Shocked

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com