Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder
Android Gets 50k Apps in 18 Months [Global News] Android_platformWeb လောကရဲ့ အရှင်သခင် ၊ Google ရဲ့ Android ကတော့ သူ့ရဲ့အောင်မြင်မှုတွေကို developers ပေါင်းများစွာရဲ့ စိတ်ဝင်စားမှုနဲ့အတူ ယူဆောင်လို့လာနေပါပြီ။ လတ်တလောကတင် သူ့ရဲ့ Application တွေက 50k ထိရှိလာပြီလို့ သိရပါတယ်။
အဲလိုအောင်မြင်လာဖို့အတွက် Android အနေနဲ့ 18 လခန့် အချိန်ယူခဲ့ရတာဖြစ်ပြီး ၊ ဒီအောင်မြင်မှုဟာ အရမ်းကြီးကြီးကျယ်ကျယ်အောင်မြင်လာတာတော့ မဟုတ်သေးပါဘူး။ ဘာလို့လဲဆိုရင် ဈေးကွက်နေရာရှိပြီးသားဖြစ်တဲ့ မောင်မောင် Apple တို့ရဲ့ Apps Store တွေမှာတော့ အဲဒီ့ apps လောက်ကို 12 လအတွင်းမှာ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ (ခုဆိုရင်တော့ Apple App store တွေမှာ Apps 190k လောက်တောင် ရှိနေလောက်ပြီပေါ့။)

အခြား Mobile OS တွေဖြစ်တဲ့ Microsoft ရဲ့ Windows Mobile ၊ Nokia ရဲ့ Symbian နဲ့ Samsung ရဲ့ Bada တို့ကတော့ ဒီလောက်ထိ အောင်မြင်မှုမရသလို ၊ Developer တွေရဲ့ စိတ်ဝင်စားမှုကိုလည်း လိုချင်သလောက် မရခဲ့တာ တွေ့ရပါလိမ့်မယ်။ iPhone နဲ့ Android ကတော့ စပြီးတော့ launch လုပ်လိုက်ကတည်းက Developer တို့ရဲ့ အကြိုက်ဖြစ်ခဲ့ပါတယ်။ အဲဒါတင်မကဘဲ ၊ သူတို့ ၂ ခုဟာ Smartphone တွေရဲ့ ဈေးကွက်ကို အကြီးအကျယ် ပြောင်းလဲစေခဲ့တာလည်း အကုန်လုံးအသိဘဲဖြစ်ပါတယ်။

Google က သူတို့ရဲ့ Apps store မှာ ၁၆,၀၀၀ Apps ရှိပြီဆိုတာကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ လောက်ကထုတ်ပြန်ဖူးပါတယ်။ အခု March လ အလယ်လောက်မှာတော့ သူတို့ရဲ့ store တွေမှာ apps တွေ ၂ ဆ ရှိလာခဲ့ပါတယ်။

apps တွေရဲ့ 59 ရာနှုန်းကတော့ အခမဲ့ရယူနိုင်ပြီးတော့ ကျန်တဲ့ 41 ရာနှုန်းကိုတော့ အခကြေးငွေနဲ့ ရောင်းချထားတယ်လို့လည်း စာရင်းအရသိရပါတယ်။

အောက်မှာတော့ သူနဲ့ သက်ဆိုင်တဲ့ ဇယားပါ။

Android Gets 50k Apps in 18 Months [Global News] Free-paid-apps-in-android

အောက်က ဟာကတော့ ၁ လချင်းအတွက် သူ့ရဲ့ Apps တွေ Launch လုပ်တဲ့ အရေအတွက်ပါ...
Android Gets 50k Apps in 18 Months [Global News] Android-apps-by-month

ကဲ။ ဒီတော့ ဘယ် Platform ပေါ်သွားကြမလဲ။ ဒီ သတင်းအရ Google ကဘဲ apps လောကကို ကြီးစိုးလာတော့မယ်လို့ ယူဆလို့ရပြီလား။

မြန်မာနိုင်ငံမှာတော့ Mobile Community ကတော့ လက်ရှိ ပိုက်ဆံအရဆုံးဘဲ။ ကိုစေတန် MZ မှာ ပြောသလိုဘဲ time to go android တဲ့။ Very Happy
အဲဒီ့တော့ ခင်ဗျားတို့ကော ဘာလုပ်ကြမလဲ။ Mobile Community မှာ ဘယ်သူက ကြီးစိုးလာမယ်လို့ ထင်ကြလဲ။ ဘယ်လမ်းကို ရွေးကြမလဲ။ Apple or Google?

(ကျနော်ကတော့ ဘယ်မှမသွားသေးဘူး။ Razz ငယ်ငယ်ကတည်းက Mobile Apps Dev လုပ်တာကို စိတ်ဝင်စားပေမယ့် ၊ လောလောဆယ် Web ပေါ်ရောက်နေတော့ မလုပ်အားသေးဘူး။ နို့မို့ဆို တစ်ခုဖြင့် သေချာ အဆုံးထိ မရသေးဘူး ၊ နောက်တစ်ခုပြန်ပြန် ပြောင်းသွားလို့ Beginner to Beginner ဖြစ်ဖြစ်သွားလို့ ၊ တစ်ခုလောက်တော့ Specialized လုပ်ဦးမလို့။ Very Happy )

http://www.myanmaritresource.info

Htet Naing

Htet Naing
Moderator



Moderator
အစကထဲကတော့ J2ME လို mobile apps တွေကို လေ့လာဖို့ ပြင်နေတာပါ။
ခုဆိုပိုပြီးတော့ ကြိုးစားလေ့လာတော့မယ်။

sHa92

sHa92
Founder



Founder
လုပ်သာလုပ်.... အားပေးတယ်ဗျာ... မြန်မာမှာ ဒါက ပိုက်ဆံရှာလို့ အကောင်းဆုံးဘဲ။ (အလကားရတာကိုတောင် ရောင်းစားလို့ရတယ်။ Razz )
Java နဲ့ဆို mobile ကိုတော်တော် လုပ်နိုင်မယ်...
ကိုယ်က Java မကြိုက်တော့ ဒီ လိုင်းထဲ ဘယ်တော့မှ ရောက်မယ်မထင်...
Objective C လုပ်ဖို့ကျတော့လည်း အလှမ်းကဝေးနေသေး....

တော်ပီ ၊ လုပ်ချင်တာဘဲ လုပ်တော့မယ်. Razz

http://www.myanmaritresource.info

mmugod

mmugod
MITR New User



လောလော ဆယ် ဖုန်းတောင် မကိုင်နိုင်တဲ့ဘ၀...

sHa92

sHa92
Founder



Founder
အနော်တို့လည်း ဒီလိုပါဘဲ...
မဖြစ်မနေ အသုံးလိုလို့ အဖေ့ဆီမှာတော့ နိုကီယာ စုတ်စုတ်လေး တစ်လုံးရှိတယ်။ Razz

http://www.myanmaritresource.info

mgpyone

mgpyone
VIP Member



VIP Member
I'm gonna make an android application contest .. ( currently , in my mind , )

for example . first prize - Droid X or N1 or something else + Google Developer Account + Job Opportunities in my team + .. + ..
also 2nd , 3rd.

http://www.mgpyone.net

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | Computers and Internet | Computers | ©phpBB | Free forum support | Report an abuse | Forumotion.com