Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

IT လောကမှ သင်းကွဲခြင်္သေ့များ [Article]

Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder

Myanmar Tutorials မှ “Why we can’t skip the basic step” Post လေးဖတ်ရင်း အတွေးဝင်လာလို့ ရေးဖြစ်သွားပါတယ်။ အစကတော့ စီကာပတ်ကုံး ရေးနေတာ ၊ ရေးချင်တာတွေများပြီး ဟိုရောက်ဒီရောက်နဲ့ စာဖတ်သူကို ပေးချင်တဲ့ message မရောက်ဘဲ ပိုစ့်က ထိရောက်မှုမရှိမှာစိုးလို့ ဒိုးဒိုးဒေါက်ဒေါက် ရေးတတ်သလို အဆင်ပြေမယ့်ပုံစံ ချုံ့ရေးထားပါတယ်။ ခေါင်းစဉ်ကိုတော့ စိတ်ကူးပေါက်ရာပေးလိုက်မိတယ်။ Very Happy

မြန်မာတွေ ဘာလို့ Team Work နှင့် မရင်းနှီးတာလဲ

-ကျွန်တော်တို့ ငယ်ငယ်တုန်းက ကစားနည်းတွေတိုင်းမှာ ပူးပေါင်းလုပ်ဆောင်မှ အောင်မြင်တာတွေ အများကြီးပါပါတယ်။ ဒါပေမယ့် အဲဒါတွေကို Team Work ဆိုတာ မသိခဲ့ကြပါ။ ခုခေတ်ဆို ပိုဆိုးပါတယ် ၊ ကစားနည်းတွေတောင် ပျောက်ကုန်ပါပြီ။

-ကျောင်းတွေမှာလည်း ကြက်တူရွေးကျက် ကျက်ပြီး သည် ၊ ၏ မရွေးဖြေနိုင်မှ အမှတ်ပေးတဲ့ စနစ်ကို ကျင့်သုံးထားကြပါတယ်။ နိုင်ငံတကာမှာလည်း အဲဒီ့စနစ်ရှိပါတယ်။ အဲဒါကြောင့်လည်း မြန်မာတွေ ကမ္ဘာ့အဆင့် ၁ ဆိုတာမျိုးကို ကျက်ဖြေပြီးရနေကြတာပါ။ ဒါပေမယ့် သူတို့နိုင်ငံတွေက စနစ်တွေက အောင်မြင်ပါတယ်။
ဘာလို့လဲဆိုတော့ သည် ၊ ၏ မရွေးဖြေတာရဲ့ ရမှတ်ကနေ ၃၀ % အမှတ်ယူပြီးတော့ ၊ Project ကနေ ၇၀ % ယူလေ့ရှိကြပါတယ်။ Project မှာ 1st year မှာ ၁ ယောက်ထဲလုပ်ရပြီး ၊ 2nd year လောက်ကစပြီးတော့ အစုအဖွဲ့နဲ့လုပ်ရတဲ့ Project မျိုးတွေများပါတယ်။ အဲဒီ့ကနေ Team Building ကို သင်ယူပြီးသားဖြစ်သလို ၊ စာလည်းတကယ်တတ်သွားကြပါတယ်။ သီအိုရီကိုလည်း ကျက်မှ အမှတ်ပေးတဲ့စနစ်သုံးထားပြန်တော့ အကုန်ပြည့်စုံသွားပါတယ်။
ဒီမှာတော့ သီအိုရီကျက်ဖြေရင် ရတဲ့အမှတ်ကို ၁၀၀% လုံးပေးပလိုက်ပါတယ်။ အဲဒီ့အတွက် စာတွေ့ဘဲရှိကြပါတော့တယ်။ Project ဆိုတာမျိုးမလုပ်ရတဲ့အတွက် Team ဆိုတာမရှိလာပါဘူး။ တစ်ယောက်ချင်းလုပ်ခိုင်းတာမျိုးတောင် မရှိလေတော့ တစ်ချို့ဆို သိတောင်မသိကြပါဘူး။
မြန်မာပညာရေးစနစ်မှာ Project Based လုပ်ခိုင်းသင့်တဲ့ Subject ကို Project Based System နဲ့ သင်ပေးနိုင်လာရင် တိုးတက်လာမယ်လို့မြင်မိပါတယ်။
အခုဆိုရင်တော့ အစိုးရကလည်း ဖြည်းဖြည်းချင်း ပြောင်းလဲနေပြီလို့ ယူဆရပါတယ်။ (မှတ်ချက်။ ။ ကျွန်တော်က WYTU 2nd Year တက်နေလို့ ၊ သူတို့ အခု စလုပ်နေတဲ့ စနစ်လေးကနေ ကောက်ချက်ချတာပါ။ အခု စပြောင်းတာတော့ အတန်းထဲမှာ ကလေးတွေကို သီအိုရီ တကယ်တတ်မတတ် ၊ တစ်ယောက်ချင်း ထွက်ရှင်းခိုင်းနေပါပြီ။ စာအတိုင်းဆိုခွင့်မရှိဘဲ ၊ မြန်မာလို နားလည်သလို ပြောရမှာဖြစ်လို့ ၊ ကျွန်တော်တော့ အတော်သဘောကျပါတယ်။) အဲဒီ့ စနစ်သာ အောင်မြင်မယ်ဆိုရင် တော်တော်တိုးတက်လာမှာပါ။ ဒါပေမယ့် အခက်အခဲတစ်ခုကတော့ ကျောင်းသားတွေရဲ့ ၉၉.၉၉% ဟာ အဲဒီ့စနစ်ကို လက်မခံနိုင်ကြပါ။ အပိုအလုပ်တစ်ခုလို့ မြင်နေပါတယ်။
အဲဒီ့တော့ ဆရာမတွေကလည်း လုပ်ဖို့ကို အားလျော့နေကြပါတယ်။ ကျောင်းသားတွေအနေနဲ့ ကောင်းစေချင်လို့ ပြောင်းလဲပေးတဲ့ အပြောင်းအလဲကို လက်ခံပြီး ကြိုးစားသွားကြမယ်ဆိုရင်တော့ မြန်မာနိုင်ငံပညာရေးဟာ ပြန်လည်တိုးတက်လာပါလိမ့်မယ်။ မြန်မာ့ပညာရေးတိုးတက်တာကနေ EQ တွေပါရလာရင်း ၊ IQ လည်းမြင့် ၊ EQ လည်းမြင့်တဲ့ သူတွေရဲ့ Team တွေကို တွေ့လာရမယ်လို့ မျှော်လင့်မိပါတယ်။

-နောက်တစ်ချက်အနေနဲ့ မြန်မာတွေမှာ အခု တော်ပြီးသားသူတွေနဲ့ တော်ဖို့ စိုင်းပြင်းနေတဲ့သူတွေ တော်တော်များများကို ကြည့်လိုက်ပါ ၊ အကုန်လုံးက self-study သမားတွေပါ။ သူတို့အနေနဲ့ အရာအားလုံးကို ကိုယ်ထူကိုယ်ထ ၊ တစ်ယောက်ထဲ နေ့မအိပ် ညမအိပ် လုပ်လာကြရတာပါ။ ဖြစ်လာသမျှတွေကို တစ်ယောက်ထဲရင်ဆိုင် ၊ တစ်ယောက်ထဲ ဖြေရှင်းပြီး ၊ တစ်ယောက်ထဲ အောင်မြင်နေကြတာပါ။ အဲဒီ့အတွက် Team ဆိုတာကို သူတို့သိပ်ပြီး နားမလည်ကြပါဘူး။ နားလည်သည့်တိုင်အောင်လည်း ဘယ်လို collaborate လုပ်ရမယ်ဆိုတာ မသိပါဘူး။


ဘာကြောင့် Team တစ်ခုဖွဲ့စည်းမရတာလဲ

-ရှင်းပါတယ်။ အပေါ်က အချက်မရှိလို့ပါ။ Team Work ဆိုတာ နားမလည်။ Team ဆိုတာ နားမလည်တော့ ၊ Team လိုအပ်တယ်ဆိုတာမသိကြလို့ပါ။

-မြန်မာတွေ အရမ်းတော်ကြပါတယ်။ IQ လည်း တကယ်မြင့်ကြပါတယ်။ ၂ ယောက် ၃ ယောက် လုပ်နေတဲ့ အလုပ်တွေကို ၁ ယောက်ထဲနဲ့ လုပ်နိုင်ကြပါတယ်။ အဲလို ၁ ယောက်ထဲ လုပ်နိုင်တာဘဲ လို့ မြင်လေလေ ၊ Team နဲ့လုပ်ဖို့ ခက်လေလေ။ လုပ်ပြန်တော့လည်း အပေါက်အလမ်းမတည့်လေလေ ၊ ပြန်ကွဲကြလေလေပါ။ အဲဒီ့လိုနဲ့ Team ဖွဲ့စည်းတာ အပိုအလုပ်လို့ထင်လာတယ် ၊ Team ဆိုတာနဲ့လည်း ဝေးဝေးမှာဘဲနေလာပါတယ်။ အဲဒီ့ကနေ Team ဆိုတာတွေ ပေးပေါက်ဖို့ဝေးလာကြပါတယ်။


ဘာကြောင့် Team ဖွဲ့ပြီးသည့်တိုင် ပြန်ကွဲကြတာလဲ

-မြန်မာလူမျိုးတွေရဲ့ အသိထဲမှာ ငယ်ငယ်တည်းက ကိန်းအောင်းနေတဲ့ အသိလေး တစ်ခုရှိတယ်။ အဲဒါကတော့ “ကျေးဇူးတရား” ဆိုတာဘဲ။ စာဆိုအရ “သူ့ကျေးဇူးကိုမှတ်ထားပါ ၊ ကိုယ့်ကျေးဇူးကိုမေ့ပစ်ပါ” ဆိုပေမယ့် လက်တွေ့မှာက “သူ့ကျေးဇူးကို မသိပါ ၊ ကိုယ့် ကျေးဇူးသာ ရှိတာပါ” ဆိုတာမျိုးတွေ တော်တော်များပါတယ်။ အဲဒီ့တော့ Team တစ်ခုအနေနဲ့ လုပ်လာလို့ အောင်မြင်ပြီဆိုရင်တောင်မှ ၊ အဲဒီ့အောင်မြင်မှုက ငါ့ကြောင့်ရတာ ၊ ငါ့ကို အကုန်ကျေးဇူးတင်သင့်တယ်။ ငါသာလျှင် ဒီအဖွဲ့မှာအတော်ဆုံး ဆိုပြီးတော့ လုပ်လာကြပါတယ်။ အဲဒီ့ကနေ Team ရဲ့ ဆက်ဆံရေးပျက်ပြားပြီး Team တစ်ခုပျက်ပြယ်တတ်ပါတယ်။

-နောက်တစ်ခုကတော့ Team Leader နဲ့ Team Member ကြားက ပြဿနာတစ်ခုပါ။ Team Leader ဆိုတာ တကယ်တော့ Team Member တွေကို အမြဲတမ်း ဖြည့်ဆည်းပေးနေရမှာပါ။ အဲလိုမှမဟုတ်ဘဲနဲ့ ငါကခေါင်းဆောင် ၊ ငါ့စကားနားထောင် ၊ ပြန်မပြောနဲ့ ၊ ငါခိုင်းတာလုပ် ၊ ဆိုလို့ကတော့ Team Member တွေက Leader လောက် မတော်လို့ ၊ ပြန်မပြောနိုင်ရင်သာရှိမယ် ၊ တကယ့် Creative IDEA တွေကို ထုတ်ဖော်မပြောရဲတော့ပါဘူး။ နောက်တစ်ခုကတော့ တကယ်တော်တဲ့ Member မျိုးဆိုရင် အဲဒီ့ Team ကနေ ထွက်တောင် ထွက်သွားတတ်ကြပါလိမ့်မယ်။ အဲဒီ့လိုနည်းနဲ့လည်း ပြန်ပြီးတော့ ကွဲသွားတတ်ကြပါတယ်။

-Team Member အချင်းချင်းရဲ့ နားလည်မှုကလည်း အရေးကြီးပါသေးတယ်။ အကယ်လို့ Team တစ်ခုမှာ Member 3 ယောက် ၊ Leader 1 ယောက် ရှိတယ်ဆိုပါတော့။ အဲဒီ့ Team အနေနဲ့ အောင်မြင်မှု တစ်ခုခုရလာရင် Team Leader အနေနဲ့ စပြောသင့်တာက ဒီကိစ္စအောင်မြင်တာ မင်းတို့ ၃ ယောက်လုံးရဲ့ တက်ညီလက်ညီပူးပေါင်းဆောင်ရွက်မှုကြောင့် လို့ပြောသင့်ပါတယ်။ အဲဒါအပြင် ကျန်တဲ့ ၃ ယောက်မှာလည်း ဒီကိစ္စအောင်မြင်တာဟာ အားလုံးကြောင့် ဆိုတဲ့စိတ်ရှိရပါမယ်။ ငါတော်လို့ ၊ ငါကြောင့်ဆိုတာရယ်။ ငါကတော့ မတော်ဘူး ၊ အများကြီးလည်း မလုပ်နိုင်ခဲ့ဘူး ၊ သူကတော့ အများကြီးလုပ်သွားတယ်။ သူဘဲ မျက်နှာကောင်းရတော့မှာဘဲ ဆိုတဲ့စိတ်မျိုးနဲ့ Team Member အချင်းချင်း ပြိုင်လာကြရင်လည်း အဲဒီ့ Team ရဲ့ အနာဂတ်ဟာ မလှပနိုင်တော့ပါဘူး။ အဲဒီ့အတွက် ထားရမယ့်စိတ်ကတော့ “နည်းပညာမှာ သူတော်တယ် ၊ ငါတတ်တယ် ၊ ဆိုတာမရှိပါဘူး။ သူမသိတာ ငါသိတယ် ၊ ငါမသိတာ သူသိတယ်ဆိုတာဘဲရှိပါတယ်။ ဘယ်သူမှမသာကြပါဘူး” အဲဒီ့အတွက် Team Member အချင်းချင်းကလည်း ငါသိတာကို ငါလုပ်ပေးလိုက်တယ်။ ငါမလုပ်နိုင်တာကိုတော့ သူလုပ်ပေးထားတယ်။ သူ့ကိုတော့ ကျေးဇူးတင်သင့်တယ် ဆိုတဲ့ စိတ်မျိုးလေးထားသင့်ပါတယ်။

ဒီလောက်ဆိုရင်တော့ အားလုံး ပြန်လည်ဆွေးနွေးဖို့ တော်တော်လုံလောက်ပါပြီ... ဒါတောင် ချုံ့ရေးထားလို့။ ဒီ့ထက်ရေးချင်သေးတာ။ အချိန်မရလို့ပါ။ အိမ်ကလူကြီးတွေက Internet သုံးနေတာအမြင်ကြည်ကြတော့လို့ ကျွန်တော်လည်း အချိန်လုရေးထားရတာပါ... အခု ဆက်လိုချင်တာကတော့ MITR Member များရဲ့ ပြန်လည်ဆွေးနွေးမှုတွေဘဲဖြစ်ပါတယ်... ဘာကြောင့် ၊ ဘာဆိုတဲ့ အမြင်တွေအားလုံးကို ပွင့်ပွင့်လင်းလင်းဆွေးနွေးသွားစေချင်ပါတယ်။

[You must be registered and logged in to see this link.]



Last edited by SYKO on 12th June 2010, 11:50 pm; edited 2 times in total

http://www.myanmaritresource.info
Share this post on: reddit

ကျွန်တော်တို့တွေ ငယ်ငယ်ကတည်း Team Work တွေ ပျောက်သွားတာ Activity တွေ ပျောက်သွားတာ ကျွန်တော်တို့ မပေါင်းတတ်တော့တဲ့ အဓိက အချက်ထဲမှာပါတယ်။ နောက် Self-study တွေများပြီး တသီးပုဂ္ဂလ ဆန်သွားတာတွေ ကြောင့်လည်း ပါတယ်ပေါ့ဗျာ ... ခုလို case တွေအတွက် ဆွေးနွေးချက်တွေ ပို့စ်တွေ အများကြီးရှိဖို့ လိုအပ်ပါတယ် .. ကျေးဇူးတင်ပါတယ် ...

Self Study နဲ့ Teamwork မဆိုင်ဖူးထင်တယ်။ Individual တော်တယ့်သူတိုင်း teamwork မကောင်းဘူး ။ ဘာလို့လည်း ? ကျနော့အမြင်နည်းနည်း ပြောကြည့်မယ်။

Individual တော်ဖို့ Technical skill ကောင်းဖို့လိုတယ်။ Technical Skill ပေါ်မှာ 100% မူတည်ပါတယ်။Technical skill ကောင်းဖို့က self-study ပဲလုပ်လုပ် group study ပဲလုပ်လုပ် သိပ်မကွာပါဘူး။ များသောအားဖြင့်တော့ တကယ် absorb လုပ်နိုင်တယ့်သူတွေအတွက်က group study က ပိုပြီး ကြန့်ကြာတယ်လို့မြင်ကြတယ်။

Teamwork ကောင်းဖို့က Team member တွေမှာ Technical skill အပြင် Soft Skill ကောင်းဖို့ပါလိုပါတယ်။ Technical Skill 60% ၊ Soft Skill 40% ပဲဖြစ်ဖြစ် ၊ Technical Skill 40% ၊ Soft Skill 60% ပဲဖြစ်ဖြစ် ၊ နှစ်ခုပေါင်းလိုအပ်ပါတယ်။ Soft skill ဆိုတာကတော့ $ƴǩǾ ပြောတယ့် EQ ပေါ့၊ ကျနော့အမြင်မှာတော့ Communication ၊ Friendliness ၊ Optimism ၊ Flexibility ၊ Managing Skill နဲ့ Team lead တိုင်းကမျှော်လင့်တယ့် Proactive Attitude ။ ဒါတွေက attitude နည်းနည်းဆန်မယ်ထင်တယ်။ သင်လို့ရတာမဟုတ်ပဲ ကိုယ်တိုင်လိုက်နာ လုပ်ယူရတာလို့ မြင်တယ်။ လူတွေကြားထဲနေတိုင်း လူတွေနဲ့ အဆင်ပြေတာမှမဟုတ်တာ။

Discussion တစ်ခုကို အောင်မြင်အစဉ်ပြေအောင် လုပ်နိုင်တာလည်း Soft Skill ပဲ။ အပြန်အလှန် Mutual respect ရှိပြီး ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း၊ ပြသနာတစ်ခုကိုပဲဖြစ်ဖြစ် discussion / planning တစ်ခုမှာပဲဖြစ်ဖြစ် conclusion ရောက်တယ့်အထိ အတူတူပြောဆို ဆွေးနွေးစွမ်း၊ ဒါတွေရှိမှ teamwork ရနိုင်မှာပါ။ ကျနော်အမြင်မှာတော့ တချို့ မြန်မာတွေမှာ လိုနေတတ်တာ ဒီ mindset ပါ။ Discussion မှာ အလျှော့မပေးချင်တာ၊ နေရာနဲ့ respect ကို လိုအပ်တာထက်ပိုလိုချင်တာ၊ ဒါတွေနဲ့ ပြသနာဖြစ်ကျတာ များတယ်။ Very Happy

self-study & team work က တိုက်ရိုက် မသက်ဆိုင်ဘူးလို့ထင်၏။
သို့ပေမယ့် မြန်မာအတွက်ဆိုရင်တော့ အနည်းငယ် relate ဖြစ်တတ်ပါ၏။
မသက်ဆိုင်တာက ၊ အစ်ကို xtrm ပြောသွားတဲ့ Technical skill ကောင်းဖို့က self-study ပဲလုပ်လုပ် group study ပဲလုပ်လုပ် သိပ်မကွာပါဘူး။ များသောအားဖြင့်တော့ တကယ် absorb လုပ်နိုင်တယ့်သူတွေအတွက်က group study က ပိုပြီး ကြန့်ကြာတယ်လို့မြင်ကြတယ်။ လိုပါဘဲ။
လေ့လာရာမှာ ဘယ်လိုလေ့လာလေ့လာ အကြောင်းမဟုတ်။ သို့သော် လေ့လာပြီးသားပညာကို အများနဲ့ ပေါင်းစည်းတတ်ဖို့သာ အရေးကြီး၏။ ထို့အတွက် မဆိုင်၏။
သို့သော် ၊ မြန်မာလူငယ်တို့သည် အလွန်အတ္တကြီး၏ ၊ စိတ်ကြီးဝင်တတ်၏ ၊ နည်းနည်းလေးတတ်မလာနဲ့ ပညာဂုဏ်စမောက်၏။ ပင်ကိုယ်အားဖြင့် ပေါင်းသင်းဆက်ဆံရေး ညံ့ကြ၏။ ထိုသို့သော် လူများသည် နဂိုကမှ ပေါင်းသင်းဆက်ဆံမှုကို ကြောက်ကြရာ ၊ တစ်ယောက်ထဲ အချိန်ပြည့်လေ့လာနေလေ ၊ ပိုကြောက်လေဖြစ်ပြီး ၊ တစ်ယောက်ထဲလုပ်နိုင်အောင်သာ လုပ်ကြတော့၏။ ထို့အတွက် Group Study လုပ်ရာတွင် practical project များနဲ့ study လုပ်သွားပါက Team Work ကိုပါ သိလာနိုင်သည်ဟု ထင်မြင်မိ၏။

အစဉ် လေးစားလျက်။ ။ Opera who loves Operands

ကိုယ်ပိုင်အမြင်များကို ၀င်ရောက်ဆွေးနွေးပေးကြတဲ့အတွက် အကုန်လုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်ဗျာ.
ကျွန်တော်လည်း ဒီ့ထက်ပိုပြီး Team Building ပိုင်းကို အကျယ်ချဲ့ရေးချင်ပါသေးတယ်။ အခုလက်ရှိလည်း Team တစ်ခုကို တည်ဆောက်နေရလို့ ၊ အဲဒါကနေ ရလာတဲ့ အတွေ့အကြုံရယ် ၊ စာအုပ်ဖတ်လို့သိရတဲ့ အသိရယ်ကိုပေါင်းပြီး ရေးဦးမှာပါ။
လောလောဆယ်တော့ ၁၂ ထိုးပီဆိုတော့ ရေးလက်စတန်းလန်းကြီး မတင်ချင်သေးဘူး... နောက်နေ့မှတင်တော့မယ်။ Very Happy
တခြားတခြားသော အမြင်များကိုလည်း စောင့်နေပါတယ်ခင်ဗျာ... ကို ပီဇီ ၊ ကို xtrm တို့လည်း အစ်ကိုတို့အတွေ့အကြုံကရတဲ့ အသိတွေကို ထပ်ပြီး အကျယ်ပြောပြသွားရင်ကောင်းမယ်။ Smile

SYKO wrote:
-နောက်တစ်ခုကတော့ Team Leader နဲ့ Team Member ကြားက ပြဿနာတစ်ခုပါ။ Team Leader ဆိုတာ တကယ်တော့ Team Member တွေကို အမြဲတမ်း ဖြည့်ဆည်းပေးနေရမှာပါ။ အဲလိုမှမဟုတ်ဘဲနဲ့ ငါကခေါင်းဆောင် ၊ ငါ့စကားနားထောင် ၊ ပြန်မပြောနဲ့ ၊ ငါခိုင်းတာလုပ် ၊ ဆိုလို့ကတော့ Team Member တွေက Leader လောက် မတော်လို့ ၊ ပြန်မပြောနိုင်ရင်သာရှိမယ် ၊ တကယ့် Creative IDEA တွေကို ထုတ်ဖော်မပြောရဲတော့ပါဘူး။ နောက်တစ်ခုကတော့ တကယ်တော်တဲ့ Member မျိုးဆိုရင် အဲဒီ့ Team ကနေ ထွက်တောင် ထွက်သွားတတ်ကြပါလိမ့်မယ်။ အဲဒီ့လိုနည်းနဲ့လည်း ပြန်ပြီးတော့ ကွဲသွားတတ်ကြပါတယ်။

မှန်ပါတယ်။ အဲဒီ အတွေးအခော်ကို management as a service လို့ ခော်ပါတယ်။ သဘောက လုပ်ငန်းအောင်မြင်ဖို့ လက်အောက်ငယ်သား အသင်းသားတွေကို စီမံခန့်ခွဲနေတာ မဟုတ်ပဲ အသင်းသားတွေ လုပ်ငန်းအောင်အောင်မြင်မြင် လုပ်နိုင်ဖို့အတွက် စီမံခန့်ခွဲမှုကို ၀န်ဆောင်ပေးတာဖြစ်ပါတယ်။ ဒါဟာ ၁၉၈၀ နောက်ပိုင်းမှ ပော်လာတဲ့ အတွေးအခော်သစ်ပါ။ ဂိခ်တွေကို အုပ်ချုပ်ဖို့ဆိုရင် ပိုတောင် လိုအပ်ပါသေးတယ်။

"Management as a Service" ဟုတ်ကဲ့ မှတ်ထားပါ့မယ်ခင်ဗျာ။ ကျွန်တော်က တွေးဘဲတွေးမိတာ ၊ စာအရ ဘယ်လိုခေါ်တယ် မသိလို့။ Smile နောက်ဆို သုံးလို့ရပြီပေါ့။

ကျွန်တော့်အမြင်ပေါ့ဗျာ...

Team leader တွေက Team member တွေရဲ့ လိုအပ်မှု၊ ချီးကျူးခံလိုမှု၊အရေးစိုက်ခံလိုမှု စတာတွေကို ကြည့်ရှုပေးဖို့လိုသလို Team member တွေအနေနဲ့လဲ leader တွေရဲ့ စိတ်နေသဘောထား၊ သူယူထားရတဲ့ တာဝန်နဲ့ ၀တ္တရားတွေ၊ အားနည်းချက်တွေ၊ အားသာချက်တွေ ဒါတွေကို ကြည့်ပီး ပေါင်းစည်းဖို့၊ သည်းခံဖို့ လိုပါတယ်...။

Member တော်တော်များများက leader တွေရဲ့ အာဏာတစ်ခုကိုပဲ မြင်ကြတာများပါတယ်..။
ဒါပေမယ့် သူတို့ အနေနဲ့ အဲ့ အာဏာရရှိဖို့ထက် member တွေထက် ပိုပြီး အလုပ်လုပ်ရတယ်၊ ကြိုးစားအားထုတ်မှု အများကြီးလုပ်ရတယ်၊ လုပ်နေတဲ့ project တစ်ခု အတွက်ဆိုရင် သူ့မှာပိုပြီး တာဝန်ရှိတယ် ဒါတွေကို ထည့်တွက်ပီး သည်းခံပေးဖို့လိုပါတယ်..။

သူယူထားရတဲ့ တာဝန်အောက်မှာ သူကိုယ်တိုင်ပိပြီး တစ်ခါတစ်လေ စိတ်ထွက်ပေါက်ရှာတာမျိုးကိုတော့ နားလည်ပေးပြီး မျက်ကွယ်ပြုလိုက်လို့ရပါတယ်...သူက leader ပဲ သူ အာဏာရထားတော့ ငါတို့ထက်ပိုလုပ်ပေါ့ ကိုယ်ဖြစ် ကိုယ်ခံ ဆိုတာမျိုးတော့ မလုပ်သင့်ဘူးပေါ့ဗျာ...။
Leader တွေဘက်ကလဲ ကိုယ်အလုပ်ပိနေတဲ့အချိန် member တွေ တောင်းဆိုတာတွေကို ခေါင်းရှောင်ပြီး အော်ငေါက်ပစ်လိုက်တာမျိုးတွေမလုပ်ပဲ အေးအေးဆေးဆေး ရှင်းပြသင့်ပါတယ်...။

တစ်ခါတစ်လေ member တွေ တောင်းဆိုတာမျိုးတွေက တန်ခိုးရှင်တွေ ဖန်ဆင်းပေးမှရမယ့် အနေအထားတွေ အထိ ဖြစ်လာတတ်ပါတယ်...။ ဒါမျိုး အချိန်တွေမှာ သူမသိလို့ပါလားလို့ စိတ်လျှော့ချလိုက်တာကမှ နှစ်ဦးနှစ်ဖက် အဆင်ပြေစေပါမယ်...။ ငါ့ကို သူနားမလည်ပေမယ့် တစ်ချိန်ချိန် သူဒီနေရာ ရောက်ဖြစ်ခဲ့ရင် နားလည်လာမှာပဲဆိုပီး တွေးသင့်တယ်...။
Leader တစ်ယောက်အနေနဲ့ Member တွေကို လိုအပ်သလို Member တွေ အနေနဲ့လဲ leader ဆိုတာ မရှိမဖြစ်လိုအပ်တာပါပဲ။

တကယ်တော့ ပန်းတိုင်တစ်ခုကို အတူတူသွားနေတဲ့သူ အချင်းချင်းပဲဆိုတော့ အားလုံးအကျိုးကို ကြည့်ပြီး လျှော့သင့်တာ လျှော့ရပါမယ်..။ ဘယ်လောက်ပဲ မြင့်တယ် နိမ့်တယ်ဆိုပါစေ ပန်းတိုင်ကိုတော့ အတူတူလျှောက်မှ အတူတူရောက်မှာပါ။ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ဆိုတာမျိုးလုပ်နေကြမယ်ဆိုရင်တော့ ပန်းတိုင်ဆိုတာ သူတို့တွေနဲ့ ဝေးနေမှာပဲလေ။
ဆုံးဖြတ်ချက် မတူညီပဲ သွားရာလမ်းပေါင်းစည်းဖို့ ဆိုတာက မဖြစ်နိုင်ပါဘူး။ တစ်ယောက်ထဲ တော်နေလို့ ပန်းတိုင်ကို မရောက်ရှိနိုင်ဘူး။ ကျွန်တော်ပြောတဲ့ ပန်းတိုင်ဆိုတာ တစ်ဦးတစ်ယောက်ထဲ အတွက် မရည်ရွယ်တဲ့ အများဆန္ဒနဲ့ လုပ်ကိုင်နေတဲ့ အလုပ်ကို ဆိုလိုတာပါ...။

တစ်ကောင်ထဲပဲနေလို့ ခြင်္သေ့ဟာ ပုရွက်ဆိတ်ဖြစ်မသွားပေမယ့် ပုရွက်ဆိတ် အုံလိုက်နဲ့ တိုက်ခိုက်မိတဲ့အခါ ဒီခြင်္သေ့ ခံနိုင်မှာ မဟုတ်ပါဘူး... ဒီတော့ သွားရာလမ်း တူသူ အချင်းချင်း ပေါင်းစည်းကြမှ ပန်းတိုင်ကို မြင်ပါမယ်...။
သူတစ်လူ ငါတစ်မင်း လုပ်နေရင် IT လောကကြီးက ဘာများ သိသိသာသာကြီး တိုးတက်လာတော့မှာပါလဲ...။
ငါကိုယ်တိုင်လဲ သူ့လိုလုပ်နိုင်တယ်။ သူကော ငါ့လောက်လုပ်နိုင်ရဲ့လား မပြိုင်ကြပဲ သူကော ငါကော ပေါင်းလုပ်လိုက်ရင် ငါတို့ ဒီထက် ခရီးရောက်ပါလားဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်...။
တစ်ယောက်ထဲသွားတဲ့ ခရီးထက် အများသွားတဲ့ ခရီးက အကူအညီပိုရပါတယ်...ပိုပြီးလဲ စိတ်ချရပါတယ်....။ အဲ့လို သွားကြတဲ့ နေရာမှာလဲ သူက ငါ့ထက် သာတယ် ငါက သူ့ထက် ပိုမြင့်တယ် ဆိုတာမျိုး မစဉ်းစားကြ မကြံစည်ကြပဲနဲ့ သူနဲ့ ငါ ဒီခရီူးကို အတူတူသွားကြတော့ သူ့အတွက်ကော ငါ့အတွက်ပါ အကူအညီပိုရပါလား ဆိုတာမျိုးကို စိတ်ထဲထားရမှာဖြစ်ပါတယ်...မင်းက ဘာကောင်မို့လဲ ဆိုတာထက် ငါတို့ ဘယ်လို ဒီအလုပ်ကို တိုးတက်အောင် အတူတူ ဆောင်ရွက်သွားကြမလဲဆိုတာလေးက ပိုပြီး ကောင်းပါလိမ့်မယ်...။ စိတ်သဘောထားကွဲလွဲမှုထက် ပန်းတိုင်ကို ပိုပြီး ရှေးရှုနိုင်ဖို့ လိုတယ်လို့ ထင်ပါတယ်ဗျာ။ ။

ကျွန်တော့် အတွေးအမြင်တွေပါ။ မှားတယ် မှန်တယ်ဆိုတာတော့ စာဖတ်သူရဲ့ စိတ်နဲ့ ကိုက်ရင်မှန်မှာပဲ မကိုက်ရင် မှားမှာပဲလေ..။ကျွန်တော့်ရဲ့ အတွေ့ အကြုံလေးတွေရယ်၊ ကျွန်တော်ဖြစ်ခဲ့ရတဲ့ ခံစားချက်လေးတွေကို ချပြတဲ့ သဘောပါ..။ တကယ်တော့ ကျွန်တော်ကိုယ်တိုင်လဲ ဘာကောင်ကြီးမှ မဟုတ်သေးပါဘူးဗျာ..။

တစ်ယောက်နဲ့ တစ်ယောက် နားလည်ပါက Team တစ်ခုအတွက် အရမ်းအကျိုးရှိမှာဖြစ်ပါတယ်။
နောက်တစ်ခုအနေနဲ့ သိထားဖို့လိုတဲ့ အရာလေးတစ်ခုကတော့

William Arthur Ward: "Each of us is worthy, not worthless; important, not insignificant; unique, not ordinary"

အရမ်းကောင်းတဲ့ စာသားလေးဗျ။ အဲဒါက Team တိုင်းအတွက်အရေးကြီးတယ်။ အထူးသဖြင့် ကျွန်တော်တို့လို IT Field ထဲက Team တွေအနေနဲ့ Team Members တိုင်းသိသင့်တဲ့ အချက်ဘဲ။

အပေါ်ကပြောသွားတာလေးတွေက ပြည့်ပြည့်စုံစုံနဲ့ဆိုတော့ အခုကျနော်ရဲ့ Team တစ်ခုအပေါ်အမြင်လေးကိုပဲ ဆွေးနွေးကြည့်မယ်... Team တစ်ခုဖြစ်ဖို့က အရမ်းလွယ်ပါတယ်... ဘာလို့လဲဆိုတော့ လူတော်တော်များများက ကောက်ရိုးမီးများပါတယ်... လုပ်ကြမယ်ဟေ့ဆိုတာနဲ့ ဘာရယ်တော့မသိဘူး ပါလာတာပဲ... ရေရှည်ကျမှ ဖွဲ့စည်းထားတဲ့ Team တစ်ခုမှာ ၀ါသနာပါတဲ့သူ ၊ လျှောက်လှမ်းနယ်ပယ်တူတဲ့သူတွေ ပါဝင်မှုပေါ်မူတည်ပြီး ရလဒ်တွေကွဲပြားသွားတယ်... Team ရဲ့ အသက်ဝင်မှုတွေ၊ လှုပ်ရှားမှုတွေ ကွာခြားလာတယ်... Team တစ်ခုအောင်မြင်ဖို့အတွက် ၀ါသနာတူ လျှောက်လမ်းနယ်ပယ်တူတဲ့သူတွေ အချင်းချင်းပေါင်းစည်းပြီး ဇွဲရှိရှိနဲ့ ဖွဲ့တည်မယ်ဆိုရင် မဖြစ်စရာဘာအကြောင်းမှကို မရှိပါဘူး... အခုဖြစ်နေတဲ့ပြဿနာတွေမှာက အဓိကအချက်က အဲဒါတွေကြောင့်လို့မြင်မိပါတယ်...


(အများကြီးတော့ရေးမလို့ပဲ... ဒါပေမယ့် ဒီလောက်နဲ့ပဲရပ်ထားလိုက်တယ်... အများကြီးချုံ့လိုက်တယ်လေ...)

အင်း။ အဲဒီ့ တစ်ချက် (ကောက်ရိုးမီး) လည်းပါပါတယ်။ (ဒီမှာလည်း ကောက်ရိုးမီး များပါတယ်။ ဓါတ်ဆီလည်းပါသေး)
ဒါပေမယ့် အစ်ကိုပြောသလို ဇွဲရှိရှိနဲ့ လျှောက်လှမ်းတိုင်းလည်း Team တစ်ခုက အဆင်ပြေပြေမဖြစ်နိုင်လောက်သေးဘူးဗျ။
ဝါသနာတူပေမယ့်လည်း ၊ စိတ်သဘောထားမတူ ၊ လျှောက်လှမ်းတဲ့ နယ်ပယ်တူပေမယ့်လည်း ၊ နားလည်မှုမရှိရင် ကျွန်တော် အပေါ်မှာ ပြောခဲ့သလိုဘဲ ပြန်ကွဲသွားမှာပါ။

အစ်ကိုပြောတဲ့ အချက်မှာ ကောက်ရိုးမီး တစ်ချက်ကတော့ မှန်ပါတယ်။ အစ်ကိုပြောသလိုဘဲ လုပ်မလားဟေ့ ၊ ညီရဲ့လားဟေ့ ၊ လုပ်မယ်ဟေ့ ၊ ညီတယ်ဟေ့ ဆိုပြီးလုပ်လာရင်းက လမ်းလယ်လောက်ရောက်တော့ မလှော်နိုင်တော့တဲ့သူ များပြီး ၊ ရေလည်မှာ တ၀ဲလည်လည်နဲ့ နောက်ဆုံး လှေဝမ်းပါ ကွဲရတာပေါ့။

ဖြစ်နိုင်ရင် ဒီ့ထက် အသေးစိတ်ဆွေးနွေးပေးပါ ၊ ကို mars ရဲ့။ ဘာလို့ ချုံ့လိုက်တာတုန်း။ Very Happy

နောက်တခု ရှိသေးတာက သင်းဖွဲ့စည်းမျဉ်း စနစ်တကျ မလုပ်တာပဲ။ စာနဲ့ ပေနဲ့ စနစ်တကျ ထားရမယ်ဆို သေမလောက် ကြောက်ကြတယ်။

အဲဒါနဲ့ပဲ နည်းနည်းလဲ ကြာလာရော ဟိုဟာ လုပ်မယ် ဒီဟာ လုပ်မယ် ထဖြစ်ရော၊ အသင်းနဲ့ ဆိုင်မဆိုင် ငြင်းတာနဲ့တင် အသင်းကွဲရော

အားလုံးပြောတာတွေ အကုန်မှန်တယ်
ဘာရေးရမှန်းကို မသိတော့ဘူး
ဖတ်ရင်းနဲ့ ခေါင်းကိုမူးလာတယ်
ရှိပီးသား အသင်းလေးကို မကွဲမပြဲအောင် ထိန်းသိမ်းကြပေါ့

Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com