1 Virurs တွေကာကွယ်ကြည့်မယ် [Tips & Tricks] 23rd June 2010, 11:49 am
solakoko
Moderator
Virus ရန်မှ အပြည့်အစုံမဟုတ်တောင် နဲနဲပါးပါးတော့ ကာကွယ်ပေးနိုင်လိမ့်မယ်ထင်လို့ 
ဒီနည်းလေးကို တင်ပြပေးလိုက်ပါတယ်။
Group Policy ကို အသုံးပြု၍ Applications များကို မ Run နိုင်အောင် ပိတ်သော နည်းဖြစ်ပါသည်။
Application မှန်သမျှကို ပိတ်လို့ ရပေမယ့် ကျနော်တော့ Virus Applications များပိတ်နည်းကိုသာ ဖော်ပြလိုက်ပါတယ်ခင်ဗျာ။
ဥာဏ်ရှိသလိုသုံးကြပါ။့
အင်မတန်ရိုးရှင်းတဲ့နည်းလေးဖြစ်ပါတယ်။
စိတ်ဝင်စားသူများ စမ်းကြည့်ကြပါကုန်။
စမယ်နော်.. ....ကလိကလိ..
Start>Run>Gpedit.msc ကိုသွားပါ
ပြီးရင်
User Configuration>Administrative Templates>System ကိုသွား
အဲဒီမှာ Don’t run specified Windows Applications ကို Double Click နှိပ်ပြီး Enabled
ကိုရွေးလိုက်ပါ။
[You must be registered and logged in to see this image.]
ပြီးရင် List of disallowed applications ဆိုပြီး ညာဘက်မှာ show ဆိုတဲ့ box ကိုနှိပ်ပါ၊
ဒါဆို အကွက်တစ်ခုထပ်ပေါ်လာမယ်။
အဲဒီမှာ Add ကိုရှာပြီးထပ်နှိပ်

ဒါဆို enter the item to be added ဆိုပြီး box တစ်ခုထပ်ပေါ်မယ်။

Ok ပြီ။
အဲဒီအကွက်ထဲမှာ ကိုမသုံးစေချင်တဲ့ Application name တွေ တစ်ခုပြီးတစ်ခုထည့်ပေတော့ဗျာ။
ဥပမာ။ ။notepad ကိုမသုံးစေချင်ဘူး..ဆိုပါဆို့ 
enter the item to be added ဆိုတဲ့အကွက်ထဲမှာ notepad.exe ဆိုပြီးဖြည့်
ပြီးရင် ok နှိပ်။
နောက်တော့ အခုခေတ်စားနေတဲ့ မဂွေးဆိုလား မောင်ကွေးဆိုလားပဲ..
အဲဒီဟာကို မ run စေချင်ရင် Add ကိုထပ်နှိပ်ပြီး
enter the item to be added ဆိုတဲ့အကွက်ထဲမှာ mgy.exe ဆိုပြီးဖြည့်..။
ဟုတ်တယ်နော်။
မယုံရင် notepad နဲ့ mgy ကို ဖွင့်ကြည့် ၊ဖွင့်လို့ မရဘူး။
ဒီလိုပေါ်လာလိမ့်မယ်။

နောက်ထပ်ကျန်တဲ့ဟာတွေကိုလဲ တစ်ခုပြီးတစ်ခု Add နှိပ်ပြီးဖြည့်သွား။
အားလုံးကုန်ပြီဆိုရင် Ok နှိပ်ပြီးပြန်ထွက်လိုက်ယုံပဲ။
ကိုယ်ဖြည့်ထားတဲ့ application တွေဟာ Window start up မှာလဲ ပါမလာဘူးဆိုတော့
Virus ရန်က နဲနဲတော့သတ်သာသွားမယ်လို့ ထင်တယ်။(ထင်တာပြောတာနော်)
အဲတော့ ကျနော်လဲ အရူးထ လက်ညောင်းခံပြီးတော့ virus name တွေကို တစ်ခုပြီးတစ်ခုဖြည့်ထားရင်ကောင်းမလားလို့ စဉ်းစားနေတာ။
ဝိုင်းပြီးစဉ်းစားပေးကြပါခင်ဗျာ။
တစ်ခါတည်း ကျနော်သိသလောက် virus name များကို ဖော်ပြပေးလိုက်ပါတယ်။
ကျန်တဲ့ virus application name များကိုလဲ ပြောပြပေးသွားကြပါဦးလို့ ။
Add ထားရန် App name များ
Fun.exe
dc.exe
Mgy.exe
Fansy.exe
Loikaw.exe
Extramain.exe(လွိုင်ကော်ထဲမှာ ပါတယ်)
privateCam_v0.1.exe
chrome.exe(chrome ကို add ထားမယ်ဆိုရင် Google Chrome ကို rename လုပ်ရမယ်နော်)
globel.exe
xmor.exe
server061.exe
ဖြစ်နိုင်မဖြစ်နိုင်ကိုတော့ မသိပါဘူး..
virus ထည့်ပြီးစမ်းရမှာကြောက်လို့  မစမ်းသပ်ရသေးပါကြောင်း..