1 Developer များအတွက် Face.com Open API ထွက်ပေါ် [Global News] 18th May 2010, 3:32 pm
mars
Moderator
ပြီးခဲ့သည့်နှစ်က အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့တွင်ကျင်းပခဲ့သည့် Techonomy ပြပွဲ၌ မျက်နှာအနေအထားကို မှတ်သားပေးနိုင်သည့် Face.com ကိုမိတ်ဆက်ပြသပေးခဲ့ပြီးနောက်
၎င်း facial နည်းပညာပါဝင်သည့် Open API အား third-party developer များအတွက် ပြီးခဲ့သည့်ရက်အနည်းငယ်ခန့်က ထုတ်လုပ်ပေးလိုက်ကြောင်း သိရသည်။ အဆိုပါ facial recognition နည်းပညာဖြင့် ကိုယ်ပိုင် facial recognition application ပြုလုပ်လိုသူ developer များသည် open Face.com API ကို အခမဲ့ရယူကာ ပြုလုပ်နိုင်မည်ဖြစ်သည်။ Face.com သည် ပြီးခဲ့သည့်နှစ်က ဓာတ်ပုံ ၇ သန်းကျော်ကို scan ပြုလုပ်ပေးခဲ့ပြီး Facebook ရှိ Photo Finder နှင့် Photo Tagger တို့မှ ဓာတ်ပုံ ၅၂ သန်းကျော်ကို ညွှန်းဆိုပေးခဲ့ကြောင်းသိရသည်။
Ref: internetjournal