1 iPad breaks another record – 1 million sold in 28 days [Global News] 5th May 2010, 11:49 am
sHa92
Founder
ဒီတစ်ခါတော့ Apple သတင်းလေးပြောချင်ပါတယ်။ Apple အနေနဲ့ သူ့ရဲ့ နောက်ဆုံး Product ဖြစ်တဲ့ iPad နဲ့အတူ စံချိန်တစ်ခုကို ပြီးခဲ့တဲ့ သောကြာနေ့က iPad အလုံးရေ ၁ သန်းရောင်းချပြီး ထပ်မံချိုးလိုက်ပြန်ပါပြီဗျာ။ iPad ကို April 3 ရက်နေ့မှာ စတင်မိတ်ဆက်ခဲ့ပြီး စတင်ရောင်းချတဲ့ ၂၈ ရက်အတွင်းမှာဘဲ အလုံးရေ ၁ သိန်းကို ရောင်းချနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ | ဒီစံချိန်ဟာ iPhone ကို ၇၄ ရက်အတွင်းမှာ ၁ သန်းရောင်းချခဲ့ရတဲ့ စံချိန်ထက်ကိုပိုသွားခဲ့ပါတယ်။ အဲဒါအပြင် apps ၁၂ သန်း ကျော်ကိုလည်း iPad အသုံးပြုသူတွေက Download ချသုံးစွဲခဲ့တယ်လို့ သိရှိရပါတယ်။ Apple CEO, Steve Jobs ကပြောတာကတော့,
နောင် လ/နှစ် အနည်းငယ်အတွင်းမှာဘဲ iPad မှ အစပြုပြီးတော့ ကမ္ဘာတစ်ဝန်းလုံးရဲ့ Tablet ဈေးကွက်တွေမှာ ‘iPad like’ products တွေကိုတွေ့မြင်ရပါလိမ့်မယ်။ အခုချိန်မှာ US အတွက်ရောင်းချနေပြီးတော့ International Order ကိုတော့ Apple အနေနဲ့ မေလ ၁၀ ရက်နေ့ကစပြီး လက်ခံသွားမယ်လို့ သိရပါတယ်။ |