Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

ET

ET
Moderator



Moderator
ACCA အကြောင်းလေးပါ


I sincerely would like to inform you about ACCA(The Association Of Chartered Certified Accountants).
You can also concern with this link >>>>>>> [Only admins are allowed to see this link]

I was so shame with my poor performance in youth life. Fortunately, I've been passing through my dad's plan . It's giving me how I can build my confidence and interest in accounting.

First of all, I really appreciate my family especially my dad and his well-prepared plans are very precise and precious . Also I want to say thanks to my many nice friends for providing support in my ACCA studying.

Anyway keep in touch and wish you success in finance education profession! cheers

http://alinkarnya.blogspot.com/

ET

ET
Moderator



Moderator
[Only admins are allowed to see this image]
ကျွန်တော်တို့မြန်မာနိုင်ငံမှာ
နိုင်ငံရပ်ခြားကစစ်တဲ့စာရင်းကိုင်စာမေးပွဲထဲမှာ အဓိကထားပြီး
ဖြေဆိုနေကြတဲ့စာမေးပွဲကြီးနှစ်ခုကတော့ လူငယ်တွေအသိများတဲ့ LCCI နဲ့
သူ့လောက် လူသိမများသေးတဲ့ ACCA စာမေးပွဲတွေဖြစ်ပါတယ်။ ဒီမှာတော့ ACCA
စာမေးပွဲအကြောင်းလေးတင်ပြ ချင်ပါတယ်။

ACCA လို့ အတိုကောက်ခေါ်တဲ့
Association of Chartered Certified Accountant ကို ၁၉၀၄ ခုနှစ်
ယူကေနိုင်ငံ လန်ဒန်မြို့မှာ စာရင်းကိုင်ပညာရှင် ရှစ်ယောက်
လန်ဒန်စာရင်းကိုင်
များအသင်း ( London Accountants' Association ) အနေနဲ့စတင်ဖွဲ့စည်းခဲ့ပြီး
ယခုလက်ရှိခေါ်နေတဲ့ ACCA ကို တော့ ၁၉၉၆ ခုနှစ်မှာ
စတင်သုံးစွဲခဲ့တယ်လို့
သိရပါတယ်။ လူရှစ်ယောက်နဲ့စခဲ့တဲ့ ACCA အဖွဲ့ကြီးဟာအခုဆိုရင်
နိုင်ငံပေါင်းများစွာမှာ ရုံးခွဲပေါင်း ၈၈ ရုံးကိုအဖွဲ့ဝင်ပေါင်း
တစ်သိန်းနှစ်သောင်းနဲ့ ဖြေဆိုသူပေါင်းသုံးသိန်းနှစ်သောင်းကျော်နဲ့
လှုပ်ရှားနေတဲ့ နိုင်ငံတကာစာရင်းကိုင်ပရိုဖက်ရှင်နယ် Accreditation Body
တစ်ခုဖြစ်နေပါပြီ။

ACCA ခရီးရှည် စတင်ဖို့ရာ
နည်းလမ်းနှစ်သွယ်ရှိပါတယ်။ ပထမနည်းလမ်းကတော့ ACCA ရဲ့ ပထမပိုင်းဖြစ်တဲ့
CAT လို့ခေါ်တဲ့ Certified Accounting
Technician Certificate အဆင့်ကို ဦးစွာ ဖြေဆိုရတဲ့နည်းပါ။ ACCA ဖြေမယ့်သူတစ်ယောက်အနေနဲ့ ဘွဲ့မရသေးသူ၊ အသက်နှစ်ဆယ့်တစ်
နှစ်မပြည့်သေးဘူးဆိုရင်
CAT စာမေးပွဲကို အရင်ဖြေရပါတယ်။ CAT စာမေးပွဲအဆင့်မှာ Introductory Level,
Intermediate Level နဲ့ Final Level
လို့ ခေါ်တဲ့ အဆင့်သုံးခုရှိပြီး စုစုပေါင်း ကိုးဘာသာ ဖြေရပါတယ်။

ACCA ကို နောက်တစ်ပိုင်းဖြေခွင့်ရနိုင်တဲ့နည်းကတော့ ဘွဲ့ရပြီးသူ၊ဒါမှမဟုတ် ဘွဲ့မရလည်း အသက်နှစ်ဆယ့်တစ်နှစ်ကျော်သွားတဲ့သူအနေနဲ့ CAT
အဆင့်ကို
ဖြေစရာမလိုဘဲ ACCA ကို တိုက်ရိုက် ဖြေဆိုလို့ရတဲ့လမ်းကြောင်းပါ။ ဒါကို
ACCA က Mature Student Entry Route လို့ခေါ်ပါတယ်။ တက္ကသိုလ်တစ်ခုခုက
ဘွဲ့ရပြီးသူ၊
အသက်နှစ်ဆယ့်တစ်နှစ်ရှိသူတွေကို အသက်အရွယ်အရ ရင့်ကျက်
တဲ့သူ၊လုပ်ငန်းအတွေ့အကြုံရှိပြီးသူလို့ ယေဘုယျ သတ်မှတ်တဲ့သဘောပါပဲ။
သတ်မှတ်ထားတဲ့ ဘွဲ့အမျိုးအစား သတ်သတ်မှတ်မှတ် ကန့်သတ် ထားတာမရှိလို့ဘွဲ့ရပြီးတဲ့ ဘယ်သူမဆို ဖြေလို့ ရနိုင်ပါတယ်။ ACCA ကို
တိုက်ရိုက်ဖြေဆိုရတဲ့ ဒီအဆင့်မှာ ဖြေဆိုရမယ့်ဘာသာရပ် စုစုပေါင်းဆယ့်လေးခုရှိပါတယ်။

ACCA ရဲ့ ငွေကြေးကောက်ခံမှုစနစ်ကလည်း ထူးခြားပါတယ်။ ACCA စာမေးပွဲတွေမဖြေခင်မှာဘဲ ပထမဦးစွာ ACCA ပရိုဖက်ရှင် နယ်အဖွဲ့ဝင်တစ်ဦး
အရင်ဖြစ်ဖို့လိုတယ်လို့ ဆိုပါတယ်။ ဒီအတွက် Member အဖြစ် အရင်လျှောက်ရပါတယ်။ Member Registration ကို အွန်လိုင်းကနေတစ်ဆင့်ရော၊
လျှောက်လွှာကို Download လုပ်ပြီးရော လျှောက်လို့ရပါတယ်။

အွန်လိုင်း လျှောက်တဲ့သူအဖို့ကတော့ နိုင်ငံတကာမှာသုံးလို့ရတဲ့အကြွေးဝယ်ကတ်ရှိဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံက ACCA Register
လုပ်တဲ့သူတွေအတွက်
Form ဖြည့်ပြီး ဗြိတိသျှ ကောင်စီမှာ Registration Fees သွင်းလို့
ရနိုင်တယ်လို့ သိရပါတယ်။ ACCA Member Fees ကတော့ UK ငွေ ၆၄
ပေါင်နဲ့ညီမျှတဲ့ အမေရိကန် ဒေါ်လာ (ခန့်မှန်းခြေ ၁၃၀ ဒေါ်လာ) ကိုပေးသွင်းရမှာဖြစ်ပြီး ဒီ Member ကြေးကို ACCA စာမေးပွဲစုစုပေါင်း ၁၄
ဘာသာအားလုံး ဖြေလို့ မပြီးမချင်း ပေးသွင်းနေရမှာ ဖြစ်ပါတယ်။

ACCAမှာ ဖြေဆိုရတဲ့ဘာသာရပ်နဲ့ပတ်သက်လို့ Fundamentals နဲ့ Professional လို့ဆိုတဲ့ အဓိကအပိုင်းကြီး နှစ်ပိုင်းရှိပါတယ်။

ပထမအပိုင်းဖြစ်တဲ့
Fundamentals အပိုင်းမှာ စုစုပေါင်း သုံးဘာသာဖြေရတဲ့ Knowledge
လို့ခေါ်တဲ့အပိုင်းနဲ့ ခြောက်ဘာသာဖြေရတဲ့ Skills လို့ခေါ်တဲ့
အပိုင်းနှစ်ပိုင်းရှိပါတယ်။ ဒါကြောင့် င်္ Fundamentals အပိုင်းမှာစုစုပေါင်း ဖြေဆိုအောင် မြင်ရမယ့်ဘာသာရပ်ပေါင်း ကိုးခုရှိပါတယ်။

ဒုတိယပိုင်းဖြစ်တဲ့ Professional အပိုင်းမှာလည်း စုစုပေါင်းသုံးဘာသာဖြေဆိုရတဲ့ Essentials အပိုင်းနဲ့ လေးဘာသာရှိတဲ့ Options ဆိုတဲ့
အပိုင်းနှစ်ပိုင်းရှိပါတယ်။ ဒီနေရာမှာ Options အပိုင်းမှာလေးဘာသာရှိပေမယ့်လည်း နှစ်ဘာသာပဲ စိတ်ကြိုက်ရွေးချယ်ပြီး ဖြေဆိုဖို့
လိုပါတယ်။
Elective လို့ခေါ်တဲ့ ဖြေဆိုတဲ့သူ စိတ်ကြိုက်
နှစ်ဘာသာကိုရွေးချယ်ခွင့်ရှိတဲ့ ဘာသာပါ။ ဒါကြောင့် ACCA ခရီးရှည်ကြီးမှာ
စုစုပေါင်း
ဆယ့်လေးဘာသာဖြေရမယ်လို့ ဆိုဖို့ လိုအပ်ပါတယ်။

CAT ရဲ့ ပထမနှစ်ပိုင်းဖြစ်တဲ့ Introductory Level နှစ်ဘာသာနဲ့Intermediate Level သုံးဘာသာအပိုင်းတွေ စာမေးပွဲကြေးအနေနဲ့ တစ်ဘာသာကို
ယူကေငွေ
၃၅ ပေါင် ပေးသွင်းရပြီး Advance Level လေးဘာသာမှာတော့ တစ်ဘာသာကိုပေါင် ၄၀
ကျပါတယ်။ ဆိုလိုတာက CAT တစ်ခုလုံးဖြေဖို့ စာမေးပွဲကြေးချည်း
ယူကေငွေ ၃၃၅ ပေါင် (ခန့်မှန်းအမေရိကန်ဒေါ်လာ ၆၇၀ ခန့်) ကျသင့်ပါတယ်။

ACCA ကို CAT မဖြေဘဲနဲ့ဆို တိုက်ရိုက်ဖြေ ဆိုတဲ့သူတွေအနေနဲ့ CAT အတွက် ကုန်စရာမလို ဘဲ ACCA ဘာသာရပ်တွေအတွက် စာမေးပွဲကြေးသာ
ပေးသွင်းရမှာဖြစ်ပါတယ်။ ACCA ရဲ့ ပထမ အပိုင်းဖြစ်တဲ့ Fundamentalအပိုင်းမှာပါတဲ့ Knowledge အပိုင်းမှာဖြေဆိုရမယ့် ဘာသာရပ် တွေအတွက်
စာမေးပွဲကြေးက
တစ်ဘာသာကို ယူကေ ပေါင် ၄၇ ပေါင် (အမေရိကန်ဒေါ်လာ ၉၄ ခန့်)ပေးသွင်းရပါတယ်။
စုစုပေါင်း သုံး ဘာသာရှိလို့ Knowledge အပိုင်းအပြီးကို
အမေရိကန်ဒေါ်လာ ၂၈၂ လောက် ကုန်ကျမှာ ဖြစ်ပါတယ်။

Fundamental ရဲ့ ဒုတိယပိုင်းဖြစ်တဲ့ Skill အပိုင်းမှာတော့တစ်ဘာသာချင်းစီရဲ့ စာမေးပွဲ ကြေးဟာ ယူကေငွေ ၅၅ ပေါင်(အမေရိကန်ဒေါ် လာ
၁၁၀)ဖြစ်သွားပါတယ်။
စုစုပေါင်း ခြောက် ဘာသာဖြေဆိုလိုတဲ့ ဒီအပိုင်းမှာစုစုပေါင်း
စာမေးပွဲကြေးတင် ဒေါ်လာ ၆၆၀ လောက်အကုန်ခံဖို့ လိုပါတယ်။

ACCA ရဲ့ နောက်ဆုံးအပိုင်းဖြစ်တဲ့ Professional အပိုင်းမှာ မဖြေမနေရEssential သုံးဘာသာနဲ့ ရွေးပြီးဖြေရတဲ့ Options နှစ်ဘာသာအတွက်
စာမေးပွဲကြေးကတော့ တစ်ဘာသာကို ယူကေငွေ ၆၃ ပေါင်(အမေရိကန်ဒေါ်လာ ၁၂၆)ပေးသွင်းဖို့လိုပြီး စုစုပေါင်း ငါးဘာသာအတွက် ကုန်ကျငွေပေါင်း
အမေရိကန်ဒေါ်လာ ၆၃၀ခန့် ရှိလာနိုင်ပါတယ်။

ဒါကိုကြည့်ရင် ACCA စာမေးပွဲတွေဟာ နောက်ဆုံးအပိုင်းရောက်လာလေ စာမေးပွဲကြေးမြင့်လာလေလို့ပဲ ဆိုရမှာပါ။ ACCA စာမေးပွဲကြေးတွေကို
နိုင်ငံရပ်ခြားမှာတော့
ACCA ၀ဘ်ဆိုက်ကနေတစ်ဆင့် အွန်လိုင်း Credit Card ကနေတစ်ဆင့်
ပေးသွင်းလို့ရသလို ACCA ရုံးခွဲ တွေကနေတစ်ဆင့်လည်း ငွေသား၊
ချက်နဲ့ပေးသွင်းလို့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ ဗြိတိသျှ ကောင်စီကတာဝန်ယူပြီး ငွေသွင်း လက်ခံပေးတယ်လို့ သိရပါတယ်။

http://alinkarnya.blogspot.com/

ET

ET
Moderator



Moderator
ACCA စာမေးပွဲဖြေဆိုရာမှာ ကုန်ကျမယ့် ငွေကြေးအတိုင်းအတာကော၊ပေးရတဲ့အချိန်က လည်း မနည်းလှဘူးလို့ ဆိုနိုင်ပါတယ်။ ACCA ကို CAT
အပိုင်းကိုစဖြေတဲ့သူတွေဆိုရင်
ပိုပြီး ကုန်ကျစရိတ်များပါတယ်။ဒါတွေအားလုံးဟာ စာမေးပွဲကြေးပဲ
သက်သက်ဖြစ်ပြီး သက်ဆိုင်ရာ ဘာသာရပ်တွေအတွက်
သင်တန်းကြေးတွေ မပါသေးပါဘူး။ သင်တန်းကြေးတွေအနေနဲ့ကတော့ တစ်ဘာသာကို တစ်သိန်းကနေ သိန်းနှစ်သောင်း အထိ ရှိတတ်ပါတယ်။

ACCA
စာမေးပွဲရဲ့ ထူးခြားမှုတစ်ခုက စာမေးပွဲကို ကွန်ပျူတာနဲ့
တိုက်ရိုက်အွန်လိုင်းဖြေနိုင် တဲ့ဘာသာရပ်တွေရှိသလို ပုံမှန်စာရွက်၊ ခဲတံနဲ့
ရေးဖြေတဲ့ဘာသာရပ်တွေလည်း
ရှိပါတယ်။ ACCA ကို မဖြေဆိုခင် CAT ဖြေတဲ့သူတွေအနေနဲ့
ဖြေဆိုရတဲ့ဘာသာရပ်စုစုပေါင်း ကိုးခုထဲကမှ ပထမငါးဘာသာကို
အွန်လိုင်းဖြေလို့ရနိုင်သလို
ACCA ရဲ့ Fundamentals ရဲ့ ပထမပိုင်းဖြစ်တဲ့ Konowledge အပိုင်းမှာရှိတဲ့
သုံးဘာသာကိုလည်း အွန်လိုင်းဖြေလို့ရပါတယ်။

ကျန်တဲ့ဘာသာရပ်တွေကတော့ အွန်လိုင်းနဲ့ ဖြေလို့မရပါဘူး။အွန်လိုင်းဖြေလို့ရတဲ့ဘာသာရပ် စာမေးပွဲတွေကို လစဉ် ဖြေဆိုလို့ရပေမယ့်
ပုံမှန် စာရွက်ပေါ်ရေးဖြေရတဲ့စာမေးပွဲတွေကိုတော့ ဇွန်လနဲ့ ဒီဇင်ဘာလတွေမှာစစ်လေ့ရှိပါတယ်။

စာမေးပွဲဖြေဆိုရာမှာ
ကန့်သတ်ချက်တစ်ခုကတော့ ခြောက်လအတွင်း လေးဘာသာထက်ပိုပြီး ဖြေလို့မရတာပါပဲ။
တစ်နည်းအားဖြင့် ကိုယ်က ကြိုးစားအားထုတ်နိုင်တယ်၊
အချိန်လည်းပေး
နိုင်တယ်ဆိုရင် ACCA စာမေးပွဲရဲ့ ဘာသာရပ် အားလုံးကိုဖြေဆိုပြီးဖို့ဆိုရင်
စုစုပေါင်း အချိန်နှစ်နှစ်လောက်ကြာမယ်လို့ဆိုနိုင်ပါတယ်။

သို့ပေမယ့်လည်း
မြန်မာနိုင်ငံကနေ ACCA ကို ဖြေတဲ့သူတွေအနေနဲ့ကတော့ ခြောက်လအတွင်း
လေးဘာသာဖြေတဲ့သူတွေ အတော်နည်းလှပါတယ်။ သာမန်အားဖြင့်
ခြောက်လအတွင်းနှစ်ဘာသာနဲ့ အလွန်ဆုံး သုံးဘာသာလောက်သာ ဖြေကြတာများပါတယ်။
စိုက်ထုတ်ရတဲ့ငွေကြေးအရ မနည်းလှတာရော၊ ဘာသာရပ်တွေရဲ့ လေ့လာသင်ယူမှုအတွက်
အချိန်ပေးရတာတွေကြောင့်
မြန်မာနိုင်ငံက ဖြေဆိုသူအများစုအနေနဲ့ ဘာသာရပ်တွေကို
တကယ်ပိုင်နိုင်ပြီဆိုမှသာ ဖြေဆိုလေ့ ရှိတာကို တွေ့ရပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံက စာဖြေသူတွေ အနေနဲ့ ACCA ဘာသာရပ်တွေအားလုံးပြီးတဲ့ အထိ ပျမ်းမျှ သုံးနှစ်ခွဲကနေ ငါးနှစ်အထိ
အချိန်ယူလေ့ရှိတာကို
တွေ့ရပါတယ်။ နှစ်စဉ် ACCA Member ကြေးကိုလည်း ဘာသာရပ်ဆယ့်လေးခု
မပြီးမချင်း ပေးသွင်းရာဖြစ်လို့ ဖြေဆိုအချိန်ယူမှုနှစ်တွေ
ကြလာတာနဲ့အမျှ တစ်ဖက်က နှစ်စဉ်ကြေးအတွက် ကုန်ကျစရိတ်အနေနဲ့ကလည်းလိုက်ပါကျခံရမှ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ACCA စာမေးပွဲတွေဖြေတဲ့ သူတွေအနေနဲ့ Exemption လို့ခေါ်တဲ့ဘာသာရပ် တချို့ကို ဖြေစရာမလိုတဲ့ ကင်းလွတ်ခွင့်ရနိုင်တဲ့
အခွင့်အလမ်းတချို့လည်း ရှိနေပါတယ်။ မြန်မာနိုင်ငံက စီးပွားရေးတက္ကသိုလ်တွေကစာရင်းကိုင်အထူးပြုဘာသာရပ်၊ Commerce အထူးပြုဘာသာရပ်တွေနဲ့
ဘွဲ့ရထားသူတွေနေနဲ့ ACCA ရဲ့ အချို့ဘာသာရပ်တွေကို ဖြေစရာမလိုဘဲအောင်မြင်နိုင်ပါတယ်။

စာမေးပွဲဖြေသူတွေ
အနေနဲ့ Exemption ရလိုတဲ့ဘာသာရပ်တွေတွက် အထောက်အထားတွေနဲ့ ACCA
ဘုတ်အဖွဲ့ကို အရင်လျှောက်ထားရမှာဖြစ်ပြီး သူတို့သဘောတူတဲ့
ဘာသာရပ်ကို ဖြေဆိုတဲ့သူအနေနဲ့ ကင်းလွတ်ခွင့်ရမှာဖြစ်ပါတယ်။ ဖြေဆိုသူအနေနဲ့ကင်းလွတ်ခွင့်ရတဲ့ ဘာသာရပ်အတွက် စာမေးပွဲကြေးကိုတော့
မဖြစ်မနေပေးသွင်းရမှာဖြစ်ပါတယ်။ဆိုလိုတာကတော့
စာမေးပွဲဖြေဖို့ ကင်းလွတ်ခွင့်ရပေမယ့်လည်း
စာမေးပွဲကြေးတော့ကင်းလွတ်ခွင့်မရနိုင်ဘူးလို့ ဆိုတဲ့သဘောပါ။
ဘယ်ဘာသာရပ်တွေကင်းလွတ်ခွင့်ရနိုင်တယ်၊ ကင်းလွတ်ခွင့် ဘယ်လို
လျှောက်ထားရတယ် ဆိုတာကတော့ဗြိတိသျှ ကောင်စီ၊ စာမေးပွဲဌာနမှာ
အသေးစိတ်မေးမြန်းနိုင်ကြောင်းလည်းသိရပါတယ်။

ဆိုခဲ့သလိုပဲ ACCA ဟာ စာရင်းကိုင်ကျွမ်းကျင် ပရိုဖက်ရှင်နယ် Certificate Course ဖြစ်ပါ တယ်။ သို့ပေမယ့်လည်း Academic ဒီဂရီအနေနဲ့
လိုချင်သူများအတွက်လည်း ရနိုင်တဲ့ လမ်းနှစ် သွယ်ရှိတယ်လို့လည်း ဆိုပါတယ်။

ပထမနည်းကတော့
UK နိုင်ငံက Oxford Brookes University ကနေ စာရင်းကိုင်နဲ့ပတ် သက်တဲ့
ဘွဲ့တစ်ခုရနိုင်တဲ့နည်းလမ်းပါ။ ACCA ပြီးတဲ့အခါမှာ Oxford
Brookes
University မှာ လိုအပ်တဲ့ ဘွဲ့စာတမ်းတင်ပြီးရင် B.Sc (Honours) Applied
Accounting ကို ရနိုင်ပါတယ်။ ဒုတိယနည်းလမ်းကတော့ Oxford Brookes
University ကပဲ ပေးတဲ့ MBA Accounting ဘွဲ့ကိုရနိုင်တဲ့ နည်းလမ်းပါပဲ။

ACCA
ပြီးတဲ့သူတွေအနေနဲ့ ငွေကြေးရော အချိန်ပါ ပေးနိုင်တဲ့သူတွေအတွက် Oxford
Brookes University က ACCA ပြီးထားသူတွေ သီးသန့် ရေးဆွဲထားတဲ့ MBA
Course
ကို တိုက် ရိုက်ဝင်ခွင့်ရမှာဖြစ်ပြီး ကျောင်းတက် ကာလ ၂၁ လအတွင်း Course
ပြီးအောင်ဖြေဆိုရမှာပါ။ ပရိုဖက်ရှင်နယ် Certificate နဲ့ Academic
Degree နှစ်ခုစလုံး ရှိတဲ့အခါကျတော့ အလုပ်ရှာရာမှာ သာမန်လူတွေထက် ပိုပြီးစဉ်းစားခံရဖို့ အခွင့်အရေးရှိနိုင်တဲ့ သဘောပါပဲ။

မြန်မာနိုင်ငံမှာ နှစ်စဉ် ACCA ဖြေဆိုတဲ့ သူပေါင်း ၄၀၀ လောက်နဲ့ CAT စာမေးပွဲဖြေတဲ့ သူပေါင်း ၁၀၀၊ စုစုပေါင်း ၅၀၀ လောက် ရှိနေပါပြီ။
ဒီအရေအတွက်ဟာ လွန်ခဲ့တဲ့နှစ်အနည်း ငယ်အတွင်း သိသိသာသာတိုးလာတယ်လို့သိရပေမယ့် သူနဲ့အလားတူ Accounting Certificate
စာမေးပွဲတစ်ခုဖြစ်တဲ့ LCCI စာမေး ပွဲဖြေတဲ့သူ အရေအတွက်နဲ့ ယှဉ်လိုက်ရင် ဆယ်ပုံ တစ်ပုံ နီးနီးလောက်ပဲရှိနေသေးတယ်လို့ သိရပါတယ်။

ACCA
Certificate စာမေးပွဲတွေဟာ လက်ရှိ အခြေအနေများအရ LCCI
စာမေးပွဲလောက်မြန်မာနိုင်ငံမှာ ခေတ်မစားသေးဘူးလို့ ဆိုနိုင်ပေမယ့်
အာဆီယံဒေသတွင်းနဲ့
နိုင်ငံတကာစီး ပွားရေးနယ်ပယ်မှာတော့ နိုင်ငံတကာ ပရိုဖက်ရှင်နယ်စာရင်းကိုင်Certificate အဖြစ် ကောင်းစွာ အသိအမှတ်ပြု လက်ခံထားပါတယ်။

မြန်မာနိုင်ငံမှာဖြေလို့ရတဲ့ Accounting and Financial Management Certificate စာမေးပွဲ တွေထဲမှာ ACCA စာမေးပွဲဟာ ငွေကြေး
ကုန်ကျမှုပိုင်းရော၊
ကြိုးစားအားထုတ်မှုအရရော အချိန် ပေးရတဲ့အတိုင်းအတာတွေပါ အများဆုံးလို့
ဆိုနိုင်တာကြောင့် ACCA ဖြေဆိုမယ့်သူတွေအနေနဲ့ ကိုယ်
ကိုယ်တိုင်
စာရင်းကိုင် ဘာသာရပ်တွေကို အမှန်တကယ် စိတ်ဝင်စားမှုရှိမရှိနဲ့
ပရိုဖက်ရှင်နယ်စာ ရင်းကိုင်တစ်ယောက်အနေနဲ့ ဘ၀ကို ရပ်တည်ဖို့ အစီအစဉ်
ရှိမရှိ သေချာစွာစဉ်းစား ဆုံးဖြတ်ဖို့ လိုပါတယ်။

နိုင်ငံတကာအဆင့် ပရိုဖက်ရှင်နယ် Certificate စာမေးပွဲဖြစ်လို့ ရင်းနှီးပေးဆပ်နိုင်သလောက် ပြန်လည်အကျိုးခံစားခွင့်ကလည်း များပါတယ်။
ဖြေဆိုဖို့လိုအပ်တဲ့ ဘာသာရပ် အရေအတွက်ရယ်၊ ကုန်ကျမယ့်စရိတ်စက၊ပေးရမယ့်အချိန်အတိုင်းအတာ၊ မဆုတ်မနစ်သော ကြိုးစားအားထုတ်မှုတွေနဲ့
ဟန်ချက်ညီ
ပေါင်း စပ်ခြင်းအားဖြင့် ACCA Certificate ကို
အောင်မြင်စွာရရှိနိုင်ပါကြောင်းနဲ့ မြန်မာလူငယ်များ အောင်မြင်သော
နိုင်ငံတကာအဆင့်
စာရင်းကိုင် ပရိုဖက်ရှင်နယ်များ ဖြစ်နိုင်ပါစေကြောင်း ဆန္ဒပြု ရင်း...။

http://alinkarnya.blogspot.com/

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com